ပြောပြချင်လွန်းလို ့ပါ…. မမခိုင်ဇာရယ်…

alinsettNovember 6, 20133min48260

 

အဟက်  အဟက်… မတော်တရော်တွေ တွေ ့ခဲ့တယ်..။

 

 

 

 

 

 

အဝေးက လှမ်းမြင်ရတဲ ့...ရေလယ်က စေတီတော်
အဝေးက လှမ်းမြင်ရတဲ ့…ရေလယ်က စေတီတော်

 

 

စေတီတော် ဆီသို ့ ဆိုက်ကပ်ခြင်း
ကျိုက်မှော်ဝန်း စေတီတော် ဆီသို ့ ဆိုက်ကပ်ခြင်း

 

 

စေတီတော် ရင်ပြင်ပေါ်ကမြင်ရတဲ့တစ်နေရာ...
စေတီတော် ရင်ပြင်ပေါ်ကမြင်ရတဲ့တစ်နေရာ…

 

နိုင်ငံခြားသားတွေ ရောက်နေတယ်...
နိုင်ငံခြားသားတွေ ရောက်နေတယ်…

 

ဒါတွေကလည်း.. မပါမဖြစ်လား...မပါလည်း..ဖြစ်လား...
ဒါတွေကလည်း.. မပါမဖြစ်လား…

 

စေတီတော်ပေါ်က လှမ်းကြည့်တာ...
စေတီတော်ပေါ်က လှမ်းကြည့်တာ…

 

ဒါလည်း..စေတီပေါ်က..လှမ်းကြည့်တာ... စက်လှေစီးခဲ့တဲ ့နေရာဆီ..
ဒါလည်း..စေတီပေါ်က..လှမ်းကြည့်တာ… စက်လှေစီးခဲ့တဲ ့နေရာဆီ..

 

ငါးစာကျွေးနေတာတဲ ့...။ ကြွပ်ကြွပ်အိတ်တွေက..ရေထဲ ကျတာ..ကျလို ့...ပြန့်ကျဲ..နေတာ
ငါးစာကျွေးနေတာတဲ ့…။ ကြွပ်ကြွပ်အိတ်တွေက..ရေထဲ ကျတာ..ကျလို ့…ပြန့်ကျဲ..နေတာ

 

ဟို….  နိုင်ငံခြားသားတွေ မြင်သွားပြီ… ရှက်ထာ….

 

 

ငါးကလေးတွေများ..စားမိကုန်ရင် ခက်မယ် ။ ရေထုကိုလည်း..နှစ်ပေါင်းများစွာ ဒုက္ခပေးနေမယ့် ကြွပ်ကြွပ်အိတ်တွေ..
ငါးကလေးတွေများ..စားမိကုန်ရင် ခက်မယ် ။ ရေထုကိုလည်း..နှစ်ပေါင်းများစွာ ဒုက္ခပေးနေမယ့် ကြွပ်ကြွပ်အိတ်တွေ..

 

အမှိုက်ပုံးလေးတော့..ချထားပါတယ် ။ဘယ်သူမှ...ဒီထဲ လာမထည့်ဘူး..။
အမှိုက်ပုံးလေးတော့..ချထားပါတယ် ။ဘယ်သူမှ…ဒီထဲ လာမထည့်ဘူး..တဲ ့..ငှက်ကလေးက ပြောသွားတယ် …

 

ြုပန်တော့မယ်...
ပြန်တော့မယ်…

 

ထမင်းအဝစား 500 တဲ ့။ ဘာဟင်းနဲ ့စားစားတဲ ့။ဆိုလို ့.ဝင်စားလိုက်ပါတယ် ။ထမင်းချည်းပဲ အဝစား 500 ။ ဟင်းက တစ်ပွဲ 1000 ဆိုတာကို..စားခါနီးမှ လာပြောတယ် ။ အဟက်
ထမင်းအဝစား 500 တဲ ့။ ဘာဟင်းနဲ ့စားစားတဲ ့။ဆိုလို ့.ဝင်စားလိုက်ပါတယ် ။ ထမင်းချည်းပဲ အဝစား 500 တဲ ့..။  ဟင်းက တစ်ပွဲ 1000 ဆိုတာကို..စားခါနီးမှ လာပြောတယ် ။ အဟက် ။ အဝစား 1500  လို ့ပြောလိုက်ရင် ပြီးရောကိုများ…

