လွမ်းမိတယ် တက္ကသိုလ် (1)(2)

လွမ်းမိတယ် တက္ကသိုလ် အပိုင်း (1)နှင့် (၂)ကို ဖော်ပြလိုက်ပါတယ်

ဟိုစဉ်ချိန်တွေပေါ့ သတိရနေမိလိုက်တာ ရာသီဥတုကလည်း ပူပြင်းလိုက်တာနှော ကျွန်တော့်အာရုံမှာ ခံစားမိလာတယ် မျက်လုံးတွေမှာလည်း အရင်ကအရိပ်တွေ ထင်ဟပ်လို့ပေါ့ ကျွန်တော် ပထမနှစ်ကျောင်းတက်စက အပြင်အဆောင်မှာနေတာလေ အဆောင်နာမည်က (ကျား)ဆောင် ပျော်စရာကောင်းတဲ့ အဆောင်ဖြစ်ပါတယ် ဘာလို့လည်းဆို အဲဒီအဆောင်မှာငယ်ပေါင်းသူငယ်ချင်းတွေကြီးစု နေကြတာလေ ဒါပေမဲ့ တစ်ချို့က ဒုတိယ နှစ် တတိယနှစ်တွေ ပေါ့ ဘယ်လိုပျော်စရာကောင်းလည်းဆို ဆက်ပြောမယ်နော် စာဖတ်သူတော့ မသိဘူး ကျွန်တော်တို့တော့ပျော်ခဲ့တယ် အခုလည်းစာရေးရင်း လွမ်းလည်းလွမ်း ပျော်လည်းပျော်နေမိတယ် တက္ကသိုလ် မရောက်ခင်ကတည်းက ဂစ်တာရူးတွေလေ ကျွန်တော်တို့မြို့လေးရဲ့ အနောက်ဘက်လို့မည်တဲ့ ဘုရားလှ တံတိုင်းမှာ သူငယ်ချင်းတွေဝိုင်းဖွဲ့ အစ်ကိုတွေက ဂစ်တာတီး အော်ဟစ်ခဲ့ကြတာလေ ဆောင်းတွင်းဆို မီးပုံကြီးဘေးမှာပေါ့ ညစဉ် အဒေါ်လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေဆုံကြတယ် တစ်ဆိုင်လုံးလည်းဆူညံနေတာပါပဲ အဲဒီမှာလူစု ပြီးရင် စောစောကပြောတဲ့ ဘုရားလှ တံတိုင်းမှာ သွားပြီးအော်ဟစ်လိုက်ကြတာ အဖွဲ့လိုက်ဆိုတဲ့ သီချင်းလေး မှတ်မိလိုက်သေးတယ် တော်တော်မြိုင်တဲ့ သူချင်းလေးပေါ့ (ဒီဇင်ဘာ)မျိုးကြီး ၊ အငဲ ၊ လေးဖြူ တို့ဆိုတာပေါ့ အဲလိုနဲ့ကျွန်တော်တို့တွေဟာ တက္ကသိုလ်မှာ လူပြန်စုမိပြီး နေလည်ပိုင်းဆို အဆောင်တွင်းမှာ သီချင်းတိုက်ကြတာပေါ့ ဟီးဟီး အဆိုကျော်တွေ ညဆိုရင် ကောင်မလေးတွေအဆောင် လစ်တော့တာပဲ ဟိုဟာတွေလစ်တာလေ ဟုတ်ပါဘူး..:D အဲဒီတုန်းက ကျွန်တော် ပထမနှစ် ဆိုတော့ နေ့လည် 11.45 လားမသိဘူး အဲအချိန်လောက်မှ ကျောင်းသွားရတာလေ မနက်ပိုင်းသွားရတဲ့သူကလည်း ရောက်လည်လည်နဲ့ သွားရင်တဲ့အချိန်မှ သွားကြတာလေ ဒါပေမဲ့လူလည်တွေပါ pritical အချိန်တွေ Tutorials ချိန်တွေတော့ မလွတ်စေကြပါဘူး အဲလိုနဲ့ ကျောင်းသားဘဝကို စတင်ခဲ့ပါတယ် နောက်ပိုင်းမှာ အလွမ်းတွေဖြစ်စေဖို့အတွက် ဇာတ်လမ်း ဇာတ်ကွက်တွေ များလာတော့တာပါပဲ…..

အပိုင်း (2)

