ကဗျာပြခန်း (၁၂) သို့မဟုတ် လုံမလေးမွန်မွန် ရဲ့ တင်ဆက်မှု

အာလုံးပဲ မင်္ဂလာပါရှင်။ မန်းဂဇက်ကဗျာချစ်သူတွေရဲ့ ကဗျာပြခန်းကတော့ ပြခန်း (၁၂) တိုင် ရောက်ရှိလို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြခန်းမှာ အလှည့်ကျတဲ့ ပြခန်းတာဝန်ခံကတော့ ကျွန်မ လုံမလေးမွန်မွန် ပါ။ ပထမဆုံးအနေနဲ့ ပြခန်းကို ကဗျာပေးပို့ကြတဲ့ ကဗျာရေးသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်ရှင်။ ကဗျာသာမရှိခဲ့ရင် ကဗျာပြခန်းဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီပြခန်းလေး ရေရှည်တည်တံ့အောင် ကဗျာပေးပို့ကြသူများကို ကဗျာချစ်သူတွေက အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ နောက်များမှာလည်း ကဗျာတွေကို ဆက်လက်ပို့ပေးကြပါဦးလို့ လေးစားစွာ တောင်းဆိုချင်ပါတယ်။ နောက် ဒီပြခန်းလေးကို အားပေးကြတဲ့ ရွာသူရွာသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကဗျာတွေကို ဘယ်လိုပဲ ပြထားပါစေ၊ ဝင်ကြည့်တဲ့သူ မရှိဘူးဆိုရင်၊ မဲပေးတဲ့သူ မရှိဘူးဆိုရင်၊ ကွန်မန့်ပေးတဲ့သူ မရှိဘူးဆိုရင် ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အားပေးကြတဲ့ ရွာသူရွာသားအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ကဗျာချစ်သူတွေရဲ့ ကဗျာပြခန်းလေးကို အားပေးကြပါ၊ လိုအပ်ချက်တွေကိုလည်း ထောက်ပြပြောပေးကြပါလို့ တောင်းဆိုချင်ပါတယ်ရှင်။ နောက်ပြီး ဒီရွာကို တည်ထောင်ပေးထားတဲ့ သူကြီးနဲ့ ကဗျာဆုအတွက် ကူညီပေးကြတဲ့ ဖတ်ရွေးအဖွဲ့ဝင် လူကြီးတွေကို ကျေးဇူးတင်ကြောင်းပါ။ ရွာကြီးသာ မရှိခဲ့ရင် ရွာသူရွာသားတွေနဲ့လည်း မဆုံတွေ့နိုင်သလို ဝါသနာပါတဲ့ ဒီကဗျာပြခန်းကိုလည်း လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုပဲ ကဗျာချစ်သူလူငယ်တွေက ကိုယ်လုပ်ချင်တာတွေကို ရှေ့ကလုပ်သွားတဲ့အခါမှာ အနောက်ကနေ ငွေအား၊ လူအားနဲ့ ထောင့်စေ့အောင် ဝိုင်းဝန်းကူညီပေးကြတာ လူကြီးတွေပါ။ ဒါကြောင့် အားလုံးအားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း ကဗျာချစ်သူများကိုယ်စား ကျွန်မက ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်ရှင်။

ကဲ.. ကျွန်မတို့ ပြခန်းထဲကို ဝင်ကြည့်လိုက်ရအောင်။ ဒီပြခန်းမှာ ရှေးကဗျာအပါအဝင် ကဗျာစုစုပေါင်း (၁၅) ပုဒ်ကို ပြသထားပါတယ်။ ဒီကဗျာတွေအပေါ်မှာ ကဗျာချစ်သူတွေခံစားမိတဲ့ ခံစားချက်တွေကလည်း မတူညီကြပါဘူး။ ကျွန်မတို့ရဲ့ ခံစားချက်နဲ့ ပြခန်းကိုရောက်လာသူတွေရဲ့ ခံစားချက် .. ဘာတွေတူညီမလဲ၊ ဘာတွေကွာခြားမလဲ… မတူတဲ့အမြင်တွေကရော ဘာတွေလဲ။ ကျွန်မတို့အတူတူ ခံစားကြည့်ကြရအောင်နော်။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

12-00

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

အောက်မှာ ကဗျာအမြင်နဲ့ ကဗျာပုံလေးတွေ တွဲထားပါတယ်။

အဲ့ဒီမှာ ပုံအသေးစားနဲ့ ပြထားတာကြောင့် ကြည့်ရတာ အခက်အခဲဖြစ်နေရင် အဲ့ဒီပုံကို နှိပ်ပြီး အကြီးစားနဲ့ ရှင်းရှင်းလင်းလင်း ကြည့်လို့ရနိုင်ပါတယ်။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

 