 

 

5 ရက် 11 လ 2013  တုန်းက…

ကျောက်တန်းက..ကျိုက်မှော်ဝန်းနဲ ့..ကျိုက်ခေါက်စေတီတော်သွားခဲ့ပါတယ်  ။

အမြင်မတော်တာတွေရော.. အမြင်တော်တာတွေရော…. တန်းစီနေလို ့…. နည်းနည်း..ပြောပြကြည့်တာပါ.. ။

မမခိုင်ဇာ ကို တ ပြီးပြောလိုက်တယ်နော်..။ အဟိ ။  ဘာရယ်တော့မဟုတ်ပါဘူး  ။ တစ်ယောက်ယောက်ကို တိုင်တည်ပြီး ပြောမှ အရသာရှိတာမို ့…။

———————————-

ပုံတွေကို.. ကင်မရာမပါသွားလို ့.. ဖုန်းကင်မရာလေးနဲ ့.. ရိုက်လာတာပါ ။  သိပ်တော့ကြည်လင်မှာမဟုတ်ဘူး..။

 

မတော်တရော်တွေ အကြောင်း…..

နောက်ထပ် အက်ဆေးတစ်ပုဒ် လာဦးမယ်..နော်…။

 

:kwi:

 

 

:kwi:

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

60 comments

  • no non negative

    November 6, 2013 at 10:29 pm

    ငါ first, ငါ first, haha
    ဒေါ်ဖွားမေ တို့ ဒေါ် ဂျီးဗုံ တို့ ကော တိုင်တည်ပြီး ပြော ဘူး လား?

  • kai

    November 7, 2013 at 12:11 am

    ကျွတ်ကျွတ်အိပ်ကို.. အမှိုက်ပုံးထဲမထည့်ရင်.. မထည့်သူကို…
    .. ရေငံပိုင်ရှင်ကြီးက.. ရေငံနယ်ရောက်ရင်.. ကျိန်စာတိုက်သတ်မယ်ဆိုတာလေး.. အမှိုက်ပုံးမှာရေးထားသင့်ကြောင်း… :kwi:

    • alinsett

      November 7, 2013 at 7:54 am

      အဟိ
      သဂျီးရေ ။
      သဘာဝ ပတ်ဝန်းကျင်ကြီး ပျက်စီးသွားမှာကိုသာ မကြောက်ကြတာ
      ရေငံပိုင်ကြီး ဆိုရင်တော့ ဖိန့်ဖိန့်တုန် နေမှာ
      🙂

      • Ko chogyi

        November 7, 2013 at 8:56 am

        ရေငန်ပိုင်ရှင်ကြီးလည်း
        သူပိုင်တဲ့နေရာ
        ကမ်းလွန်လုပ်ကွက်တွေ လုပ်ပိုင်ခွင့်ခွင့်ပေးလိုက်လို့
        အိန္ဒိယနိုင်ငံက “လ” ကိုသွားတဲ့ ဒုံးပျံနဲ့လိုက်ပြီး နေရာသွားဦးနေပြီ

        • alinsett

          November 7, 2013 at 11:42 am

          တိန်

          🙂

          ကိုယ့်ထက်တောင် သွက်သေး

          :kwi:

        • Ko chogyi

          November 7, 2013 at 1:09 pm

          “လ” မဟုတ်ဘူး မှားသွားလို့
          အင်္ဂါဂြိုလ်ကိုသွားတာပါ။

    • lele kyi

      November 7, 2013 at 6:34 pm

      Eeee…:( အဲ့လို သူကြီးလို လူမျိုးတွေများနေလို့။ မဟုတ်ဘူးဆိုတာသိသားနဲ့ သူများတွေကိုလှည့်စားပြီးညာခြောက်နေတာ။ ပုံပြင်တွေပြောပြီး။ကိုယ်ကိုယ်တိုင်ကတော့မကြောက်ရေးချမကြောက်။ ကြောက်မလား စိတ်ထဲပေါ်ရာလျှောက်ပြောနေတာကိုး။ ပြောရ ရင် ehtic နဲ့ responsibilities အားနည်းနေတာပါ။ အမှိုက်ကောက်တာ ဖြစ်ဖြစ် လူမှုရေးလုပ်တာဖြစ်ဖြစ် ဂုဏ်ယူစရာတခုလို့ ခံစားမနေပဲ လုပ်ရမဲ့ အလုပ်တစ်ခုလို့ခံယူပြီးလုပ်သင့်တယ်လို့ထင်မိတယ်။ ရေလည်ဘုရားကိုအခေါက်ပေါင်းမရေနိုင်အောင်ရောက်ခဲ့ဘူးတယ်။ပျော်စရာကောင်းတယ် ရေတွေတက်လာရင်။

