ဟင်းကောင်းလေးတော့ချက်ကျွေးပါ ဒွေးလေးရယ်…

နွေဦးNovember 8, 20132min31924

“သားတို့ထမင်းစားတော့မယ်ဒွေးလေးးရေ”

“အေး..လာကြလာကြ..ထမင်းပွဲက အဆင်သင့်ပါဘဲကွယ်”
“အဲ ဒွေးလေးကလဲ ကြက်ဥပြုတ်ကြီးနဲ့ စားရမှာလား…”
“ဟဲ့ ငပိရည်နဲ့ဗူးညွှန့်ပြုတ် တို့စရာလည်းလုပ်ထားပေးတယ်လေ..”
“ဒီဟင်းချိုကလည်း ဗူးညွှန့် ဟင်းချိုဘဲ မဟုတ်လားဒွေးလေးရဲ့”
vegitable
“ဒွေးလေးရယ် ..တကယ်ဆို ခြံထဲကထွက်တဲ့ ဗူးသီးနဲ့ အိမ်အောက်က ကြက်မဒန်းလေး ချက်စားရရင်ကောင်းမှာ..”
“အံမယ် နင်က ကောင်းမယ်လို့ဘဲတွေးနေ… နင့်အဘ ငရွှေ က ခုလောက်ဆို စားပြီးလို့ ထမင်းလုံးတောင် စီနေလောက်ပြီ..”
“ဘယ်လို ဘယ်လို ဒွေးလေးရဲ့ အဘက ဘယ်မှာထမင်းလုံးစီနေမှာလဲ…”
“နင့်အဘ ငရွှေရယ်လေ…ဟိုကောင် ငတေဆိုတဲ့ကောင် နဂိုကမှ “ဇ”ကလည်းပါပြီးသားဆိုတော့ အဲကောင်နဲ့ပေါင်းပြီး ဒို့ဘိုးဘွားအမွေတွေခိုးပြီး ရောင်းစားလိုက် သောက်စားမူးရူးနေလိုက်ကြတာ ကြာပြီ..နင်တို့သိတယ်မလား..”
 P7192568
“ဟုတ်တယ်လေ ဒွေးလေးရဲ့..ခုဟာက သားတို့ထမင်းစားမဲ့ ကိစ္စလေ..”
“အေး နင်တို့စားဖို့အတွက် ခြံထဲစိုက်ထားတဲ့ ဗူးသီးလေး..မွေးကင်းတောင် မသေသေးဘူး..ခိုးပြီးခူးသွားပြီလေ..”
“အဲဒါတင်မကသေးဘူး…ဗူးသီးနုနု နဲ့ချက်စားလို့ရအောင်ဆိုပြီး တနေ့ကမှ စပြီးဥတဲ့ ကြက်မဒန်းမလေးကိုပါ ခိုးသွားသေးတယ်ဟဲ့..”
“ဒါဆို ဒီကြက်ဥက အဲဒီကြက်မဒန်းမလေးရဲ့မဝပ်ရဘဲကျန်ခဲ့တဲ့ ဥပေါ့..”
“ဟုတ်ပါ့တော်..နင့်အဘ ငရွှေက ကိုယ့်ခလေးတွေစားဖို့မှမချန် ရှိသမျှ အားလုံး ငတေနဲ့ ပေါင်းခိုးနေတော့တာဘဲ..”
“ဘဒွေး ကကောဘာမှမပြောနိုင်ဘူးလား..”
“အဲဒါပြောတာပေါ့..ရှိသမျှလိုက်သိမ်းနေတဲ့ နင့်ဘဒွေး ငစိန်ကိုဘဲ ကြည့်တော့…မပြောရဲ မဆိုရဲနဲ့..တခါတခါ ငရွှေခိုင်းတာတောင် ကြောက်ကြောက်နဲ့ လုပ်ပေးနေရတာ…”
“ရှောက်ပြောနေ ဒွေးလေး.. တော်ကြာ ဒွေးလေးကို လာရမ်းနေဦးမယ်..”
“ကြောက်ပေါင်တော်..နင့်အဘ ငရွှေကို..”
“ဒါဆို သူ့ဘော်ဒါ ငတေ ကိုကော….”
