အစ်ကိုကြီးများ အတွက် ဘရန်းဒက် – Branded Beers

ဇီဇီNovember 9, 20137min43949

ဘီယာ

Beer E

 

Beer

ဘီယာသည် ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံး ဘီယာ မည်သူစတင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာများကို နှစ်ခြိုက်ခဲ့ကြကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့် နှံစားပင်နှင့် ရေကိုအသုံးပြု၍ ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ် အမျိုးမျိုးပေါ်ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်း ကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိကလူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအသုံးပြုကာ ဂျပန် လူမျိုးများက ဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊ ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင် အဓိက အသုံးပြုသောဗျစ်ပန်း (Hop) များ ကိုမူ အေဒီ ၁,၀၀ဝ တိုင် အောင်အသုံးမပြုပေ။ ယနေ့ခေတ် ဘီယာချက်လုပ်ရာတွင် ခေတ်မီနည်းစနစ်များ ဖြင့်ချက်လုပ်ကာ အလိုအလျောက် ပုလင်းထဲထည့်ခြင်း၊ ပိုးသတ်ခြင်းများကို ဆောင်ရွက်သည်။ Kruger Cream Ale တံဆိပ် ပထမဆုံး ဘီယာဘူးများကို ၁၉၃၅ခုနှစ်၊ ဇန်နဝါရီ၂၄ရက်က Kruger Brewing ကုမ္ပဏီမှ ထုတ်လုပ်ရောင်း ချခဲ့ကြသည်။

ဘီယာ (beer) ဟာ  စားသောက်ကုန် တစ်ခုဖြစ်ပြီးတော. ကမ္ဘာမှာ ကျယ်ပြန်.စွာသုံးစွဲ နေကြတဲ. စားသောက်ကုန်တစ်ခုလည်းဖြစ်ပါတယ်။ လွန်ခဲ.သော နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ.တယ် လို. ယူဆကြပါတယ်။အယ်လကို ဟော ပါဝင်တဲ. အဖျော်ယမကာတစ်ခု ဖြစ်တယ်။  ကမ္ဘာမှာ ရေနဲ. လက်ဖက်ရည် ပြီးရင် တတိယမြောက် အသုံးပြုဆုံး စားသောက်ကုန်လည်းဖြစ်ပါတယ်။

ဘီယာမှာ အယ်ကိုဟော ပါဝင်နူံး volume 4 ကနေ 7 ထိ ထည်.သွင်းထားလေ.ရှိပါတယ်။

သမိုင်းကြောင်း

ဘီယာဟာကမ္ဘာ မှာ ရှေးအကျဆုံး အဖျော်ယမကာ ဖြစ်ပြီး ဘီယာကို ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၉၅၀ဝ လောက်က လယ်ထဲက ကောက်နှံပင် ကနေ စတင်တွေ.ရှိခဲ.တယ်လို. ဆိုပါတယ်။ဓါတ်တုဗေဒ သက်သေခံကို တော. ခရစ်တော်မပေါ်မီနှစ်ပေါင်း ၃၁၀ဝ လောက်မှ တွေ.ရှိခဲ.တယ်လို.ဆိုပါတယ်။

ယနေ.မှာတော. ဘီယာထုတ်လုပ်ရေးကို စီးပွါးရေး တစ်ခုအနေနဲ.လုပ်ဆောင်ကြပြီးတော. ကမ္ဘာတစ်ခုလုံးကို ဖြန်.ဖြူးရောင်းချနေကြပါတယ်။၂၀၀၆ ခုနှစ် မှာ တစ်နှစ် ဘီယာ ရောင်းရနူံး အရေအတွက် ဟာ လီတာ

သန်းပေါင်း ၁၃၃ သန်း (ဂါလံ သန်းပေါင်း ၃၅ )ထိ ရောင်းချခဲ.ရတယ်လို.သိရပါတယ်။

 

ဒါကတော့ ဟိုရှာဒီရှာ ရှာရင်း ဟိုတွေ့ဒီတွေ့ တွေ့လာတာ။ လင့် မမှတ်လိုက်ရဘူးးးးး၊ အဲလော့ ဘယ်လောက် မှန်မယ် မသိဘူးးး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီ လင့်လေးကတော့ https://myanmargazette.net/157728 ရွှေအိလေး ရေးထားတာ။

ဘီယာ ဘရန်းကို ရေးမယ် ဆိုကတည်းက အရင်တုန်းက ရွှေအိရေးခဲ့တဲ့ ပို့(စ) လေးပြန်ရှယ်မယ်လို့ တေးထားတာပါ။

ဘာလို့ဆို ကျနော်က ဘရန်းတွေ ရှာရမှာဆိုတော့ ဘီယာ itself  ကို ရှာရမှာ ပျင်း (အဲလေ) အချိန်မရတော့မှာစိုးလို့ပါ။

အမှန်တော့ ဒီ ပို့(စ) ကို ကိုဘလက် နဲ့ ကိုမျိုးသန့် မွေးနေ့ မှာ တင်ပေးမယ် စိတ်ကူးပြီး ဒီ လောက် အချိန်ကြာသွားပါတယ်။

ဒီ ဘရန်းတွေကို ကြိုက်နိုင်မဲ့ အကိုကြီး ၂ ယောက်မို့ပါ။

အယ်ကိုဟော တွေချည်း စုရေးမယ် စိတ်ကူးသော်လည်း အရမ်းဖောင်းပွသွားမှာစိုးလို့ အရင်ဆုံး ဘီယာ ရေးမယ်။

နောက်မှ ဝိုင် နဲ့ ဟာဒ် လစ်ကာ လာပါ့မယ်နော်။

ခြား ခြားရေးပါရစေ။

နို့မို့ ဖတ်ရုံတင် မူးနေမစိုးလို့ရယ်၊ အရက်သောက်တာ အားပေးသလေး ဘာလေးဖြစ်မှာစိုးလို့ရယ်။

:mrgreenn:

သများ အားပေးတာဟုတ်ဘူးနော်။

သများရှာထား ဖတ်ထားတာကို ပြန်ရှယ်တာ။

အဟေးဟေးးးးးးး :mrgreen:

လွတ်လပ်စွာ ရှယ်နိုင် ကူးယူနိုင်ပါတယ်။

အိမ်က မဒီများ ကေဇီကို ရန်လာမထောင်ရင် ပြီးတာပါပဲ။  :mrgreenn:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကဲ!!

