သတင်းတိုများ

Hlaing Zar ChiNovember 6, 20131min700

ငဖဲမြို့နယ်တွင် အသက်(၉၀)အဖွား ဖယောင်းတိုင်မီးထွန်းအိပ်ရာမှ မီးလောင်သေဆုံးခဲ့

      မင်းဘူးခရိုင်၊ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ၏မြောက်ဘက်(၁)ဖာလုံခန့်အကွာရှိ အောက်ချိုင့်စိုုက်ခင်းစောင့်တဲတွင် နိုဝင်ဘာ(၃)ရက်နေ့ည(၈)နာရီခွဲချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ အဆိုပါ တဲတွင်တစ်ဦးတည်းနေထိုင်သည့် ဒေါ်လူတောက်၊အသက်(၉၀)နှစ်၊ဂုတ်ကြီးကျေးရွာ ငဖဲမြို့နယ်နေသူသည် ၎င်း၏တဲတွင် ဖယောင်းတိုင်မီးထွန်းပြီး အိပ်ပျော် နေရာမှ (၁၀)ပေ ပတ်လည်ရှိ(၂)ပင်တဲ၊ ဝါးကပ်ကာ ၊မြက်သက္ကယ်မိုး၊ဝါးကြမ်းခင်း အားမီးကူးစက်လောင်ကျွမ်းခဲ့ရာမှ ဒေါ်လူတောက်၏ ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ကျွမ်းသေဆုံးနေကြောင်း ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းစခန်းမှူး ဒုရဲအုပ် ကျော်မျိုး နှင့် အဖွဲ့သက်သေ များနှင့်သွားရောက်စစ်ဆေးချက်အရသိရှိရပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်(၅၀၀၀)ခန့်ဖြစ်ကြောင်း မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်လူတောက်အား ငဖဲမြို့နယ်၊ငဖဲမြို့မရဲစခန်းမှ (ပ)၆၇/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်းသိရှိရသည်။

မန်းချောင်းအတွင်း အမည်မသိအမျိုးသားအလောင်းတစ်လောင်းပုတ်ပွသေဆုံး

         မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် မန်းချောင်းအတွင်း နိုဝင်ဘာ(၃)ရက်နေ့ည(၇)နာရီ(၄၅)မိနစ်ချန်က အလောင်းတစ် လောင်းမျောပါလာကြောင်းသတင်းရရှိသည်။သတင်းအရ စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးဝေဦးနှင့်အဖွဲ့သွားရောက်စစ်ဆေးခဲ့ ရာ အမည်နေရပ်လိပ်စာမသိ၊အသက်အရွယ်အားဖြင့် (၂၀)နှစ်ခန့်အမျိုးသားအလောင်းတစ်လောင်းဖြစ်ပြီး ဘောင်းဘီနက်ပြာရောင်တို နှင့်အပေါ်အကျင်္ ီမပါ ပုတ်ပွနေကြောင်း ဝဲ/ယာလက်နှစ်ဖက် တွင် မြက်ပင်စများဆုတ်ကိုင်လျှက် တွေ့ရှိရပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရကြောင်း နှင့် အဆိုပါ အမျိုးသားသည် မည်သူမည် ဝါဖြစ်ကြောင်းနှင့်သေ ဆုံး  ခြင်းနှင့်ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် ဒုရဲအုပ် မျိုးဝေဦး မှတရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မင်းဘူးမြို့နယ်၊စကုနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်းသိရှိရသည်။

ချောက်မြို့နယ်တွင် စိတ်ပုံမှန်မဟုတ်သူ သုဿန်ဇရပ်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

    ချောက်မြို့နယ်ရှိ ဟိန္ဒူငါးဘာသာသုဿန်ဇရပ်တွင် နိုဝင်ဘာ(၃)ရက်နေ့ နံနက်(၁၀)နာရီချိန်ကအမျိုးသားတစ်ဦးကြိုးဆွဲ ချသေဆုံးနေကြောင်းသတင်းရရှိသည်။ သတင်းအရ ချောက်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ငြိမ်းနှင့် အဖွဲ့သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဇရပ်ရှိ အမြင့်(၇)ပေရှိ သစ်သားတန်းတွင် အရှည်(၇)ပေခန့်ရှိ သုံးလွန်းတင်နိုင် လွန်ကြိုးတစ် ချောင်းအား ချည်နှောင်၍မတ်တပ်ရပ်အနေအထားဖြင့် စိတ်ပုံမှန်မဟုတ်သူ ချောက်မြို့ အေးစေတီရပ်နေ စိုးမိုးအောင် သည်လက်ကုပ်နေပြီးပြင်ပ ဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရ ဘဲကြိုးဆွဲချသေဆုံးကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ၎င်းအမျိုးသား သေဆုံးမှုနှင့်ပက်သက်ပြီး အကြောင်းအရင်းမှန်အားစုံစမ်းစစ်ဆေးနိုင်ရန်အတွက် ဒုရဲအုပ် ကျော်ငြိမ်းမှတရာလိုပြုလုပ်တိုင်တန်း ခဲ့ရာ ချောက်မြို့မ ရဲစခန်းမှ  သေမှုသေခင်းမှတ်စဉ် ၁၁/၂၀၁၃ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရှိရသည်။