      • inz@ghi

        November 7, 2013 at 6:41 pm

        တယောက်ကြိုက်လိုက်. ခေါက်လိုက် ပေါ့စ့်နော်

        အော်ကြိုက်ခေါက် ကျိုက်ခေါက်
        ငိငိ

        • lele kyi

          November 7, 2013 at 6:55 pm

          အွန် ကျိုက်ခေါက်ဟုတ်ပါဘူး။ ကျိုက်မှော်ဝန်း ရေလည်ဘုရားပါ။ မကြိုက်လည်းခေါက်ပါတယ် အမြင်ကပ်ရင်ပိုခေါက်တယ် ခေါင်းကို လက်ဆစ်တွေနဲ့ ကီးဘုတ်အစား။

        • alinsett

          November 7, 2013 at 6:57 pm

          ထိပ် တင် ဂီရယ်
          ကြိုက်လို ့ခေါက်တဲ့ ကျိုက်ခေါက် ဟုတ်ပါဘူး

          ခါးတောင်းကျိုက်ပြီး တောက် ခေါက် တဲ့ ကျိုက်ခေါက်ပါ
          ဘယ်သူက ခေါက်တာလဲ သိလား
          ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးတွေလေ
          ဟီဟိ

          ဘာလို ့ခေါက်လဲတော့ ကွကိုယ်တွေးကျိ
          :kwi:

      • alinsett

        November 7, 2013 at 6:52 pm

        လေးလေးကြည် ရေ
        လုပ်ကိုလုပ်ရမယ့် ကိစ္စလို ့သိသွားလောက်အောင်
        အဲဒီ အမှိုက်ပစ်သူတွေရဲ့ အသိထဲ အဲဒီ စိတ်လေး ရှိစေချင်တာ

        အမှန်တော့
        ကောင်းတာလုပ် ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့စိတ်နဲ့လုပ်တာထက်
        ကောင်းတာ လုပ်ရတာကို မြတ်နိုးလွန်း ဂုဏ်ယူလွန်းလို ့လုပ်တဲ့အလုပ်က ပို မြတ်တာ
        အဲဒါကို
        ခပ်လွယ်လွယ် ကိုယ့်လက်ထဲကလွတ် ပြီးရော ဆိုတဲ့ လူတွေ သိစေချင်တာ။

        ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိတွေ အမြင်တွေ ရှိဖို ့
        ကျွန်တော်အားလုံးမှာ တာဝန်တွေ အများကြီး ရှိနေသေးတယ် ထင်ပါရဲ့ ။
        ရေလည်ဘုရားကို
        ကျွန်တော် လေးတန်းအောင်ပြီးတုန်းက တစ်ခါ
        အခု တစ်ခါပဲ ရောက်သေးတယ် ။

        နောက်တစ်ခါ သွားဖြစ်ရင်
        ဒီလို မြင်ကွင်းမျိုးတွေပဲ မြင်ရဦးမယ်ဆိုရင်
        ကျွန်တော်တော့ ပျော်မှာ မဟုတ်ဘူး

        :kwi:

  • padonmar

    November 7, 2013 at 12:34 am

    ကြွပ်ကြွပ်အိတ်တွေ မြေပေါ်မှာမြင်ရင် သိပ်အသည်းယားတာပဲ။
    ပညာပေးတဲ့သူတွေပဲ အားနည်းနေလား၊
    စည်းကမ်းမဲ့တဲ့သူတွေပဲ အားကောင်းနေလေသလား၊
    မသိတော့ပါဘူး ဒေါ်ဖွားမေရယ်။

    • alinsett

      November 7, 2013 at 7:56 am

      အန်တီရေ
      ကြွပ်ကြွက်အိတ်တစ်အိတ်ပစ်ချရင်
      ကြိမ်ဒဏ်တစ်ချက် စောင့် ရိုက်လိုက်ရင် ကောင်းမယ်ထင်တယ်နော်
      ကြိမ်ဒဏ်ဆိုမှ ကြောက်မလားပဲ