ပထမဆုံးပြောပြမှာက ပေါ်ပြူလာ အဖြစ်ဆုံး ဘီယာ ၁ဝ မျိုးတဲ့ဗျားးးးးးးး။ ဘာတွေတုန်း ကြည့်ရအောင်။  ဇယားထဲမှာ အော်ရီချင်တယ် နိုင်ငံနဲ့ ဓာတ်ပုံတွေ နမူနာပြထားပါတယ်။ ။ ရှာရတာ မကြာပါဘူးးး ဒီ ဇယားလုပ်ရတာ ကြာတာပါ။

 

World’s Most Popular Beers:

‘The Drinks Business’ Names Top 10 Biggest Brands Of 2011

Ref:http://www.huffingtonpost.com/2012/09/26/worlds-most-popular-beer_n_1914327.html

 

1 2 3

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

 

နောက် လာမှာကတော့ ကွာလတီ အကောင်းဆုံး ဘီယာ ၁ဝ မျိုးပါတဲ့။ ဘယ်လောက် ကောင်းသတုန်း ကေ့(စ) စတာဒီ လုပ်တဲ့ အဖွဲ့ဖွဲ့မလား လို့ ပိတ်သတ်ကြီးရယ်။

ဖွဲ့ဖြစ်ရင်တော့ “ကျောက်” ကို ခေါင်းဆောင်တင်ရမှာပဲ။ ဪ ဆောဒီးးးး သူက ရာသက်ပန် ရှောင်လိုက်ပြီ ဆိုလား ဘာလားးးး ဟေးဟေးဟေးးး 

 

:mrgreenn:

 

 

Top 10 Quality Beers

ref:http://www.askmen.com/top_10/entertainment/21b_top_10_list.html

 

1 2 3

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒါကတော့ အကြီးကျယ်ဆုံး ဘီယာ ဘရန်းတွေပါတဲ့။ ဘာတွေ ကြီးပြီး ကျယ်လည်းတော့ မသိ။ တစ်ချို့ ဘီယာတွေ ကြားကို မကြားဖူးတာ။ ဟိဟိ။

 

Top 10 biggest beer brands

ref: Wiki/google

:mrgreen:

 

1 2 3

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အဟစ်ဟစ်~~  :mrgreenn:

ဒီတစ်ခါလာမှာကတော့ အနှစ်ပါပဲ။

သောက်ကြည့်သင့်တဲ့ ဘီယာ ဘရန်းတွေပါတဲ့။ ၁၃ မျိုးတောင် ရီကောမန့်လုပ်ထားပါတယ်။

အားနာစရာပဲ။

နံပတ် ၈ ဟို ဂါဒင်း တစ်မျိုးပဲ သောက်ဖူးပါတယ်။ ဘီယာထဲ အကြိုက်ဆုံးပါပဲ။ အဟွာလေ။ ဘဲနဲ့ ပေါင်းတာ။ ဘဲပေါင်းဖို့ ဘဲပေါင်းဖို့ ကြိုက်တာကိုပြောတာပါ။

:mrgreenn:

 

 

13 Beer Brands You Should Try

ref: http://www.rd.com/slideshows/great-beer-choices/#slideshow=slide14

 

1 2 3 4 5

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဒါတွေပြီးတဲ့နောက် ကေဇီလည်း မနေနိုင်။

ပို့(စ) ပါ အချက်အလက်များနည်းနေမလား ဆိုပြီး ဘီယာ ဆိုင် ကို  ………………………………………………………….. 

မသွားပါဘူးးးးး :mrgreenn:

အွန်လိုင်းမှာတင် ကျုပ်တို့ မြန်ပြည်ကြီးမှာ ဘာ ဘီယာတွေ ခေတ်စားပါလိမ့်လို့ ရှာလိုက်တော့ အောက်ပါ အတိုင်း သွားတွေ့ပါတယ် ပလိတ်သတ်ကြီးးးးးး  

 

အနော်တို့ ဘီယာတွေအတွက် ဓာတ်ပုံဆရာ ကောင်းကောင်းရှိသင့်ပြီထင်ပါရဲ့။
ရှာလိုက်တိုင်း ဘီယာပုလင်းကို ဆွဲဆောင်မှုရှိအောင် ရိုက်ထားတာမတွေ့ရ ကလေးမတွေ ကိုပဲ အသားပေးရိုက်ထားတဲ့ ကြော်ငြာချည်းပဲ။
အနော်တို့ လူမျိုးက ဘီယာကို နှခေါင်းနဲ့သောက်တယ်ထင်သွားပါဦးမယ် ပလိတ်သတ်ကြီးရယ်။
နိုင်ငံတကာ ရွှေတံဆိပ်ဆုရနိုင်တာ ဒီ ဟာတွေပဲ ရှိတာကလားးးး အဟွတ်!!!!!!

:mrgreenn:

 

 Beers in Myanmar

 

spirulina-beer
Spirulina Beer
ဒီ တစ်ပုံပဲ လှတပတ
myanmar beer
Myanmar Beer
အဖေလည်း မြန်မာ
အမေလည်း မြန်မာ
အဲလာကြောင့် အနော်လည်း မြန်မာပဲ။
mandalay red
Mandalay Red
ခုမှ မြင်ဘူးတယ်
Double strong
Myanmar Beer – Double Strong
Dagon Beer
Dagon Beer
ABC beer
ABC Stout

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

နောက် “ကျောက်” ပြောထားလို့ ကမ်ဘောဒီးယားတို့ ထိုင်းတို့ ဗီယက်နမ် ဘီယာ ဘရန်းတွေ ခြေဦးလှည့်ချင်သော်လည်း အဲတာတွေ လိုက်ရရင် အရှေ့တောင် အာရှ နိုင်ငံတွေ ကုန်ရချည်ရဲ့ ဆိုပြီး

စလုံး က အကြိုက်ဆုံး ဘီယာ ၆ မျိုးကိုပဲ စာရင်းပြုစုရင်း နိဂုန်းချုပ်လိုက်ပါတယ် ပလိပ်သတ်ကြီးးးးးးးးးးး

