ပရိဟိတ နဲ့ အတ္တဟိတ ဘာကွာသလဲ?

ငှက် ငယ်November 8, 20131min24714

 

 

ပရိဟိတ နဲ့ အတ်တဟိတ


ဘယ်လောက်ကွာသလဲဆိုတာ အားလုံးသိအောင် ပြောပြချင်ပါတယ်..။

                                           

       ဒီနေရာ မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဦးကျော်သူ တွေကို နှိုင်းပြီး ပြောချင်ပါတယ်.

ဗိုလ်ချုပ်က အများအကျိုးဆောင်ရွက်သွားတဲ့ လူပါ..

သူဒီကနေထိ ဆိုရင် ( 97 ) နှစ်ကျော်လောက် ရှိမယ်


ဗိုလ်ချုပ်သာ ဒီကနေ့ထိ သက်ရှိထင်ရှားရှိမယ်ဆိုရင် မြန်မာ နိုင်ငံမှာ ဘယ်အိမ်ဝင် ထမင်းစားစားရတယ်။


ဘယ်အိမ်ဝင် အိပ်အိပ်ရတယ် ။

 

ဘာဖြစ်လို့လဲ ဆိုတော့ အများအကျိုးဆောင်ရွက်တာကို..။ မဟုတ်လား ဗျာ

ပြီးတော့

ဦး ကျော်သူ

သူ့ကို လူတိုင်း သိပါတယ် ။ သူကသာ လူတိုင်းကို သိချင်မှ သိမှာ

သူ့အသက်ဘယ်လောက်လဲဆိုတာ သေချာမသိပါဘူး..

တကယ်လို့ သူ နောက်ထပ် ရက်ပေါင်း ( 10000 ) နေရမယ် ဆိုပါစို့.
ရက် ( 10000 )ဆိုတာ  နှစ် ( 20 ) နော်..

ရက်ပေါင်းတစ်သောင်းနေရမယ့် ဦးကျော်သူ
ည တစ်သောင်း အိပ်ရမယ်..
ရန်ကုန် မြို့ ဘယ်အိမ် ဝင်အိပ်အိပ် ရတယ်..။

တစ်နေ့ကို လူတစ်ယောက် ထမင်း သုံးနပ် စားရင်

ဦးကျော်သူ ထမင်း အနပ်ပေါင်း ( 30000 ) စားရဦးမယ်..

ရန်ကုန်မှာ အိမ် ( 30000 ) မက ရှိတယ် ကြိုက်တဲ့ အိမ်ဝင်စားလို့ရပါတယ်..။

အဲဒီလို မဟုတ်ပဲ …

ကိုယ့်အကျိုးဆောင်ရွှက်တဲ့ သူတွေကျတော့ ဘယ်သူကမှ ကိုယ့်ကို
အိမ်ခေါ်ပြီး ထားမယ်ဆိုတာ ဝေးပါတယ်။

သူက သိတယ် ငါ့ကို တစ်ကောင်မှ ကြည်တာ မဟုတ်ဘူး ဒါကြောင့် ငါ့အိမ် ငါဆောက်
ငါ့နန်းတော်နဲ့ ငါနေမှ ဆိုပြီး လုပ်ကြတော့တာပဲ ..။

အဲဒါ အတ္တသမားပါ။

သေချာ စဉ်းစားကြည့်ဗျာ…အများအကျိုးဆောင်ရွက်တဲ့ သူတွေက ထမင်း မရှားပေမယ့်
အတ္တသမားကျတော့ ဘယ်သူက ကျွေးချင်မှာလဲ..?

ကျွန်တော် အခုလို ပြောပြတာ လက်ခံနိုင်ကြမယ်လို့ ထင်ပါတယ်….။

           

ငှက်ငယ်

14 comments

  • ခင် ခ

    November 8, 2013 at 10:57 pm

    ကျွန်တော်သိတဲ့ အဆိုတစ်ခုကတော့ အတ္တ နဲ့ ပရ မျှတအောင် နေပါတဲ့ဗျ။

  • kai

    November 9, 2013 at 12:23 am

    ကိုရင်ငှက်ငယ်အတွေးတွေ.. အစွန်းယူလွန်းနေတယ်ထင်တာပဲ..
    ဘယ်နှယ်..
    ဗိုလ်ချုပ်အောင်ဆန်းက.. သူ့အစည်းအဝေးခန်းမှာနေရင်း… အပြင်ကနေလာလုပ်ကြံလို့ကျဆုံးရတာလေ..။ အင်း..
    အနိစ္စ… :mrgreen:

  • Ma Ma

    November 9, 2013 at 7:55 am

    ခုရက်ပိုင်းမှာပဲ ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒရဲ့ အတ္တဟိတနဲ့ ပရဟိတအကြောင်း တရားတစ်ပုဒ်မှာ တစွန်းတစ နာလိုက်ရတယ်။
    အတ္တဟိတ ကိုလုပ်ရာက ပရဟိတ လုပ်ပြီးသား ဖြစ်သွားတယ်ဆိုတဲ့ အယူလေး သဘောကျမိတယ်။

    မိမိကိုယ်ကို ကောင်းအောင် ကြိုးစားခြင်းဖြင့် ပတ်ဝန်းကျင်ကို (အများအကျို ုးကို) စောင့်ရှောက်ပြီးသား ဖြစ်သွားတယ်တဲ့။
    အနီးဆုံး ဥပမာတစ်ခုအနေနဲ့ မိသားစုထဲမှာ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေထိုင်ခြင်းဖြင့် မိသားစုကို စိတ်မချမ်းမသာ မဖြစ်စေဘူး။
    ကိုယ်ကျင့်တရားကောင်းအောင်လုပ်ခြင်းဖြင့် သူတပါးကို အနိုင်မကျင့်ဘူး၊ မတရား မလုပ်ဘူးဆိုရင် ပရဟိတ လုပ်ခြင်းပါပဲလို့ သဘောပေါက်ပြီး အတ္တနဲ့ ပရ ဆက်စပ်သွားနိုင်မယ်။ :))

  • ဦးကြောင်ကြီး

    November 9, 2013 at 9:25 am

    သာဂျီးမာမွတ်ခိုမ်ကိုတော့ ထှာမင်းကျွေးမည့်သူ ကြောင်တဂေါင်တည်း ရှိ၏။ သာမီးဒေါ်ဂလေး မျက်နှာကြောင့်….

  • Khant Khant

    November 9, 2013 at 9:48 am

    လူဝတ်ကြောင်ဘဝနဲ့ကုသိုလ်ကောင်းမူ့အများကြီးလုပ်နိုင်တာ

    နိုင်ငံရေး (အမျိုးမျိုးပါ) အလုပ်ပါ။

    နောက်

    လူဝတ်ကြောင်ဘဝနဲ့ အကုသိုလ် အများဆုံးယူနိုင်တာလဲ

    နိုင်ငံရေး (အမျိုးမျိုးပါ) အလုပ်ပါပဲ။

    ရွာ့ပညာရှိများ စဉ်းစားကြလေကုန် :mrgreen:

  • may july

    November 9, 2013 at 11:07 am

    အတ္တ နဲ့ ပရ မျှတအောင် နေ…
    နိဗာန်ရောက်ချင်ရင် အတ္တ များများလုပ် ..
    မရောက်ချင်သေးရင် ပရ များများလုပ် .. ဟိဟိ
    (ချင့်ယုံ ..ချင့်ယုံ )

  • naywoon ni

    November 9, 2013 at 12:47 pm

    သူများ​တွေကိုလက်​ညိုးထိုး​ပြော​နေမဲ့အစား ကိုယ်​့ကိုကိုယ်​​ပြောကြည်​့ ရ​အောင်​ ………
    ငါ​နေတဲ့မြို့မှာ ဘယ်​နှစ်​အိမ်​ထမင်​းတက်​စားလို့ရတယ်​ ဘယ်​နှစ်​အိမ်​ ဝင်​အိမ်​လို့ ရတယ်​ စသည်​ ဖြင်​့ ​ပေါ့ လိပ်​ပြာသန်​့ရင်​ အမျိုး​​တွေပါထည်​့တွက်​လို့ရတယ်​

  • ကပ္ပိယ သာဒင်​

    November 9, 2013 at 2:22 pm

    ဟားဟား ဟားဟား ..
    ကပ္ပိယ တို့က​တော့ ဘဘုန်​းကြီး​နောက်​လိုက်​ပြီး တီးလိုက်​တာ ​ပြောင်​လို့ဗျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 9, 2013 at 9:39 pm

