တောင်းတွင်းကြီမြို့ တပ်အတွင်းငါးမွေးမြူရေးကန်တွင် ကလေးငယ်နှစ်ဦးရေနစ်သေဆုံး    

        တောင်တွင်းကြီမြို့၊ တောင်ပြင်(၂)ရပ်ကွက်၏တောင်ဘက်(၆)ဖာလုံခန့်အကွာရှိ ခမရ(၁၀၃)တပ်အတွင်းရှိ ငါးမွေးကန် နိုဝင်ဘာ(၂)ရက်နေ့ညနေ(၆)နာရီ(၁၅)မိနစ်ချိန်တွင်  ကလေးငယ်နှစ်ဦးရေနစ်သေဆုံး မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ                                 သည်ဖြစ်စဉ်မှာ (၁၀၃)တပ် တွင်းနေ တပ်သား သန်းအောင်၏သား သိန်းသန်းအောင်၊ဝင်းထက်အောင်(၁၂)နှစ်အရွယ် ၊(၇)တန်းကျောင်းသား၊သမီးဖြစ်သူ မအေးအေးမော်နှင့် တပ်သား မန်းတင်၏ သားဖြစ်သူ ကျော်စိုးဦးတို့လေးဦးသည် ခမရ(၁၀၃)တပ်အတွင်းရေအနက်(၆)ပေခန့် ရှိ ငါးမွေးမြူရေးကန်အစပ်တွင် ခြေထောက်ဆင်းဆေးရာမှ (၄)ဦးစလုံးကန် အတွင်းပြုတ်ကျ ခဲ့ပြီး သိန်းသန်းအောင်နှင့်ကျော်စိုးဦးတို့ နှစ်ဦးသည်ရေကန်အတွင်းမှပြန်တက်နိုင်ခဲ့ပြီး ဝင်းထက်အောင်နှင့် မအေးအေးမော်၊အသက်(၁၀)နှစ် (၅)တန်းကျောင်းသူတို့ သည် ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသည်။အဆိုပါဖြစ်စဉ်အား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် တောင်တွင်းကြီးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၆/ ၂၀၁၃ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရှိရသည်။

သူငယ်ချင်း(၃)ဦးအရက်အတူသောက်စားရာမှစကားများရန်ဖြစ်ပြီး သစ်သားခုံဖြင့်ရိုက်ရာမှတစ်ဦးသေဆုံးခဲ့ဟုဆို

      မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊အလယ်ချောင်းနယ်မြေရဲစခန်း၏တောင်ဘက်(၁၈)မိုင်ခန့်အကွာရှိ ချင်းနက်ကျေး ရွာတွင် နိုဝင်ဘာ(၁)ရက်နေ့ည(၈)နာရီချိန်ကရိုက်မှုဖြစ်၍အမျိုးသားတစ်ဦးသေဆုံးကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ ချင်းနက်ကျေးရွာနေ မြင့်ဦး၏နေအိမ်တွင် တစ်ရွာတည်းနေ ခင်လှိုင်းနှင့်သန်းဇော် တို့အရက်သောက်စားမူးယစ်၍နှစ်ဦးသားလုံး ထွေးသတ်ပုတ်နေစဉ် မြင့်ဦးမှ သန်းဇော် ၏နောက်စေ့အား သစ်သားဖြင့်ပြုလုပ်ထားသည့် အလျား(၁၃)လက်မ၊အနံ(၆)လက်မ၊ အမြင့်(၃)လက်မခန့်ရှိ ထမင်းစား ဖင်ထိုင်ခုံဖြင့်ရိုက်လိုက်သဖြင့် သန်းဇော်တွင် ဦးခေါင်းနောက်စေ့(၃)လက်မခန့်ပေါက်ပြဲဒဏ်ရာ  တစ်ချက်ရရှိပြီး မေ့မျောသွားသဖြင့် မြင့်ဦးနှင့်ခင်လှိုင်တို့မှ သန်းဇော်၏နေအိမ်သို့လိုက်ပို့ပေးခဲ့ကြောင်း ၊နိုဝင်ဘာ (၂)ရက်နေ့တွင် သန်းဇော်သေဆုံးသွားသဖြင့်သေဆုံးသူ၏ဇနီးဖြစ်သူ မမိုးသနာထွန်းမှတိုင်တန်းခဲ့ရာ မင်းတုန်းမြို့နယ်၊အလယ်ချောင်းနယ်မြေရဲစ ခန်းက မြင့်ဦးနှင့်ခင်လှိုင်တို့အား (ပ)၇/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၂ /၁၁၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..