ကျေနပ်ကြမယ်လို့ထင်ပါတယ်။

ဝေးချက်ကလည်း ဂလိုတွေ လိုက်ရှာမှ တိုက်ဂါးကို စလုံး ဘရန်းသိတယ်။  :mrgreenn:

 

Most popular beer in Singapore

  1. Tiger Beer: Singapore
  2. Guinness: Ireland
  3. Budweiser: United States
  4. Stella Artois: Belgium
  5. Heineken: Netherlands
  6. Carlsberg: Denmark
~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကောင်းလွန်းလှတဲ့ ဘီယာလည်းသောက်

ဘိုက်လည်း မပူစေနဲ့ ပေါ့ဗျာ။

😀

 

49 comments

  • inz@ghi

    November 9, 2013 at 12:05 pm

    တောက်. ဘယ်မတုန်း ကီရင်း
    ဆက်ပိုရို
    အဲဘိစု နဲ့.
    ဆန်တိုရီ.

    ငဒို့မျက်ခွက်မှ မထောက် တော့ပ်တန်းထဲမဝင်တာ
    အသီးနာနွန်းနွန့်.

    Ps ခုတော့. တိုင်းဂါးမှ တိုင်းဂါးပဲ.

    အာဟိ.

    • KZ

      November 9, 2013 at 12:08 pm

      အဆာဟိ ပါတယ်လေကွယ်။
      စိတ်လျှော့! စိတ်လျှော့!
      😀

      လိုတာတွေထပ်ဖြည့်ပေးဦး ဂီ။
      နာ သိပ် မကျွမ်းကျင်လို့ ကျန်ခဲ့မှာတွေ ရှိနိုင်တယ်။
      🙂

  • ဦးကျောက်ခဲ

    November 9, 2013 at 12:19 pm

    တိန်… ကေဇီတို့ အချွန်နဲ့မ ခေါင်းတပ်ပြီ…
    ဝါသနာကလည်း လျှာမရှည်ရရင် မနေနိုင်တာမို့…
    သေသေခြာခြာ မန့်ပေးပါ့မယ်… သက်ဆိုင်သူ စိတ်ကောက်ရင် ရှင်းပေး…
    Erdinger တို့ Kloster တို့ Beck တို့ မပါတာ ဆားမပါသလိုပဲ…
    ပြန်လာမယ်ကွီ…
    😀

    • KZ

      November 9, 2013 at 12:50 pm

      ကွာလတီ နံပတ် ၈ မှာ Beck ပါတယ်လေ။
      ဟိ။
      ပြန်လာနော်။
      လိုတာဝိုင်းပြောပေးဦးးးး
      😀
      စိတ်မကောက်နဲ့လို့။
      အရင် အတွေ့အကြုံအရ ပြောပေးရတာပါလို့ ပြောလိုက်နော်။
      :mrgreen:

  • Myo Thant

    November 9, 2013 at 12:40 pm

    ( အမှန်တော့ ဒီ ပို့(စ) ကို ကိုဘလက် နဲ့ ကိုမျိုးသန့် မွေးနေ့ မှာ တင်ပေးမယ် စိတ်ကူးပြီး ဒီ လောက် အချိန်ကြာသွားပါတယ်။ )

    လူဆိုးမလေး ၊ 🙂

    ကဲ ကဲ ဒီညနေ စမ်းကြည့်ဦးမှ ၊

    ဒါပေမယ့် သားသားက နည်းနည်းနဲ့ တာသွားတဲ့

    ဂရင်းအပြာပဲ ကြိုက်တယ် ၊

    • KZ

      November 9, 2013 at 12:52 pm

      ဟီးဟီး
      အစက နာမည်တပ်မလို့ပဲ။
      နောက်မှ တပ်ရမဲ့ နာမည်တွေများနေလို့။
      😀

  • kai

    November 9, 2013 at 2:25 pm

    တောက်စ်…
    ဆြာဝန်က.. ကိုလက်စရောတက်လို့ဆိုပြီး…ဘီယာဖြတ်ခိုင်းထားပါတယ်ဆိုမှ.. ဘီဘီတွေထိုးပြနေတယ်..
    ဆိုတော့…
    တော်တော်များများသောက်ဖူးကြောင်း…
    ကိုရိုးနား(မက်ဟီကို) ကို.. လိုင်းမ်လေးနဲ့သောက်ရင်ဆွေမျိုးမေ့တတ်ကြောင်း….။
    အကြိုက်ဆုံးလေးတခုဖြစ်တဲ့.. Budweiser ကို.. ဘယ်လ်ဂျီယံလို့အပေါ်ပိုင်းမှာရေးထားတာမှားနေတယ်..ပြောလိုကြောင်း…

    မုယောနံ့သင်းသင်းလေးနဲ့.. ဘတ်ဝိုင်ဇာဟာ.. ယူအက်စ်ထုတ်စစ်စစ်သာဖြစ်ပါကြောင်းနော…

    • KZ

      November 9, 2013 at 3:14 pm

      Beer brewing in Budweis dates back to the 13th century.[1] A few hundred years later, two breweries were founded in the city that made beer which they called “Budweiser,” both being beers from the city of Budweis, which was then a part of the Kingdom of Bohemia. In 1876, the American brewer Anheuser-Busch began making a beer which it also called “Budweiser”. This led in 1907 to the “Budweiser trademark dispute” between beer companies claiming trademark rights to the name “Budweiser”.