      အသိပညာပေးဖို့တွေလည်း အများကြီးလိုပါသေးတယ်လေ

      :kwi:

  • MAUNG

    November 7, 2013 at 7:01 am

    ထမင်းအဝစား 500 တဲ ့။ ဘာဟင်းနဲ ့စားစားတဲ ့။ ထမင်းချည်းပဲ အဝစား 500 တဲ ့..။ ဟင်းက တစ်ပွဲ 1000 ဆိုတာကို..စားခါနီးမှ လာပြောတယ်

    အင်း အဲလို အကျင့် တွေကို ဖျောက် သင့်နေပြီ
    အထူးသဖြင့် ဘုရား မှာ ဈေးရောင်း ပြီး တော့ဗျာ ။ လိမ် တာမဟုတ်ပေမဲ့ မလှိမ့် တစ်ပါတ် လုပ်နေသလိုဘဲ

    ဓာတ်ပုံ လေးတွေ ရှယ် ပေးတာ အတွက် ကျေးဇူး ပါ ကို အလင်း 🙂

    • alinsett

      November 7, 2013 at 7:52 am

      ဟုတ်တယ်ဗျ
      ဆိုင်ထဲ ဝင် ထိုင်ပြီး မမှာခင်ကတော့ ရှင်းမပြဘူး
      ဟင်းတွေမှာပြီးလို ့ဇွန်းကိုင်ပြီး စားမယ်အလုပ်မှာမှ
      ဟင်းတစ်ပွဲက တစ်ထောင်ပါ တဲ့
      ထမင်းက အဝစား ငါးရာတဲ့ ။

      အစကတည်းက အဝစား ထောင့်ငါးရာလို ့ပြောရောင်းရင် စိတ်မတိုပါဘူး။

      အခုတော့ မလိမ့်တစ်ပတ်

      တကယ်လို ့ငါးရာလောက်ပဲ ပါတဲ့သူဆို ခက်ရော

      🙂

  • ဖြူစိုင်း လူ

    November 7, 2013 at 7:22 am

    ဪ ဟော်ဟော်..

    တိုင်တည်စရာရှားလို့..
    မမ ကိုင်စရာတဲ့လားကွယ်

    ညှင်း ညှင်း

    • alinsett

      November 7, 2013 at 7:47 am

      နောက်တစ်ခါ
      ကိုစိုင်းကို တိုင်တည်ပြီးရေးရဦးမယ် အဟိ

      🙂

  • Wow

    November 7, 2013 at 8:47 am

    အိုက်ရေလယ်ဘုရားက ချစ်သူနဲ့သွားရင် ကွဲတတ်သတဲ့… :kwi:

    • alinsett

      November 7, 2013 at 11:46 am

      မမဝေါ ရယ်
      အိုက်လို ပြောတာတွေ သိပ်ကြားရတာပဲ
      မယ်လမုဘုရားကိုလည်း အိုက်လိုပြောကြတယ်

      ဘုရားတွေကပဲ ချစ်သူနှစ်ဦးကြား လိုက်ပြီး ခွဲနေသလိူလိုနဲ့

      ဘုရားတွေကို အားနာလိုက်တာ ။ မတရား စွပ်စွဲခံနေရ ရှာတယ်
      🙂

      ကွဲကွာ စရာ အကြောင်း ရှိလို ့ကွဲကွာတာကိုများ
      သူ ့ဘာသာ နေတဲ့ ဘုရားကြောင့်ဆိုပြီး တရားခံရှာကြတာများ

      ခက်ပုံ

      :kwi:

    • flamingo

      November 9, 2013 at 8:48 am

      wow ……ကြိုက်တယ်….ကြိုက်သွားဘီ

      • alinsett

        November 9, 2013 at 10:43 am

        shinn shinn ပြောဘာာဟ
        ဘာ ကြိုက်တာဒုန်း

        :kwi:

        • flamingo

          November 12, 2013 at 11:46 am

          WOW ကိုကြိုက်တာလို့ပြောတာ…သဘောရိုးနဲ့ကြိုက်တာကိုပြောတာနော်…

  • kyeemite

    November 7, 2013 at 9:00 am

    အလင်းဆက်ရဲ့ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်က မြင်တတ်ပုံလေးကို ချီးကျူးပါတယ်
    ကိုယ်တစ်ခါရောက်လို့ ပုံလေးတွေတောင်တင်ဖူးသေးတယ်…ကျုပ်အထင်တော့…
    မူကြိုကျောင်း၊ မူလတန်းကျောင်း အရွယ်ကစလို့ ဒီစည်းကမ်းလေးတွေလေ့ကျင့်ပေးပါမှ…
    နောက်…နောက်….ဘယ်တော့များမှ ကောင်းလာမယ်မသိ…ဟူး 🙁

    • alinsett

      November 7, 2013 at 11:07 am

      ဦးကြီး ရေ

      ကျေးဇူးပါ ။

      ——

      ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောက်းပါးတွေကို
      စိတ်ဝင်တစားဖတ်မိပြီးတဲ့ နောက်ပိုင်းက စပြီး
      ကျွန်တော်တော့ ကိုယ့်ကြောင့် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှာမျိုး
      မလုပ်မိအောင် သတိထားတော့တယ်
      အမှိုက်အိတ်တောင် အမှိုက်ပုံထိ အရောက်သယ်တဲ့အကျင့်လေး ရသွားတယ်

      🙂

      ဦးကြီး ပြောသလို မူကြိုလောက်က စ ပြီး
      အဲဒီ အသိလေးတွေ ထည့်ပေးသင့်တယ် ထင်ပါတယ်

  • ဗုံဗုံ

    November 7, 2013 at 9:24 am

    ဝက်ရယ် နင့်နှယ်…..အိုက် ဂျွတ်ဂျွတ်အိတ်တွေ
    ပွစာကြဲနေတာမြင်ရင်.
    ကောက်ထည့်ခဲ့ပါတော့လား…….
    အာ့ဆို..သူတို့လည်း ပစ်ချတော့မှာမဟုတ်ဘူး…..
    နီလည်းလိုတာဘဲ…..ငါသာဆိုအဲ့ဒီအမှိုက်ပုံးလေးပါ
    ရေထဲ ကန်ချခဲ့တယ်….. :mrgreen:

    • alinsett

      November 7, 2013 at 11:48 am

      အေးနော်
      ဗုံဂျီး အတွက် ကောက်ခဲ့ရမှာ
      ဗုံဂျီးလိုချင်နေမှန်း မသိခဲ့လို့ပါဗျာ
      နောက်တခါ ရောက်ရင် ကောက်ခဲ့မယ်
      ပါဆယ်ထုပ်ပြီး ပို ့လိုက်မယ်
      အဟိ
      🙂

  • KZ

    November 7, 2013 at 9:26 am

    ဘာဒွေ ပေါမှာဒုန်းရို့ လန့်သွားတာပဲ။
    ပထမဆုံး စာကြောင်းကလည်း အဟက် တို့ မတော်တရော်တို့နဲ့ စ တာ ဆိုတော့လေ။

    😀

    ကျွတ်ကျွတ်အိတ်ထက် လူတွေရဲ့စိတ်ဓာတ်က အရေးကြီးပါတယ်အေ။
    မပူနဲ့ မောင်လေး ၂၀၂ဝ ထိစောင့်လိုက်။
    မမဂျီး ရွေးကောက်ပွဲဝင်ပြီးရင် ဒါတွေ အကုန်ပြေလည်စေရမယ်။

    :mrgreen:

    • ဗုံဗုံ

      November 7, 2013 at 10:43 am

      ဟင် 2020 ဆိုရင် မွမွဂျီးက အသက် ရှစ်ဆယ်ကျော်နေဘီလေ……
      အိုက်အရွယ်နဲ့ ဂျွတ်ဂျွတ်အိတ်ကောက်ဖို့ မှ မသင့်တော်တာ…… :mrgreen: :mrgreen:

      • Wow

        November 8, 2013 at 1:48 pm

        ဒီဗုံ လူထူပီဆို ၆ကျပ်ခွဲဘီ.. :mrgreen:

    • alinsett

      November 7, 2013 at 11:59 am

      မမဂျီး ပြောတဲ့ နှစ်ဆို
      ကြွပ်ကြွပ်အိတ်တွေ တောင်လိုပုံနေတဲ့ မြို့တော်ကြီးဖြစ်နေလောက်ပြီ
      အဟိ
      🙂

