အသဲလေး တစ်ကျော့ပြန်တဲ့ ထမင်းသုတ်များ – KZ’s ထမင်းဆိုင်

ဇီဇီNovember 11, 20131min43150

KZ – ယောက်ခမွ ယောက်ခမွ

TNA – ဟေ။

KZ – ကယ်ပါဦးးးး ဟင်းစပ်ပေးမဲ့သူရှိတော့ဘူးးး အဲဒါ ဒီ တစ်ပတ် ထမင်းသုတ်မျိုးစုံလုပ်ချင်တာ။ အဲဒါ ကူညီပါ မွသဲရယ်။

TNA – အေးပါအေ။ လာခဲ့ပါ့မယ် ကြည့်စီစဉ်ကြတာပေါ့။

KZ – ဒါမှ နာ့ မွသဲ။  အာ့ကြောင့် ချစ်နေရတာ။

:chit:
~~~~~~~~

ထမင်းနဲ့ဟင်းစားရတာရိုးနေဘီမို့ ဒီတပါတ်တော့အသုတ်ကလေးတွေလုပ်ထားလိုက်ပါတယ်။

 

တနင်္လာနေ့

ရှမ်းပြည်တောင်ပိုင်းရဲ့အဓိကမနက်စာဖြစ်တဲ့ ငါးထမင်းနယ်လေးစီစဉ်ထားပါတယ်။
ငါးထမင်းနယ်ကတော့ ရှမ်းဆန်ကိုချက်ထားပါမယ်။
ရှမ်းပြည်မှာတော့ ငါးဖိန်းသုံးပေမဲ့ ဒီမှာတော့ငါးကြင်းကိုပဲသုံးထားပါတယ်။

ငါးကြင်းဗိုက်သားကို ဆီနဲနဲလေးနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီဆီသတ်ပြီး အရည်နဲနဲလေးနဲ့ချက်ထားလိုက်ပါတယ်။
 ပြီးရင်အသားနွှာထားပါမယ်။ ပဲပုတ်ကိုမီးကင်ပြီးထောင်းထားလိုက်ပါတယ်။
ခရမ်းချဉ်သီးကို မီးဖုတ် ( သို့ ) ပြုတ်ပြီး အခွံနွှာ အစေ့ညှစ်ပြီးချေထားပါတယ်။
အာလူးကိုလဲပြုတ်ပြီးချေထားပါမယ်။ ကြက်သွန်ဖြူဆီချက်ကလေးချက်ထားပါမယ်။
အားလုံးရပြီဆိုရင်တော့ ဇလုံထဲမှာထမင်းထည့်၊ ပထမပြင်ဆင်ထားတဲ့အစာတွေထည့်ပြီး ( ဆီချက်ကလွဲလို့ ) ထမင်းစိပျောက်သည်အထိနယ်ရပါမယ်။
နယ်ရင်းနဲ့အရသာမြည်းကြည့်ပြီလိုအပ်ရင် ဆား၊ ဟင်းခတ်မှုန့်ထည့်ရပါမယ်။
ထမင်းစိပျောက်ပြီဆိုရင်တော့ လက်ခုတ်နဲ့တလုံးစာလေးတွေလုံးရပါမယ်။
 ပြီးရင် စားပွဲပြင်မယ့်ပုဂံထဲထည့်၊ အပေါ်ကကြက်သွန်ဖြူဆီချက်ကလေးဆမ်းပြီး စားလို့ရပါပြီ။
တွဲဖက်စားဖို့ကတော့ ဂျူးမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်ကြော် နဲ့ သရေပွကြော်ပေးပါမယ်။
 သောက်စရာကတော့ ဆန်ချိုပေးပါ့မယ်။
~~~~~~~~~~~~~~

အင်္ဂါ

ရန်ကုန်မှာ ထမင်းချဉ်လို့ခေါ်နေတဲ့ ကျွန်မတို့ ရှမ်းပြည်မှာတော့ ထမင်းဝါလို့ခေါ်တဲ့ ထမင်းတမျိုးကိုစီစဉ်ထားပါတယ်။
အဲဒါကလဲ ရှမ်းဆန်နဲ့ပဲလုပ်ပါတယ်။
သူကတော့ထမင်းကို အဝါရောင်လေးနဲ့နယ်ပြီး တလုံးစာအလုံးလေးတွေလုံးထားပါမယ်။
 ပြီးရင် ပဲပုတ်ကိုထောင်းပြီး အနှစ်ကလေးနဲ့အရည်ကလေးချက်ထားပါမယ်။
ခရမ်းချဉ်သီးကို မီးဖုတ် ( သို့ ) ပြုတ်ပြီး အခွံနွှာ အစေ့ညှစ်ပြီး ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်၊ နှမ်းလေးနဲ့ပျစ်ပျစ်ကလေးထောင်းထားပါမယ်။
 ပြီးရင်တော့ စားမယ့်ပန်းကန်ထဲကို ထမင်းလုံးထည့်။
အပေါ်ကနေပဲပုတ်ချက်ဆမ်း၊ ပန်းကန်ထိပ်မှာ ခရမ်းချဉ်သီးပန်ထွေဖျော်လေးပုံ၊ ဂျူးမြစ်၊ ငရုတ်သီးကြော်လေးတင်ပြီးပေးပါမယ်။
ဟင်းချိုကတော့ ကြက်ရိုးကို ဒန့်သလွန်ရွက်ကလေးခပ်ထားတဲ့ဟာပေးပါ့မယ်။
 သောက်စရာကတော့ ပင်မှည့်ဖျော်ရည်လေးပါ။
~~~~~~~~~~~~~~~~~~

ဗုဒ ္ဓဟူး

ကင်ချီထမင်းသုတ်ကင်ချီထမင်းသုတ်အတွက် ရှမ်းဆန်ကိုချက်ပါမယ်။
 မုန်လာဥဖြူအမျှင်အမျှင်လေးတွေ၊ ဥနီအမျှင်အမျှင် လေးတွေ၊ ပဲပင်ပေါက်နဲ့ မုန်လာရွက်တွေကိုရေနွေးနဲ့ပြုတ်ဖျောလုပ်ထားပါမယ်။
 ကြက်ဥကိုလဲထူထူ လေးတွေကြော်ပြီးအမျှင်လေးတွေဖြစ်အောင်လှီးထားပါမယ်။
ကင်ချီကိုလဲအရွယ်တော်လေးတွေညှပ်ထားပါ မယ်။
 ပွဲပြင်တော့မယ်ဆိုရင် ထမင်းတပွဲစာကိုပန်းကန်ထဲထည့်၊ ကင်ချီနဲ့ ပထမပြုတ်ဖျောလုပ်ထားတဲ့အစာ တွေ ထည့်၊ နှမ်းဆီဆမ်း၊ နှမ်းဖြူဖြူး၊ ကိုရီးယားအနှစ်အချိုထည့်ပြီးနယ်လိုက်ရင် စားသုံးရန်အသင့်ဖြစ်နေတဲ့ ကိုရီးယားကင်ချီထမင်းသုတ်ကိုရပါပြီ။
အပေါ်ကနေ ကြော်ထားတဲ့ကြက်ဥမျှင်လေးတွေဖြူးလိုက်ပါမယ်။
ဟင်းချိုကတော့ ရေနွေးပွက်ပွက်ဆူပြီးရင် ကြက်ဥခေါက်ထားတာလေးတွေအမျှင်ဖြစ်အောင်ခရင်းလေးနဲ့ ဖြန့်ထည့်။
ပွက်ပွက်ပြန်ဆူရင် မီးပိတ်လိုက်ပြီး ရေညှိညှပ်ထားတာလေးရယ် ညှပ်ထားတဲ့ကြက်သွန်နီမိတ်က လေးရယ် နှမ်းဖြူလေးရယ် အရသာမှုန့်လေးရယ်ခပ်ပြီးပူပူလေးပေးပါမယ်
~~~~~~~~~~~~~~~~~~~~~~~~~