      အနော်မှား တာ တဂျီးရေ။
      ကော်ပီ ဆွဲလိုက်မိတယ်ထင်တယ်။
      ဟီးးးးး
      ဟိုလိုပြင်ရမှာ အလုပ်ရှုပ်လို့ တဂျီး ကော်မန့်ကို ဟိုက်လိုက်လုပ်လိုက်ပြီ။
      ဘီယာထဲမှာ အဲလာကို အရင်ဆုံး စသောက်ဖူးတာဖြစ်ပါဒီ။
      😀

  • ကပ္ပိယ သာဒင်​

    November 9, 2013 at 2:32 pm

    ကပ္ပိယ ​တွေ ဘုန်​းကြီးမသိ​အောင်​ခိုး​သောက်​လို့ရ​စေတဲ့နည်​း​ပေးပါလား
    ဟင်​း ​တော့ခိုးစား​တတ်​တယ်​

    • KZ

      November 9, 2013 at 3:15 pm

      အွန်။
      မပေးပါဘူးးးး
      တော်ကြာ ခိုးသောက်သူတွေ ပွါးများလာ ဘယ်နဲ့ လုပ်မတုန်းးး

      :mrgreen:

  • alinsett

    November 9, 2013 at 3:32 pm

    မောင်ငေး ကလည်း လေ့လာသွားပါဒယ်ဂျ
    :kwi:

    • KZ

      November 9, 2013 at 5:36 pm

      ဟယ်။
      အကိုကြီးတွေ အတွက် ရေးထားတဲ့ ပို့(စ) ကလေးတွေမလာရဘူးးး
      သွားသွားးးးးး
      ဖွားမေ အကြော်ကြော်တာ သွားကူချည်။
      :kwi:

      • alinsett

        November 9, 2013 at 5:44 pm

        ဒေါ်ဖွားမေ ဘေးမှာ
        ဒဂျားမဲ ရှိသွားပြီ။
        🙂

  • kai

    November 9, 2013 at 4:11 pm

    ပြောလက်စနဲ့ပြောရဦးမယ်..
    ကျုပ်ကတော့.. အဆ ဟိထက်စာရင်.. ဆ ပိုရိုကိုပိုကြိုက်တယ်ဗျ..
    တိုကျိုမှာတုံးက.. တညထိုင်သောက် ၁ဝဗူးလောက်အသာလေးပဲ..။

    • KZ

      November 9, 2013 at 5:33 pm

      အွန်။
      တဂျီးးး
      အဲလာ ဂျာပွန် ဘရန်းလားးးး
      ဂီလည်း ပြောသွားတယ်။
      အဲလာတွေတော့ မသိတော့ဘူးးးး ဟီးဟီး

      😀

      • kai

        November 10, 2013 at 3:11 am

        ဂျာပွန်ထုတ်ပါ..။ ဆပိုရိုဆိုတာ.. ဂျာပွန်မြောက်ပိုင်း.. ဟော့ကိုင်းဒိုးကျွန်းမြို့တော်နာမယ်ပေါ့…
        ဆိုတော့…
        ကေဇီစာရင်းထဲ.. ဘတ်လိုက်နဲ့..ဘတ်ဝိုက်ဇာက..တကုမ္ပဏီထဲထုတ်တာဖြစ်ပြီး.. ဘတ်လိုက်ကို.. မိန်းမတွေအပါအဝင်.. ကျမ်းမာရေးနဲ့(နည်းနည်းပိုညီတဲ့) အပျော့လေးသောက်ချင်သူတွေအတွက်ရည်ရွယ်တယ်ဆိုတာလေးပါဖြည့်ပေးလိုက်ကြောင်း…။

        • KZ

          November 10, 2013 at 8:25 am

          ဟင်!
          ဟုတ်လားးးး
          စမ်းကြည့်ဦးမှ။
          😀
          ရေးသာရေးရ မမြင်ဘူးတာများတယ်ဗျ။
          ဟီးးး
          စလုံး က ၆ မျိုးမှာ တောင် ၁ မျိုး မမြင်ဖူးဘူးးးး :mrgreenn:

  • TNA

    November 9, 2013 at 4:20 pm

    နာကတော့ တိုင်းဂါးမှတိုင်းဂါးပဲ တခြားဟာတိုးဘူး။ ဟင့် ဗိုက်ပူတယ်ချိုလို့ စိတ်သွားတိုင်းကိုယ်မပါဘူးအေ 😥

    • KZ

      November 9, 2013 at 5:35 pm

      ဟိ။
      အနော် ကျား မကြိုက်ဘူးးး
      မသောက်နဲ့ ယောက်ခမ။
      ဟင်းချက်စားကြမယ်။
      နောက်ရက်မှ တင်ပေးမယ်။

      🙂

      • TNA

        November 9, 2013 at 9:45 pm

        ကြားဖူးနေတယ်။ ချက်နည်းမသိဘူး။ ကဲတင်ဇေသတီးချွေးမွလေးရေ မျှော်နေဘာမည်

  • အာဂ

    November 9, 2013 at 4:58 pm

    ဒေါ်ရွှေအိနဲ့ ခိုင်ဇာတို့ရေ…..ကျူပ်စိတ်တွေကိုလာလာဆွနေသလိုဘဲ။ မြန်မာပြည်ကဘီယာတွေထဲမှာ ဆိုရင်တော့ မသောက်ဖူးတာ မရှိသလောက်ဘဲ။ အကုန်သောက်တယ်။ ဘာပဲပြောပြောညီးတို့ ၂ယောက် ကို တင်းတယ်အေ…။ ဒီနေ့ ပိုစ်၂ခုဖတ်လိုက်ရတာ လေချဉ်တွေ တက်တယ်အေ..။ ဒီလိုပြောတာကိုလည်း ကျုပ် မိန်းမတော်ကြီး မသိပါစေနဲ့အေ..။

    ခင်တဲ့ ဂ

    • KZ

      November 9, 2013 at 5:37 pm

      ဟွန့်။
      လာပြန်ပြီ တစ်ယောက်။
      ဒါ မောင်လေးတွေ အတွက် ဟုတ်ဘူးးးး
      လာပြီး ငမ်းပြီး သရေမကျနဲ့။
      တိုင်ပြောမယ်။

      :boss:

      • အာဂ

        November 11, 2013 at 5:39 pm

        ဟွင့် တားက ကရေး မဟုတ်တော့ဘူးဂျ..။ လူကြီးဖြစ်နေဘီ..။

  • ဗုံဗုံ

    November 9, 2013 at 7:49 pm

    အေ့….မ..မ…ဂျီးးးးးးးးးးး…အေ့…… အေ့….
    အထုမှ တောအရက်စစ်စစ်သောက်လာတာ..အေ့…
    မွ……..မွ….ဂျီး….ကို……ဂျစ်…ဒယ်…..အေ့

    :mrgreen: :mrgreen:

    • KZ

      November 10, 2013 at 8:22 am

      ဟေ။
      တောအရက်နဲ့ အရက်ပြန်မှားသောက်မိဦးမယ် ဗေးကလုံ!!

