င = ငါ မှန်တာ သေချာသလား ???

alinsettNovember 8, 20131min22325

 

ခရီးသွားတယ်ယောက်ဟာ . . .

လမ်းခရီးက မြို့တစ်မြို့ရဲ့ တည်းခိုခန်းတစ်ခုမှာ ဝင်တည်းတယ် ။

 

အဲဒီည တည်းခိုခန်းမှာ တည်းခိုပြီး နောက်နေ့မနက်ကျတော့ လက်ဖက်ရည်ဆိုင်မှာ ထိုင် ပြီး . . .

ဘေးက မြို့ခံတစ်ယောက်ကို စကားလှမ်းပြောတယ် ။

 

“ ခင်ဗျားတို့မြိုံရဲ့တည်းခိုခန်း တည်းသူတွေ တော်တော် ရိုင်းတာပဲဗျာ ။ ´´

 

“ဘယ်လို ရိုင်းတာတုန်း ဗျ ´´

 

“ဟာ. . . ရိုင်းတာမှ တော်တော်ရိုင်းတာ ။ မနက် သုံးနာရီလောက်ကြီး မှာ ကျွန်တော့်အခန်းကို ဝုန်းဒိုင်းကြဲပြီး လာဖွင့်ခိုင်းတယ် ။ တံခါးလည်း ဖွင့်ပေးလိုက်ရော ကျွန်တော့်ကို ပက်ပက်စက်စက် အော်ဟစ် ဆဲဆိုသွားတယ် ´´

 

“ ဟင်. . .အဲဒီလောက် ရိုင်းတာ. . .

ခင်ဗျား ဘာမှ ပြန်မလုပ်ဘူးလား ။

ဘာမှ ပြန်မပြောဘူးလား ´´

 

“ ဘာမှ ပြောမနေတော့ပါဘူးဗျာ ။ တီးလက်စ ဂစ်တာကိုပဲ ဆက်တီးနေလိုက်တယ်လေ ။ ´´

 

____________________________________

 

အဲဒီ ဟာသလေးကို ဖတ်အပြီးမှာ . . .

ငါ မှန်တာ သေချာရဲ့လား ဆိုတဲ့မေးခွန်းမျိုး ကိုယ့်ကိုယ်ကို ကိုယ် မေးလေ့မေးထ ရှိသွားပါတော့တယ် ။

 

ဟာသထဲက ခရီးသည်လိုမျိုး မနက်အစောကြီး ဂစ်တာ တဒေါင်ဒေါင်ထတီးပြီး ကိုယ်လွန်တာကိုတော့ မှန်တယ်ထင်ပြီး

ဆူညံလို့ ့လာအော်ဟစ်ဆဲဆိုသွားသူကိုတော့ ရိုင်းတယ် ထင်တတ်တဲ့ စိတ်အခြေအနေမျိုး ကျွန်တော် ဖြစ်ဖူးပါတယ် ။

 

ကိုယ့် ဘက်က ကြည့်တော့ ကိုယ့်လုပ်ရပ်သာလျှင် အမှန်ကိုးးး

 

ကိုယ့်မှာ အပြစ် အမှားတစ်ခု ရှိလို ့ ကိုယ့်အထက်လူကြီးက ဆူရင်တောင် ကိုယ်မှားလို ့ ပြောတာ ပဲလို ့မတွေးနိုင်ပဲ

ငါ့ကိုပဲ အပြစ်ရှာနေတာပဲ လို့ ့တွေးမိပါသေးတယ် ။

 

ကိုယ့်ဘက်က ကြည့်တော့

ကိုယ်အမှန်ပဲလို ့မြင်တာကိုး။

 

အေးလေ ကိုယ်သာလျှင်

မှန်တယ်လို ့ထင်မိအောင်လည်း ကိုယ့်အတ္တတွေ ကိုယ့်မာနတွေက တကယ့်အမှန်တရားကို အရောင်ဆိုးတတ်တယ် ။

 

တကယ့်အမှန်တရားဟာ ကိုယ်မှားတယ် ။

ဒါပေမယ့် ကိုယ်မှန်တယ်. . .ထင်အောင် ကိုယ့်အတ္တနဲ့ မာနတွေက အရောင်ဆိုးလိုက်တယ် ။

 

_________________________________

 

တဖြည်းဖြည်းနဲ့ အသက်ကလေးကြီးလာတော့ ဟိုစာအုပ်လေးဖတ် ဒီစာအုပ်လေးဖတ်အပါအဝင် လောကသဘာဝအတွေ ့အကြုံလေး နှစ်ဆယ့်ခြောက်နှစ်စာလောက်ရှိလာတော့ကိုယ့်ဘက်ကချည်းပဲ ကြည့်နေလို့မဖြစ်သေးဘူးဆိုတာ သိတော့သိလာပါတယ် ။