ကြာသပတေး

ဒီနေ့တော့ မှိုထမင်းသုတ်ကလေးလုပ်ပါမယ်။
ဆန်ကိုတော့ ပေါ်ဆန်းမွှေးသုံးထားပါတယ်။
ရေငှဲ့ချက်ရပါမယ်။
ထမင်းကိုရိုးရိုးပဲချက်လိုက်ပါ။
နဲနဲလေးမာပြီးငှဲ့ပါ။
ရေစစ်လျှင် ရေဆေးပြီးလေး စိတ်ငါးစိတ်မွှာထားတဲ့ ရေစင်အောင်ညှစ်ထားတဲ့ ကောက်ရိုးမှို ( အပွင့် ) တွေကိုထည့်မွှေပါ။
ဟင်းခတ်မှုန့်နဲနဲထည့်မွှေပါ။
ပြီးလျှင်မီးအေးအေးဖြင့်အချိန်ကြာကြာပြန်နှပ်ပါ။
ထမင်းအိုးမတူးစေရန်သတိပြုပါ။
Rice Cooker နဲ့လဲရပါတယ်။
ထမင်းနပ်လျှင် အိုးအဖုံးကိုမဖွင့်ပဲ မှိုများကျက်အောင်အငွေ့ဖြင့်ဆက်နှပ်ထားပါ။
ထမင်းနှပ်ထားစဉ်မှာ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့် အစရှိသည်ပြင်ပါ။ ထမင်းနပ်ပြီးအေးသွားလျှင် တပွဲစာထမင်းကို အပေါ်မှအစာများဖြင့်နယ်ပါ။
အရသာလိုအပ်လျှင် ဆား၊ ဟင်းခပ်မှုန့်ထည့်ပါ။ တွဲဖက်အနေဖြင့် ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်ကြော်၊ ငါးမုန့်ကြော် ပေးပါမည်။
ဟင်းချိုကိုတော့ ကြက်ရိုးဟင်းချိုကို တရုတ်နံနံခပ်ပေးပါမည်။
 သောက်စရာကတော့ သံပုရာရည်ပေးပါမယ်။
~~~~~~~~~~~~~~~

သောကြာ

ရန်ကုန်ထမင်းသုတ်လုပ်ပါမယ်။
ထမင်းကို အနီရောင်းဆိုးပါမယ်။
ကြာဇံနဲ့ခေါက်ဆွဲကို ပဲငံပြာရည်အနောက် နဲ့နယ်ပါမယ်။
အာလူးပြုတ်ပါးပါးလှီး။ ပဲပြားကြော်ပါးပါးလှီး။
တိုဟူးခြစ်ထားမယ်၊ သင်္ဘောသီးခြစ်ထားမယ် ဆီချက်ချက်ထားမယ် ပဲမှုန့်ပြင်ထားပါမယ်။
မန်ကျည်းသီးမှည့်ကို ချစ်တိုလေးရယ် ဟင်းခတ်မှုန့်လေးရယ် ကြက်သွန်ဖြူထောင်းထားတာလေးရယ်ရောစိမ်ထားမယ်။
 ပြီးရင်အားလုံးကိုတပွဲစာထည့်နယ်ပေးပါမယ်။
ဟင်းခါးကတော့ ဘူးသီးဟင်းခါးပေးပါမယ်။
တွဲဖက်ကတော ငြုတ်သီးစိမ်း၊ ကြက်သွန်ဖြူပေးပါမယ်။
ဝက်ခေါက်ကြော်လေးလဲပေးပါမယ်။
 သောက်စရာကတော့ ကြံရည်ပေးပါမယ်
~~~~~~~~~~~~~~~