“မကြောက်ပေါင်..သူက ငရွှေခိုးထားတာလေးတွေကို ခြူစားရင်းနှပ်နေတဲ့ကောင်ဘဲ..”
“ဒါဆို အဘတို့က ခိုးထားတာတွေကို ဘယ်သွားရောင်းတာတုန်း ဒွေးလေးရဲ့..”
“ဟဲ့..ဘေးခြံက တရုပ်ကြီးကို ခိုးရောင်းနေတာပေါ့..တကယ်တော့ အဲဒီတရုပ်ကြီး က သူခိုးလက်ခံလေ..
နင်တို့မတွေ့ဘူးလား သူ့အိမ်က အိမ်သာကျင်းတောင် ငါတို့ခြံထဲလာတူးထားတာ”
“မတူးရသေးပါဘူးဒွေးလေးရယ်..လာတူးမယ်လို့ပြောနေတာ..”
“အဲဒါ ငစိန်က သူ့တသက် မလုပ်ရဘူးလို့ကြိမ်းထားလို့”
“ဒွေးလေးကလဲ မကြိမ်းရဲပါဘူး..သွားချော့ထားတာပါ..”
“ဘယ်လိုဖြစ်ဖြစ် အဲဒီတရုပ်ကြီးက နင့်အဘ ငရွှေနဲ့ ပေါင်းနေတော့ ဒီလိုဘဲဖြစ်မှာဘဲ”
“ဒွေလေးတို့ မပြောကြဘူးလား…”
“အိုး.. ဘယ်သူကပြောရဲမှာလဲ..စစ်ခါးပါတ်ကြီးနဲ့ ချွတ်ချွတ်ရိုက်တာကြောက်ရလွန်းလို့အေ…”
“ခုမရိုက်တော့ဘူးမဟုတ်လား…”
“ဟဲ့ သူ့စစ်ခါးပါတ်ကြီးက လက်ကမချသေးဘူးဟဲ့..မရိုက်ဘူးဘယ်သူပြောနိုင်မလဲ..”
“ဒါဆိုလဲ ဒွေးလေးတို့က ရွာသူကြီးတိုင်ပါလား..”
“ဟိုတခေါက် ဘေးခြံကနွားက ခြံစည်းရိုး လာတိုးတဲ့ကိစ္စတုန်းက သူကြီးသွားပြောမိပါတယ်..”
“လာရှင်းပေးတယ်မဟုတ်လား..”
“လာတော့လာကြပါတယ်..သူတို့အမျိုးတွေဖြစ်နေလို့ ပြဿနာမရှုပ်ခင် ထမင်းကျွေးလွှတ်လိုက်ရတာ…ထမင်းဖိုးတောင် ရှုံးသေးတယ်…”
“ခုတောင် သားတို့ဆီကစုထားတဲ့စုဘူးကို မျက်စောင်းထိုးနေတာ..”
“ကဲ ကဲ.. စားစရာရှိတာလေးတွေနဲ့ ဝဝလင်လင်ရှိအောင်စားကြ..နင့်အဘ ငရွှေ က ငတေနဲ့ပေါင်းမိကထဲက ရှိသမျှ ဘိုးတွေ ဘွားတွေ စုခဲ့သမျှ ကုန်သလောက်ဖြစ်နေပြီ..နင်တို့ဘဒွေး ငစိန်လဲ..အားကိုးဖို့မစဉ်းစားနဲ့ သူက ခုထိ နင့်အဘ ငရွှေကို ကြောက်နေရတုန်းဘဲ…သူရှိလဲ နင့်အဘ ကခိုးတာနဲ့ ရှိသမျှ ကုန်မှာ…”
“ဒါပေမဲ့ သားတို့ ကံကောင်းပါတယ်ဒွေးလေးရယ်..”
“ဟဲ့ ..ဒီလောက်ဆိုးနေတာတောင် နင်တို့က ဘာကံကောင်းနေကြတာတုန်း..”
“ဒွေးလေးရှိလို့ပေါ့..ဒွေးလေးသာမရှိရင် …သားတို့ကို ဘယ်သူကစောင့်ရှောက်လို့ ဘယ်သူက ထမင်းချင်ကျွေးမှာလဲ… ဒွေးလေး ချက်ကျွေးလို့က ဘာဟင်းဖြစ်ဖြစ်စားပါ့မယ် …”
နွေဦး စောင်းပြောသည်….။

