အင်္ဂပူမြို ့ နွားသတ်ရုံဖယ်ရှားပေးစေလို

myo chitNovember 8, 20131min36915

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော် အစိုးရ သမ္မတကြီး၊ လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ကျန်းမာရေးဝန်ကြီးဋ္ဌာနဝန်ကြီး၊
ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီး၊ (WHO) အဖွဲ ့အစည်းနှင့် လူ ့အဖွဲ ့အစည်းနှင့် လူ ့အခွင့်အရေးဆိုင်ရာ လူမှု
ကွန်ယက်အဖွဲ ့အစည်းများကို ပွင့်လင်းမြင်သာမှု သိရှိစေလိုကြောင်း အဆိုပြုတင်ပြလိုက်ရပါသည်။

အကြောင်းအရာ ။ ။
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို ့နယ် မဲဇလီတန်းဒေသ ကြံကောရပ်ကွက်ထဲတွင် နွားသတ်ရုံထားရှိခြင်းဖြစ်ပါသည်။ လုပ်ငန်းပိုင်ရှင်များမှာ
၁။ ဦးမျိုးလေး၊ ၂။ ဦးကျော်ကြီးနှင့် ၃။ ကိုသေဖာတို ့ဖြစ်ပါသည်။ ဤရပ်ကွက်ထဲတွင် ရဟန်းရှင်နှင့် ပြည်သူများ နေ ့စဉ် သွားလာနေကြပါသည်။ နွားသတ်ရုံ၏ ဆိုးကျိုးများမှာ စွန် ့ပစ်ထားသော အရိုးပုံ၊ ဆေးကြောထားသော သွေးရည်တစ်ချို ့၊ လှောင်ကန်ဖြင့်ထားသော နွားသားရေတို ့ကြောင့် အပုတ်နံ ့များ ပြန် ့ပွားကာ မကြာခဏ ကျန်းမာရေးဆိုးရွားစွာ ထိခိုက် ခံစားနေရပါသည်။ ထို ့ကြောင့် သက်ဆိုင်ရာ အစိုးရဝန်ကြီးများ ၊ (WHO) အဖွဲ ့အစည်းများနှင့် လူ ့အခွင့်အရေးဆိုင်ရာ လူမှုကွန်ယက်အဖွဲ ့အစည်းများမှတစ်ဆင့် ဤ နွားသတ်ရုံအား သင့်တော်ရာ နေရာသို ့ပြောင်းရွှေ ့ဖွင့်လှစ်စေခြင်းဖြင့် နွားသတ်ရုံဝန်းကျင်ရှိ ရဟန်းရှင်လူ မိဘပြည်သူများ၏ ကျန်းမာရေးထိခိုက်ခံစားနေရမှုများကို ့် လျင်မြန်စွာ စောင့်ရှောက်ကူညီဖြေရှင်းပေးစေလိုပါကြောင်း လေးစားစွာ တောင်းဆို တင်ပြအပ်ပါသည်။

ဖြည့်စွက်ချက်-
နှစ်ရှည်လများ ခံစားနေရသော နွားသတ်ရုံဝန်းကျင်ရှိ မိဘပြည်သူများ၏ ကျန်းမာရေးဆိုးရွားစား ခံစားနေရမှုများအတွက် စာနာသောအားဖြင့် တတ်နိုင်သူများ အား အကူညီတောင်းခံခြင်း အပြင်
ဒေသခံများ၏ နွားသတ်ရုံ ပြောင်းရွှေပေးရန် အကြိမ်ကြိမ် တောင်းဆိုခြင်းအား တာဝန်ရှိသူများမှ ဖြေရှင်းကူညီခြင်းမရှိပဲ ဥပေက္ခာပြုထားခြင်းကို သက်ဆိုင်ရာမှ သိစေလိုခြင်း ၊
ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့အတိုင်း ပေးသမျှယူ ကျွေးသမျှစား၍ ဒုက္ခရောက် သူများကို ဥပေက္ခာပြုထားသော တာဝန်ရှိသူနှင့် လူတစ်ချို ့ကြောင့် ူညီသူမဲ့နေသူများအတွက်ကျန်းမာရေးစိုးရိမ်မှုဖြစ်ခြင်း။
နွားရုံပိုင်ရှင်၏ “ဧရာဝတီတိုင်းထဲက ကြိုက်တဲ့ရဲတိုင် ဂရုမစိုက်ဘူး” ဟူသည့် ဥပဒေမဲ့ဆန်တဲ့စကားကြောင့် ဒေသခံများအား ခံပြင်းမှုဖြစ်စေခြင်း ၊
အထူးသဖြင့် အကြိမ်ကြိမ်တောင်းဆိုသည့်တိုင် တာဝန်ယူဖြေရှင်းခြင်းမရှိသော တာဝန်ရှိသူများ မည်သည့် ချစားမှုများ ရှိနေသနည်း စသည့် အကြောင်းများကြောင့် သက်ဆိုင်ရာသို ့ လျင်မြန်စွာ ကူညီဖြေရှင်းပေးပါရန်
လေးစားစွာ အသိပေးတင်ပြအပ်ခြင်း ဖြစ်ပါသည်။

