အရေပြားအလှအတွက် ကိုယ့်အိမ်မှာပဲ ထိန်းသိမ်းကြည့်ပါလား

cobraAugust 5, 20101min794

ငွေမကုန်ဘဲ ထိန်းသိမ်းလို့ရတဲ့ အရေပြားအလှ။

တချို့က တော်ရုံလောက်ပဲ လှချင်တယ်။ တချို့ကျတော့ များများကြီး လှချင်တယ်။ လှချင်တာတော့ ဟုတ်ပါ ပြီ။ လှအောင်လုပ်ဖို့ နည်းလမ်း တွေကလည်း ခုလိုမော်ဒန်ခေတ်ကြီးထဲမှာများမှများ။ တချို့က ငွေများ များအကုန်ခံနိုင်မှ လှနိုင်မယ်လို့ ထင်ကြတယ်။ တကယ်တော့ငွေမကုန် ဘဲ အလှအပပြင်နိုင်မယ့် နည်းလမ်းတွေ လည်း အများကြီးရှိပါတယ်။ အထူး သဖြင့် မအားလို့ ဆိုင်သွားပြီး အလှမပြင်နိုင်တဲ့သူတွေ သဘာဝ ပစ္စည်းတွေ နဲ့ ကိုယ့်အိမ်ကိုယ့်ရာမှာပဲ အလှပဆုံး ဖြစ်အောင် ပြုပြင်နိုင် ပါတယ်။ ကဲ .. ဈေးလည်းမကြီးဘဲ အကျိုးသက်ရောက်မှုလည်း ရှိတဲ့ နည်းလမ်းကောင်းတွေထဲ ကတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပျက်စီးခြောက်သွေ့နေတဲ့အသားအရေအတွက် ငှက်ပျောသီးအနှစ်
သင့်ရဲ့အသားအရေတွေ ပျက်စီးခြောက်သွေ့နေတယ်လို့ ခံစားနေရပါ သလား။ ငှက်ပျောသီး မှည့်မှည့်တစ်လုံး ရဲ့အသားတွေကို ခေါက်ပြီးကြေ အောင်ခြေ။ပြီတော့ပျားရည်နဲ့ သမအောင်မွှေ။အဲဒီမွှေလို့လာရတဲ့အနှစ် တွေကို မျက်နှာမှာ သေသေချာချာ လိမ်းကျံပြီး ၁ဝ မိနစ်လောက်ထား လိုက်။ ပြီးရင် ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင်..စိုပြည်ဝင်း မွတ်တဲ့ အသားအရေ ပိုင်ရှင်လေး ဖြစ်လာမှာနော်။

ဒိန်ချဉ်
ရိုးရိုးဒိန်ချဉ်ဟာ အိန္ဒိယနိုင်ငံမှာအလှအပအတွက်အမြဲအသုံးပြုနေတဲ့ အမည်(အမယ်)တစ်မျိုးပါ။ဒိန်ချဉ်ဟာခြောက်သွေ့ပျက်စီးနေတဲ့ အသားအရေတွေကို စိုပြည်အေးမြစေဖို့အတွက် အကောင်း ဆုံးဆိုလည်း မမှားဘူးပေါ့။ သင့်ရဲ့အသားအရေတွေနေလောင်ခံတာများ နေရင်၊ ဒါမှမဟုတ် အရေပြားကထိခိုက်လွယ်တဲ့ အသားအရေဖြစ်နေတယ်ဆိုရင် ရေချိုးသန့်စင်ပြီးတဲ့အခါ ဒိန်ချဉ်တွေနဲ့အရေ ပြားကို လိမ်းကျံလိုက်။ ၁ဝ မိနစ်၊ ၁၅ မိနစ် လောက်ထားပြီး ရေတော့ သေသေချာချာဆေးချရမယ်နော်။

အဆီပြန်တဲ့ အသားအရေကြက်ဥအကာရည်
အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေအတွက် ခုပြောပြပေးမယ့် ဒီနည်းလမ်းက သိပ်ကောင်းပါတယ်။အသားအရေကိုလည်းတင်း ရင်းစေတဲ့ဂုဏ်သတ္တိရှိလို့လေ။နည်းလမ်းလေးကတော့ ကြက်ဥတစ်လုံးကကြက်ဥ အကာတွေကို လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ သံပရာရည်(သို့) ရှလကာရည်နဲ့ရောမွှေပြီး ခလောက် လိုက်ပါ။ မျက်နှာမှာ လိမ်းကျံထားပြီး ၁ဝ မိနစ်လောက်ကြာရင် ရေဆေးလိုက်။ ဒီနည်းလမ်းအတိုင်းတစ်ပတ်နှစ်ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် အဆီပြန် သူအသားအရေပိုင်ရှင်တွေအတွက်အကောင်းဆုံးပါပဲ လို့။

အုတ်ဂျုံမှုန့်
သင့်ရဲ့မျက်နှာအရေပြားတွေ ညစ်ပတ်ပြီး ဆီချေးတွေနဲ့ ပိတ်ဆို့နေတယ်လို့ ခံစားရရင် ဒီမျက်နှာချေးချွတ်တဲ့ နည်းလမ်းလေးကို သုံး ကြည့်လိုက်ပါလား။အုတ်ဂျုံမှုန့်

လက်ဖက်ရည်ခွက်တစ်ခွက်စာကိုမွှေစက်ထဲထည့်ပြီးမွှေ၊ပြီးရင် ပုလင်းတစ်ခုထဲသန့်သန့်ရှင်းရှင်းထည့် သိမ်းထားပါ။ မျက်နှာချေးချွတ်လိုတဲ့အခါကျရင် မျက်နှာကိုရေဆွတ်ပြီး ဒီအမှုန့်တွေနဲ့ ပွတ်တိုက်လိုက်။ ချေးညှော်တွေကင်းသွားပြီလို့ ထင်တဲ့အထိ ပွတ်တိုက်ရမှာပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်။ ကြည်လင်သန့်ရှင်းတဲ့ မျက်နှာလေးဖြစ်လာပါလိမ့်မယ်။

4 comments

  • winne

    August 5, 2010 at 9:30 am

    ကျေးဇူးတင်ပါတယ်။

  • kyi pyar

    August 5, 2010 at 9:55 am

    ခုလိုတင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …………

  • meelay

    August 5, 2010 at 10:48 am

    အုတ်ဂျုံမှုန့်ဆိုတာ ဘယ်လိုဂျုံမှုန့်ကို ပြောတာလဲဟင်…
    မသိလို့ပါနော်…

  • etone

    August 6, 2010 at 6:26 am

    အုပ်ထားတဲ့ ဂျုံလားဟင် 😀

Leave a Reply