24 comments

  • နွေဦး

    November 8, 2013 at 1:20 pm

    ဟင်းမကောင်းပေမဲ့ ခင်ရာဆွေမျိုး မိန်ရာ ဟင်းကောင်း ဆိုသဗျ..
    ထမင်းမိန်အောင် ဟင်းကောင်းလေးနဲ့ စားရရင် ပို မကောင်းလား…

  • KZ

    November 8, 2013 at 1:32 pm

    မနက်ကတည်းက ဘလော့မှာလာဖတ်ပြီး ကြိုက်လို့။
    ဟိ။ စာလည်းကြိုက် အစားလည်းကြိုက်။
    😀

    • နွေဦး

      November 8, 2013 at 1:35 pm

      ဒွေးလေးဒုံ က ရွာထဲရေးပါဆိုလို့..ဟီးးးးး

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 1:40 pm

    အော် ..
    ရွှေတွေ စိန်တွေနဲ့ပါဒကားးး
    စောင်းမပြောပါနဲ့ဗျာ
    တည့်တည့်ပြောပါ …
    စောင်းပြောရင် ဇက်ညောင်းမှာစိုးညို့ဘာ …

    ဒါ့ထက် …
    ဟိုထမင်းပွဲလေးကို လွှတ်ဘောကျသဗျာ ..
    ဂလု …

    • နွေဦး

      November 8, 2013 at 1:46 pm

      ဒွေးလေး ချက်ကျွေးမဲ့ ထမင်းပွဲကောမစားချင်ကြဘူးလား…

  • Myo Thant

    November 8, 2013 at 2:03 pm

    ငရွှေပြူး နဲ့ ငတေထူး

    နွေဦးနဲ့တွေ့မှပဲ 🙂

    • နွေဦး

      November 8, 2013 at 6:02 pm

      ကျွန်တော့်ဇာတ်ကောင်တွေကကျွန်တော်တို့ငယ်ငယ်က ဂျိုက်သိုးငရွှေနဲ့ ထန်းရည်ငတေပါဗျာ.. သူတို့ကို သတိရမိလို့ရေးတာပါ..တောင်တောင်အီအီ မတွေးပါနဲ့ဗျာ..
      စစ်ခါပတ်က လက်က ချသေးတာမဟုတ်ဘူး..
      သားသား ကြောက်ကြောက်……ဟီးးးးးးးးးးးးးး

  • ဦးကျောက်ခဲ

    November 8, 2013 at 2:07 pm

    ဒွေးလေးကလည်းဗျာ…
    အဘငရွှေ ဦးလေးငတေနဲ့ပေါင်းပြီးခိုးတာ… ဂျီးဒေါ်ကျိုင် ကြောင့်ပါဗျ…
    သူ့ဟာသူ စာဖတ်နေတယ်ဆိုလို့ ဆူဆူပူပူ မဆော့ရဲဘူး…
    တော်နေကြာ… ဒွေးလေးကိုမဲပြီး တားတို့ကို စစ်ခါးပါတ်နဲ့ ရိုက်နေဦးမယ်…
    အရင်ရိုက်ထားတဲ့ ဒဏ်ရာအဟောင်းတောင် အကင်းမသေသေးလို့…
    လမ်းကောင်းကောင်း မလျှောက်နိုင်သေးဘူး… ရှိတာလေးနဲ့ပဲစားတော့မယ်…နော် နော်
    😀