15 comments

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 11:26 am

    လာမယ့် ၂၀၁၅ ကျယင်
    ကျုပ်ကို မဲပေးဘာ …
    ချက်ချင်းလက်ငင်း ဖြုတ်ခနဲ ဖယ်ပေးမယ် …
    ဘိုလဲ ..

  • myo chit

    November 8, 2013 at 11:43 am

    မနောက်ပါနဲ ့ အကို
    တစ်ကယ် ဒုက္ခရောက်နေလို ့ အသိပေး အကူညီတောင်းတာပါ

  • alinsett

    November 8, 2013 at 11:58 am

    တာဝန် ရှိသူတွေ မြင်နိုင်ပါစေကွယ်

  • myo chit

    November 8, 2013 at 12:03 pm

    ကျေးဇူးတင်ပါတယ်အကို
    ဒုက္ခတွေကလွတ်ရင် အကို ့ကို အမဲသား အဝကျွေးပါ့မယ်

    • alinsett

      November 8, 2013 at 12:54 pm

      ကျနော်ကတော့ အမဲသား မကြိုက်ဘူးဗျ
      အသားမဲမှာစိုးလို ့မစားချင်
      :kwi:

  • myo chit

    November 8, 2013 at 3:49 pm

    မနောက်ပါနဲ ့ အကို
    ကျွန်တော်က တစ်ကယ်ကျွေးချင်တာပါ

  • kai

    November 9, 2013 at 12:33 am

    ဖြင်္စနိုင်ရင်တော့.. နွားသတ်သူဌေးစီးပွားပျက်အောင်လုပ်တာထက်စာရင်…
    ဖြစ်နိုင်တဲ့တခြားနည်းစဉ်းစားသင့်တယ်ထင်တာပဲ..။

    ဝန်းကျင်လူထုနဲ့.. အဆင်ပြေတာမျီုး..ကျမ်းမာရေးမထိခိုက်အောင်.. လုပ်ထုံးတချို့ချပေးခိုင်းတာမျီုးပေါ့.. ဒါပေမယ့်… နွား…ဆိုတော့လည်း…
    ဟိန္ဒူထေရဝါဒတွေ.. ကြောက်ရှာမယ်လားမသိ.. ကွိ.. :kwi:

  • ဦးကြောင်ကြီး

    November 9, 2013 at 9:00 am

    ဒါမျိုး နွားသတ်ရုံရှေ့ ဆန္ဒပြသင့်တယ်။ စစ်တပ်က အံကြိတ်လက်ပိုက် ကြည့်နေရတဲ့ခေတ်မှာ အချက်အလက် ခိုင်လုံရင် ဆန္ဒပြဖို့ မကြောက်နဲ့ဗျ။ နွားမသတ်ရေး ဒို့အရေး၊ သတ်လည်း ကြက်မဂျီးနဲ့ ညီညွတ်ရေး ဒို့အရေး၊ နွားသတ်လိုင်စင် အခွန်အခ ကောက်ခံမှု၊ ခွဲဝေသုံးစွဲမှု ပွင့်လင်းရေး ဒို့အရေး…။ စဂါးမစပ် ဂေဇက်ရွာသဂျီ မာမွတ်ခိုမ်က အမဲသားဘီလူး၊ သူ့သားမက်ကြောင်ကြီးက အမဲသား လုံးဝအစားဗူး။ ဂျားဃ သာမီးဒေါ်ဂလေး မျက်ရည်နဲ့မျက်ခွက်ပေ့ါဗျာ…။