 

စကားတစ်ခွန်းပြောဖို ့ပြင်တာကအစ

ငါ ဒီလို ပြောသင့်ရဲ့လားးလို့ ဖျတ်ခနဲ ပြန်စဉ်းစားမိတယ် ။ မပြောသင့်ပါဘူးလေ လို ့တွေးမိလို ့ ရေးပြီးမှ ပြန်ဖျက်လိုက်တဲ့ မေးလ်တွေ / စာတွေ ရှိလာတယ် ။

 

ပြောတော့မလို ့ပါးစပ်ဖျားရောက်နေမှ ပြန်မျိုချ လိုက်ရတဲ့ စကားလုံးတွေ ရှိလာတယ် ။

 

ဆယ်ကျော်သက်တုန်းကတော့ ပြောသင့်တယ် မပြောသင့်ဘူး /

မှန်တယ် မမှန်ဘူး ဆိုတာတွေ မစဉ်းစား မဆင်ခြင်ခဲ့ပါဘူး ။

 

စဉ်းစားဆင်ခြင်မှုက . . နောက်

လုပ်ရပ်က အရင် . . .ပြုလုပ်နေခဲ့တာ။

 

အခုတော့ ဒီ ဟာသလေးထဲကလိုမျိုး

ကိုယ့်ဘက်က

အမှန်ပဲ လို ့တယူသန်စွဲကိုင်မိမှာကို မဖြစ်ချင်တော့ဘူး ။

 

ငါပဲ မှန်တယ် ဆိုတဲ့ အတွေးဟာ သူတို့မှားတယ်လို ့တွေးတာပါပဲ ။

အဲဒီ ငါမှန်တယ် ဆိုတာကြီးက ဘယ်လောက် သေချာသလဲ လို ့

ပြန် ဆင်ခြင်ဖို ့လိုပါတယ် ။

 

ငါမှန်တယ် ဆိုတာဟာ တကယ့်အမှန်တရားဖြစ်ချင်မှဖြစ်မယ် ။

 

တကယ့်အမှန်တရားဟာ လွယ်လွယ် လက်ခံလို ့ရချင်မှလည်း ရမယ် ။

 

တချို ့ အမှန်တရားတွေရဲ့ အရသာဟာ ခါးသက်သက် ဖြစ်ပါတယ် ။

 

————————————

 

သေချာတာတစ်ခုကတော့ . . .

အမှန်တရားဆိုတာ . . .

အမှန်ကို မြင်နိုင်တဲ့ ဉာဏ်မျက်စိနဲ့ ကြည့်မှ မြင်နိုင်တဲ့အရာ. . . . . . . . . . . .

 

************************************

 

လေးစားစွာဖြင့်

 

အလင်းဆက်

 

((( ဟာသလေးကို ဖတ်အပြီးမှာ ကျွန်တော် တွေးမိတဲ့ အတွေးစလေးတွေကို ချရေးထားတာပါ ။ )))

 

 

 

 

 

 

 

 

 

 

 

 

 

 

 

25 comments

  • kyeemite

    November 8, 2013 at 10:51 am

    ဂွတ်…
    “သူတို့ဘက်ကကြည့်တော့ သူရဲကောင်း
    ကိုယ့်ဘက်ကကြည့်တော့ သစ္စာဖေါက်” ဆိုတာလိုမျိုးပေါ့ 😀

    • alinsett

      November 8, 2013 at 11:36 am

      ဟုတ်ပါ့ ဦးကြီး

      ပထမဆုံး လာဖတ်ပြီး comment ပေးသွားတဲ့ ဦးကြီးကို
      ကျေးဇူးတင်ပါတယ်

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 11:23 am

    အမှန်တရား မြတ်နိုးသူတွေကို
    ငါကိုယ်ဒေါ် ဖိတ်ခေါ်ဘာဒယ် ….။

    http://myanmargazette.net/178845

    ပုံ/
    အမှန်တရား မြတ်နိုးလွန်းသူ
    တုံးလုံးဆရာကျော် ရှင်ကြီးအံ

    • alinsett

      November 8, 2013 at 11:51 am

      ကိုယ်လုံးတီး ပိုစ့်တွေ ရေးတဲ့ အကောင် ပေါ့နော်
      ဟီဟိ

      🙂

  • kyeemite

    November 8, 2013 at 2:38 pm

    စိတ်လျှော့တော့အလက်ဆင်းရေ….ဒီမှာကြည့်ပါအုံး..ဟဲ့ သစ်ထူးလွင်မှာတွေ့တာ
    “မင်္ဂလာသတင်း သေချာသွားရင် ပရိသတ်ကို အသိပေးပါ့မယ်ဆိုသူ ချစ်သုဝေ ” တဲ့
    ဟီဟိ…လစ်ပီ 😀

