ရေနံမှော်မီးထပ်လောင်မှု.ဖြစ်ပွား

Hlaing Zar ChiNovember 9, 20131min650

မင်းလှမြို့နယ်ဒဟတ်ပင်ရေနံမှော်မီးလောင်မှုဖြစ်ပွားပြန်

သရက်ခရိုင်၊မင်းလှမြို့နယ်၊ဒဟတ်ပင်ရေနံမှော်ရေနံမြေလုပ်ကွက်အမှတ်(၅)MOGE အနောက်ဘက်တစ်မိုင်ခန့်အကွာရှိ  ဦးသန်းဝင်း ၏ယာခင်းအတွင်းတွင် နိုဝင်ဘာ(၈) ရက်နေ့နံနက်(၁၀)နာ ရီ(၁၅)မိနစ်ချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဦးသန်းဝင်း၏ယာခင်းအတွင်း  ရေနံကျင်းပိုင်ရှင် ဦးလှမိုး အုတ်ပုံရွာ မင်းလှမြို့နယ်နေသူ ၏ကလပ်တွင်း၌  ရေနံလုပ်သား သန်းနိုင်ဦး ကလေးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးနေသူသည် ရေနံခပ်စဉ် ရေနံခွက်နှင့်သံပိုက်ပွတ်တိုက်မိရာမှမီးပွင့်၍မီး လောင်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ ဒေသခံများ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊MOGE ဝန်ထမ်းများပူးပေါင်း၍မီးငြိမ်းသတ် ခဲ့ရကြောင်း မီးလောင်မှုကြောင့် ရေနံစိမ်း(၁)ပေပါမီးလောင်ကျွမ်းခဲ့သဖြင့် ဆုံးရှုံးမှုတန်ဘိုးကျပ်(၅)သောင်းခန့်ဖြစ်ကြောင်း ရေနံအားပေါ့ဆစွာခပ်သူ သန်းနိုင်ဦးအား မင်းလှမြို့မရဲစခန်းမှ (ပ)၁၂၅/၂၀၁၃ ၊ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ရေစကြိုမြို့နယ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ရေစကြိုမြိုနယ်၊ ပညှင်းကျေးရွာတွင် နိုဝင်ဘာ(၆)ရက်နေ့နံနက်(၄)နာရီချိန်ကကြိုးဆွဲချ သေဆုံမှုဖြစ် ပွားခဲ့သည်။ ဖြစ်စဉ်မှာအဆိုပါကျေးရွာနေ ဒေါ်ဂျစ်ခင် အသက်(၄၀)နှစ်သည်၎င်း၏နေအိမ်အတွင်း ထုတ်တန်းနှင့် မြေပြင်အ ကွာ(၆)ပေ (၈)လက်မခန့်တွင် နိုင်လွန်ကြိုးလုံးပတ်(၃)မူးခန့်နှင့်ကြိုးဆွဲချသေဆုံးနေသဖြင့် အခင်းဖြစ်နေရာသို့ ရေစကြိုမြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဝင်းနှင့်အဖွဲ့ရောက်ရှိစစ်ဆေးခဲ့ပြီး သေဆုံးသူ၏သမီးဖြစ်သူ မမော်မော်အားမေးမြန်းခဲ့ရာ နံနက်အိပ်ရာထချိန်တွင် ကြိုးဆွဲချသေဆုံးနေသည် ကိုတွေ့ရှိကြောင်းစစ်ဆေးသိရှိရသဖြင့် ထိုသေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/ မဟုတ်သိရှိရန်အတွက် ရေစကြိုမြို့နယ်၊မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်  (၇/၂၀၁၃)ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။

အောင်လံမြို့နယ်တွင် ဝန်ထမ်းနှစ်ဦးစကားများရာမှ ဓါးဖြင့်ခုတ်မှုဖြစ်ပွား

အောင်လံမြို့နယ်၊အထွေထွေစီမံကိန်းဦးစီးဌာန၊ကျော်စွာဓါတ်မြေဩဇာ စက်ရုံတွင်နိုဝင်ဘာ(၈)ရက်နေ့နံနက်(၁၀) နာရီခွဲချိန်ကဝန်ထမ်းချင်းစကားများရာမှ ဓါးခုတ်မှုဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။ဖြစ်စဉ်မှာ သဘာဝဓါတ်ငွေ့ဖြန့်/ထိန်းဌာန မှ ဇော်မိုးအောင်(MOGE) နေ့စားဝန်ထမ်း မှ ဦးဇော်ဝမ်း (MOGE) ပါမစ်နစ်ဝန်ထမ်းအား အရိုးအသွား(၂)ပေ ခန့်ရှိဓါးဦးချွန်ဖြင့် ခုတ်သဖြင့် ဦးဇော်ဝမ်း၏ ဦးခေါင်းနောက်စေ့(၂)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ဦးခေါင်းထိပ်(၁)လက်မခွဲခန့်ပြတ်ရှဒဏ်ရာ လေးချက်၊ဝဲပါး(၂)လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ရရှိခဲ့ကြောင်း အဆိုပါစက်ရုံဇုံနေစသူ ဦးအောင်သစ်လွင် မှတရားပြု လုပ်တိုင် တန်းခဲ့ရာ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှ (ပ)၃၁/၂၀၁၃ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်အရေးယူဆောင် ရွက်နေကြောင်းသိ ရှိရသည်။