  • အဘ ဘုတ်ကလုံ

    November 9, 2013 at 12:46 pm

    အဘဘုတ်နွားသားလည်းမစားပါဘူး။ ဒါပေမဲ့ ဒို့လူမျိုးတွေ မယောင်ယာဆီသိပ်လူးတာ ကြည့်မရလှဘူး။
    တကယ့်နွားတွေကို စေတနာရှိရင် မသေစေချင်လဲ..
    မူဆလင်ဘာသာလို တနိုင်ငံလုံး ဘာသာရေးအရ ဝက်သား မစားရ။ သတ်မှတ်.. စားတဲ့လူ မွေးတဲ့လူ
    အကုန်သတ် လုပ်လိုက်ပါတော့လားကွယ်။ ဟိုရုံလေးပိတ်ခိုင်း ဒီရုံ လေးပိတ်ခိုင်းတော့
    စီးပွားရေး တိုက်ခိုက်မှုပဲထင်တယ်။
    ဖြစ်စေချင်တာက စနစ်တကျလေး လူ့စည်း ဘီးလူးစည်းလေးနဲ့
    ဖြစ်စေချင်တာပါပဲကွယ်။ နွားဋိကာ ဖတ်လိုက်ဦးမယ်ကွယ်… အဟွတ် 🙁

  • ကပ္ပိယ သာဒင်​

    November 9, 2013 at 2:08 pm

    နွားသတ်​ရုံက ရွာပြင်​မှာလား၊ရွာလယ်​​ခေါင်​မှာလား
    ရွာလယ်​မှာဆို ရွာပြင်​နားထုတ်​ပြီးသတ်​ခိုင်​းလိုက်​​လေဗျာ
    ရွာပြင်​မှာဆိုရင်​​ပြောစရာမရှိဘူး။ အလုပ်​မရှိနွားသတ်​ရုံရန်​ရှာ​နေတာပဲ

  • myo chit

    November 9, 2013 at 5:03 pm

    ရပ်ကွက်ထဲမှာမို ့ပြောနေရတာပေါ့ကွယ်။
    ကိုယ်တိုင်မခံစားရသရွေ ့ ခပ်ပေါ့ပေါ့ ပြောကြပေါ့လကွယ်။
    ကျုပ်ကိုယ်တိုင် နွားရုံပိုင်မှ ကိုယ့်ဆရာတို ့ အိမ်နား တစ်ပတ်လောက် လာဖွင့်ဦးမယ်
    အဲဒိအခါကျမှ ကိုယ်ချင်းစာပြီး ကုသု ကုသု မလုပ်နဲ ့..

    စီးပွားရေးတိုက်ခိုက်လိုစိတ်မရှိပဲ အညှီအဟောက်ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေအတွက် ကယ်တင်လိုစိတ်နဲ ့ ဖော်ပြတာမှန်ပါက
    အကျွန်ုပ်သည် သိန်းထြီုကီး ပေါက်၍ သင်တို ့သည် ချီးပါရင်း မြေမြိုကြစေသတည်း။

    • TNA

      November 10, 2013 at 2:09 pm

      နွားသတ်ရုံတော့မသိဘူး။ အိမ်နားမှာအမဲဆီချက်တဲ့လုပ်ငန်းလာတုန်းကတော့ သေလုမျောပါးခံစားရ ဖူးတယ်။ သူကခိုးချက်တော့ ညနေခြောက်နာရီမှစချက်တာ။ အဲအချိန်ဆိုထမင်းလုံးဝမစားနိုင်ဘူး။ အနံ့ကြီး ကဆိုးလွန်းလို့ခေါင်းတွေကိုက်ပြီး သက်ကြီးပိုင်းတွေဆိုကြာတော့ကျန်းမာရေးထိခိုက်လာတယ်။ ဆေးရုံတင်ရ ဘာရထိဖြစ်တာ။ တိုင်လဲသူတို့ကအထက်ကိုပိုင်တော့မမှု့ဘူး။ နှစ်လလောက်ဖိုက်ယူလိုက်ရတယ်။ အဲနှစ်လလုံး တကယ့်ငရဲပဲ။ ညရောက်မှာကိုကြောက်နေရတဲ့ဘဝ.