အလွမ်းတွေဖြစ်စေဖို့အတွက် ဇာတ်လမ်း တွေကတော့ စနေပါပြီ ပထမနှစ်ပြီးခါနီးပေါ့ ညပိုင်းတွေမှာ ကောင်မလေးတွေအဆောင်ရှေ့ ့ဂစ်တာညတိုင်းသွားတီးဖြစ်ခဲ့တယ် မတီးခင်မှာ တစ်နေရာသွားကြတယ် သူငယ်ချင်းတွေသိပါတယ် (မီဂါ) အရင်သွားတာပေါ့ မုသွားသွင်းတာလေ 😀 အဲတုန်းက အဆောင်ဆိုတာ တစ်နေရာတည်းသွားတီးတာမဟုတ်ပါဘူး ပထမ စဉ်းစားတယ် ဗိုက်ကဆာတယ်လေ နိုင်မဲ့ ကောင်မလေးသူငယ်ချင်း အဆောင်အရင်သွားတီးတယ် ဘယ်ရမလည်း ဂစ်တာဝိုင်းမစခင်ကတည်းက လက်ဘက်သုတ် လုပ်ထား ဘာညာပေါ့ ဟီးဟီး စောစောပိုင်းသူတို့ဆီမှာ အော်ဟစ်ကြတာပေါ့ စည်သူ ကဂစ်တာတီးပေးတယ် ဒီကောင်ကြီးလည်းတော်သေးတာပေါ့ (ရွှေနိုင်ငံ) အဆောင်ရှေ့မှာ ပြိုင်တီးမလား တွေ ယှဉ်တီးမလားတွေနဲ့ အော်လိုက်တာ  ဆိုင်ကယ်တွေရပ်လိုက်ကော ဘယ်ကောင်လည်းကွ ဆိုပြီး လူအဖွဲ့လိုက်ကြီး တုတ်တွေနဲ့ ကျွန်တော်တို့နားရောက်လာပါလေရော တော်ပါသေးရယ် ပွဲက အေးဆေးပြီးသွားခဲ့တာ ကျွန်တော်တို့ အဲဒီအချိန် ဂစ်တာဝိုင်း တော်တော်များများတွေမှာ နားလည်မူ့တွေရှိသလို ရန်တွေကလည်း အရမ်းဖြစ်ကြတယ် ထားပါတော့ အဲဒါတွေက အဲည ဂစ်တာမတီးလိုက်ရဘူး ခေါင်းမကွဲတာ တော်သေး အသံလေးတွေတော့ကြားလိုက်သေးတယ် အဲဒီအဆောင်ကကောင်မလေးတွေအသံ ပြန်တော့လေ ပြန်တော့ပေါ့ ကျွန်တော်တို့ ပရိတ်သက်တွေဖြစ်မယ်သိလား ။ အိပ်ရာစောစောနိုးတဲ့အခါ လက်ဘက်ရည်ဆိုင်သွားကြတယ် မှတ်မိသလောက်တော့ (ရွေစင်တစ်သိန်း)လက်ဘက်ရည်ဆိုင် ကျောင်း(Main)နားက ပွင့်သစ်ကောင်းလက်ဘက်ရည်ဆိုင်တို့မှာ ကျွန်တော်တို့တွေထိုင်တက်ကြတယ် ပြီးရင်တော့ ကျောင်းထဲဝင်ပြီးတော့ သိတယ်မလား ကိုလူရှုပ်စလုပ်တော့တာပဲလေ တစ်ခြား မေဂျာက သူငယ်ချင်းတွေနဲ့တွေ့လိုက် ဟေးလားဝါးလားလုပ်လိုက်နဲ့ ကောင်မလေး လှလှလေးတွေဆို အလွတ်မပေးတက်ပါဘူး အချိန်တန်ပြီဆို စာသင်ခန်းဝင်လိုက် စာသင်လိုက် နောက်ကျတဲ့အခါ ဆရာမ မောင်းထုတ်တာကခံရသေးတယ် ဘယ်သူမှမဟုတ်ပါဘူး ကျွန်တော်လေ ဟီးဟီး မေဂျာ ဆရာမ ဒေါ်ကေသီမြင့်ပါ သူဝင်ပြီး 15 မိနစ် နောက်ကြရင် ဝင်ခွင့်မရှိဆိုတာကို ကျွန်တော်က ဝင်လိုက်တာပဲလေ ဝင်လာရင် ဆရာမတောင် ကျွန်တော်က စ လိုက်နောက်လိုက်လေ အတန်းထဲက လူတွေဆိုရင်ပြောမနေနဲ့တော့ အဲလိုနဲ့ အတန်းတွင်းမှာလည်း ပျော်ခဲ့ပါတယ် သူငယ်ချင်းတွေအားလုံးကလည်း ကျွန်တော့်ကိုခင်ကြပါတယ် နေ့လည်ပိုင်း ဗိုက်ဆာရင် ကန်တင်း မှာတစ်ခုခုသွားစားတယ် အော် စာရေးရင်းနဲ့ကြုံလို့ သူငယ်ချင်း ရဲလင်းထက် ကန်တင်းက (အန်တီညို) ကို အကြွေး 1500 ပေးပြီးပလားဟ အဲကောင်ကြီးက ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းကောင်းတစ်ယောက်ပါ နာမည်က ပြေင်ကြီးခေါ် (ကွက်ကွက်) ခေါ်  ရဲလင်းထက်ဖြစ်ပါတယ် တစ်ဆောင်ထဲနေ အတူစားအတူ အိပ်ခဲ့တဲ့ သူငယ်ချင်းပေါ့ အဲလို ဝေလေလေ လုပ်ရင်းနဲ့ ပထမနှစ် ကျွန်တော်ပြီးသွားခဲ့တယ် ပထမနှစ်လုံးလုံးပြီးသွားတာနဲ့ အလွမ်းကို ဒုတိယနှစ်သယ်သွားခဲ့တယ် အဲဒါက ရွှေရည်ဝင်းအဆောင် ဇာတ်လမ်းလေးပေါ့ နောက်ပိုင်းမှာမှ ရေးမယ်နော် ဒုတိယ နှစ်ရောက်တာနဲ့ ကီးတွေက မြင့်ကုန်ပါလေရော နေလက်စ (ကျား)ဆောင် မှာမနေဖြစ်တော့ဘူး သူငယ်ချင်းတွေ စုပြီး သီးသန့်အဆောင်ငှားနေဖြစ်ကြတယ် (ကျား)ဆောင်ကပျော်စရာကောင်းပါတယ်ဗျာ ပိုင်ရှင်တွေကလည်း ကောင်းပါတယ်။

နောက်ပိုင်းမှာ ကျန်ပါသေးတယ် ..ဆက်လက်အားပေးပါဦးနော်

မှတ်ချက် ကျွန်တော့် ဘလော့ www.royalcherry.blogspot.com မှဖော်ပြသည်..

ခေါင်းစဉ်အား ပြောင်းပြီး တင်ပေးလိုက်ပါတယ်…

ကြိုးစားလျှက်..