အောင်လံမြို့နယ်ဘွတ်ကြီးဆည်ရေလွှတ်မြောင်းအတွင်း အမျိုးသမီး အလောင်းတွေ့ရှိ

Thiha Phone MoNovember 6, 20131min670

အောင်လံမြို့နယ်ရှိဘွတ်ကြီးဆည်ရေလွှတ်မြောင်းအတွင်း အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ

     မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်ရှိ ဘွတ်ကြီးဆည်ရေလွှတ်မြောင်းအတွင်း နိုဝင်ဘာ(၅)ရက်နေ့ညနေ(၄)နာရီခွဲ ချိန်က ဝတ်လစ်စလစ်နှင့်အမျိုးသမီးအလောင်းတစ်လောင်းတွေ့ ရှိကြောင်း သိရှိရသည်။အခင်းဖြစ်နေရာသို့ ရွှေပန်းတောနယ် မြေရဲစခန်းမှ ဒုရဲအုပ် ထွန်းကြွယ်နှင့်အဖွဲ့သက်သေများနှင့်သွားရောက်စစ်ဆေးခဲ့ရာ မမော်လွင်၊ အသက်(၃၈)နှစ်၊ ကျေက်ပန်းတောင်း ရွာ အောင်လံမြို့ နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမ တွေ့ရှိရကြောင်း  ထိုမိန်းကလေး သေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန်အတွက် အောင်လံမြို့နယ် ၊ရွှေပန်းတော နယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၃ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရှိရသည်။

ပေါက်မြို့နယ်တွင် ဝန်ထမ်းအယောင်ဆောင်လိမ်လည်သူအားဖမ်းဆီးမိ

ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ ဝန်တင်ကျေးရွာတွင် နိုဝင်ဘာ(၄)ရက်နေ့က ကျောင်းစစ်အရာင်ဆောင်၍ငွေလိမ်ယူမှုဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာအဆိုပါနေ့နံနက်(၉)နာရီချိန်က ဝန်တင်ကျေးရွာမူလတန်း လွန်ကျောင်းကော်မတီ မှ ဦးမြင့်လွင် မှကျောင်းစစ်ရောက်နေ ကြောင်း ဝန်တင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မောင်ဖိုးတွဲ ထံလာရောက်သတင်းပို့သဖြင့် ကျောင်းသို့သွားရောက်သောအခါ  ကျောင်းရုံးခန်းအတွင်း တိုက်ပုံအကျင်္ ီအဖြူ ၊ကျောင်းစိမ်းလုံချည်၊လက်ရှည်အအဖြူဝတ်ဆင်ထားသည့် နေမင်း(ခ)သားဇော်၊ ကန်ကျေးရွာ ဂန့်ဂေါမြို့နေသူအားတွေ့ရှိရာ၎င်းမှာ နေပြည်တော်ပညာရေး ဝန်ကြီးဌာနမှဖြစ်ပြီး ကျောင်းအဆင့် တိုးရေးကိစ္စနှင့် စေလွှတ်၍လာရခြင်းဖြစ်ကြောင်း၊ဝန်တင်ရွာအဆင့်တိုးရကြောင်း၊ဘော်ဒါဆောင်အတွက်ကျပ်(၁၇)သိန်းရရှိမည်ဖြစ်ကြောင်း၊ ကွန်ပျုတာခန်းနှင့်ဆက်စပ်ပစ္စည်းများ ရရှိမည်ဖြစ်ကြောင်း၊ ဘိလပ်မြေအိတ်(၁၀၀)၊သွပ်ချပ်(၂၀၀)ချပ်ရရှိမည်ဖြစ်ကြောင်းပြောဆိုပြီ သယ်ယူစရိတ်အတွက်ငွေကျပ်(၁)သိန်းတောင်းသဖြင့် ငွေအဆင်မပြေ၍ ငွေကျပ်(၂)သောင်းသာယူသွားရန်ပြောသဖြင့် ထိုလူငယ်မှယူ သွာကြောင်း ထိုလူငယ်ပေးသောဖုန်းအားဆက်သွယ်ကြည့်သောအခါ အခြားဖုန်းဖြစ်နေ၍ မသင်္ကာသဖြင့် ညတွင်းချင်း မောင်ဖိုးတွဲနှင့် ဦးမြင့်လွင်တို့နှစ်ဦးမြိုင်မြို့ သိုလိုက်သွာရာ နိုဝင်ဘာ(၅) ရက်နေ့နံနက်(၅)နာရီချိန် တွင် နေမင်း(ခ) သားဇော်အားမြိုင်မြို့တွင်တွေ့ရှိသဖြင့် ဝန်တင်ကျေးရွာသို့ခေါ်ဆောင်ခဲ့ပြီးစစ်ဆေးခဲ့ရာ ၎င်းမှလိမ်ညာမိကြောင်းဝန်ခံသဖြင့် နေမင်း အားအရေးယူပေးရန်တိုင်တန်းခဲ့၍ ပေါက်မြို့နယ်၊မြို့မရဲစခန်းက (ပ)၆၉/၂၀၁၃၊ပြစ်မှုပုဒ်မ ၁၇ဝ ဖြင့်အမှုဖွင့်စစ် ဆေးနေကြောင်းသိရှိရသည်။