  • ကပ္ပိယ သာဒင်​

    November 10, 2013 at 2:23 pm

    ​ဪ​…. လူ ….. လူ …….. လူ…
    တရားကျစရာပါလား
    သူ့ကျ​တော့ ထီ​ပေါက်​၊
    ကိုယ်​့က​ျ​တော့ ​မြေမြို…
    ဒါနဲ့မျာ း ကိုယ်​ချင်​းစာစိတ်​​​တွေဘာ​တွေ​..

  • myo chit

    November 10, 2013 at 5:15 pm

    သူတစ်စု သုခရောက်ဘို ့ရာ သူတစ်ဦး စီးပွားပျက်ပျက် ချီးတွင်းထဲပဲ ကျကျ ပျက်ပျော် ကျပျော်ပါတယ်လေကွယ်။
    စဉ်းစားကြည့်ပါဦး။
    သင်တစ်ဦးက အမဲသားရောင်းပြီးစီးပွားဖြစ်။ လူတစ်စုက နေ ့စဉ်ရက်ဆက် ဒုက္ခခံ နေရတာကို နွားသတ်လို ့ရတဲ့၊ ပတ်ဝန်းကျင်က သူများဒုက္ခနဲ ့ ရင်းလို ့ရလာတဲ့ အစာရေစာ စီးစိမ်ဥစ္စာတွေ နဲ ့ ပျော်မွေ ့နေတတ်တဲ့အစားထဲသင်ပါသလား။ စားရက်သလား၊ စီစိမ်ခံရက်သလား။
    ဒီလို ငါတစ်ဦးထဲ ၊ ငါ့မိသားစုတစ်စုထဲ ဆိုတဲ့ အတ္တတွေရှေ ့တန်းတင်ပြီး လုပ်ပိုင်ခွင့်ရှိတိုင်း၊ လုပ်နို်င်တိုင်း စွတ်လုပ်ခဲ့လို ့ တစ်ဦးတစ်ယောက်ပဲ ကောင်းစားပြီး ကျန်တဲ့ဘဝတွေ ဖွတ်ဖြစ်နေခဲ့ကြတာကော ပြင်ဆင်မှုမပြုပဲ အတုယူလို ့ ကောင်းနေကြအုံးမှာလားကွယ်ရို ့ရယ်။

    ကိုယ်တိုင်ဒုက္ခမရောက်သရွေ ့၊ကိုယ်တိုင် မခံစားရသရွေ ့ ငြိမ်နေတတ်ကြတာ မထူးဆန်းပါဘူးခင်ဗျာ။
    ထူးဆန်းတာ ကိုယ့်လူမျိုးအချင်းချင်းတောင် အထင်မြင်သေးခံရယုံတင်မက စီးပွားဖျက်လို ့၍ တိုက်ခိုက်ခြင်းဟု သင်တို ့ထင်မြင်နေခြင်းသာ ဆိုးရွားစွာ ထူးဆန်းခြင်းပင် ဖြစ်ပါသည်ခင်ဗျား။
    သင်တို ့ဆိုသလို ဆိုလျင် ကျွန်ုပ်သည်ထိုသူတို ့နှင့် နွားပြိုင်သတ်၍ စီးပွားပြိုင်ဘက်ဖြစ်၍ တိုက်ခိုက်ရာရောက်နေပေရော့မည်။
    ကျွန်ုပ်ကား သင်တို ့ထင်မြင်ယူဆသလိုမဟုတ်၊ ဝက်သားဒုတ်ထိုးသည်သာ ဖြစ်ပါ၏ခင်ဗျား။

    သင်တို ့စိတ်နှင့်နှိုင်း ရိုင်းပါလိမ့်မည်။ စိတ်ကောင်းကောင်းထားကြပါကွယ်ရို ့ရယ်။

    ဤစာကို ကျွန်ုပ်တင်ခြင်းသည် သူများကို ဒုက္ခပေးလို၍မဟုတ်ပဲ သူများကို ကူညီကယ်တင်ခြင်းဖြစ်ပါကြောင်း ရာနှုန်းပြည့် ဝန်ခံပါသည်ခင်ဗျား။
    ္ကဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်သည် သိန်းထီကြီးပေါက်၍ သင်တို ့သည်…..
    ဆက်မပြောတော့ဘူး
    နွားပြိုင်သတ်မဲ့လူတွေကို ကြောက်လို ့။

Leave a Reply