ဘာသာပြန်နိဂုံး

စဆရ ႀကီးNovember 7, 20131min851

ကျုပ်စာတွေရေးတယ်.. စာတွေရေးတယ်ဆိုတာထက် အနုပညာလို့ ဆိုလို့ရမယ့် အနုအရွ ပညာတစ်ခုလို့ဆိုမယ့် ခံစားချက်တွေ စာတွေရေးဖြစ်တယ်။ ဖျက်ပြစ်လိုက်တယ်

ကျုပ်ကဗျာတွေရေးတယ်.. ရေးပေမယ့်လည်း၊ ကဗျာကို ဖတ်ကြည့်ရင်တော့ မြန်မာလို ရေးထားတာပဲ၊ ရင်ဘတ်နဲ့ဖတ်မှ၊ အနုပညာကို သိမှ နည်းနည်းခံစားတတ်မယ်ထင်ပါရဲ့.. မြန်မာလိုဖတ်ပြီး လိုသလို ဆွဲတွေးဘာသာပြန်ပြီး အဖျက်ခံလိုက်ရပြန်တယ်..

တော်သေးရဲ့.. ဒီကဗျာလေးတော့ ကော်ပီကူးထားမိပေလို့

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အကယ်လို့များသာ
သင်သည်
ချစ်ခြင်းနှင့် မသင့်မြတ်သည်ဟုဆိုပါတော့

ထိုချစ်ခြင်းသည် သင့်ထံ ကြာကြာမနေလိုပေ။

အကယ်လို့များသာ
သင်သည်
ချစ်ခြင်းနှင့် ရန်ဖြစ်ထားသည်ဆိုပါတော့

ထိုချစ်ခြင်းသည် သင့်အား စိတ်ကောက်နေပေလိမ့်မည်။

အကယ်လို့များသာ
သင်သည်
ချစ်ခြင်းကို မပိုင်မဆိုင်ရဘူးဆိုပါတော့

ထိုချစ်ခြင်းသည် သင်နှင့် အဝေးကွာဆုံးအရပ်တွင်သာ ရှိနေလိမ့်မည်။

ထို့ကြောင့်
အိုဘယ့် အသင်ချစ်ခြင်း
သင့်အား ငါမြတ်နိုးလွန်းလှပေ၏။

ငါ့ကိုယ်အား သင့်ချစ်ခြင်းများဖြင့် ထုံမွှန်းပါလော့
ငါ့ကိုယ်အား သင်၏ လေးနက်အသိရခက်ခြင်းများဖြင့် ရင့်ကျက်စေပါလော့
ငါ့ကိုယ်အား သင်၏သိရခက်ခြင်းများဖြင့် ဉာဏ်ပညာတွေ ရင့်သန်ပါစေလော့
ငါ့ကိုယ်အား သင်ချည်းသက်သက်ဖြင့် ရှင်သန်ခြင်းပေးပါလော့

အဆုံးတွင်မတော့

ငါ့အား လောင်မြိုက်ပါစေတော့။

(စေးကိုင်းခွမ်း)

One comment

  • ဗုံဗုံ

    November 7, 2013 at 10:50 am

    သင်၏ လေးနက်အသိရခက်ခြင်းများဖြင့် ရင့်ကျက်စေပါလော့
    ငါ့ကိုယ်အား သင်၏သိရခက်ခြင်းများဖြင့် ဉာဏ်ပညာတွေ ရင့်သန်ပါစေလော့
    ငါ့ကိုယ်အား သင်ချည်းသက်သက်ဖြင့် ရှင်သန်ခြင်းပေးပါလော့

    အဆုံးတွင်မတော့

    ငါ့အား လောင်မြိုက်ပါစေတော့။ ငါ့အား လောင်မြိုက်ပါစေတော့။ ငါ့အား လောင်မြိုက်ပါစေတော့ 😥

Leave a Reply