      😀

  • black chaw

    November 10, 2013 at 11:05 am

    မမြင်ရတာ အတော်တောင် ကြာနေပြီနော်…ဒေါ်ခိုင်ဇာရေ…။
    ရွာထဲမရောက်ဖြစ်တာ ပြောပါတယ်…။

    အမှန်တော့ ဒီ ပို့(စ) ကို ကိုဘလက် နဲ့ ကိုမျိုးသန့် မွေးနေ့ မှာ တင်ပေးမယ် စိတ်ကူးပြီး

    ဆိုတာလေးတစ်ခုနဲ့ တင် လက်မတစ်ချောင်း ထိုက်တန်ပါတယ်…။
    အမှန်ကို ဝန်ခံရရင်တော့ ကျွန်တော်က အရက်သမား ပါဗျာ…။
    ဘယ်လောက်အရက်သမား စစ်သလဲ ဆိုရင် ဘီယာ တောင်
    မသောက်တဲ့ အရက်သမား ဗျ…။
    ဟေးဟေး…။
    အရက်သောက်ရင်လည်း အလကားနေရင်း အဓိပ္ပာယ်မဲ့ သောက်နေတာမျိုးတော့
    မဟုတ်ပါဘူးဗျာ…။
    အထိမ်းအမှတ်လေးတွေ နဲ့ ဂုဏ်ပြုတဲ့အနေနဲ့ သောက်ဖြစ်နေတာပါဗျ…။
    မနေ့က ဒေါ်ခိုင်ဇာ ရဲ့ ဒီပို့စ်လေးကို ဖတ်ပြီး ကျွန်တော့်နာမည်ပါလို့ ပီတိဖြစ်တာနဲ့
    သောက်ဖြစ်ပါတယ်…။ ဒေါ်ခိုင်ဇာကို ဂုဏ်ပြုတဲ့ အနေနဲ့ ပေ့ါ…ဂေ့…။
    ဒီနေ့တော့ MissUniverse2013 Miss Venezuela ကို ဂုဏ်ပြုတဲ့ အနေနဲ့ သောက်မလားလို့…။
    မနက်ဖြန်တော့ ထားထက်ထက်လေး အတွက် သောက်မယ်လို့ ယာထားပါတယ်…။
    သဘက်ခါ ကတော့…
    ဟေးဟေး…ဂုဏ်ပြုရမယ့် သူတွေနဲ့ အထိမ်းအမှတ်တွေက အများသားဗျ…။
    ဆိုတော့…
    အစ်ကိုကြီးများအတွက် ဘရန်းဒက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ…
    အရက်တွေ အကြောင်းရေးတဲ့ ဒေါ်ခိုင်ဇာရဲ့ ပို့်စ် ကို မျှော်နေမယ်ဗျာ…။
    ချစ်ခင်လေးစားသော
    အရက်သမားကြီး ဘလက်…။

    • kai

      November 10, 2013 at 2:24 pm

      ဒီနေ့ပဲ..တီဗီကလာတဲ့.. ဒီဘိတ်တခုကြည့်နေတာ…
      ယူအက်စ်မှာ ဆေးခြောက်ရောင်းဝယ်ဖေါက်ကားသုံးစွဲ… တရားဝင်လုပ်ဖို့.. လူထုအများစုကမဲပေးနေကြတာနဲ့.. တရားဝင်လုပ်ကြဖို့ကိစ္စပေါ့..
      58 percent support marijuana legalization, poll says – CBS News
      http://www.cbsnews.com/8301-250_162-57608877/‎
      Oct 23, 2013 – For the first time ever, Gallup finds a clear majority of Americans support legalizing pot; support has jumped 10 points since 2012.
      ဆိုတော့…
      အရက်သမား ပညာရှင်တယောက်ကပြောတယ်..။
      သူ့အနေနဲ့က.. တရက်ဘီယာ..အရက်.. နေ့တိုင်းချနေတာကနေ… အခုဆေးခြောက်ပြောင်းသုံးကြည့်တာ… အရက်တပါတ်တခါပဲသောက်ဖြစ်တော့တယ်တဲ့..
      ဆေးခြောက်က.. ကျမ်းမာရေးနဲ့ပိုညီပြီး..လူလည်းပိုပျော်တယ်တဲ့လေ..

      အဲဒါ…
      အခုလိုဆေးခြောက်တရားဝင်လုပ်တော့မယ့်..အခါသမယကြီးမှာ.. အရက်နဲ့ပါတ်သက်တဲ့..အလုပ်အကိုင်အခွင့်အလန်းတွေ ပူပန်စရာဖြစ်လာမယ့်အကြောင်း..ဆက်ဆွေးနွေးနေကြတာပါ…
      ဆေးခြောက်ရဲ့.. တရားဝင်လည်ပါတ်ငွေ.. ဒီနှစ်ထဲ.. ၁.၅ ဘီလီယန်ကနေ.. နောက်နှစ်ဆို.. ၂ဆ..၃ဘီလီယန်ဖြစ်မယ်ဆိုတာပဲ….

      Market For Legal Marijuana Could Be Worth $10 Billion By 2018: SFist
      sfist.com/2013/11/…/market_for_legal_marijuana_could_be.ph…‎
      by Jay Barmann
      6 days ago – A new report says that the legal marijuana trade is estimated at $1.43 billion for 2013, and that that number could be 64 percent higher by next …

      အဲဒါနဲ့.. ကျုပ်လည်း.. ဆေးခြောက်ပြောင်းတော့မလားလို့…
      ဆေးသမားဖြစ်တော့မယ့်.. သူကြီး :mrgreen:

      • KZ

        November 11, 2013 at 8:29 am

        ဟယ်။
        တဂျီးးးး
        အဲ့ ဆေးခြောက် ကိတ်စန တရားဝင်ဖြစ်ရင် ရဲတိုက်လေး လွတ်တော့မှာပေါ့နော်။

        :mrgreen:

    • KZ

      November 11, 2013 at 8:28 am

      ကိုဘလက်ကြီး မလာမှာစိုးလို့ကို ဖုန်းဆက်ခိုင်းနေတာ။
      အစ်ကိုကြီး ဘီယာမသောက်တာ မသိလို့ပါတော်။
      နောက်တစ်ပို့(စ) မှ ဘရန်း အရက်ကြိုက်တဲ့သူကြီး အတွက် ရေးပါ့မယ်။
      ဟိဟိ။
      😀

  • အဘ ဘုတ်ကလုံ

    November 10, 2013 at 8:28 pm

    အဘဘုတ်လည်း ဒီနေ့ ဥပုသ်စောင့်မယ် အားခဲထားတာ
    သမီးလေးဇာ ရေးထားတာ သေချာဖတ်ရင်း ဖတ်ရင်းနဲ့
    မြန်မာဘီယာလေး သုံးပုလင်းတော့ နှလုံးသွေးလေ လျှောက်အောင်
    သွားဂလုလိုက်ဦးတော့မယ်ကွယ်။ မြန်မာပြည်က သူများ နိုင်ငံတွေနဲ့ယှဉ်ရင်
    ဘီယာဈေးတော်တော်ပေါပါတယ်ကွယ်။
    ယမကာဆိုတာ လူ့ပြည်နဲ့ အသူရာပြည်မှာပဲ ရတာပါကွယ့်။
    အသက်အရွယ်လေးရတုန်း ကာမဂုဏ်တွေ ခံစားကြကွဲ့လို့
    အဘဘုတ်တော့ မြှောက်ပေးသွားပါတယ် သာမီးလေးတို့ရယ် 😳

    • KZ

      November 11, 2013 at 8:31 am

      အဘ မြှောက်ပေးတာနော်။
      အနော်မပါပါဘူးးးး

      😀

  • Wow

    November 11, 2013 at 10:01 am

    အမဲသားကို ဝိုင်နဲ့နှပ်ပြီး ပူစပ်ဟင်းချိုလေးချက်ကျွေးပါဆွိ…. အမဲသားကိုကာဆူကီ ဆိုလား :mrgreen:

    • KZ

      November 11, 2013 at 10:06 am

      လုံးဝ မချက်တတ်တဲ့ အထဲမှာ အမဲသားပါသဟ။

      ဟိဟိ။
      ပြီးတော့ ဝိုင်နဲ့ လည်း ဟင်းမချက်တတ်ဘူးးးး

      ဟီးးးးး
      အဲ့လော့ တို့ ဆိုင်ကိုပဲသွားစားကြစို့။

      :mrgreen:

  • မဟာရာဇာ အံစာတုံး

    November 11, 2013 at 10:38 am

    ဘီဘီနဲ့ ပတ်သက်လာယင် …
    ဟိုလူရီး နှစ်ယောက်ကို မေ့ထားလို့ ရမယ် မထင်ဘူးရယ် ..
    ကျော့်အတွက် ပေါပါဒယ် …
    အိုက်လူရီး နှစ်ယောက်ပေါ့ …
    ကျော်ကို ဘီဘီ နဲ့ မိတ်ဆက်ပေးခဲ့တာ …

    လောလောဆယ် အနေအထား အရဒေါ့ ..
    ဘာလာလာ ဒေါင်းတယ် …
    နို့ … နှစ်ခွက်ထက်တော့ ကျော်လို့ ရဘူးးး
    ဟီးးးးးးး
    :mrgreen:

    • KZ

      November 11, 2013 at 10:58 am

      အင်း သိတယ်။
      အဲလူရီး ၁ ယောက်က ခုတော့ အရေးကို မလုပ်လို့ မရေးရဲဘူးးးး
      😥

      နောက် လူရီး တစ်ယောက်ကိုပဲ ၃ ပို့(စ) လုံး တိုင်တည်ရေးမယ် စိတ်ကူးတယ်။
      :hint:

    • kyeemite

      November 11, 2013 at 3:45 pm

      ဟေ့ဂေါင်..၆မျက်နှာ…ဒါကျေးဇူးဆပ်တာပေါ့လေ…
      နင့်ဂိုသာဘီဘီနဲ့ မိတ်ဆက်ပေးတာ…နာဂ …ဟိုနားစွန်နဖြားရပ်ကွက်က ဘဘ ဘလက်ကြီးလိုပဲ
      အရက်သမားကွ….နာ့ အဗက်တာပုံမှာကျိပါလား… 😀
      ကေဇီရေ…ဂေ့..အေ့..အေ့
      ဘီယာ ထဲတော့ ဟန်နီကန် ကိုကြိုက်တယ်(အရသာ)
      အရက်တော့ ဘာလာလာပဲ…
      အခုလည်းမူးနေလို့ ဒီလောက်ပဲရေးခဲ့တယ်..ခွိခွိ :boss:

      • KZ

        November 11, 2013 at 3:52 pm

        ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
        :byee:

        အဲလာ ဆို အနော် မှားရေးမိပြီပေါ့နော်။
        ဘီယာ မသောက်ကြဘူးဆိုတော့။
        တတ်နိုင်ပါဘူးးးးး
        စ ဘရန်း မိမှတော့ ဆက်ရန်း မယ်။
        :mrgreen:

      • မဟာရာဇာ အံစာတုံး

        November 11, 2013 at 4:16 pm

        ညှစ်တိုဂျီး ကြီးမိုက်ရဲ့
        အဗာတာ ပုံထဲကလိုဆို …
        ဟိုနားစွန်နားဖျား ရပ်ကွက်က လူကြီး တစ်ယောက် ဘယ်လိုပဲ မှောက်မှောက်
        ကြီးမိုက် တစ်ယောက်ကတော့ အေးဆေး ဆိုဒဲ့ သဘောပေါ့လေ …
        ဟီဟိ … ရန်တိုက်ပေးဂဲ့ဘီ …

  • sorrow weaver

    November 11, 2013 at 11:11 am

    ဟန်နီကန်လေးပဲတောက်တယ်..တားတားတို့က…အဟိဟိ …အမဲခြောက်ထောင်းလေးနဲ့ .အဟိဟိ
    မူယာလေးပြင်ဆင်ပေးမယ့် ငါးရှဥ့်ခြောက်စပ်လေးနဲ့ မြည်းချင်တာ့…အဟိဟိ

    • KZ

      November 11, 2013 at 11:16 am

      ဟွန့်။
      နာ့ ညီမလေးပဲ မျက်စောင်းထိုးနေတယ်။

      အဲလာဆို မမကို ဘီယာ တိုက်။
      မိတ်ဆက်ပေးမယ်၊.