    • နွေဦး

      November 8, 2013 at 5:50 pm

      ဦးကျောက်ကဲ့..
      ဒွေးဒေါ် အကြိုင်က ယိပ်သာ ဝင်နေတာဗျ..သူ့ခမျာမအားရှာဘူး.မြေးဆိုးတွေရွာထဲရမ်းသမျှ လိုက်ရှင်းနေရရှာတာ..တရားတောင် အနိုင်နိုင်ရယ်…

  • kyeemite

    November 8, 2013 at 2:35 pm

    ု..ဒွေးလေးကလည်း..ဘရွှေတို့က ခိုးတာမဟုတ်ပါဘူးဗျ…
    သူပိုင်တယ်ဆိုပြီးဗြောင်ယူတာပါ..ကျုပ်တို့ ဘဒွေးငစိန်တောင် အဟုတ်မှတ်ပီး
    ပစ္စည်းတွေဝိုင်းသယ်ပေနေတာတွေ့တယ်ဗျ… 😀

    အင်း..ကိုနွေဦးတစ်ယောက် ထောင်မကြောက်တန်းမကြောက်… 😀

    • နွေဦး

      November 8, 2013 at 5:54 pm

      ဦးမိုက်ရယ်..
      ကျွန်တော်တို့အရပ်က ဂျိုက်သိုးငရွှေနဲ့ ထရေ (ထန်းရေ) ငတေ တို့ကိုသတိရပြီးရေးထားတာပါဗျာ..
      ဦးမိုက်လုပ်မှ ဟိုလိုလို ဒီလိုလိုနဲ့ ယုန်ထင် ကြောင်ထင် ဖြစ်ပါအုံးမယ်..စောင်းရေးတာပါဆို…ဟိဟိ..

  • alinsett

    November 8, 2013 at 4:35 pm

    ဦးနွေ ရဲ့ ပိုစ့်တွေကို လွမ်းနေတာ

    ငါးပ်ိရည်နဲ့ တို့စရာ ပန်းကန်လေးတွေ ့တော့မှ
    ကျွန်တော် ငါးပိရည် မစားဖြစ်တာ
    တစ်နှစ်ကျော်ပြီပါတကားးးလို ့တွေးမိတယ်
    တခါတခါတော့လည်း
    ငါးပိရည်တို့စရာနဲ့
    မြိန်မြိန်ကြီး စားချင်သေးတယ်

    • နွေဦး

      November 8, 2013 at 5:57 pm

      အသည်းကွဲ တမ်းချင်းကြီးဖတ်ပြီးကတည်းက ငပိရည် မစားဖြစ်တာ..
      ဟိုတလောဆီကမှ ဗအုပ်ခိုင်တို့ ရှင်းကြ လင်းကြတော့မှဘဲ..
      ဇဝေဇဝါနဲ့ စားဖြစ်တော့တယ်ဗျား….ဖြစ်ခါမှ ဖြစ်ရော…စားသာစား…

      • Ma Ma

        November 9, 2013 at 10:19 am

        ငါးပိရည်နဲ့ ပတ်သတ်ပြီး ထုတ်လုပ်သူ၊ စားသုံးသူကာကွယ်ရေးအသင်းဝင်များနဲ့ ပညာရှင်များတွေ့ဆိုပြောဆိုဆွေးနွေးကြတာတွေ သိချင်ရင် အောက်ကလင့်ခ်မှာဖတ်ကြည့်ဖို့ ကြော်ငြာဝင်ပါတယ်။
        http://myanmargazette.net/187225

  • TNA

    November 8, 2013 at 7:38 pm

    ရှိတဲ့ဟင်းလေး လောက်ငအောင်ပဲစားဗျဇီတော့ရှင် 😥

    • နွေဦး

      November 9, 2013 at 12:50 pm

      အဲဂလို တရားလေးနဲ့ ဖြေသိမ့်နိုင်လေ..အဘတို့က ကြိုက်လေ..မိုက်လေ..ပေါ့ကွယ်..
      ခြံထဲက လက်ပံပင် ချိုင်ရောင်းပြီးရင်..စံပါယ်ခြုံ ရှင်းကြဦးမှာ…
      အဲခါကျလည်း ရှိတာလေးနဲ့ စားနိုင်အောင် ကျင့်ပါနော်..ဟီးးးးးးးးး.