  • TNA

    November 7, 2013 at 11:46 am

    ပုံတွေလဲလှပါတယ်အေ ကျန်တာလဲကောင်းပါတယ်အေ ဒါပေမဲ့
    “ဟို…. နိုင်ငံခြားသားတွေ မြင်သွားပြီ… ရှက်ထာ….”
    ဆိုတာလေးမပါရင်ကောင်းမယ်အေ။ အဲဒီနိုင်ငံခြားသားဆိုတဲ့ဟာတွေနဲ့ Tour Company ဆိုတဲ့ဟာတွေ ကို ရိုက်ချင်လွန်းလို့ပါအေ။ နောက်မှအကြောင်းစုံပြောပြတော့မယ်။ အခုတော့ဒီလောက်ပဲအေ။

    • alinsett

      November 7, 2013 at 12:01 pm

      အန်တီ သဲလည်း
      ပြောစရာ ရှိတာကို
      ပြောပြချင်လွန်းလို့ပါ အလင်းဆက်ရယ် ဆိုပြီး ပြောမှာလားဟင်
      🙂

      အန်တီသဲ ပြောပြမယ်ဆိုတာကို ဆိတ်ဝင်ဆားသွားဘီ
      ညန်ညန် ပြောပါ

    • sorrow weaver

      November 7, 2013 at 12:19 pm

      ဘယ့်နှယ့် တိုင်းပြည်ဝင်ငွေကို တစ်ဖက်တလမ်းက ရှာပေးနေတဲ့ တိုးကုန်ပဏီတွေကို လာခလုတ်တိုက်ရသတုန်း….ပြောရင်လည်းကြွားတယ်ဖြစ်မယ်…တချို့တိုးကုန်ပဏီက မန်နေဂျာလေးတွေများ ချောလိုက်တာ မှုန်လို့….( မဆိုင်ဆိုင်ရာ ဆွဲပြောတာ…အဟိဟိ )

      • ဗုံဗုံ

        November 7, 2013 at 12:36 pm

        အေးဟယ်…တချို့များ..မတန်မရာ အင်းကျီကြီးဝတ်လို့…..
        ကွန်ပူတာဂျီး ကိုင်ပြီး..ပဲပေးနေတာများ……..
        ကတောက်စ်…..ထမင်းစားချင်စိတ်တောင်ပျောက်တယ်…. :mrgreen:

        • alinsett

          November 7, 2013 at 12:50 pm

          ဒေါ်ဂျီးဗုံ
          ရေလယ်ဘုရားက ထမင်းဆိုင်မှာ သွားစားပါလား
          အဝစား ငါးရာတဲ့
          ထမင်းချည်းပဲ
          🙂

      • alinsett

        November 7, 2013 at 12:47 pm

        အာ့ဆိုလည်း ကဆော ရယ်

        အဲဒီလို ချောတာမှုန်နေတဲ့အကျောင်းကို
        ပိုစ့်တစ်ပုဒ်ရေး ဂျာ
        ပြောပြချင်လွန်းလို့ပါ အန်တီသဲရယ် ဆိုပြီး
        🙂

        • sorrow weaver

          November 7, 2013 at 1:38 pm

          နာမရေးရဲဘူး ကြောက်တယ်….သူနာ့ကို အရမ်းသမတယ်….နာ့ကို ကပ်ပလီတစ်အုပ်နဲ့တွေ့ပေးထာတာ တယ်မကြာလှသေးဘူး…အဟင့်

      • TNA

        November 7, 2013 at 2:52 pm

        အေးပါ အဲဒီ တိုးကန်ပဏီကမန်နေဂျာဆိုတဲ့ဟာဒွေကိုရိုက်ချင်သပေါ့အေ။ ပိုစ့်တပုဒ်လောက်ရေးပြီး ရိုက်လိုက်အုံးမှထင်ဒယ်အေ့။

      • ကိုရင်ဆောရိုး ဦးသွားပြီကိုး… (မန်နေဂျာချောတာမပါ)
        ဒမှာလည်း ပြောချင်လွန်းလို့..