      :mrgreen:

  • Mr. MarGa

    November 11, 2013 at 7:12 pm

    ဪ…. ဘီယာ…. ဘီယာ…
    တစ်ခါက ဘီယာဟာ အရက်တော့ မဟုတ်ပါ ဆိုပြီး သီချင်းလေးနဲ့တောင် ကြော်ငြာဖူးသေးတယ်ထင့်….
    အပေါ်က ပြောသွားတဲ့အထဲ
    ဟန်နီကန်က လွဲရင် မသိတာမို့
    သူများတွေကို ဆရာလုပ်ဖို့
    မှတ်သွားသကွယ်…… :mrgreen:

    • KZ

      November 12, 2013 at 12:43 pm

      မသောက်တတ်ပဲ သူများကို ဆရာလုပ်ချင်သေးတယ်။
      ဇ ကတော့ ………………..
      …………………….
      ငါ့ အတိုင်းပဲ။

      :mrgreen:

  • ရဲစည်

    November 12, 2013 at 7:50 pm

    အပေါ်မှာ ဘီယာဘရမ်းတွေ အများကြီးတွေ့တယ်
    တော်တော်များများမှ တော်တော်များများကို မသောက်ဖူးဘူး
    တချို့ဟာတွေဆို ကြားတောင် မကြားဖူးဘူး …..
    သေရည် သေရက်နဲ့ ပတ်သက်ရင်တော့
    ရောက်ရာအရပ်မှာ ရှိတာသောက်ပါတယ်။
    မရှိရင် ရှာပါတယ် …..
    မှတ်မှတ်ရရ …. ဘင်္ဂလားဒေရှ့် ဒါကာမှာ
    အရက်သောက်ဖူးပါကြောင်း …………

    • KZ

      November 13, 2013 at 12:23 pm

      အေးဟေ။
      အယွဲ ရေ။;
      မယ်မယ် ဆီ လာခဲ့ဟေ။
      တိုက်မယ်ဟေ။
      ရေနွေးကြမ်းးးးး ကို အရက်ပြန်ခပ်ပြီးးးးး

      😀

  • ကေဇီ

    May 8, 2014 at 5:54 pm

    ဒီမှာသောက်ကြဆိုဟေ့……ရွာသူားများ….။
    >>>>>>>>><<<<<<<<<<<<<<<<<<<

    ဘီယာသောက်သင့်သည့် အချက် (၁၀)ချက်
    ………………………………………………..
    ကျန်းမာရေးဝက်ဆိုက်တခုကတော့ ဘီယာသောက်ခြင်းနဲ့ပတ်သတ်ပြီး ယခုလို ဆိုလိုက်ပါတယ်။

    ဘီယာဟာ သောက်သင့်တဲ့ ယမကာ တစ်မျိုးဖြစ်ပါတယ်တဲ့ ။ ဘာလို့လဲ ဆိုတော့ ဘီယာမှာ …..

    ၁။ ကိုလက်စရောကို မြင့်တင်ပေးနိုင်ခြင်း

    တကယ်လို့ သင်ဟာ ဘီယာကို နေ့စဉ်ပုံမှန်နှုန်းဖြင့် သောက်သုံးခဲ့မယ်ဆိုရင် ကိုယ်ခန္တာ ကိုယ်အတွင်းရှိ ကိုလက်စရောရဲ့အချိုးကို သင့်တင့်မျှတစေ
    တယ်လို့ ဆိုပါတယ်။ လေ့လာချက်တွေအရ ဘီယာမှာ ကိုလက်စရောကို
    မြှင့်တက်စေတဲ့ အစွမ်းရှိပါတယ်တဲ့။

    ၂။ အသက်ရှည်စေခြင်း

    လေ့လာမှုများစွာအရ ဘီယာသောက်သုံးခြင်းဟာ အရက်သေစာသောက်သုံးသူတွေထက် ပိုပြီးကျန်းမာအသက်ရှည်တယ်လို့ ဆိုပါတယ်။ ဥပမာ.. ညနေပိုင်း အလုပ်ပြန်ချိန် (သို့) သူငယ်ချင်းများနဲ့ ဘီယာဆိုင်ထိုင်တယ်ပဲ ဆိုပါစို့။ ဝိုင်းဖွဲ့ပြီး စားသောက်၊စကားစမြည်
    ပြောခြင်းက သင့်မှာရှိတဲ့စိတ်ဖိစီးမှုပြေပျောက်စေခြင်း၊စိတ်ရွှင်လန်းစေခြင်း
    စတဲ့အချက်တွေက သင့်ကျန်းမာရေးကို တိုးတက်စေလို့ပဲ ဖြစ်ပါတယ်။

    ၃။ ကယ်လိုရီပါဝင်မှု နည်းပါးခြင်း

    ဘီယာမှာ ကယ်လိုရီပါဝင်နှုံး နည်းပါတယ်။ နံနက်အိပ်ယာနိုး ပြီး တစ်နာရီ
    အတွင်း ဘီယာ တစ်ခွက်သောက်မယ်ဆိုရင် တစ်နေ့တာ ကယ်လိုရီကို အပြည့်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ၄။ ကာဗွန်ဟိုက်ဒရိတ် ပါဝင်နှုံး လျော့နည်း ခြင်း

    ဘီယာမှာ ကာဗွန်ဟိုက်ဒြိုက် ပါဝင်မှုကလဲ အနည်း ငယ်မျှသာပါဝင် ပါတယ်တဲ့။

    ဘီယာ ၂၄ ခွက်မှာ ကာဗွန်ဟိုက်ဒြိတ် ၃၀ဝ ဂရမ်သာ ပါဝင်ပါတယ်။ ဒီပမာဏဟာ ပန်းသီး အနည်းငယ်ကို စားသုံးခြင်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘီယာမှာ ကာဗွန်ဟိုက်ဒရိတ်
    ပါဝင်နှုန်း ဘယ်လောက်နည်း လဲ ဆိုတာ သိနိုင်ပါတယ်။

