မကွေးသတင်းတိုများ

Hlaing Zar ChiNovember 9, 20131min610

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးဖွင့်လှစ်သည့် ကွန်ပြူတာသင်တန်း(၃/၂၀၁၃) သင်းတန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှကြီးမှူးကျင်းပသည့် ကွန်ပျူတာသင်တန်း(၃/၂၀၁၃)သင်တန်း ဆင်းပွဲအခမ်းအနားအား နိုဝင်ဘာ(၈)ရက်နေ့နံနက်(၉)နာရီချိန်က မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း အခမ်းအနားတွင် ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအမှုဆောင် ဦးဟန်မောင်မှသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မကွေးမြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်သိန်းကျော်မှ သင်တန်းသား (၁၂၅)ဦးအားသင်တန်းဆင်းအောင် လက်မှတ်များပေး အပ်ခဲ့ကြောင်း ထိုအခမ်းသို့ တိုင်း၊ခရိုင်၊မြို့နယ်များမှပါတီကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ရပ်ကွက်/ကျေးရွာများမှပါတီစည်းရုံးရေးမှူးများနှင့်အဖွဲ့ဝင်များ၊သင်တန်းသား၊သင်တန်း သူများ စုပေါင်းအင် အား(၁၇၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

ကလေးငယ်များ ငါးရှာကျင်စက်ဖြင့်တို့သည်ကိုမပြုလုပ်ရန်တားမြစ်ရာမှလက်လွန်ခဲ့ဟုဆို

အောင်လံမြို့နယ်၊လက်ပံကျေးရွာတွင် နိုဝင်ဘာ(၆)ရက်နေ့နေ့လည်(၃)နာရီချိန်က သမက်ဖြစ်သူမှ ယောက္ခမဖြစ်သူအား ဓါးဖြင့်ခုတ်၍သေဆုံးမှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ လက်ပံကျေးရွာနေ အသက်(၅၅)နှစ်ရှိ ဦးလှငွေ သည်၎င်း၏သမီးဖြစ်သူ အသက်(၂၀)ရွယ် မခိုင်ယုမော် နှင့် မြေးဖြစ်သူ အသက်(၂)နှစ်(၈)လကလေးငယ် မပပဝင်း တို့နှစ်ဦးအား ငါးရှာစက်(ကျင်စက်) ဖြင့်လိုက်တို့နေသည်ကို သားမက်ဖြစ်သူ ရန်အောင် မှ ငါးရှာကျင်စက်ဖြင့်ကလေးငယ်များအားမတို့ရန်ပြောသော်လည်းမရရှိ သဖြင့်ဒေါသဖြစ်ကာ အသင့်ကိုင်ဆောင် ထားသော ဓါးမဖြင့် ယောက္ခမဖြစ်သူ ဦးလှငွေအားခုတ်ခဲ့သဖြင့် ဦးလှငွေ၏လည်ပင်းဝဲ ဘက်ခြမ်း(၆)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ဦးခေါင်းဝဲဘက်ဂျိုစောင်း (၃)လက်မခန့်ပြတ်ရှဒဏ်ရာနှစ်ချက် ဖြင့်သေဆုံးသွား ခဲ့ကြောင်း၊အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ ပြစ်မှုကျူးလွန်သူ ရန်အောင်အားအရေးယူပေးရန် ရပ်မိ/ရပ်ဖဖြစ်သူ ဦးစိုးမြင့်မှတရား လိုပြုလုပ်တိုင်တန်းခဲ့ရာ အောင်လံမြို့နယ်၊ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှ (ပ)၃၀/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်စစ်ဆေးလျှက်ရှိ ကြောင်းသိရှိရသည်။