        အာတီသဲ… အနော့်ကို ပို့စ်ရေးအောင် ဆွနေတာလား.. :mrgreen:
        ဒမှာ field တောင် change ချင်နေတာနော်… 🙁

  • alinsett

    November 7, 2013 at 1:41 pm

    ဘာာာာာ

    ကပ်ပလီတစ်အုပ်နဲ ့
    ဟုတ်လားးးး

    ဖျားဖျားးး

    🙂

    • TNA

      November 7, 2013 at 2:54 pm

      အေးအေ့ ကပ်ပလီမှ ၁ဝ ယောက်တောင်အေ အားကောင်းမောင်းသန်တွေချည်း :mrgreen:

      • alinsett

        November 7, 2013 at 3:45 pm

        အဟိ

        ကဆောရိုးကို သနားထာ

        🙂

  • ခင် ခ

    November 7, 2013 at 4:11 pm

    ဟဲ့ ဟဲ့ ဘာထိုင်ကြည့်နေတာလဲ ကန်တော့လိုက်လေ။
    ဘာကိုကန်တော့ရမှာလဲဗျ။
    ဟာဒီကလေး ဒုံးဝေးပ နင်ရှေ့မှာမမြင်ဘူးလား ရေငံပိုင်ဦးရှင်ကြီး ရေငံလည်ဘိုးဘိုးကြီး နဂါးမယ်တော် သူရဿတီမယ်တွေ လေ။
    ဪ ဟုတ်ပ သူတို့နေတဲ့နေရာကို တကူးတကသွားပြီး ကန်တော့ရမယ်ဆိုရင် ရောက်ဖို့မလွယ်တော့ ဒီမှာကြုံတုန်း ကန်တော့ပြီး သိန်းထီကြီး ကြိမ်ဖန်များစွာ ပေါက်ရပါစေလို့ ဆုတောင်းလိုက်အုံးမှဘဲလေ။
    လိမ္မာလိုက်တဲ့ ကလေးကွယ်။

    ( ကိုအလင်းဆက်ရဲ့ ဓာတ်ပုံလေးတွေကြည့်ပြီး အများနဲ့မတူတဲ့အတွေးနဲ့ ရေးခဲ့သည်။ )

    • alinsett

      November 7, 2013 at 4:21 pm

      ပြည့်စေ

      :kwi:

      အကျနုပ်သည်ဂါး
      ရေငံပိုင် ဦးဆက်ဂျီး ဖြစ်ပေဒေါ့သဂိုးးး

      🙂

  • ဟိုနေ့ကတင် စလုံးက မြန်မာတွေစုရပ်မှာ အမှိုက်တွေ ပွနေတဲ့အကြောင်း
    တင်ကြတာ ဖွဘုတ်မှာဖတ်ရသေး
    ကျိရတာ မွဆွိတို့ရွှေကြည်တို့လားမတိ
    😀

    • alinsett

      November 7, 2013 at 8:37 pm

      အက်ဒီ အမှိုက်တွေထဲမှာ…
      မမဂျီးခိုင်ဇာတို ့..စားထားတဲ ့ အစားအသောက် အိတ်ခွံတွေများ..
      အများဆုံးဖြစ်နေမလား..
      အဟိ။

      🙂

  • Mr. MarGa

    November 7, 2013 at 8:13 pm

    အမှတ်မမှားရင် (စီအာ သဂျီး)
    အဲလို ဖြစ်နေတာ အတော်ကြာပြီထင်တယ်။
    ဘာလို့လဲ ဆိုတော့ ဒီအကြောင်းကို ဖတ်ဖူးနေတာ အတော်ကြာပြီ
    အခုထိလဲ မပြင်ကြသေး..
    ဪ…
    စနစ်မဟုတ်… စနစ်မဟုတ်….

    • alinsett

      November 7, 2013 at 8:58 pm

      စနစ်ကြောင့်…မဟုတ်ရင်…
      အဟက်…
      🙂

  • အရီးခင်

    November 7, 2013 at 8:32 pm

    ဒါ့ပုံ ပုံပြင် လေး ပါလား။
    ကောင်းလိုက်တဲ့ ရိုက်ကွက် တွေ။ လှမှလှ။

    ထမင်းဆိုင် ပုံပြင်မှာတော့ အူမတောင့်မှ သီလ စောင့်ကြမဲ့ သူတွေ ချည်းဘဲ များနေပြီလို့ ထင်ပါရဲ့။