ထုံးစံအတိုင်းပဲ ရှေးကဗျာလေးတစ်ပုဒ်နဲ့ စဖွင့်လိုက်ပါတယ်။ ဒီကဗျာလေးကို ဖတ်ပြီးပြီးချင်း မိခင်မေတ္တာဆိုတာကို ခံစားမိခဲ့ပါတယ်။ အမျိုးသမီးတိုင်းလိုလို အလုပ်ထွက်လုပ်နေရတဲ့ ဒီခေတ်ကြီးထဲမှာ ဒီကဗျာလေးက အသက်ဝင်နေဆဲပါပဲ။ မိခင်ဖြစ်နေတဲ့သူတွေ၊ မိခင်ဖြစ်လာမယ့်သူတွေ အပြင် အားလုံးပဲ မိခင်မေတ္တာကို ခံစားမိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ (နို့သက်လေသောအခါ)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

အချစ်တဲ့။ အချိန်တိုင်း၊ စက္ကန့်တိုင်း ကိုယ့်ရဲ့စိတ်မှာ သူရှိနေတာ၊ ဘာလုပ်လုပ် သူ့ကို သတိရမိနေတာ၊ မတိုက်ဆိုင်တာတောင် တိုက်ဆိုင်အောင် ကြံဖန်တွေးပြီး သတိရမိနေတတ်တာ အချစ်ဖြစ်မလား။ မသိစိတ်ထဲအထိတောင် လွှမ်းမိုးနေတဲ့ ချစ်ရသူ လက်တွဲဖော်အကြောင်း ရင်ဖွင့်ထားတဲ့ကဗျာလေးကို ခံစားကြည့်ကြပါဦးနော်။ (လက်တွဲဖေါ်)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

တတိယတစ်ပုဒ်ကတော့ ရန်ကုန် တဲ့။ ကျွန်မကတော့ သင်္ကေတကဗျာတစ်ပုဒ်အဖြစ် ခံစားမိပါတယ်။ ဘာတွေကိုများ နိမိတ်ပေးထားတာပါလိမ့်။ ခံစားကြည့်ကြပါဦးရှင်။ (ရန်ကုန်)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

အောက်တိုဘာလကုန်လို့ နိုဝင်ဘာလ တောင် ရောက်လာပြန်ပေါ့။ နိုဝင်ဘာလရဲ့ ထူးခြားချက်တွေက ဘာတွေများဖြစ်မလဲ။ ဒီကဗျာလေးထဲမှာ အဖြေရှိပါတယ်နော်။ (နိုဝင်ဘာလ ရောက်ပြီမို့)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

လွမ်းနေမယ်မှန်း သိသိလျက်နဲ့ ထားခဲ့ရတဲ့အဖြစ်… ရင်နာနာနဲ့ ကြုံဖူးခဲ့ကြမှာပါ။ ခွဲခွာကာနီး ဘာတွေများ ကတိပေးခဲ့ကြလဲ၊ ဘာတွေများ ဆုတောင်းခဲ့ကြလဲ၊ ချစ်သူတို့ရဲ့ အလွမ်းတေး၊ လွမ်းနေကြမယ့် ချစ်သူတို့ရဲ့ မှာတမ်းလေး၊ ကဗျာလေးနဲ့အတူ လွမ်းကြည့်ကြရအောင်လား။ (လွမ်းသူ့မှာတမ်း)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ပျောက်ဆုံးခြင်းတဲ့။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် ပျောက်ဆုံးခဲ့ဖူးပါတယ်။ ပျောက်ဆုံးနေဆဲပါပဲ။ ကျွန်မရဲ့ အဖြစ်နဲ့ ထပ်တူကျတဲ့ ဒီကဗျာလေးကတော့ ကျွန်မအကြိုက်ဆုံး ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ဒီကဗျာလေးကို ဖတ်ပြီး ပျောက်ဆုံးခဲ့ဖူးတဲ့ အတိတ်ဆီ ပြန်သွားကြည့်လိုက်ကြရအောင်လား။ (ပျောက်ဆုံးခြင်း)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

လွမ်းလည်းလွမ်းတယ်၊ မုန်းလည်းမုန်းတယ်။ လူတစ်ယောက်တည်းအပေါ်မှာပဲ ဆန့်ကျင်ဘက်ခံစားချက်နှစ်ခုနဲ့ ပင်ပန်းနေရတဲ့အဖြစ်။ ကဗျာလေးကို ဖတ်ရင်းနဲ့ ပင်ပန်းလာတယ်… ကျွန်မအတွက်ကတော့ အလွမ်းရော..အမုန်းရောက ချစ်ရတာထက်တောင် ပိုပင်ပန်းပါတယ်လို့…. (အလွမ်းနဲ့အမုန်း)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ကြယ်ရောင်မလင်းတဲ့ည၊ တိတ်ဆိတ်ခြင်း ဝတ်ရုံလွှာထဲ လေပြေညင်းက အသာတို့ထိချိန်… ချစ်သူကို လွမ်းဖူးကြမယ် ထင်ပါတယ်။ ကဗျာရှင်ရဲ့ လွမ်းတဲ့ညကို ခံစားကြည့်ကြပါဦးရှင်။ (လွမ်းတဲ့ည-၂)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ငါ့ရဲ့ မနက်ဖြန်တဲ့။ ဒီကဗျာလေးကို ဖတ်မိတော့ ရွာထဲက သူငယ်ချင်းတစ်ယောက်ကို သတိရမိပါရဲ့။ ကိုယ့်ကိုကိုယ် ကံဆိုးခြင်းတွေနဲ့ ဖွဲ့တည်နေတဲ့လို့ ထင်နေတဲ့ သူငယ်ချင်းရေ။ မင်းတစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ငါတို့တွေအားလုံးမှာလည်း ကံဆိုးခြင်းတွေ ကိုယ်စီရှိပါတယ်။ အားမငယ်နဲ့၊ စိတ်ဓာတ်မကျနဲ့။ ကဗျာရှင်ကို အတူတူအားပေးကြရအောင်လား။ (ငါ့ရဲ့မနက်ဖြန်)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

