ရွေ့​တော့ ​ရွေ့​နေတာပဲ
ဘယ်​ကို​ရွေ့​နေတယ်​မသိ
ရွေ့​နေရဖို့ သာအဓိက
အ​ပေါ်ဖြစ်​ဖြစ်​ ​အောက်​ကိုပဲ​ရွေ့​ရွေ့
သူ့အတွက်​ အ​ရေးမကြီးဘူး
ရွေ့​နေတာရပ်​မသွားဖို့သာလိုတာ….
သွား​တော့သွား​နေတာပဲ
ဘယ်​ကိုရယ်​မသိ
ရှေ့ကို​ရောက်​ချင်​လည်း​ရောက်​မယ်
နောက်​ဖက်​ကိုပြန်​​ရောက်​​နေလည်း အ​ရေးမကြီးပါဘူး
ချစ်​စရာ က​လေးအရွယ်​ သွား​နေဖို့ပဲ လိုတာ…….
ပြော​တော့​ပြော​နေတာပဲ
သို့​သော်​ …….ဘယ်​သူ့ကို​ပြောတယ်​မသိ
ဘယ်​အဓိပ္ပာယ်​​ရောက်​တယ်​လဲစဉ်းစား​နေစရာမလို
ုက​လေးဆိုတာ စကားသင်​​နေတာတဲ့​လေ
စကားဆိုတာ​ပြော​နေဖို့ပဲလိုတယ်​….
ရေး​တော့​ရေး​နေတာပဲ
ဘာ​တွေ​ရေး​နေတယ်​​တော့မသိ
စာရွက်​​တွေသာတစ်​ရွက်​ပြီးတစ်​ရွက်
ရှုပ်​ယှက်​ခတ်​​နေတာပဲ
က​လေးဆိုတာစူးစမ်းဖို့လိုတယ်​…..
ဒါ​ပေမဲ့…. အဲဒိက​လေးဖြစ်​ချိန်​​လေးက
အကန့်​အသတ်​ရှိတယ်​…..
အချိန်​ပြည့်​ အဲဒိလို​နေမယ်​ဆိုရင်​​တော့
တစ်​သက်​လုံး မူကြိုကို​ရောက်​မှာ မဟုတ်​တာက​တော့​သေချာတယ်​……

နေဝန်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010