    • alinsett

      November 7, 2013 at 9:02 pm

      အဟိ..။
      အရီင်္းရေ..
      အူမတောင့်မှ သီလစောင့်…ဆိုလို ့…
      သီလမစောင့်တဲ ့သူတွေ ..အူမတောင့်နေတာကို ပြေးမြင်တယ်..
      အော်..အကြောင်း အကျိုး..အကြောင်းအကျိုး…
      အကြောင်းညီညွတ်ချိန်မှာ.. အကျိုးပေးမှာတော့.. ဟုတ်ပါရဲ ့..။
      အဲဒီ အကြောင်းညီညွတ်ချိန်ကိုရောက်ဖို ့…
      စောင့်ရတာ..စိတ်မရှည်ချင်တော့ဘူး…
      အိုက်တော့…သီလစောင့်ဖို ့လည်း.. စိတ်မရှည်ကြတော့ဘူး.ထင်ပါရဲ ့…

      :kwi:

  • ကျော်စွာခေါင်

    November 8, 2013 at 4:23 am

    အလင်းဆက်ရေ…
    ထမင်းဆိုင်တစ်ချိုု ့တွေ အဲလို လုပ်နေတုန်းဘဲနော်..
    ထမင်းဆိုင်တင်မှ မဟုတ်ပါဘူးလေ… နေရာစုံမှာပါ..တို ့လူမျိုးတွေ ရိုးရိုးသားသားရှာစားရတာကို ဂုဏ်မယူချင်ဘူးဖြစ်မယ်..။
    ပြောလိုက်ရင်လည်း ထေရဝါဒကို ပါးစပ်က မချဘူး…လက်တွေ ့ကတော့ လည်သလိုနှက်…ဘဲ။
    နောက် တခါ ဘုရားသွားရင် ကြွပ်ကြွပ်အိတ်တွေ ကောက်ခဲ့ပါ.. ကေဇီ ထမင်းဆိုင်ကို ဖောက်သည်ပြန်သွင်းလို ့ရတယ်..။
    အမှိုက်ပုံးကတော့ ဗုံဗုံယူပါစေ…။

    • alinsett

      November 8, 2013 at 7:42 am

      ဟုတ်ပါ့ ဦးခေါင်ရည်
      တို့လူမျိုးဒွေအကြောင်းတော့
      ပြော မပြောချင်တော့ဘူး
      ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရတာလည်း နာလှပြီ

      🙂

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 1:55 pm

    နောက်အခါ ငါ့နာမည်ကို တ ပြီး ပြော …
    ပြောပြချင်နွန်းနို့ဘာ ဆရာကြီး x 1000 အံစာရယ် ဆိုပီး …
    နောက်အခါ ဘယ်တွားတွား
    ဘယ်လာလာ
    နေကာ မျက်မှန်တပ်တွား …
    ကျားဒလား … အောင်မဲလင်းးး

    • alinsett

      November 8, 2013 at 3:21 pm

      နီ နာမည် တမယ့်အစား
      ဒေါ်ဖွားမေ ကိုပဲ တ တော့မယ်ကွာ

      အဟိ

      🙂

  • နိပုံတွေကျိပီး တွေးမိတာ…

    ထေရဝါဒနိုင်ငံဆိုပြီး အော်နေတဲ့ နိုင်ငံက ထေရဝါဒ မစစ်ဆုံး နိုင်ငံများ ဖြစ်နေလားလို့…

    • alinsett

      November 8, 2013 at 3:25 pm

      စစ်တဲ့နေရာ စစ်ပြီး
      မစစ်တဲ့နေရာကမစစ်
      စစ်ချင်ယောင်ဆောင်နေတာက များ

      :kwi:

  • Ma Ma

    November 9, 2013 at 10:05 am

    ထမင်းအဝစား ၅၀ဝ ဆိုတာ လိမ်တာမှ မဟုတ်ပဲ။
    မလိမ့်တပတ်နဲ့ ညာတာ 🙁

    • alinsett

      November 9, 2013 at 10:40 am

      အဟိ

      ရိုးရိုးသားသား ရောင်းရတာ ပျင်းးစရာ ကောင်းလို ့ထင်ပါရဲ့ အန်တီမမရယ်
      🙂

  • alinsett

    November 12, 2013 at 7:37 pm

    flamingo says:

    WOW ကိုကြိုက်တာလို့ပြောတာ…သဘောရိုးနဲ့ကြိုက်တာကိုပြောတာနော်

    မမဝါးရေ… လာကျိပါအုန်း..
    :kwi:

Leave a Reply