    ၅။ ရေနဲ့ အာနိသင်တူခြင်း

    ဘီယာကို နေ့စဉ်ပုံမှန်သောက်သင့်တယ် ဆိုတဲ့အချက်မှာ ရေနဲ့ အာနိသင်ခြင်း တူတာကြောင့်လဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဘီယာကို အယ်ကိုဟောလ် နဲ့ တဆေးပါဝင်တဲ့ သဘာဝဓါတ်ပေါင်း မှတဆင့် ထုတ်လုပ်ထားလို့ပဲ ဖြစ်ပါတယ်။

    ၆။ ဗီတာမင် ဘီ ကြွယ်ဝခြင်း

    ဘီယာမှာ ဖောလစ်အက်ဆစ်လို့ ခေါ်တဲ့ ဘီတာမင် ဘီလဲ ကြွယ်ဝပါသေး
    တယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်မှုကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

    ၇။ ရေထက် ဘေးကင်းခြင်း

    အကယ်၍ သင်ဟာ ကိုယ်နဲ့ကျွမ်းဝင်မှု မရှိတဲ့ တစ်နေရာကို ရောက်နေပြီ
    ဆိုပါစို့။ အဲဒီလိုနေရာမျိုးမှာ ရေဝယ်သောက်မဲ့အစား ဒေသထုတ် ဘီယာ
    တမျိုးကို သောက်တာက ပိုပြီး သင့်လျော်မယ်လို့ တိုက်တွန်းပါရစေ။ ဘာကြောင့်လဲ ဆိုတော့ ဘီယာဟာ သန့်ရှင်းမှုနဲတဲ့ရေပုလင်းတွေထက် သင့်ကျန်းမာရေးကို အထောက်အကူပြုစေလို့ပဲ ဖြစ်ပါတယ်။

    ၈။ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

    ဘီယာက နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးရုံမျှမက ဝိုင်အနီလိုမျိုးပဲ ဘီယာမှာပါဝင်တဲ့ အန်တီအောက်ဆီးဒန့် များစွာဟာ အကြားအာရုံနဲ့ ပတ်သတ်တဲ့ ရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အနက်ရောင်ဘီယာတွေမှာတော့ အန်တီအောက်ဆီးဒန့်ပါဝင်မှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

    ၉။ ကင်ဆာကို တွန်လှန်နိုင်စွမ်းရှိခြင်း

    ဘီယာမှာ Xanthohumol လို့ခေါ်တဲ့ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တမျိုးလဲ ပါဝင်ပါတယ်။ ဒီနေ့မှာတော့ Xanthohumol နှုန်း မြင့်တဲ့ ဘီယာတွေကို ဈေးကွက်မှာ ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

    ၁၀။ ဘီယာသောက်တိုင်း ဗိုက်မရွဲပါ…

    ဒီအချက်ကိုတော့ ဘီယာကြိုက်တဲ့သူတွေ နှစ်သက်လိမ့်မယ် ထင်ပါတယ်။

    လူတိုင်းနီးပါးသိထားတာက ဘီယာသောက်လေ့ရှိတဲ့သူဟာ တခြားသူတွေ
    ထက် ပိုပြီးအဝလွန်၊ဗိုက်ရွဲတတ်တာကြောင့် ဘီယာဗိုက်လို့တောင် စနောက်
    ခေါ်လေ့ရှိပါတယ်။ ဒီအချက်ကို လန်ဒန်တက္ကသိုလ်ရဲ့ သုတေသီများက “ဘီယာကို ပုံမှန်နှုန်းဖြင့် သောက်ခြင်းဟာ ဝမ်းဗိုက်ကို မရွဲစေပါဘူး၊ ဒါ့အပြင် လုံးဝမသောက်တဲ့သူတွေလောက်တောင် ဝိတ်မတက်ပါဘူး”လို့ မှတ်ချက်ပြု
    ခဲ့ပါတယ်။

    ဒါကြောင့် စာဖတ်သူများအနေဖြင့် ယနေ့မှစပြီး ဘီယာကို ကျန်းမာရေး
    အတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပြီဖြစ်ကြောင်း အသိပေးတိုက်
    တွန်းလိုက်ပါတယ်။

    MM Social Sky

    Easymusic

    • kai

      October 29, 2014 at 12:04 pm

      ကိုလက်စရောကို မြင့်စေတယ်ဆိုတာကြီးကို.. လန့်တာ..။
      သာမန်အဲလိုပြောရင်.. ကိုလုက်စရောတက်.. သွေးကြောပိတ်.. သေဖွယ်ရာသာရှိသည်ဆိုတာမျိုးဖြစ်နေသဗျို့…

      ရေးတာမပြည့်စုံဖူးလို။ပပဲ မှတ်ပါတယ်… :i:

  • Yae Myae Tha Ninn

    October 28, 2014 at 10:50 am

    ဘီယာသောက်တာ ဟာ အရိုးပွ ရောဂါ ကာကွယ်တယ် ကြားဖူးတယ်… ဟဲ…
    ဇာတ်လမ်း စ ပြီပေါ့… 🙂
    ဒဂုံ အနီတော့ ကြိုက်တယ်ဗျ… အရက်က ဗိုက်မပြည့်တော့ တော်တော် ဝင်တယ်.. ဘီယာကတော့ ဗိုက်တင်းရင် ဆက်မသောက်နိုင်တော့.. မမူးဘူးပေါ့… အနီ တော့ မပါလေ.. သူက ၂ ပုလင်းဆိုလဲ ကွဲ ချင်ချင်ရယ်… 🙂

    • မမချွိ

      October 28, 2014 at 3:09 pm

      ဒဂုံအနီ ကို မသောက်ဖူးဘူးးး
      အများကြီးသောက်ရင်တော့ဘယ် အရည်အရက်မဆို ရုပ်ကျတာပဲ ရယ်။

      :a:

      • Yae Myae Tha Ninn

        October 28, 2014 at 3:48 pm

        ရူပါ လန်းဆေးပါဆို… ဒက်ကထပဲ… 🙂

Leave a Reply