လူရယ်လို့ ဖြစ်လာကြရင် လောဘ၊ ဒေါသ၊ မောဟတွေနဲ့ မကင်းနိုင်ကြပါဘူး။ ရောင့်ရဲတင်းတိမ်မှုနည်းလို့ အတောမသတ်နိုင်တဲ့ လောဘတွေနဲ့ ပူလောင်နေကြတယ်။ ကဗျာရှင်ရဲ့ အမြင်နဲ့ ရပ်တည်ချက်လေးကို ရှုထောင့်ဆိုတဲ့ ကဗျာလေးထဲမှာ ခံစားကြည့်ပါဦးနော်။ (ရှုထောင့်)

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ကော်ဖီတဲ့။ ခါးတာပေါ့။ အဲဒီအခါးကို ကြိုက်လို့ပဲ ကော်ဖီကြိုက်သူတွေ ဖြစ်လာကြတယ်။ ဒါပေမယ့် ကော်ဖီတွေက အိပ်ပျက်ခြင်းကို ပေးလာတဲ့အခါ…. အတူတူ တွေးကြည့်ကြရအောင်ပါနော်။ (Coffee)

 

12-11

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

လူဆိုတာ ကိုယ် ကိုယ်တိုင်ကိုတောင် စိတ်တိုင်းမကျတာတွေ အများသားမဟုတ်လား။ နှစ်ဦးဆိုမှတော့ ဘယ်လို တူနိုင်ပါ့မလဲနော်။ မညီမျှတာတွေကို ညီမျှခြင်းချရင်း မညီမျှခြင်း၊ ညီမျှခြင်း ကြားထဲက သက်ဆုံးတိုင်ဘဝကို တည်ဆောက်ခဲ့တဲ့အကြောင်း… ကဗျာရှင်က သူ့အဖြစ်အပျက်ကို ရင်ဖွင့်ထားတယ်လို့ မြင်မိပါတယ်။ မညီမျှတဲ့ ညီမျှခြင်း တဲ့….။ (မညီမျှတဲ့ ညီမျှခြင်း)

 

12-13

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

တစ်ခါတစ်ရံမှာ နှလုံးသားနဲ့ ဘဝ ထပ်တူမကျတဲ့အခါ … ဘဝဆိုတဲ့နောက်မှာ ငဲ့ညှာစရာတွေ၊ ထောက်ထားစရာတွေ အများကြီး ရှိနေတဲ့အခါ… ရင်နာနာနဲ့ပဲ ဘဝကို ရွေးချယ်ခဲ့ရပါတယ်။ နှလုံးသားတစ်ခုလုံး ကြေမွစုတ်ပြတ်… အမုန်းတရားတွေကို ရင်စည်းခံရင်း နှလုံးသားအပိုင်းအစလေးတွေက နက်နက်ရှိုင်းရှိုင်းလွမ်းနေမိတယ်။ ရင်ဘတ်ထဲအထိ ရောက်လာခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ တစ်ဘဝစာအလွမ်း တဲ့။ (တစ်ဘဝစာအလွမ်း)

12-14
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ကျွန်မတို့ မြန်မာတွေအတွက် မိဘဆိုတာ အလေးအမြတ်ထားရမယ့် ကျေးဇူးရှင်ပါ။ မိဘ နဲ့ သားသမီးကြားက ဆက်ဆံရေးကလည်း ရိုသေလေးစားမှုအပြည့်ပါပဲ။ ဆိုတော့ သားသမီးတွေရဲ့ ချစ်ရေးချစ်ရာကိစ္စတွေကိုလည်း မိဘတွေနဲ့ ပွင့်ပွင့်လင်းလင်းပြောတာ နည်းကြပါတယ်။ ဒါပေမယ့် အခုလို ခေတ်တွေပြောင်းလာတဲ့အချိန်မှာ အခြေအနေတွေလည်း ပြောင်းလဲလာကြပါတယ်။ မိဘကို သူငယ်ချင်းလိုသဘောထားပြီး တိုင်ပင်တာမျိုးတွေ ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့အရာတွေမှာတော့ အချိန်မတိုင်သေးတာလား၊ မပြောရဲသေးတာလား၊ အကြောင်းတစ်ခုခုကြောင့် မိဘကို အသိမပေးလို့ မရတာတွေလည်း ရှိနေဆဲပါပဲ။ ကဗျာရှင်ကတော့ ပြောထားပါတယ်။ အမေမသိအောင် ချစ်ကြမည် တဲ့။ (အမေမသိအောင် ချစ်ကြမည်)