    ကျူပ်လို ဘဒ်ဒန်ဒဂ ဒီလိုနှလုံးသွင်းတယ် မှတ်သားဂျ .. ငိငိ
    သတ္တဝါရဲ့သဘောထဲ
    .. အလိုတူလို့ ကြည်ဖြူတယ် မလိုလို့မကြည်ဖြူဘူး ( အဂတိအချိူမပြေပုံ )
    … စေတနာ ( သဒ္ဓါ ) ရဲ့ သဘောမူရင်းက လိုမှမလိုမှ မဟုတ်ဘူး
    ….. ဗိုလ်ချူပ်အောင်ဆန်းမှ ဦးကျော်သူမှ
    … ဗိုလ်ချူပ်မှူးကြီးကြီးမှူးချူပ် အေဘေး ( ဟုတ်ပါဘူးဘွာ ) အဘ သန်းရွှေမှ မဟုတ်ဘူး
    .. အလိုရှိသူကို ပေးရာမှာ စေတနာ ( သဒ္ဓါ ) သာမူရင်းခံတယ်
    .. ( ရံခါ သတ္တဝါရဲ့ သဘော ( ကံ ) ထဲက စေတနာထားခံရတာသပ်သပ်
    .. ဒီနေရာမှာမြင်အောင်တွေးရင်
    .. ဗိုလ်ချူပ်အောင်ဆန်းရယ် ဦးကျော်သူရယ်သာ အများအကျိူး ( ပရဟိတ ) မလုပ်ရင်
    .. ထမင်းခေါ်ကြွေးခြင်စိတ်ရှိမလါး??
    .. အဘိဓမ္မသဘောအရ
    … ( သဂျီးအပြောတော့ အဘိဓမ္မာ ဘုရားမဟောဘူးဆိုတော့ ဘယ်သူဟောသလဲမသိ )
    .. ကိုယ့်စေတနာက ဘက်လိုက်နေတဲ့သဘောလေး ထင်သာမြင်သာရှိနေလေရဲ့
    .. ( ဒါက အကြမ်းဖျင်းလေးပါ )

  • ငှက် ငယ်

    November 9, 2013 at 11:54 pm

    comment တွေ အရမ်း အားရပါတယ်..

    အိမ်တိုင်း တက်စားနိုင်အောင် ကြိုးစားနေပါတယ်……..။

  • Foreign Resident

    November 10, 2013 at 6:18 am

    ကျနော် ကတော့ အတ္တ ဟိတ သမား စစ်စစ် ( စစ်စစ် ) ကြီးပါ ။
    ကျနော့်ရဲ့ ကိုယ်ကျိုး ကို အဓိက / ပထမ ဦးစားပေး လုပ်ပါတယ် ။
    ( ကိုယ့် ထမင်း ကိုယ်စား ၊ ဘယ်သူ့မှ သောက်ဂရု မစိုက်ဘူး ဆိုတဲ့ လူမျိုးကြီးပေါ့ )
    အဲဒီလို အတ္တ ဟိတ သမား စစ်စစ်ကြီး ဖြစ်ရတဲ့အတွက်လဲ ဂုဏ် ယူနေသူပါ ။

    ( ကိုယ်ချင်း စာနာစိတ် ရှိတဲ့ ၊ လူသား ဝါဒ သမား တစ်ဦးဖြစ်တဲ့ အတွက် ၊
    သူတစ်ပါးတွေရဲ့ အတ္တ ဟိတ စိတ်ရှိမှု တွေ ကိုလည်း အသိအမှတ်ပြုပြီး ၊
    သူတစ်ပါး အပေါ်တော့ မတရားမှု မလုပ်ပါဘူး / မလုပ်ချင်ပါဘူး )

    အတ္တဟိတ စိတ်ဟာ သတ္တ လောကကြီး အတွက် ၊ မရှိမဖြစ် စိတ်တစ်ခုလို့ ယူဆပါတယ် ။
    မှန်တာပြောရရင် အတ္တဟိတ စိတ်ဟာ ၊ ပရဟိတ စိတ် ထက် အရေးပါတယ်လို့ ယူဆပါတယ် ။

    ကျနော် ကတော့ ။
    ( စား ခွင့် ရရင်တောင်မှ ) သူများအိမ် လိုက်မစားချင်ပါဘူး ။
    ( အိပ် ခွင့် ရရင်တောင်မှ ) သူများအိမ် လိုက်မအိပ်ချင်ပါဘူး ။

