မြစ် ဆုံ ဟူ သော

မြစ်ဆုံဆိုသည်နှင့်ယခုအချိန်တွင်မြန်မာပြည်သား
များထိတ်ထိတ်ပြာပြာဖြစ်တတ်သည်။ရောက်ဖူးသည်
လား မရောက်ဖူး။မြင်ဖူးသည်လား မမြင်ဖူး။ သည်လို
မရောက်ဖူး မမြင်ဖူးကြသော်လည်း မြစ်ဆုံဆိုတာကို
စိတ်ဝင်စားကြသည်။ တရုတ်ကတာဖို့ဆည်လုပ်ပြီး
ရေအားလျှပ်စစ်ထုတ်ယူမည် ဆိုတာနဲ့ ယခင်က သိသ
လိုလို မသိသလိုလို မသိလိုက်မသိဘာသာ အဆင့်မှ
မြန်မာ့သွေးကြောကြီးအဖြစ် ဂုဏ်ယူအမွှမ်းတင်ခြင်း လူတိုင်း
ပါစပ်ဖျား တွင်နေရာယူခြင်းများဖြစ်လာရလေသည်။
မြစ်ဆုံဆိုတာကို ကျတော်ကျောင်းနေစဉ်ကတည်းက
သင်ရသည် ကျက်ခဲ့ရသည်။မှတ်ခဲ့ရသည်။ ပုံဆွဲခဲ့ရသည်။
အဲသည်အချိန်က ကျတော်က မြန်မာပြည်၏အောက်
ပိုင်းတွင်နေသည်။မြန်မာပြည်ဟိုးထိပ်ပိုင်း၌ ရှိသောမြစ်
ဆုံကို ကျောင်းသားဘဝတွင်သာ နီးစပ်ခွင့်ရမည်။ ကျောင်း
ပြီးလျှင် နီးစပ်ခွင့်ပင်မရနိုင်။ သင်နေရ၍ရောက်ဖူးချင်ခဲ့သည်။
ရောက်ဖို့ သွားလည်ပတ်ဖို့ အိမ်မက်ပင်မမက်ဝံ့သော
အခြေအနေဖြစ်သည်။ရုပ်ရှင်ဇာတ်ကား ထဲမှ မြစ်ဆုံပါသော
အခန်းရောက်လျှင် သရေတမြမြ ကျလျက်ဒီအတိုင်းကြည့်
ခဲ့ဖူးသည်ကိုယခုထိ မှတ်မှတ်ရရ မှတ်မိနေသည်။
ဟော ရောက်မဲ့ရောက်တော့လည်း တပတ်တကြိမ်
ရောက်ရပြန်ရော။မြစ်ကြီးနားတွင်နေသောသူများပင်လျှင်
ကျတော့်လောက်မရောက်ဖူး။
ရောက်ဖြစ်ပုံကလည်းဆန်းကျယ်လှသည်။မြစ်ကြီးနားသို့
မနက်ဖြန် သွာရမည် ဆိုတာကို ဒီနေ့လိုမျိုးမသိရသေး။
သွားခါနီး ၅ နာရီ အလို လောက်မှ လူကြီးကခေါ်သည်။
လိုက်ချင်စိတ်ရှိရင် လိုက်ခဲ့ငါတာဝန်ယူတယ်တဲ့။
ဒါက မြစ်ကြီးနား ဗလမင်းထင်တံတားတည်ဆောက်ရေး
စီမံကိန်းအတွက်ခေါ်လိုက်တာပါ။ နဂိုကမှ ရောက်ဖူးချင်နေတာ
ခုလို လူကြီးက အစစတာဝန်ယူသည် ဆိုတော့ ချက်ချင်းပဲ
အဖြေပေးလိုက်မိတယ်။ “ဟုတ်ကဲ့ပါဆရာ”
ဒီလိုနဲ့မြစ်ကြီးနားကိုရောက်တယ်။ နောက်တံတား
တည်နေရာ စီတာပူ ဘက်ကိုဆက်သွားတယ်။ လုပ်ငန်း
တာဝန်များကိုထမ်းဆောင်သည် ပေါ့ဗျာ။ စီမံကိန်းအစဆို
တော့ နေသာတကျဖြစ်ဖို့ လုပ်သားပိုင်းကော လုပ်ငန်းပိုင်း
ပါ ဂျင်ဂျင်ကိုလည် ရော။ နှစ်လ သုံးလ လောက်လဲကျရော
အားလုံးပုံမှန်လည်ပါတ်နေနိုင်ပြီလေ။
တရက်တော့ လူကြီးက မင်းတို့မြစ်ဆုံကိုမသွားချင်ဘူးလားဆို
ပြီး မြစ်ဆုံကို ရုံးအဖွဲ့ က( လီဆူးမလေးတွေ )စာရေးမလေး
တွေနဲ့ အပမ်းဖြေ လွတ်ပါလေရောခဗျာ။