 

12-15

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

နောက်ဆုံးကဗျာတစ်ပုဒ်ကတော့ ဒီတစ်လပြခန်းအတွက် အမှတ်တရကဗျာတစ်ပုဒ်ပါ။ အချိန်အတော်ကြာ ကဗျာတောင်းခဲ့ရတဲ့ လူတစ်ယောက်ဆီက ဒီကဗျာကို (ပြခန်းအတွက်ပေးတာမဟုတ်ဘဲ) အမှတ်မထင် ရခဲ့ပါတယ်။ ရရချင်းလည်း ပြခန်းအတွက် ယူထားလိုက်ပြီ ဆိုပြီး အနုကြမ်းစီးလိုက်ပါတယ်။ မေ့မေ့လျော့လျော့ဖြစ်နေမလား မသိပေမယ့် အဲဒီကဗျာလေးကို အခုပြခန်းမှာ အမှတ်တရအနေနဲ့ ထည့်သွင်းပြသလိုက်ပါတယ်။ (ခေါင်းစဉ်ကတော့ ပြခန်းတာဝန်ခံရဲ့ အာဘော်ပါ။) ဘယ်သူများဖြစ်မလဲ..ခန့်မှန်းကြည့်ကြပါလားလို့… ။ (တောင်းကဗျာ)

 

12-12

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ဒီအပတ်ပြခန်း (၁၂) ရဲ့ ကဗျာဆရာတွေကတော့ ခင်ခ၊ ခက်သီ၊ ထက်ဝေး၊ နေခြည်၊ မနှင်းဖြူ၊ ရေပုလင်း၊ ရွှေမိုးတိမ်၊ ရွှေဘိုသား၊ လင်းစက်ရာ၊ သိင်္ဂ ါရ၊ လင်းစက်ရာ၊ အရိပ်စစ်၊ KZ၊ TNA နဲ့ အထူးဧည့်သည် (ရွာသူား) တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီထဲမှာမှ ရွာသားမဟုတ်တဲ့ သိင်္ဂ ါရ ရဲ့ Coffee ဆိုတဲ့ ကဗျာကို မဲပေးရမယ့် ကဗျာစာရင်းထဲမှာ မထည့်ထားပါဘူးဆိုတဲ့အကြောင်းလည်း အသိပေးချင်ပါတယ်။

နောက်ဆုံးအနေနဲ့ သီးသန့်ကျေးဇူးတင်စကားပြောချင်တာကတော့ ဒီပြခန်းကို ဝိုင်းကူညီပေးကြတဲ့ ကဗျာချစ်သူတွေကိုပါ။ ထောင့်စေ့အောင် ကူညီပေးကြသူအားလုံးကို ကျေးဇူးအကြီးကြီးပါလို့။ နောက်ပြီး ကဗျာချစ်သူအဖွဲ့ဝင်အသစ်ကလေးနဲ့လည်း မိတ်ဆက်ပေးချင်ပါတယ်။ ကဗျာပြခန်းကို ကဗျာတွေပို့ပေးတယ်၊ ကွန်မန့်တွေလည်း အားတက်သရောပေးတယ်။ ဒါ့အပြင် ပြခန်းက ကဗျာတွေကိုပါ သက်ဝင်ခံစားပြီး ပို့စ်တွေတင်ပေးတယ်။ ကဲ…အားလုံးသိကြပြီထင်ပါတယ်နော်။

 ကိုမဟာမြန်မာ ဖြစ်ပါတယ်။ လှိုက်လှဲစွာကြိုဆိုပါတယ်နော်..ကိုမဟာ။ ဒီပြခန်းကို ဝိုင်းကူညီပေးခဲ့တာအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ပြီး မကြာခင်မှာ ပြခန်းတာဝန်ခံအဖြစ် တာဝန်ယူပြီး တင်ဆက်မယ့် ပြခန်းအတွက်လည်း စောင့်မျှော်နေပါတယ်လို့။

ပြခန်းကို လာရောက်အားပေးကြသူတွေကလည်း ကဗျာလေးတွေ ခံစားပြီးရင် မှတ်ချက်လေးတွေနဲ့ တကွ မဲစာရင်းကဗျာ (၁၃) ပုဒ်ထဲက ကိုယ်ကြိုက်တဲ့ ကဗျာ (၃) ပုဒ်ကို မဲပေးသွားကြပါဦးနော်။ ပြီးတော့ ပြခန်း (၁၁) ရဲ့ ကဗျာစာရင်းနဲ့ ဆုအများဆုံးရသူကိုလည်း ကြည့်ရှုနိုင်ပါတယ်လို့။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

[polldaddy poll=”7549924″]

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

G11_Poets G11-result

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ဒါကတော့ ယခုပြခန်းပါ ကဗျာများပါ။

12-12
12-15
12-14
12-13
12-11
12-10
12-9
12-8
12-7
12-6
12-5
12-4
12-3
12-2
12-1
12-00