စနေ

ကျူနာထမင်းသုတ် စားမလား??
ဒါကတော့ ဆန်းတယ်လဲမဟုတ်ရိုးတယ်လဲမဟုတ်ပေမဲ့စားလေ့စားထမရှိတဲ့ထမင်းသုတ်ကလေးပါ။
ထမင်းဆိုင်ကလေးကိုနဲနဲဆန်းသွားအောင်ထည့်ပေးလိုက်ပါတယ်။
စားမည့်ပန်းကန်ထဲကိုထမင်းထည့်ပါ တယ်။
အဲထဲကို ပြုတ်ထားတဲ့ ကျူနာငါးချေထည့်ပါမယ်။
 ရွှေပဲသီးစိ၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီးအတုံးအတုံးလှီးထား တာ၊ ကြက်သွန်နီအတုံးအတုံးလှီးထားတာလေးတွေနဲနဲစီထည့်ပါမယ်။
 နှမ်းဆီဆမ်းပါမယ်။
ဟင်းခတ်မှုန့်ဖြူး ပါမယ်။
မရောနိ နဲနဲထည့်ပါမယ်။
အားလုံးစုနယ်လိုက်ရင် အနောက်တိုင်းဆန်တဲ့ ထမင်းသုတ် ကလေး ရရှိမှာဖြစ်ပါတယ်။
ဟင်းချိုကတော့ ရယ်ဒီမိတ်ဟင်းချိုထုပ်ကလေးတွေသုံးပါမယ်။ မှိုခရင်၊ ပြောင်းဖူးခရင်၊ ခရမ်းချဉ်သီးခရင် အစရှိတဲ့ဟင်းချိုတမျိုးမျိုးကို နှစ်သက်ရာမှာယူနိုင်ပါတယ်။
အစာပိတ်ကိုတော့ အအီပြေအောင် လီမွန်တီးလေးပေးပါ့မယ်။
~~~~~~~~~~~~~~~~~~~~~~~~~~

တနင်္ဂနွေ

သဲတောထမင်းသုတ်လေး ကျွေးပါမယ်။
ကျွန်မအကြိုက်ဆုံးထမင်းသုတ်ကလေးပါ။
ဘာမှမဆန်းကြယ်လှပေမဲ့ သဲတောရောက်တိုင်း မစားမဖြစ်စားရ တဲ့ထမင်းသုတ်ကလေးပါ။
ထမင်းသုတ်အတွက်ပေါ်ဆန်းမွှေးကိုချက်ပါမယ်။ ဆီချက်ကိုဆနွင်းလေးနဲ့ချက် ထားပါမယ်။
မြေပဲလေးကိုအခွံမချွတ်ပဲကြော်ထားပါမယ်။
တွဲဖက်စားဖို့ ကြက်သား၊ ကြက်ဥ၊ ဝက်သား၊ ငါးခူ ကြော် ထားပါမယ်။
ဆတ်သားကိုလဲမွှပြီးထုထားပါမယ်။
စားတော့မယ်ဆိုမှ ပန်းကန်ထဲကိုထမင်းထည့် ဆီချက် ဆမ်း၊ မြေပဲဖြူး ဆားလေးဖြူးပြီးနယ်လိုက်ပါမယ်။
တွဲဖက်စရာဟင်းတမျိုးမျိုးနဲ့မှာယူစား သောက်နိုင်ပါတယ်။
အချဉ်ကိုတော့ ဂေါ်ဖီထုပ်ပါးပါးလှီး၊ ငြုပ်သီးပါးပါးလှီး၊ ဥနီပါးပါးလှီး၊ ကြက်သွန်နီပါး ပါးလှီးထားတာတွေကို ရှာလကာရည် ဆား သကြားတို့နဲ့စိမ်ထားတာလေးကိုပေးပါမယ်။
 ငြုပ်သီးကြော် လေးလဲပေးထားပါ့မယ်။ ကြက်သွန်ဖြူတို့ချင်ရင်လဲပေးထားပါ့မယ်။ မြန်မာဆန်ဆန်ရေ နွေးကြမ်းပေးပါ့မယ်။ နောက်ဆုံးပိတ်ကိုတော့ အညာစာထမင်းသုတ်ကလေးမို့ မန်ကျည်းမှည့်ဖျော်ရည်ပေးပါ့မယ်။
~~~~~~~~~~~~~~~
ကဲ။ ဘယ်လောက် တော်တဲ့ ယောက်ခမွတုန်းတွေ့လားးး၊ အတွေ့နောက်ကျပေမဲ့ အွန်လိုင်း ယောက်ခမွအဖြစ်ဦးထားလိုက်တယ်။ ဘာဖြစ်သေးတုန်းးးး ဟွန့်!
ကေဇီကို ရန်လာမစနဲ့။ ကာကွယ်မဲ့ ယောက်ခမရှိတယ်။

😀
ဟိ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
ခု ယောက်ခမ ရဲ့ ထမင်းသုတ် အစီအစဉ် ရ ရက်ပြီးတော့ နောက် ကေဇီ အမေရဲ့ထမင်းသုပ် အကြောင်းပြောပြမယ်။

အကြောင်းသိ အမျိုးတွေက မားသားကြီးကို ထမင်းသုပ်စားလို့ ဘယ်တော့မှ မဖိတ်ရဲဘူးးးး
(၂၀) မျိုးပြည့်လားလို့ တန်းမေးတာ။ မပြည့်ရင် ထမင်းသုပ် အင်္ဂါရပ်နဲ့ မပြည့်စုံဘူးတဲ့။ အဲတော့ လုပ်ကျွေးမဲ့ သူ တွန့်တာပေါ့။
နားထောင် (အဲလေ) ဖတ်ကြည့်ပါဦး မားသား ထမင်းသုတ်အကြောင်းးးး

ငယ်ကတည်းက သူ ထမင်းသုပ်တာ ကောင်းလွန်းလို့ အသဲစွဲခဲ့ရတာပါ။

ကနဦး ဗန်းကြီးကြီးထဲမှာ ၃ မျိုးပြင်ထားတယ်။
– ပဲ ကြာဇံ ပြုတ် အနေတော် ညှပ်ထား
– သင်္ဘောသီးစိမ်း ခြစ်/ ဆားရေစိမ်ပြီး ရေညှစ်ထား ရေစစ်ထားးး
– အာလူးပြုတ် ပါးပါးလှီးးး

နောက် အိမ်မှာ ဖိုး အင် ဝမ်း ပန်းကန်လုံး ကြီး ရှိတယ်။ အကန့် တွေနဲ့။ အဲဒီ အထဲကို အမှုန့် ၄ မျိုးထည့်တယ်။
– မြေပဲမှုန့်
– ပဲပုတ်ပြားကို ကြော် ပြီး ထောင်းထားတဲ့ အမှုန့်
– ပုဇွန်ခြောက် အမှုန့်
– (ရွေးစရာ) မြေပဲမှုန့်မကြိုက်တဲ့သူ အတွက် ပဲမှုန့် အကျက်မှုန့် ထည့်ပေးထားတယ်။