အချိန်မရ၍နောက်ကြုံလျှင်ကြုံသလိုဆက်ချင်လည်းဆက်ပါမည်။
မဆက်မိရင်လဲစိတ်မဆိုးကြပါနဲ့လို့။အရာရာကိုကိုယ်ကမပိုင်သေး
လို့ပါ။
ကျေးကျူးကမ္ဘာဆိုင်း :mrgreen:

9 comments

  • Myo Thant

    November 9, 2013 at 4:41 pm

    စောင့်မျှော်လျက်

    ( ပုံ / မနောမြေသား )

  • TNA

    November 9, 2013 at 4:52 pm

    စောင့်မျှော်လျှက်

  • alinsett

    November 9, 2013 at 6:03 pm

    အဲဒိ မြစ်ဆုံ ဆိုတဲ့နေရာကို
    အလွန့်အလွန် စ်ိတ်ဝင်စားနေတာ
    အရောက်တော့ သွားဦးမယ်

  • Khant Khant

    November 10, 2013 at 12:57 pm

    တနင်္လာ နေ့ ဘေးပရောဂ ကင်းရှင်းပါစေလို့မျော်လင့်ပါတယ်။

    ဒါဆိုရင်ဆက်နိုင်ပါလိမ့်မယ်။

    မန့်သွားတဲ့အားလုံးရော ဖတ်သွားတဲ့သူများ

  • Khant Khant

    November 10, 2013 at 1:00 pm

    ခုတောင်ဘေးပရောဂ မကင်းသေးဘူးရေးနေတုန်လက်ကိုတိုက်
    သွားလို့ :mrgreen:

    ဆက်ရ ရင်

    ဖတ်သွားတဲ့သူများ အားလုံး ကျေးဇူးပါ။

  • sorrow weaver

    November 11, 2013 at 11:39 am

    မြစ်ဆုံလား..အဲ့ရာ..ကချင်တွေနေတဲ့နေရာလေ…အစဉ်အဆက် ..ငါကွ..ကချင်…အဟိဟိ

  • lele kyi

    November 11, 2013 at 4:57 pm

    အွန်..ပြင်ဦးလွင် က ကချင်ကမှ သန့်တာဆိုပြီး ကချင် အချင်းချင်းတောင်ခွဲခြားဆက်ဆံပြီး။အခုကြမှ..မြစ်ဆုံ ဆိုမှ အမျိုးလာတော်နေတယ်။

  • ဦးကြောင်ကြီး

    November 12, 2013 at 9:22 am

    တရုတ်သဗုံ ကြေးမုံဂျီးနဲ့ အတူ အဲဒဂို သွားဂျင်လိုက်တာဗျာ.. မြစ်ဆုံအလှနဲ့အတူ ရွှေ့ပြောင်းရွာသားတွေရဲ့ဒုက္ခကို ဒင်းရှေ့မှာ လက်ညှိုးငေါက်ငေါက်ထိုးပီး ခြစ်ပွဲဝင်ဂျင်ဒယ်… ရှလွတ်.. လျှာကျွေးလိုက်မဟဲ့.. ငါကွ..

  • Wow

    November 12, 2013 at 10:57 am

    မြစ်ဆုံက အသွားချင်ဆုံးနေရာပါ… မပျက်ခင်ပေါ့ :mrgreen:

Leave a Reply