50 comments

  • alinsett

    November 11, 2013 at 7:45 am

    ကဗျာချစ်သူများ ခင်ဗျားး

    အခုလ ကစပြီး
    ကဗျာပြခန်းကို တစ်လ တစ်ခန်း ပြသမှုနဲ ့ရှေ ့ဆက်သွားပါမယ် လို ့
    သတင်းပေးပါရစေ

    ပြခန်း ၁၂ ရဲ ့တင်ဆက်မှုကိုလည်း
    အရင်ပြခန်းတွေနဲ ့မတူအောင်
    ပုံစံသစ် ပြောင်းထားပါတယ် လို ့။

    အားပေးကြပါဦး ။
    ———————-

    ကဗျာပြခန်း ရေရှည် ရပ်တည်နိုင်ဖို ့
    အသက်သွေးကြောဖြစ်တဲ့ ကဗျာပေးပို ့ကူညီခြင်း ကိုလည်း
    ကဗျာရေးသူ ချစ်သော ရွာသူားများက
    အသက်ဆက်ပေးကြပါဦး လို ့ . . .

    ကဗျာများပေးပို ့ကူလိုပါက alinsett.art@gmail.com ကို ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျ

  • KZ

    November 11, 2013 at 8:17 am

    လာပြီ
    လာပြီ ဒေါ်သက်ရီ။

    လာပါ။
    အားပေးပါ
    ဗုတ်ပေးပါနော်။
    :mrgreen:

    အနော့ ကဗျာလေးကို ဗုတ်ပေးကြပါ။
    အာဘွားကြီးကြီးပေးပါ့မယ်။
    ခုခိခုခိ
    :chit:

    လေးလေးကြည်ကိုလည်း ကွန်ဂရက်ကျူလေးရှင်းပါ။
    🙂

  • TNA

    November 11, 2013 at 9:35 am

    နာ့ဂဂျာလဲပါဒယ် နာ့ဂဂျာလဲဗုတ်ပါ။ ဗုတ်တဲ့သူတွေ ကေဇီထမင်းဆိုင်မှာထမင်းအလကားကျွေးပါမယ်။ :mrgreen:

    စောစောစီးစီးဗုတ်ပီးပါကြောင်းသတင်းပေးပါတယ်။

    • လုံမလေးမွန်မွန်

      November 11, 2013 at 1:33 pm

      ကျေးဇူးအများကြီး တင်ပါသီ… အာတီသဲ… 🙂
      အာ့ဂျောင့် အာတီသဲကို ချစ်ရတာ.. အာတီသဲကို ချစ်သလို…သားလေးကိုလည်း ချစ်တယ်နော်…အဟိ….

      • TNA

        November 14, 2013 at 3:07 pm

        ချစ်ပါချစ်ပါ နောက်တိုးချွေးမွလေးရယ်။ ( ဒီစာ ဟိုတတုံးမမြင်ဇေရ )

        • KZ

          November 14, 2013 at 3:22 pm

          အဟမ်းးးးး
          သား ဘယ် နှစ်ယောက်ရှိသတုန်း ယောက်ခမ အသဲလေးးးး

          :boss:

        • မဟာရာဇာ အံစာတုံး

          November 14, 2013 at 4:14 pm

          အိုက်ဒါဗျဲစ် …
          ချိတော့ တစ်ယောက်တည်း …
          တစ်ယောက်တည်းကို နှစ်ခြမ်းခွဲပေးဘို့ ကျံနေဒလား တိုရီးသဲ …
          အကြံ မပက်စက်နဲ့နော် .. လန်ထွက်သွားအောင် ကစ်ထည့်လိုက်မှာ ..
          ဘာမွှတ်နေရဲ ….. ငွင်းးငွင်းး

  • alinsett

    November 11, 2013 at 10:11 am

    ငါ့ရဲ့ မနက်ဖြန် ကဗျာလေးကို
    မွန်မွန် ညွှန်းပြထားတာ
    အဲဒီ သူငယ်ချင်းဆိုတာ
    နာများလား လို ့

    :kwi:

  • မဟာရာဇာ အံစာတုံး

    November 11, 2013 at 10:12 am

    အိုးဟိုးးးး
    ကဗျာတွေက တောက်ရမ်း လန်းဒါဘာဘဲလား …
    ဒါကလည်း .. ပို့စ်ပိုင်ရှင် က လန်းလို့နေမှာ …
    ကဗျာ သုံးသပ်ချက်တွေကလည်း လန်းဒယ် …
    ဒါလည်း ပို့စ်ပိုင်ရှင် ရဲ့ အရိပ်တွေ ထင်ဟပ်နေလို့ နေမှာ …
    ကြိုက်တယ် ..
    ပို့စ်ပိုင်ရှင် ကိုရော .. ကဗျာတွေရော …
    ဗုတ်မယ် … နောက်မှ ..

    • TNA

      November 11, 2013 at 10:31 am

      ဟဲ့ ပိုစ့်ပိုင်ရှင်ကို ဘယ်လိုဗုတ်မှာလဲအေ ဖျားဖျား

      • မဟာရာဇာ အံစာတုံး

        November 11, 2013 at 10:49 am

        ဒီတိုရီးသဲနဲ့ဒေါ့ ဒွတ်ခဘာဘဲ …

        ကြိုက်တယ် …
        ပို့စ်ပိုင်ရှင် ကိုရော .. ကဗျာတွေရော ..

