***မူကြို မတက်​ရ​သေးတဲ့ က​လေးငယ်​အရွယ်​***

naywoon niNovember 7, 20131min1516

​ရွေ့​တော့ ​ရွေ့​နေတာပဲ
ဘယ်​ကို​ရွေ့​နေတယ်​မသိ
​ရွေ့​နေရဖို့ သာအဓိက
အ​ပေါ်ဖြစ်​ဖြစ်​ ​အောက်​ကိုပဲ​ရွေ့​ရွေ့
သူ့အတွက်​ အ​ရေးမကြီးဘူး
​ရွေ့​နေတာရပ်​မသွားဖို့သာလိုတာ….
သွား​တော့သွား​နေတာပဲ
ဘယ်​ကိုရယ်​မသိ
​ရှေ့ကို​ရောက်​ချင်​လည်​း​ရောက်​မယ်​
​နောက်​ဖက်​ကိုပြန်​​ရောက်​​နေလည်​း အ​ရေးမကြီးပါဘူး
ချစ်​စရာ က​လေးအရွယ်​ သွား​နေဖို့ပဲ လိုတာ…….
​ပြော​တော့​ပြော​နေတာပဲ
သို့​သော်​ …….ဘယ်​သူ့ကို​ပြောတယ်​မသိ
ဘယ်​အဓိပ္ပာယ်​​ရောက်​တယ်​လဲစဉ်​းစား​နေစရာမလို
ုက​လေးဆိုတာ စကားသင်​​နေတာတဲ့​လေ
စကားဆိုတာ​ပြော​နေဖို့ပဲလိုတယ်​….
​ရေး​တော့​ရေး​နေတာပဲ
ဘာ​တွေ​ရေး​နေတယ်​​တော့မသိ
စာရွက်​​တွေသာတစ်​ရွက်​ပြီးတစ်​ရွက်​
ရှုပ်​ယှက်​ခတ်​​နေတာပဲ
က​လေးဆိုတာစူးစမ်​းဖို့လိုတယ်​…..
ဒါ​ပေမဲ့…. အဲဒိက​လေးဖြစ်​ချိန်​​လေးက
အကန်​့အသတ်​ရှိတယ်​…..
အချိန်​ပြည်​့ အဲဒိလို​နေမယ်​ဆိုရင်​​တော့
တစ်​သက်​လုံး မူကြိုကို​ရောက်​မှာ မဟုတ်​တာက​တော့​သေချာတယ်​……

​နေဝန်​းနီ

6 comments

  • kyeemite

    November 8, 2013 at 9:00 am

    “ဒါ​ပေမဲ့…. အဲဒိက​လေးဖြစ်​ချိန်​​လေးက
    အကန်​့အသတ်​ရှိတယ်​…..”
    ဆြာနီတွေးမိတာ လေးစားပါတယ်
    အဲဒီအကန့်အသတ်ရှိနေတဲ့
    အချိန်လေးတွေ အရွယ်လေးတွေမှာ
    သူတို့လေးတွေ လုပ်သင့်တာမလုပ်နိုင်ကြသေးဘူးပဲဗျာ…
    စိတ်မကောင်းစွာပဲကြည့်နေရတော့တယ်…
    တစ်နေ့တော့……. 🙁

  • naywoon ni

    November 8, 2013 at 11:57 am

    သူတို့​လေး​တွေ တင်​မဟုတ်​ကိုမိုက်​ရယ်​ သူတို့ကြီး​တွေလည်​းကာတယ်​ဗျ ကျွန်​​တော်​ကစလို့ ဘယ်​သူ​တွေထိလို့​ပြောရမှာ​တောင်​ အားနာတယ်​ ​ပြောချင်​​တော့ဘူးဗျာ

  • alinsett

    November 8, 2013 at 6:08 pm

    အတွေး ကဗျာလေး
    ဖတ်ပြီးတွေးးး
    ငေးးးး
    အင်းးးးး

  • ဦးကြောင်ကြီး

    November 9, 2013 at 9:22 am

    မူကြိုမတက်
    လူပြိုမှတ်
    အူစိုသရက်
    ယူဂိုဝက်
    ဖူစိုလဖက်
    လူညိုနှပ်
    ဗျိုရိုကရက်
    ထူမှိုယှက်..

Leave a Reply