ပြီးတော့ ဆီ ၂ မျိုး။
– ကြက်သွန်နီ ဆီချက် အနီရောင် (အရောင်တင်နည်းနည်း နဲ့ချက်ထားတာ)
– ကြက်သွန်ဖြူဆီချက် အဝါရောင် (ဆနွင်း နည်းနည်းနဲ့ချက်ထားတာ။

နောက် အချဉ် အတွက် ၂ မျိုး
– မန်ချည်းမှည့်ကို ရေနွေးနဲ့ဖျော်ပြီး စစ်ထားတဲ့ အရည်ရယ်
– အဲဒါမကြိုက်ရင် သံပုရာသီးနဲ့သုပ်ချင်တဲ့ သူ အတွက် သံပုရာသီး စိတ် လေးတွေ ရှိတယ်။

ပြီးတော့ အငန် ၂ မျိုး
– ဆား ပုလင်း သေးသေးလေးရယ်
– စားပွဲတင် ငံပြာရည် ပုလင်းလေးရယ်။

အစပ် ၂ မျိုးးး ပန်းကန် တစ်ချပ်ထဲမှာ လှအောင်ပြင်ထားတယ်။
– ငရုတ်သီးခြောက် ကြော် နီနီတောင့်လေးတွေရယ်
– ငရုတ်သီးကြော်မှုန့် ရယ် ကြိုက်ရာစားဖို့

ထမင်းကိုတော့ ၁ မျိုးပဲ ထားတယ်၊ အရောင်ဆိုးတာ မကြိုက်လို့။

နောက် စိမ်းစိမ်းလေးတွေ အပေါ်ကဖြူးဖို့ ၂ မျိုးးးး
– နံနံပင် သေးသေးစိတ်
– ကြက်သွန်မိတ် သေးသေးစိတ်

နောက် ကြိုက်တတ်ရင် မြေပဲဆံကြော်လေးဖြူး ပေးလို့ ရပါသေးတယ်။

ဟင်းရည် အတွက်ကတော့ ဘူးသီးဟင်းခါးက ပုံမှန်ပါပဲ။ ငရုတ်ကောင်းအမည်းကို နည်းနည်းခပ်ထားတဲ့ ဟင်းရည်ပူပူနဲ့ အတော်လိုက်ဖက်ပါတယ်။

ထမင်းသုပ် ထွေးထွေးလေးတစ်လုပ်စားလိုက်၊ ငရုပ်သီးခြောက်ကြော်တစ်ကိုက်ကိုက်လိုက်၊ ဟင်းရေတစ်ဇွန်းသောက်လိုက်နဲ့ ၊

😥

အာဟင့်!! ပြောရင်း စားချင်လာပြီ။

အသုပ်မှာ အရေးကြီးဆုံးက ချဉ်/ငန်/စပ် ကိုမှတ်ထားး တဲ့။ အဲဒီ အတွက် ထည့်ရမဲ့ ဟာတွေ အရင် စဉ်းစားလို့ ပြောတာ။
ကျန်တဲ့ ပါဝင်ပစ္စည်းက လိုတိုးပိုရှော့လုပ်လို့ရသတဲ့။
ထမင်းကို ကနဦး နည်းနည်းပဲထည့်ပြီး သား/သမီးတွေ အကြိုက် ဟိုဟာလေး ပုံပေး ဒီ ဟာလေး ပုံပေး သုပ်ပေးတဲ့ လက်ရာလေး လွမ်းမိပါသေးးးး

အဲ၊ အဓိက ကေဇီ အတွက် ကျန်ခဲ့သေးးးး
ဘယ်လောက် ကောင်းတဲ့ထမင်းသုပ်ဖြစ်ဖြစ် ကေဇီက အသားကြော်မပါရင် မစားပါဘူးးးး
ဟီးးးးး
ကြက် အသည်းအမြစ်ကြော်  (or)
ငါးဖယ်ကြော် (or)
ငါးသလဲထိုးကြော် (or)
ဆိတ်သားကြော် (or)
ဝက်သားပေါင်း စသည်ဖြင့် လုပ်ပေးပါသေးတယ်။ ပါးစပ်ကတော့ဖြင့် ဘီလူးဝင်စားတာတို့ ခြင်္သေ့မ ပီသပါပေ့ တို့ စုံနေအောင် မြည်တွန်ပါတယ်။
ဇော်သန့်က အသားစားကြူးသူမဟုတ်တော့ ကျန်တဲ့ ချေးများတာတွေ လိုက်ဖယ်ပေးရတာပါ၊ ဥပမာ သူက သင်္ဘောသီးခြစ်နဲ့မဟုတ်ပဲ ဂေါ်ဖီထုတ် ပါးပါးလှီးထားတာလေးနဲ့ သုပ်မှ စားတာမျိုးပါ။
မားသား အသုပ် လက်ရာထက် ဒီလို ဖွယ်ဖွယ်ရာရာ စားချင်လို့ ပျော်ရလို့ စားကြတာပါ။

🙂

စလုံးမ တွေ ကို တစ်ခါ မားသားလာတုန်းက သုပ်ကျွေးလိုက်တာ။
ဟိ။
နောက် ဘယ်တော့ လာဦးမတုန်းနဲ့ မေးနေလို့။ ကေဇီ ကို သုတ်ခိုင်းတာ မလုပ်တတ်ဘူးပြောထားတယ်။ ဟုတ်တယ်လေ။ သင်္ဘောသီးစိမ်းရှာရတာ အလုပ်တစ်လုပ်…

😀
အဲလို အများကြီး ကြည့်ပြီး ပျော်ကြသတဲ့။

 

:mrgreen:

 

 

50 comments

  • TNA

    November 11, 2013 at 9:38 am

    ခမည်းခမက်ရဲ့ထမင်းသုတ်ကိုပဲစားသွာတယ်အေ။ နေ့ခင်းမှ ဗိုက်ဆာမှပြန်လာထပ်စားတော့မယ်။ ငိငိငိငိ

    • KZ

      November 11, 2013 at 3:11 pm

      ဟိ။
      သားလေးကို စိတ်ချပြီး အပ်လိုက်ပါ။
      ထမင်းမငတ်စေရပါဘူးးး

      :chit:

  • ခင် ခ

    November 11, 2013 at 10:04 am

    ထမင်း ကိုဘယ်လိုသုပ်သုပ်ကြိုက်ပါရဲ့ဗျ။ ငါးထမင်းနယ်ကတော့ အခုမန်းရောက်မှ စားရင်းနဲ့ ကြိုက်လာတာဗျ။
    အခု အသင့်နယ်စား ပါဆယ်ထုပ်နဲ့ရောင်းလာတဲ့ ကြံခင်းထမင်းသုပ်လည်း အရသာမဆိုဘူးဗျ။
    ဟုတ်တယ် ထမင်းသုပ်ကို အသားကြော်လေး ကျွတ်ကျွတ်ဝါးရတဲ့ ဝက်ခေါက်တို့ တိုဘူးခြောက်ကြော်တို့ အဲလိုမျိုးတွေနဲ့မှ ပိုစားမိန်တယ်ဗျ။
    ဒီတစ်ပတ် ရုံးပိတ်ရက် ထမင်းသုပ်အိမ်မှာလုပ်စားအုံးမယ်လေ။

    • KZ

      November 11, 2013 at 3:16 pm

      ကြံခင်း ထမင်းသုပ်တော့ မစားဖူးဘူးဗျ။
      အိမ်မှာ ဘာမှမရှိတဲ့အချိန် ပုဇွန်ခြောက်ရယ် ငရုတ်သီးမှုန့်ရယ် ဆီချက်လေးရယ် ဆမ်းပြီး သုပ်စားတဲ့ ထမင်းအကြမ်းသုပ်လေးကို လွမ်းတာ။
      ရေနွေးကြမ်းလေးနဲ့။

      😥

      • TNA

        November 11, 2013 at 8:19 pm

        အောင်မယ်လေး ငါတို့ ကျောင်းတက်တုန်းက ကျူရှင်အိမ်လုပ်တဲ့သူငယ်ချင်းအိမ်မှာ ဗိုက်ကလဲဆာ စားစရာကလဲဘာမှမရှိတော့ ဇလုံထဲကိုထမင်းထည့် ငံပြာရည်ထည့် ငရုတ်သီးခွဲကြမ်းထည့် ဆီစိမ်းဆမ်းပြီး ကြက်သွန်နီကိုက်ကိုက် ပြီး လုလုစားရတာကောင်းလိုက်တာအေ့။ လွမ်းမိပါသေးတယ်။

  • မဟာရာဇာ အံစာတုံး

    November 11, 2013 at 10:52 am

    ဟောဒီမောင်ကတော့
    ကျန်ဒါဒွေထက် ..
    ဂျူးမြစ်ကြော်လေးနဲ့ ငါးသလဲထိုးကြော်လေးပဲ ..
    ပြေးပြီး စားပလိုက်ချင်တော့တာဗျဲစ် …

    • KZ

      November 11, 2013 at 3:18 pm

      ဒီ မောင်ကလည်း
      စားချင်တာ ဒီမှာလာမအော်နဲ့လေ အသည်းလေးကို လုပ်ကျွေးခိုင်းးး
      နာ့ အသဲလေးကိုပြောတာဟုတ်ဘူးနော်။
      နိ အသည်းလေးကို ပူစာ။
      ဟိ။
      အသည်းလေး စိတ်မရှည်ရင် အသယ်လေး ဆီက ဝယ်စားတော့။
      😀

  • Wow

    November 11, 2013 at 1:51 pm

    ထမင်းသုတ်ကိုတော့ တစ်ပတ်လုံးကျွေး.. မညီးမငြူစားပါ့မယ်… :mrgreen:
    တစ်ခါ ငါးထမင်းနယ်လုပ်စားချင်လို့ စီးတီးမတ်က ရှမ်းဆန်ဆိုပြီး အားရပါးရဝယ်လာတာ အိမ်ရောက်တော့ ကောက်ညင်းငချိတ်တွေ ဖြစ်နေတယ်… ဟီးးး အိုက်ထဲက စိတ်နာထှာ.. ကွကိုယ် လုပ်စားဝူး တူညားလုပ်ကျွေးမှ :mrgreen:

    • TNA

      November 11, 2013 at 2:05 pm

      အောင်မယ်လေးတော် ကောက်ညင်းငချိတ်များရှမ်းဆန်နဲ့မှားဝယ်လာရတယ်လို့ ခုမှပထမဆုံးကြားဖူး သတော့ ဖျားဖျား အင်း သူ့ အိမ်ဦးနတ်ဖြစ်မဲ့သူကတော့ စာဖိုမှုးဖြစ်ဖို့လိုဘီထင်ဘာ့ :mrgreen:

      • Wow

        November 11, 2013 at 2:50 pm

        ဖျားစူး… စီးတီးမတ်ကလဲ အထဲဒိုးယိုပေါက်မြင်ရတဲ့ အိတ်အကြည်နဲ့ ထဲ့ထားတာပါ အသဲလေးရယ်… အာ့ကို သေချာ မှားဖစ်အောင်မှားလာတာ :mrgreen:

    • KZ

      November 11, 2013 at 3:19 pm

      ဝါးးးးးး
      နာ့ ကို ယူမလားးးးး
      ထမင်းစားဖို့ စားဖိုမှူးမထပ်စေရဘူးလေ။
      ဟိဟိ

      :mrgreen:

      • Wow

        November 11, 2013 at 3:44 pm

        နှစ်ယောက်ပေါင်းပီး အလှုတကာလယ်စားဂျမယ်လေ… :mrgreen:

        • TNA

          November 11, 2013 at 8:20 pm

          ဘုရားဘုရား အကြံကြီးလှချည်လား 😥

  • Ma Ma

    November 11, 2013 at 6:48 pm

    အသုတ်ဆို ကြိုက်ပြီးသား။
    ဦးမိုက်ဆီကတောင် မိုက်ကြေးခွဲပြီး အသုတ်ကို စားဖြစ်အောင် စားလာသေးတယ်။
    အမွှာညီအမကိုတောင် မကျွေးဘူးလို့ ပြောပြီး တစ်ယောက်တည်း စားတာ။
    အဲ- အော်ဇီဦးဖောကိုတော့ စဉ်းစားကြစေလိုပါသည်ဆိုပြီး ဖဲ့မှာ ကြောက်လို့ မျှကျွေးခဲ့ရတယ်။ 😀