        ဗုတ်မယ် .. နောက်မှ …

        ဆိုလိုဂျင်ဒါဂ ဂလို .. ဂလို …
        ဟီးးးဟီးးး
        :mrgreen:

        စကားမစပ် …
        ပို့စ်ပိုင်ရှင် ကိုတော့ ဗုတ်လို့ ရဘူးးး
        ပုတ်လို့ဒေါ့ ရဒယ် … (နဖူးဂလေးဂို)

        :mrgreen:

        • TNA

          November 11, 2013 at 11:12 am

          အေးအေး ဇဂါးမှားတွားလဲရဘာဒယ်။ နာ့ဂဂျာလေးလဲဗုတ်ပါအေ။ ဟီဟိ မိုးစက်ဝိုင်အားကျလို့ပါ ငိငိငိငိ

        • လုံမလေးမွန်မွန်

          November 11, 2013 at 1:45 pm

          ုဟုတ်ပါ့.. နာလည်း လန့်တွားဒါဘဲ… ရှင်းရှင်းလင်းလင်း ရေးဘာာာာာ 🙂

        • မဟာရာဇာ အံစာတုံး

          November 11, 2013 at 4:12 pm

          ဘယ်ကဗျာဒုန်း တိုရီးသဲ …
          ပျောပျလေ ..
          ဗုတ်ပေးမယ် .. ငိငိ ..

        • kyeemite

          November 12, 2013 at 9:46 am

          အော်..အရေးထဲ..ကဗျာတွေခံစားဖို့ဝင်ကျိဘာဒယ်..
          ၆ မျက်နှာရဲ့ ရင်ဖွင့်သံနဲ့ လာတိုးနေဒယ်…. :mrgreen:
          ရောဂါကမသေး…ဟေးဟေးဟေး
          မွန်မလေး တင်ဆက်တဲ့ကဗျာပြခန်းလေးကိုကြိုက်ပါတယ်
          နောက်မှာပြန်လာဗုတ်ပါ့မယ် မွန်မလေးရေ..

        • လုံမလေးမွန်မွန်

          November 13, 2013 at 1:15 pm

          ဟုတ်ပါ့ အူးမိုက်ရယ်… အမြင်ကတ်ထှာ.. 🙂

          ပြခန်းတင်ဆက်ပုံကို ကြိုက်တယ်ဆိုလို့ ကျေးဇူးအကြီးကြီးပါ…

        • အရီးခင်

          November 13, 2013 at 5:50 pm

          ကကြီးမိုက် လိုပါဘဲ။
          ပြခန်းတင်ဆက်ပုံက တကယ်မိုက်ပါ့။
          😛

  • sorrow weaver

    November 11, 2013 at 1:49 pm

    ဝုတ်လိုက်ပြီ …နာတော့ ဝုတ်လိုက်ပြီ …

  • အရိပ်စစ်

    November 11, 2013 at 4:36 pm

    လက်တွဲေဖော် ကဗျာလေးကို အကြိုက်ဆုံးပါဗျိုးးးး

  • Mr. MarGa

    November 11, 2013 at 7:12 pm

    ပြခန်း (၁၂) ကို
    ဒီထက် တစ်ပတ်စောပြီး တင်ဖို့ မှန်းထားပေမယ့်
    ကြားထဲမှာ အခြေအနေအမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးကြောင့်
    အခုမှ တင်လိုက်တာပါ။
    နောက်လ နောက်လတွေမှာလည်း
    လဆန်း ဆယ်ရက်နေ့ ဝန်းကျင်မှာ တင်နိုင်အောင် လုံးပန်းကြဖို့တော့ စီစဉ်ထားပါတယ်။
    လက်ရှိ ကဗျာစာရင်းအရ ဆိုရင် ပြခန်း တစ်ခန်း ပြည့်ဖို့တောင် မနည်း လုံးပမ်း နေရတယ်ဗျ။
    မဖြစ်မနေ လုပ်မယ်ဆိုရင် ကဗျာဆရာ တစ်ယောက်ကို နှစ်ပုဒ်စီလောက် ထည့်ရမယ့်ပုံ ဖြစ်နေတယ်။
    ဒါကြောင့် ကဗျာတွေ ပို့ကြပါဦး ဗျို့…….