    ကိုယ် ပိုင်ဆိုင်တဲ့ ကိုယ့် အိမ်မှာဘဲ ၊ ပိုင်ပိုင် နိုင်နိုင် အိပ် ချင်ပြီး ။
    ကိုယ့် လုပ်အားနှင့် ရှာထားတဲ့ ကိုယ့်ထမင်း ကိုဘဲ ၊ တင်းတင်းရင်းရင်း စားချင်ပါတယ် ။

    ဒါကြောင့် ၊ သူများ အိမ်မှာ အိပ်ပြီး ၊ သူများ ထမင်းကိုစားရတဲ့ ဘဝ ကို အားမကျပါဘူး ။
    အဲဒီတော့ကာ ၊ အဲဒါ အတွက် တော့ ၊ ပရဟိတ ကို လုပ်ဖြစ်မှာ မဟုတ်ပါဘူး ။

    အဲ ၊ ကိုယ် က အဆင်ပြေပြီးသား ဖြစ်နေလို့ ၊ အချိန်တွေ ၊ ငွေတွေ ပို ၊ အားယားနေမှသာ ၊
    တခြား လူသားတွေကို သနားတတ်လို့သာ ၊ ပရဟိတ လုပ်ဖြစ် တာပါ / လုပ်ဖြစ် မှာပါ ။

    အတ္တ ဟိတ လုပ်တဲ့သူတွေ အပေါ်မှာ အထင် အမြင် သေးခြင်း မရှိသလို ၊
    ပရ ဟိတ လုပ်တဲ့သူတွေ အပေါ်မှာလည်း အထင် အမြင် သေးခြင်း မရှိပါဘူး ။
    လူ ဆိုတာ ၊ သူတစ်ပါးကို မထိခိုက်ရင် ၊ ကိုယ် ကြိုက်တာ ကိုယ် လုပ်ခွင့် ရှိပါတယ် ။
    ကိုယ့် ကံ / ဝဋ် နှင့် ကိုယ်လာကြတာတွေ လို့ သဘောထားပါတယ် ။

  • ဦးဦးပါလေရာ

    November 10, 2013 at 7:17 am

    အတ္တဟိတ ဆိုတာ ကိုယ့်အကျိုး
    ပရဟိတ ဆိုတာ သူများ(အများ)အကျိုး….
    လို့ ….. နားလည်မိပါတယ်..။

    အင်း……………………………………………………………………..

    ကျုပ်ရဲ့ စိတ်နှလုံးမှာ သေသေချာချာလက်ခံထားတဲ့အယူကတော့-
    အကျိုး ဆိုတာ
    သူ့ အကျိုး ကိုယ့်အကျိုး ရယ်လို့ မဟုတ်ပါဘူး….။
    (ကောင်းကျိုး)အကျိုးရှိတဲ့ကိစ္စမှန်ရင် သူရောကိုယ်ရောအကျိုးရှိ အကျိုးဖြစ်ထွန်း ပါတယ်…။

    ဒါကြောင့် ကျုပ်တစ်ယောက်ထဲ (လုံးဝတစ်ယောက်ထဲသီးသန့်) အတွက်တော့
    အကျိုး ဆိုတာကို သူ့အကျိုး / ကိုယ့်အကျိုး ရယ်လို့ မခွဲပါဘူး…
    အကျိုး ဆိုတာကို ကောင်းကျိုး / မကောင်းကျိုး ရယ်လို့ပဲ ခွဲပါတယ်….

    အဲသလို ရှု့မြင်လိုက်တဲ့ လူ့ဂွစာတွေမှာတော့
    မြင်တဲ့အမြင်ကလဲ ဂွစာအမြင်
    (ကျင့်တဲ့)လုပ်တဲ့ အလုပ်ကလဲ ဂွစာ(အကျင့်)အလုပ်
    စောင့်တဲ့ သီလ ကလဲ
    ဂွစာ သီလ ပေါ့ …………………. နော ။

  • alinsett

    November 10, 2013 at 5:46 pm

    မနေ့က ကတည်းက ဖတ်ပြီးပေမယ့်
    ဘာမန့်ရမှန်းမသိ
    ကိုယ့်အမြင်နဲ့ သူ ့အမြင်မတူတော့လည်း
    ဘာမှ ဝင်မပြောဖြစ်တော့တာ။
    ဒီနေ့တော့
    တခြားမိတ်ဆွေတွေရဲ့ commentတွေနဲ့အတူ ပြန်တွေးတောသွားပါတယ်လို ့

    အဲဒါလေး လာသတင်းပို ့တာပါ

    :kwi:

Leave a Reply