    မွအိပြောမှပဲ ထမင်းသုတ်နည်း ဒီလောက်စုံမှန်း သိတော့တယ်။
    ဖတ်ပြီးးးး သွားရည်ကျ သွားတယ်။
    🙂

    • TNA

      November 11, 2013 at 8:21 pm

      ဟင်းချက်ပျင်းရင် ထမင်းသုတ်လုပ်စားတယ်လေ မမရဲ့ ဟီဟိ

    • Foreign Resident

      November 12, 2013 at 9:00 am

      ” အော်ဇီဦးဖောကိုတော့ စဉ်းစားကြစေလိုပါသည်ဆိုပြီး ဖဲ့မှာ ကြောက်လို့ မျှကျွေးခဲ့ရတယ်။ 😀 ”

      ဟဲ့ ၊ ပလုတ်တုတ် ၊ ဘယ်တုန်းက ဟာကိုပြောတာလဲကွယ် ။

      • kyeemite

        November 12, 2013 at 12:01 pm

        ကိုရင်ဖေါကလည်း…ပထမတစ်ခါ ရွာ့ကွပ်ပျစ်မှာတွေ့တုန်းကလေ..
        အဲတုန်းက အန်တီမမပါတယ်….(ဖတ်ရွေးပြန်ဖွဲ့တုန်းက) 😀 ”
        ————————————
        ကတောက်စ်..ဖတ်ရင်း သွားရည်တောင်ကျတယ်…ကေဇီရေ
        ထမင်းတော့ ဘယ်နည်းနဲ့သုပ်သုပ်..အလွန်ကြိုက်…

        • KZ

          November 12, 2013 at 12:24 pm

          တွေ့ဆုံပွဲ အသည်းလေး လက်ရာ အသုပ် တဲ့။
          အသည်းလေး ထီပေါက်ပြီ၊.
          ၊ယောက်ခမ ထီပေါက်ပြီ

          :mrgreen:

    • TNA

      November 11, 2013 at 8:22 pm

      စားစား အဝသာစား ပြီးရင်ပိုက်ဆံလေးတော့ပေးခဲ့အေ

  • lele kyi

    November 11, 2013 at 7:08 pm

    စားဖိုမှူးအလုပ်ထွက်ပြီး ပြန်သွားလို့ ဒီမှာငတ်နေတယ်။ 🙁
    စာရိုက်ပေးမယ်ဆိုပြီး ညာသွားပါသည်။ သူများချက်တာတွေကြည့်ပြီး ကိုယ့်ရဲ့ ညံ့တဲ့ ဟင်းတွေမျက်နှာငယ်ရတယ်။

    • TNA

      November 11, 2013 at 8:23 pm

      ထမင်းသာသုတ်စား မျက်နှာမငယ်စေရဘူး :mrgreen:

    • KZ

      November 12, 2013 at 9:25 am

      ဟင်းကောင်းဖို့ မလိုဘူးးးး
      ဟင်းစပ်တည့်ချင်တာ။
      ဘာဟင်းဖြစ်ဖြစ်ရတယ်။

      🙂

  • Mr. MarGa

    November 11, 2013 at 7:52 pm

    :byae:
    ဖတ်ပြီး…..
    ဗိုက်လည်း ဆာသွားတယ်။
    လွမ်းလည်း လွမ်းသွားတယ်။
    တစ်ပတ်စာပဲ အော်ဒါမှာလိုက်တော့မယ်ဗျာ။

    • TNA

      November 11, 2013 at 8:24 pm

      စားစား ဒဂျား ကြိုက်သလောက်စား ပီးမှကျသလောက်ရှင်း
      ဒညင်းခွက်လိုတော့ ထမင်းအဝစား ၅၀ဝ ဟုတ်ဘူးအေ့။ :mrgreen:

    • KZ

      November 12, 2013 at 9:24 am

      ဗိုက်ဆာတာဟုတ်ပါပြီ။
      လွမ်းတာ ဘယ်သူ့ ကို လွမ်းတာတုန်းးးးး

      :mrgreen:

  • padonmar

    November 11, 2013 at 11:17 pm

    ထမင်းသုတ်ဆို ရှေ့ဆုံးက တန်းစီစားမယ်။
    အန်တီတို့နယ်မှာ ရှင်ပြုအလှူတွေဆို ထမင်းသုတ်ကြွေးတတ်ကြတယ်။
    သုတ်တဲ့သူက အစပ်တဲ့အောင် နယ်ပေးမှ စားကောင်းတာမျိုး၊
    အစာစုံတိုင်းကောင်းတာမဟုတ်။
    မွသဲရေ တွေ့ဆုံပွဲတွက် အော်ဒါမှာရင် ရမလား။

    • KZ

      November 12, 2013 at 9:23 am

      အဲလို အလှူမျိုး စားချင်တာ။

      😀

      • TNA

        November 12, 2013 at 9:34 am

        ရတယ်လေ အန်တီဒုံ ဘယ်လိုဟာမျိုးလိုချင်တာလဲ။ လူလေးဆယ်စာဆိုတော့ သိပ်မခက်တာလေးပေါ့ 😀

        • Ma Ma

          November 13, 2013 at 9:18 am

          စိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေ ကြော်ငြာကြတာ……

          (ဒါမျိ ုးကို ဘယ်သူမှမလွန်ဆန်နိုင်ဘူးးးးးး )

          လို့ စီပီကြက်ကြော်မှာ ကြော်ငြာသလို ဖြစ်နေလို့….
          ဒီတစ်ခေါက်တွေ့ဆုံပွဲကိုတော့ ဘာနဲ့မှ မတိုက်ပါစေနဲ့ ဆုတောင်းရမယ်။ 🙂

  • နွယ်ပင်

    November 12, 2013 at 4:48 pm

    ဗိုက်ချာနေတာနဲ့ ထမင်းသုတ်လေး 0င်ရောက် စားသုံးသွားပါအိ 😀

    • KZ

      November 13, 2013 at 12:29 pm

      ဂဂ ကို ချက်ကျွေးခိုင်းပစ်။
      ခိုင်းသာခိုင်းးးး

      😀

  • Ko chogyi

    November 12, 2013 at 11:07 pm

    KZ ရဲ့ထမင်းဆိုင်ပို့စ်တွေ ဘယ်တော့မှသေသေချာချာမဖတ်ဖြစ်ဘူး။
    ဘာဖြစ်လို့လဲဆိုတော့ စိတ်ဝင်တစားဖတ်မိရင်
    နည်းနည်းလောက်ဖတ်မိတာနဲ့
    ဗိုက်ဆာလာတတ်လို့ပါ။