    (အလက်ဆင်း ပြောပြီးပေမယ့် ထပ်ပြောထားတာ 😛 )

  • padonmar

    November 12, 2013 at 12:16 am

    ဗုတ်ရင်တော့ တောင်းကဗျာကို မဗုတ်ဘူး။
    ဘယ့်နှယ် ကလေးတွေ ဒီလောက် တစာစာတောင်းနေတာကို မပေးဘဲနေတဲ့ လူဂျီး။

    • လုံမလေးမွန်မွန်

      November 18, 2013 at 12:54 pm

      ဟုတ်တယ်..အာတီဒုံ..မဗုတ်နဲ့….
      စိတ်ပေါက်ပေါက်နဲ့ မုန့်ဝယ်ကျွေးလို့ပြောရင် ကောင်းမားဟင်င်.. 🙂

  • ဦးကြောင်ကြီး

    November 12, 2013 at 10:00 am

    ယူဂျဟဲ့ယူဂျ.. နင်ဒို့ဗဲ ဆုတွေ ခွဲဝေယူဂျ… အလဂါး မဆလခေတ်က သမဝါယမ ခွဲတမ်းစနစ်နဲ့ လုပ်စားနေဒါ မသိဒါလိုက်လို့… ငါ့နှစ်လုံးသေးနဲ့ သွန်းလုပ်ထားတဲ့ ယင်ဒွင်းဗျစ်ကဗျာ နင်ဒို့ဂို တသက်လုံး မပေးဗူး.. သေရင် ငါနဲ့အတူ မီးဩဂိုလ်စက်ထဲ အပါယူသွားမည်။

    • မဟာရာဇာ အံစာတုံး

      November 12, 2013 at 10:10 am

      မီးသဂြိုဟ် စက်ထဲကို သွားသလိုလိုနဲ့
      ထင်းပုံကြီးပေါ် တက်ရမယ်ဆိုရင်တော့
      လိုက်ဘူးနော် …..

    • လုံမလေးမွန်မွန်

      November 18, 2013 at 12:56 pm

      အယူဗူး… လုံးဝအယူဗူး…
      မပေးချင်ရင် အစကတည်းက ဘာလို့လာပြောနေသေးလဲ… တောင်းစေချင်လို့ ပျော့စ်တာများ… အယူဗူး…

  • surmi

    November 13, 2013 at 1:43 pm

    ပြခန်​းဝင်​တာ​နောက်​ကျ​နေပါ၏..
    ခွင်​့လွှတ်​ပါ ….
    ကဗျာ​လေးများကို အခုလိုညွန်​းဆို​ပေးလိုက်​​တော့….
    အင်​းးး …. ကဗျာ​ရေးချင်​စိတ်​​တောင်​ဖြစ်​မိသလိုလို…

    (​ အလကား ​နောက်​တာ​နော်​ ဟဲဟဲ)

    • Mr. MarGa

      November 13, 2013 at 3:54 pm

      ဦးဆာရေ့
      ကဗျာ ဆိုတာက
      ရေးချင်စိတ် ဖြစ်တုန်းမှာ ချရေးထားရတယ်….
      မဟုတ်ရင် အတွေးတွေ နှမျောစရာ…. 🙁
      အဲ့လို ရေးပီးရင်လေ
      သားတို့ဆီ မပို့လည်း ရတယ်..သိလား
      အတင်း တောင်းတော့ဘူး…….
      (နောက်တစ်နည်း ကြံနေတယ် ဟီဟိ)

  • အရီးခင်

    November 13, 2013 at 5:46 pm

    ဒီပြခန်း က မညီမျှ တဲ့ ရှုဒေါင့် မှာ ပျောက်နေတယ်။ 😉
    ဝုတ်ပြီးကြောင်း သတင်းပို့တယ် လုံမ ရေ့။ 😛

    • TNA

      November 14, 2013 at 5:06 pm

      အာဟိအာဟိ ကျေးကျေး အရီးခင်ရေ သများကဗျာလေးဗုတ်လို့ 😀

      • Mr. MarGa

        November 14, 2013 at 6:28 pm

        အဟမ်း အဟမ်း
        တီသဲ ခင်ဗျ
        ကဗျာပြခန်း စည်းမျဉ်း စည်းကမ်း အချို့နဲ့
        နည်းနည်း ငြိနေတယ်နော်….. :mrgreenn:

        • TNA

          November 14, 2013 at 7:22 pm

          အာဟိအာဟိ ညိဘာဘူး အရီးခင် က သုံးပုဒ်ပြောထားဒါကို ဟာဗြဲဟာဗြဲ။ ငိငိငိ နာ့ဂဂျာဟုတ်လို့လားလို့။ နာ့ဂဂျာလိုချင်ရင် ဇရပ်မှာတွားယူ ဈေးပေးခဲ့ လေလံတင် ထားဒယ် :mrgreen:

  • အဘ ဘုတ်ကလုံ

    November 14, 2013 at 8:02 pm

    အဘဘုတ် ၂၀၁၅ အမတ်ဝင်ပြိုင်လို့ အောင်မြင်ရင် သားလေးသမီးလေးတို့
    ကဗျာပြခန်းကို လွှတ်တော်အထိ ဟိုးဟိုးကျော်သွားအောင် ကူညီပါ့မယ်ကွယ်။
    ပြည်သူ့ ကိုယ်စားလှယ်လောင်း အဘဘုတ် ရင်တွင်းဖြစ်ရေးသားထားတဲ့
    ခြင်ထောင်ထဲက တောက်ခေါက်သံ ကဗျာလေးတော့ ပေးတော့ပါဘူးကွယ်။
    အမတ်ဖြစ်တော့မှ ပေါက်ကရတွေ ဒီထဲမှာ ရေးခဲ့တယ်ဆိုပြီး ဝေဖန်နေကြမှ ..
    အောက်ဆုံး သုံးပုဒ်ကို အဘဘုတ် ဘုတ်စ်သွားပါတယ်ကွဲ့။
    အဘဘုတ် ပို့စ်တွေမှာလဲ ပြန်ဘုတ်ကျပါဦးမယ်။
    …………………….