  • padonmar

    November 9, 2013 at 1:05 am

    ဗူးညွန့်ပြုတ်တို့စရာပြောပီး ဗန်းထဲလည်းမပါဘူး။
    ဘဒွေးတွေကို အားကျလို့ ပုံပြောတာလား။

    • နွေဦး

      November 9, 2013 at 12:52 pm

      အဲဒီဗူးညွှန့်ပြုတ်လေးတောင် ဒါ့ပုံ ရိုက်လို့ မမှီလိုက်ဘူး.. ရှိတယ်ကြားတာနဲ့ ငတေတို့လာဝိုက်သွားလို့ဗျို့…ငီးးးးးးးးးးးး
      ထမင်းဆိုင်က ပုံလေးအစားတင်လိုက်ရတာ..

  • ကျော်စွာခေါင်

    November 9, 2013 at 3:04 am

    နွေဦးရေ..
    စောင်းရေးထားတာသာပြောတာ…တော်တော့ကို တည့်နေပြီ…ဟေးဟေးးး
    အဲဒီ ငရွှေ..ငတေ..ငစိန်တို ့ ဂန် ့သွားမှ…
    ကိုယ့်မှာရှိတဲ ့ ဗူးမျိုးစေ့လေး လာပေးမယ်..
    ခုတော့ ရှိတာလေးနဲ ့သီးခံဦးဟ…။

    ..ဒါနဲ ့ ..စကားမစပ်..
    ဂန် ့ချင်သယောင်ယောင် သတင်းယေး ဘာယေး…ကြားဘူးလား ဟင်..။ ဒချိ ဒချိ

  • Ma Ma

    November 9, 2013 at 9:59 am

    အရင်က ဘယ်လို စားကြမလဲ လို့ ရွာထဲမှာ မေးပြီး ဆုယူသွားတယ်။
    အခုတော့ ဘာနဲ့ စားကြမလဲ မေးနေပြန်ပြီ။
    နောက်……….
    မစားချင်တော့ဘူးထင်တယ်။ 😀

    • နွေဦး

      November 9, 2013 at 12:54 pm

      ဆန်လုံးညိုတော့ စားရမှာပါ…….လုံးတီးဆန်လို့ပြောတာဘဲ….

  • ရဲစည်

    November 9, 2013 at 11:36 am

    စောင်းပြောပြော
    တည့်တည့်ဘဲ ပြောပြော
    ဦးနွေဦး ဘကြီးတွေက အရေထူနေပီ ဖြုံမှာမဟုတ်တော့ဘူး

    စဂါးမစပ် …. မျှစ်ပြုတ်လေးနဲ့
    ငပိရည်လေးနဲ့
    မရမ်းသီးနဲ့
    ပဒပ်စာနဲ့
    ဟင်းချိုလေးနဲ့ ပြီးတော့
    ငါးဘတ်ဆီကျန်ရေကျန်လေးနဲ့
    ပဲစောင်းလျားသီးကြော်လေးနဲ့
    ……..
    ……..
    စားချင်ထှာ
    🙂

  • လုံမလေးမွန်မွန်

    November 10, 2013 at 3:51 pm

    ကြားဖူးတာကလေ..အဲ့ဒေါ်ဂျီးကျိုင်က ဘုရင်ဝင်စားတယ်ဆိုပီး ဖုန်းကျီးတယ်ဆိုပဲ… တူ့ယောက်ျားအမွေတွေရတာ သူ့ဂျောင့်တဲ့… ကြားဖူးတာနော်… တိဝူး.. :mrgreen:

Leave a Reply