    • KZ

      November 13, 2013 at 12:28 pm

      ရက်စက်လှချည်လား ကိုကြီးချိုရယ်
      ဟင်?
      အာ့ကြောင့် လာအားမပေးတာကိုးးး

      :hint:

  • ရဲစည်

    November 13, 2013 at 11:17 am

    ပြည်ထမင်းသုပ်လဲ မပါဘူး … အေ

    ထမင်းသုပ်ဆို ဘာထမင်းသုပ်ဖြစ်ဖြစ် ကြိုက်တယ် …..။
    တခါတလေ ကိုယ့်ဟသာကိုယ် စိတ်ထဲရှိတာတွေ ထည့်ပီး ထမင်းကို သုပ်စားတယ် …။
    အကြိုက်ဆုံးကတော့
    ထမင်းပူပူကို နနွင်းနဲ့သတ်ထားတဲ့ အုန်းနို့ချက်ဆမ်း
    ပြီးရင် ကြက်သွန်ဖြူနီကြော်များများထည့် တညင်းသီးပြုတ်ကို ပါးပါးလှီးထည့်
    ဘေးမှတော့ ဂျူးမြစ်ရယ် သခွားသီးရယ် ခရမ်းချဉ်သီးလေးတွေ လှီးကာပုံလို့
    ဝက်သားကြော် ဆားဖြူးလေးရယ်
    ဘီယာ အေးအေးရယ် လွှတ်ဂွတ်တာ ….

    မှတ်ချက် အဲ့ထမင်းသုပ်နာမည် ” နတ်ပြည်ထမင်းသုပ် ” လို့ခေါ်တယ် သွေးတိုးရှိသူများ ၄ဝကျော်များ အဝေးကပဲ ငေးသင့်ပါကြောင်း …..။

    • surmi

      November 13, 2013 at 11:43 am

      အ​ပေါ်က ကရဲစည်​​ပြောတဲ့ပြည်​​ဒေါ်ဥထမင်​းသုပ်​က​တော့မကြာမကြာစား​နေကြပါ …
      စားပြီးတိုင်​းလည်​း ​ဈေးကြီးတယ်​လို့ငြီးမိတယ်​ …
      ထမင်​းသုပ်​က​တော့ အ​တော်​​လေးကြိုက်​သဟာမို့ တကယ်​ကိုစားချင်​လာာပြီ
      မသဲနု တို့ တကယ်​များ အလှူဖိတ်​ရင်​​တော့ 🙂

    • KZ

      November 13, 2013 at 12:27 pm

      ကျန်းးးး
      အယွဲ့ တို့ ဒါမိုးကျ အတော်အားကိုးရတယ်။
      နာ သွေးမတိုးခင် သုတ်စားဦးမယ်။
      ပြည်ထမင်းသုတ် မယ်မယ် မသုတ်တတ်ပါကွယ်။

      :mrgreen:

    • TNA

      November 13, 2013 at 12:54 pm

      ပြည်ထမင်းသုတ်က သတိကိုမယတာ အခုကယွဲစည်ပြောမှပဲသတိယတယ်။ ဒါပေမဲ့သေချာစဉ်း စားကြည့် တော့ ကျွန်မပြည်ထမင်းသုတ်ကောင်းကောင်းမသုတ်တတ်ဖူးပဲကိုး။ စားပဲစားခဲ့ဖူးပေမဲ့ သေချာ မမှတ်မိဘူးဖြစ်နေတယ်။ အိမ်နားမှာပြည်ဒေါ်ဥထမင်းသုတ်ဆိုင်ရှိပေမဲ့စားရတာ ပြည်ကလောက်အဆင် မ ပြေဘူးဖြစ်နေတယ်။

      ကယွဲစည်ထမင်းသုတ်ကတော ၄ဝ ကျော်မပြောနဲ့ကျွန်မတောင်မစားရဲဘူး ကြောက်ချာဂျီး

  • sorrow weaver

    November 13, 2013 at 12:35 pm

    မွသဲက ထမင်းသုတ်..သုတ်တတ်တယ်..ဟုတ်စ…ခုခိခုခိ…..ယုံဘူး..ယုံဘူး…တစ်ခါလောက် လုပ်ကျွေး…အဟိဟိ

    • TNA

      November 13, 2013 at 1:00 pm

      ရဒယ်လေ ဆြာဆော နီဂရိုးဒွေဘာဖိတ်ထားလိုက်မယ် ထမင်းသုတ်လုပ်တဲ့နေ့ :mrgreen:

  • အရီးခင်

    November 13, 2013 at 5:14 pm

    ဒီ တစ်ပါတ်တော့ အိမ်မှာ ထမင်းသုတ် ချည်းလို့သာ မှတ်ကြပေတော့။
    ကျေးဇူးပါ သဲနု နဲ့ ကေဇီ တို့ရေ။ 😛

  • ဦးကျောက်ခဲ

    November 25, 2013 at 8:17 pm

    ပြည်ရောက်တိုင်း စားဖြစ်တာက ဒေါ်ဥထမင်းသုပ်ပါ…
    အမဲလုံးကြော်၊ ကြက်ကြော်လေးများနဲ့ ဆွဲလိုက်ရရင် အိုဘယ့်…
    အဟဲ… ကိုရင်ဆာပြောသလို ငွေရှင်းမှ ရွှေရင်ဆို့တာ… ဟီး ဟီး
    😀

  • မမချွိ

    February 13, 2014 at 7:55 pm

    တဂျီးးးး
    ထမင်းသုပ်က မွသဲ အုန်းကျူးတွေချည်းပဲ။
    မကြိုက်ဘူးလားးးး
    ဒါလည်း ထမင်းပဲဟာကို။

    😀

  • Crystalline

    February 14, 2014 at 2:15 pm

    မွသဲထမင်းသုတ်က ပါဖူးလားလို့ :))

