ကန်ထဲကငါး

အာဂNovember 7, 20131min22819

အရိုးဘယ်လောက်များများ

နောက်ဆုံး……………..

ချိန်ခွင်ထက်မှ

ဒယ်အိုးအရောက်…………..

ခံတွင်းစောက်နက်ထဲ

အစားခံရ မှာမို့

ရသလောက် ရေမှာကူးခတ်

ဒါ…..

ဘဝပဲမို့…။

(လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရေးထားတဲ့ ကဗျာလေးပါ ဘာရယ်တော့မဟုတ်ဘူး ပြန်တွေ့လို့တင်လိုက်မိတာပါ။)

19 comments

  • Mr. MarGa

    November 7, 2013 at 8:19 pm

    ကိုဂ ရဲ့
    အဲ့ဒီ ငါးက
    အလှမွေးငါး ဖြစ်နေရင်ရောဗျာ………

    • အာဂ

      November 9, 2013 at 3:54 pm

      အလှမွေးငါးဘဝ ကပိုဆိုးပါတယ်။ ကန့်သတ်ချက်ဘောင်တွေထဲမှာ ကျွေးသမျှလေးစားပြီး ကူးခတ်နေရတာ လေ။ သူဘဝ က ရှင်သန်ခြင်းထက် သေဆုံးခြင်းက ပိုလှပနေမယ်လို့ကျွန်တော်တော့ ထင် မိတယ်။

  • အရိပ်စစ်

    November 7, 2013 at 10:02 pm

    ကဗျာလေးဖတ်ပီး
    ဘာလဲဘာလဲကို တော့ မတိဘူး
    တိမီး နည်းနည်းကြောက်တွားတယ်..တကယ်

    • အာဂ

      November 9, 2013 at 3:57 pm

      ဘာကိုကြောက်မိသွားတာလည်း သေဆုံးခြင်းတရားလား။ ဘဝ များလား။

  • kyeemite

    November 8, 2013 at 9:52 am

    ကဗျာက တိုပေမဲ့
    ဘဝကို သရုပ်ဖေါ်
    အဟုတ်တော်တဲ့
    မောင်အာဂ ပဲ။ 🙂

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 10:10 am

    ကူးသာ ကူး
    မင်း ဂရု မစိုက်နဲ့ …
    ကူးသာ ကူး
    မင်း ဂရု မစိုက်နဲ့ …
    ရို့ .. ရို့ ..

  • alinsett

    November 8, 2013 at 1:24 pm

    ငါးတစ်ကောင်အတွက် ဆုံးမစာလေး လိုပဲ
    :kwi:

    • အာဂ

      November 9, 2013 at 4:14 pm

      ငါးထက်စာရင် သတ္တဝါတွေရဲ့လောကဆိုပိုခံစားလို့ကောင်းမလား။

  • TNA

    November 8, 2013 at 5:53 pm

    စားခံရမယ့်အတူတူတော့ အမောခံပီးကူးတော့ဘူးအေ။ :mrgreen:

    • အာဂ

      November 9, 2013 at 4:17 pm

      ဘဝဆိုတာ ရန်တန့်နေလို့ရရင်ကောင်းသားပေါ့ အန်တီရာ ။ မကူးချင်သော်လည်း ကုူးခတ်နေရတာကိုက ဘဝဖြစ်နေတာခက်တယ်ဗျ.။

  • ခင် ခ

    November 8, 2013 at 11:24 pm

    ကဗျာဖတ်ပြီး ဒီဆိုစကားသွားသတိရတယ်
    အင်းငါးသေတော့ အင်းသားစားတယ်
    အင်းသားသေတော့ အင်းငါးစားတယ် တဲ့။

    • အာဂ

      November 9, 2013 at 4:18 pm

      အင်းဒီစကားလေးက တော့ မှတ်သားစရာပဲ ကိုခင်ခရေ.။ သေဆုံးခြင်း ကို သေဆုံးခြင်းက စားတယ်လို့တောင် တွေးမိသေး။

  • padonmar

    November 9, 2013 at 1:11 am

    ငါးဘဝ မကူးတော့လည်း သေမှာမို့

    • အာဂ

      November 9, 2013 at 4:20 pm

      အမှန်ပဲ….။ သံသရာထဲက လူတွေလည်း တစ်ဝဲလည်လည်ကူးခတ်နေရတာ။မကူးလည်း သံသရာက လည်နေတော့…။

  • kai

    November 9, 2013 at 4:22 pm

    ငါးခေါင်းထဲ..လူဦးနှောက်ကြီး အတင်းထည့်ထည့် လိုက်တွေးစဉ်းစားသူကို…
    ဂေါမဗုဒ္ဓက…လူက.. ငါးဘဝပြောင်းတယ်လို့… ပြောချင်ခဲ့ဟန်တူတယ်..။
    ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲ.. ထည့်ကြည့်ပေါ့…. :mrgreen:

  • Ma Ma

    November 9, 2013 at 8:24 pm

    တိုတို ထိထိ 🙂

Leave a Reply