    • alinsett

      November 8, 2013 at 3:35 pm

      😥

      😥

      ဒေါ်ဖွားမေကလည်းးး
      သဂျား ယူသွားဘီ

      အနော်ဒေါ့ အတဲဒွေ ဟက်တက်ကွဲပါဘီ

      😥

  • KZ

    November 8, 2013 at 2:51 pm

    အဲ။
    အဲဒီ အမှန်တရားနဲ့ ပတ်သက်လို့ ဟို တစ်ယောက်ကို ရေးခိုင်းဦးမယ်။
    သူ့ ရဲ့ အမှားအမှန်မေးခွန်းထဲ သများချာချာလည်နေလို့ အလက်ဆင်းကို အဖော်ခေါ်မို့။
    ဟိဟိ

    😀

    • alinsett

      November 8, 2013 at 3:38 pm

      ချာချာလည်ဖော် လည်ဖက် လာညှိတာပါလား
      သားက နဂိုကမှ မူးနေပါတယ်ဆိုမှ

      :kwi:

  • TNA

    November 8, 2013 at 5:44 pm

    ငါမှန်တယ်ဆိုပီး သူချည်းအော်လို့ ငါတို့ချည်းခံနေရတာ နှစ်ငါးဆယ်ရှိဘီ ဒညင်းဝက်ရေ။ အခုလဲ မီတာခတက်တာ ငါတို့ပဲမှားလို့ဆိုလား 😥

    • alinsett

      November 8, 2013 at 5:54 pm

      မှန်တာ မမှန်တာ နောက်ထား
      ဒို ့ဘက်ကမှန်တယ်ဆိုပြီး ဆန္ဒတွေလည်း ပြလိုက်ကြတာ ဒဂျိန်းဂျိန်းပဲ အန်တီသဲရဲ့
      ခေတ်ကြီးလည်း ဘယ်လိုလူတွေနဲ့ ဘယ်လို စိတ်ဓါတ်တွေနဲ့
      ဘယ်လို စံနစ်သုံးပြီး ဖွဲ့စည်းနေလဲကို
      မစဉ်းစားတတ်တော့ပါဘူး တီတီရယ်

      :kwi:

      • TNA

        November 8, 2013 at 7:47 pm

        ငါလဲ ငါမှန်ဒယ်ဆိုပီး ညီးကတိုင်တည်ထားသေးဒယ်လေ ငိငိငိငိ

        • alinsett

          November 9, 2013 at 10:10 am

          ကျွန်တော်လည်း
          အန်တီသဲကို တိုင်တည်ပြီး
          ပိုစ့်တစ်ပုဒ်ရေးထားတယ်
          တင်္နလာနေ ့
          လာမည်
          မကြာမှီ
          မျှော်

          ဟီဟိ
          🙂

        • TNA

          November 9, 2013 at 4:13 pm

          အောင်မယ်လေ့အဲနေ့ဘုရားများများရှစ်ခိုးထားအုံးမှ 😥

    • alinsett

      November 9, 2013 at 10:13 am

      မမနန်း မှန်ဒယ်ရှိုဒါ
      အနော် မှားသလောက်ပဲ ရှိပါတေးဒယ်

      အဟိ

      :kwi:

  • ကျော်စွာခေါင်

    November 9, 2013 at 3:42 am

    အသက်အရွယ်က စကားပြောလာတာပေါ့ အလင်းဆက်ရေ..
    ဒါပေမယ့် ဟို ဟာဂျီးတွေက ဒီတစ်သက် အမြင်မှန် ရမယ်မထင်..ဘာလို ့လဲဆိုတော့ သူတို ့ဘဲ မှန်တယ်ထင်နေတာကိုးးး

    • alinsett

      November 9, 2013 at 10:25 am

      ဟုတ်ပါ့ ဦးခေါင်ရည်

      ကျွန်တော်တို့ကပဲ ကျိမ်စာ မိနေသလား
      သူတို့ကပဲ မှော်ဆရာဖြစ်နေသလား
      အမှန်တရားကတော့
      ထွက်မလာရဲဘူး
      :kwi:

  • Ma Ma

    November 9, 2013 at 9:02 am

    ငါ မှန်ရဲ့လား လို့ ပြန်တွေးဖြစ်အောင်………
    အတွေးပေးသွားတဲ့အတွက်……..
    လောကကြီးကို စာပေအသိနဲ့ အလင်းတွေ ဆက်ပေးတဲ့ အလင်းဆက်ကလေးအဖြစ် အောင်မြင်ကျော်ကြားနိုင်ပါစေ။ 🙂