    • alinsett

      November 14, 2013 at 9:15 pm

      အဲဒီ ကဗျာ
      မပေးဘူးဆိုမှ
      တအားလိုချင်လာတယ်

      ပေးပါ အဘ
      :kwi:

  • ခင် ခ

    November 15, 2013 at 12:44 am

    အင်း
    တစ်လ တစ်ခါတော့ ဖတ်ကာဗုတ်ရအုံးမှာပေါ့လေ။

  • KZ

    November 19, 2013 at 8:50 am

    အင်းးးးး
    အမေမသိအောင် ချစ်ကြသူတွေ အတော်များပါကလားးးးးး

    :boss:

  • ရွှေမိုးတိမ်

    November 19, 2013 at 3:21 pm

    ကဗျာခေါင်းစဉ်တွေရယ် လုံမလေး ညွှန်းထားတာလေးတွေရယ် ဖတ်ပြီး ၊ ကွန်မန့်ဒွေကျော်ဖတ်ပစ်လိုက်တာ ။ ဟိဟိ ။ ကဗျာတွေပြန်သွားဖတ်ဦးမယ် 😀

  • မောင်မိုဘိုင်(သလ္လာဝတီ)

    November 22, 2013 at 6:31 pm

    ယခုပြခန်းထဲက ကဗျာတွေအားလုံးကို ကူးယူထားလိုက်ပါတယ်…
    သေသေချာချာဖတ်ပြီး တိတိကျကျ ကြိုက်တဲ့ကဗျာကို ဗုတ်ပေးပါမယ်….
    အရင့် အရင်လတွေကလို ရမ်းသမ်းပြီး မဗုတ်တော့ပါဘူးလို့ ကြိုပြောထားချင်ပါတယ်…
    ရွာထဲကို ပုံမှန်ဝင်ရောက် လက်သရမ်းပါတော့မယ်…. ကဗျာတွေ ကဗျင်းတွေလည်း
    ရမ်းသမ်းရေးသားပြီး ပြခန်းထဲမှာ အမှိုက်ဝင်ရှုပ်ပါတော့မယ်…

    • လုံမလေးမွန်မွန်

      November 26, 2013 at 5:09 pm

      ကျေးဇူးအများကြီး တင်ပါတယ်ရှင့်…
      ရမ်းသမ်းရေးထားတဲ့ ကဗျာကဗျင်းတွေလည်း ပို့ပေးပါချင့်..
      :mrgreen:

  • Mahar Myanmar

    December 2, 2013 at 11:00 am

    မွန်မွန် ဝဲလ်ကမ်း လုပ် လိုက် မှ ပဲ ..ကျုပ် လည်း အင်တာနက် နဲ့ ဝေးရာ ကို
    လွင့် တော့ တာ ပဲ နော် ..
    အင်တာနက် နဲ့ မဝေးရအောင် ဉာဏ်နီ ဉာဏ်နက် ဉာဏ်ပြာ ဉာဏ်စိမ်း အကုန် ထုတ် သုံး
    ထား ရပါ တယ် .. ရွာ နဲ့ အဆက် မပြတ် အောင် အထူး သဖြင့် ကဗျာ ပြခန်း နဲ့ အဆက် မပြတ် ရအောင် .. ကြိုးစား ပါ မည် ။
    အဂတိ တရား ကင်းကင်း ဖြင့် ဗုတ် ခဲ့ ပါ သည် ။

  • လုံမလေးမွန်မွန်

    December 6, 2013 at 12:56 pm

    ပြခန်း (၁၂) ရဲ့ ဗုတ်ကို ပိတ်လိုက်ပါပြီ…

    အမေမသိအောင် ချစ်ကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်..
    အမေမသိအောင် ချစ်တဲ့ ကဗျာဆရာကိုလည်း ဂုဏ်ယူပါတယ်လို့…

  • လူကလေး

    December 10, 2013 at 1:27 pm

    “မင်းဟာအမြဲ So So Good.. ”

    ၁၃ ကို သူကလေး တင်မှာဆို အာ့ဟုတ်လား.. ??

    • alinsett

      December 10, 2013 at 3:59 pm

      ပြခန်း ၁၃ လာပါတော့မည်
      သူကလေးရဲ့ ထူးထူးခြားခြားတင်ဆက်မှု အပြင်
      ပြခန်းအစဉ်အလာတလျှောက်မှာ . . .
      မကြုံဖူးလောက်အောင် ထူးခြားသော
      အစီအစဉ်များနဲ့ ကဗျာပြခန်း ၁၃
      လာပါတော့မည်

      ရှယ်တကာ့ရှယ် ပြခန်းးးးးးး
      မျှော်

      :kwi:

Leave a Reply