  • kai

    February 14, 2014 at 2:45 pm

    ဒီပို့စ်ကပါဖူးသားလေ..
    ပြီးခဲ့တဲ့လကမှ..
    မပြောမိဖူးလားမသိ..။ မပြောဖြစ်ရင်.. ဆောရီးနော.. ဆိုင်ရှင်နဲ့သူ့ယောက္ခမ..။ :hee:

    • မမချွိ

      February 14, 2014 at 3:08 pm

      အွန်။
      ဟီးးး :mrgreenn:
      အာ့ဆို တခြားပို့(စ) မှာပြောမိလို့နေမယ်။
      ဟီးးး
      ပြောမဲ့သာပြောတာ။ တဂျီး ကြိုက်ရာသာ ယူသုံးးး
      လိုအပ်လို့ ပြန်ရေးပေးဖို့လိုရင်သာပြော။

      😀

      • TNA

        February 14, 2014 at 7:49 pm

        ဒဂျီးအိုက်ဒဒင်းဇာပို့ပေးဘာ ဖတ်ချင်လို့။

  • ကေဇီ

    September 28, 2014 at 9:17 am

    ချဉ်ပေါင်ထမင်းသုတ်
    Credit (http://htetfamily.com)

    ချဉ်ပေါင်ထမင်းသုတ် ပါဝင်ပစ္စည်းများ

    – ချဉ်ပေါင်ကြော်( ဒီမှာတော့ ပုဇွန်နဲ့မျှစ် ချဉ်ပေါင်ကြော် အဆင်သင့်ရှိနေလို့)
    -ငရုတ်သီးအကျက်မှုန့်
    -ကြက်သွန်ဖြူဆီချက်
    -ကြက်သား ၊ ဝက်သား (ဆိုင်မှာကအသားတွေအဆင်သင့်ချက်ပြီးသားရှိတယ်)
    -သံပရာသီး
    -ငပိထောင်း ( ဒေါ်စောရီ(အင်းစိန်) ဆိုင်)

    ဒါလေးကတော့ ဒေါ်စောရီ(အင်းစိန်) ဆိုင်ရဲ့ အထူးထမင်းသုတ်လေးပါ၊ အိသက်ရဲ့ ဦးလေး(အဖေ့ညီဝမ်းကွဲ)ကအဖေနဲအမေ လှည်းတန်းဆိုင်ခွဲမဖွင့်ခင်၂၉ လမ်းဆိုင်မှာတည်းကတူတူလုပ်လာတာပေါ့၊ ပြောရရင် ဓနုဖြူဆိုင်တွေရဲ့အလုပ်သမား၇၀% လောက်ကအဖေတို့အညာဘက်ကအမျိုးတွေပေါ့၊ မိသားစုတွေပါ၊ အဲဒီဦးလေးက ဦးဟံရင်တဲ့ အိသက်တို့ကို ကလေး ထိန်းရင်း ဆိုင်ကူလုပ်ရင်းနဲ့ အနွံအတာတော်တော်ခံခဲ့ရတာရှာပါ၊ကျေးဇူးလဲရှိပါတယ်၊ အသုတ်ဆိုရင်အရမ်းကောင်း၊ချဉ်ပေါင်ထမင်းသုတ်ကတော့ သူ့ရဲ့ ရှယ်လက်ရာပေါ့၊ ဗမာပြည်ပြန်ရောက်တာနဲ့ ဦးလေးကို အမြဲပူဆာတဲ့ အသုတ်။
    အခုလန်ဒန် မှာ အတူလာနေပေးတဲ့တဝမ်းကွဲအမကို အမြဲသုတ်ကျွေးခိုင်ရပါတယ်၊ အလွမ်းပြေပေါ့

    လောလောဆယ်အိမ်မှာ အမေပို့ပေးထားတဲ့ ချဉ်ပေါင်ကြော်၊ ငပိထောင်း ရှိနေတယ်ဆိုတော့ ကွက်တိပဲ။ အိမ်မှာရှိပြီးသားဝက်သားနဲနဲ ကြက်သားကြော်နဲနဲ(သားသားအတွတ်ကြော်ထားတာ)ယူသုံးပါတယ်
    အိမ်မှာရှိပြီးသား အသားတွေရယ် ၊ ချဉ်ပေါင်ကြော် စားပွဲတင်ဇွန်းသုံးဇွန်း ၊ ဆီချက်ရယ်နှစ်ဇွန်း၊ ငပိထောင်း ကော်ဖီဇွန်းတစ်ဇွန်းခွဲ (ငရုတ်သီးမှုန့်တွေအများကြီး မထဲ့ပဲ ခပ်လေးလေးနဲ့ စပ်အောင်လို့ )၊ ငရုတ်သီးမှုန့်ပါလေကာထဲ့ပေါ့နော်။ သံပရာသီးလေး လိုသလောက်ညှစ်ထဲ့ ( အချဉ်ကြိုက်လို့ တခြမ်းလုံးထဲ့ပါတယ်) ပြီးရင် ဆား၊ ကြက်သားမှုန့်နဲနဲ၊ ငံပြာရည်နဲနဲ ထဲ့ပြီး သုတ်လိုက်ရင် ချဉ်ငံစပ်ချဉ်ပေါင်ထမင်းသုတ် ရပါပြီ။

    ကြက်သွန်ဖြူလေးတွေနဲ့တွဲစားရင်လဲကောင်းပါတယ်နော်။

  • မြစပဲရိုး

    September 28, 2014 at 4:30 pm

    ဒီလို ထမင်းသုတ် Post မှာ
    နီနေတာ ၁၃ခါထိတောင် နီ ထားတာ တွေ့ တော့ ..
    ကြည့်ရတာ
    ဝင်ဖတ်လိုက် ၊ ဗိုက်ဆာလိုက် နဲ့
    ညိုးပြီး နင်းကန် နီ နေတာလားမသိ။ ဟိ ဟိ။ lol:-)))

    သနားပါတယ် ဟယ်။
    ဒါမှမဟုတ် Program ထဲ မှာ random red function များ ရှိနေလား။ 🙄
    အံ့စရာ။

    ချဉ်ပေါင်သုတ် အတွက် ချဉ်ပေါင် ရှိ ဝူး …. ကလေး ရဲ့။ :-((

  • ကေဇီ

    September 29, 2014 at 6:56 am

    အဲ့ဒီ အမ က လန်ဒန် က တဲ့ အရီးး

Leave a Reply