    • alinsett

      November 9, 2013 at 10:27 am

      အန်တီမမ ပေးတဲ့ ဆုလေး ပြည့်ဖို ့
      ကျွန်တော် ကြိုးစားနေမယ်နောာ်

      ကျေးဇူးပါ

  • TNA

    November 9, 2013 at 4:14 pm

    အင်းထပ်ပြောလိုက်အုံးမယ် ဒညင်းဝက်ရေ

    သက်ငယ်စကားသက်ကြီးကြားသွားပါတယ်အေ

    • alinsett

      November 9, 2013 at 5:39 pm

      :kwi:

      သက်ငယ်စကား
      ထက်တယ်တအား
      ရှက်တယ်သကြား
      ဆက်မယ်တခြား
      🙂

  • padonmar

    November 10, 2013 at 12:51 am

    အင်း အသက်ကြီးလာတော့ အရာရာ ကိုယ်သာသိတယ် ကိုယ်သာမှန်တယ် ထင်ထင်လာမိတယ်။
    သတိထားပါမယ် အလက်ဆင်းရေ။

    • alinsett

      November 10, 2013 at 10:15 am

      ဖတ်ရှု အားပေးတဲ့အတွက်
      ေကျေးဇူးပါ အန်တီ

      🙂

  • kai

    November 10, 2013 at 5:02 am

    တခါတလေတော့လည်း.. ကိုယ်တိုင်ကိုက.. အစွဲမပါ.. အမှန်မြင်ကြည့်ဖို့ခက်ပါတယ်..
    အဲဒီအခါမျိုးမှာ.. တတိယမျက်လုံးအမြင်ကိုအားကိုးရမယ်ပေါ့…

    ဆိုတော့…
    လျှပ်စစ်မီတာတိုးကောက်ခံရမယ့်ကိစ္စမှာ.. မြန်မာလူထုမှားတယ်ထင်ပါတယ်…
    ဘယ့်နှယ်.. လျှပ်စစ်ထုတ်မှာလည်း..ဆန္ဒပြတယ်..
    လျှပ်စစ်ခတိုးမှာလည်း ဆန္ဒပြတယ်.. အခွန်ကျတော့လည်း အပြည့်မဆောင်ချင်ကြဘူး..။

    အပေါ်ကပုံဥပမာအရဆိုရင်…
    =====================================
    “ ခင်ဗျားတို့မြိုံရဲ့တည်းခိုခန်း တည်းသူတွေ တော်တော် ရိုင်းတာပဲဗျာ ။ ´´
    “ဘယ်လို ရိုင်းတာတုန်း ဗျ ´´
    “ဟာ. . . ရိုင်းတာမှ တော်တော်ရိုင်းတာ ။ မနက် သုံးနာရီလောက်ကြီး မှာ ကျွန်တော် သူတို့အခန်းကို တခါး အသာကလေး.. တိုးတိုးလေးပါ..
    အဲဒါ.. ခေါက်ပြီးသွားဖွင့်ခိုင်းတယ် ။ တံခါးလည်း ဖွင့်ပေးရော ကျွန်တော်က အလွန်ချိုချိုသာသာ လူကြီးလူကောင်းဆန်ဆန် ပြောပြတာပေါ့ ´´
    “ ဟင်. .. . . အဲဒါကို ဘာမှ ပြန်မပြောဘူးလား ´´
    “ ဘာမှ ပြန်မပြောပါဘူးဗျာ ။ ကျုပ်အခန်းလာပြီး.. သီချင်းလာနားထောင်ခိုင်းတာကို.. အူကြောင်ကြောင်ကြည့်နေတာနဲ့.. ပြန်လာပြီးတီးလက်စ ဂစ်တာကိုပဲ ပရိသတ်မရှိပဲ ဆက်တီးနေလိုက်ရတယ်လေ ။ ရိုင်းသလားမမေးနဲ့.. သွားဖိတ်တာတောင်.. မလာဘူး…´´

    • alinsett

      November 10, 2013 at 10:23 am

      ထုံးစံအတိုင်းပဲ
      သူကြီးကတော့
      မတူတဲ့ထောင့်က တွေးပြသွားပြီ။

      တို့သူကြီးရဲ့ အတွေးတွေက တခါတခါ ဂျွမ်းပစ်နေတယ်

      ဒီတော့ ဂျွမ်းပစ်နေတဲ့ comment နဲ့ ဆွေးနွေးပေးသွားတဲ့သူကြီး

      ကျေးကျေးဘာ

      :kwi:

Leave a Reply