ဒီတခါတော့ သူတို့ဆီမှာလည်း မကောင်းတာတွေ တွေ့ပေမယ့်
(မူးလဲနေတာ၊လမ်းပေါ်တံတွေးထွေးသွားတာ၊လမ်းဘေးဈေးဆိုင်တွေပိတ်တာ၊ဈေးတင်ရောင်းတာ…စတာတွေတွေ့မိပေမယ့် အနည်းစုဖြစ်တော့ ကိုယ့်ဆီမှာက အများစုဖြစ်တာလေ)ကောင်းတာ အားကျမိတာလေးတွေပဲ ပြောပြချင်ပါတယ်။

(၁)လေ့လာရေးနဲ့ မျိုးချစ်စိတ်
သူတို့နန်းတော်ကို သွားကြည့်တော့ ကျောင်းသားလေးတွေ အဖွဲ့လိုက်လာလေ့လာကြတယ်။ကျမတို့သွားတာ သောကြာဆိုတော့ ကျောင်းပိတ်ရက်မဟုတ်၊ကျောင်းတွေက စီစဉ်ပြီးလွှတ်တာဖြစ်မယ်။မူကြိုအရွယ်၊မူလတန်းအရွယ်၊အလယ်တန်းအရွယ်၊အထက်တန်းအရွယ် အစုံပါပဲ။အဲဒီကျောင်းသားတွေကို ဝင်ကြေးသက်သက်သာသာခွင့်ပြုသတဲ့။
ကျမတို့ရဲ့ ကျောင်းတွေကကော ကျောင်းသားလေးတွေကို နန်းတော်၊(မန္တလေးဆိုရင်ပေါ့)အမျိုးသားပြတိုက်၊သမိုင်းဝင်ခံတပ်စသည်တွေကို လိုက်ပြပြီး အမျိုးသားရေးစိတ်ဓာတ်တက်ကြွအောင် လုပ်ဖူးကြပါသလား။လုပ်ဖူးခဲ့ရင်လည်း မလုပ်တာ ဘယ်လောက်များကြာကြပါလိမ့်၊နောင်ကိုရော လုပ်သင့်တယ်လို့များမထင်ကြဘူးလား။

မူကြိုကလေးကို ဆရာမကဦးဆောင်ခေါ်လာတာ

မူကြိုကလေးကို ဆရာမကဦးဆောင်ခေါ်လာတာ

မူကြိုလေးတွေ စည်းကမ်းရှိရှိ

မူကြိုလေးတွေ စည်းကမ်းရှိရှိ

မူလတန်းအရွယ်တွေပါ

မူလတန်းအရွယ်တွေပါ”

အလယ်တန်းတွေ

အလယ်တန်းတွေ

သူတို့ဆီမှာ သူတို့ထွက်ကုန်တွေပဲ အများဆုံးသုံးတာတွေ့မိတယ်။ကားဆို ကိုရီးယားထုတ်တွေပဲများတယ်။ဂျပန်ကားဆိုတာအရည်အတွက်နည်းနည်းပဲ တွေ့မိတယ်။
သူတို့ တရုတ်နဲ့ ဂျပန်ကို မုန်းလို့ တရုတ်ပစ္စည်း၊ဂျပန်ပစ္စည်း မသုံးချင်ဘူးထားတော့၊အမေရိကန်ကို အထင်ကြီးကြပေမယ့် မိုဘိုင်းဖုန်းဆိုင်တွေထဲလည်း Apple ကို သွားမိသမျှလမ်းတွေမှာ ရှားရှားပါးပါး ၁ဆိုင်ပဲမြင်မိတယ်။
မိတ်ကပ်ဆိုလည်း သူတို့မိတ်ကပ်က အရည်အသွေးကောင်းပြီး ဈေးချိုပါတယ်လို့ တွင်တွင်ကြော်ငြာတာပဲ။ကိုရီးယားမလေးတွေက သူတို့ကိုရီးယားမိတ်ကပ်ပဲ သုံးကြတယ်လို့ ပြောပါတယ်။

Seoulမြို့ပြင်ထွက်တဲ့လမ်းမှာ US ပိုင်မြေဆိုပြီး မြေတော်တော်ကျယ်ကျယ် အုတ်တံတိုင်းပေါ်စာတပ်ထားတာတွေ့မိတယ်။
မြေပေါ်နေရာပေးထားပေမယ့်၊ ကိုယ်လိုတဲ့ အကူအညီတွေလည်း တဲ့အောင်ပေါင်းပြီးယူပေမယ့် အသည်းနှလုံးထဲတော့ နေရာပေးကြပုံမပေါ်ပါဘူး။
အဖြူနဲ့(သို့)အမည်းနဲ့ စပ်တဲ့ ရုပ်ကလေးတွေ မတွေ့မိလို့ပါ။
သူတို့ဆီမှာ ရိုးရာအဝတ်အစားဝတ်တဲ့သူဆိုတာ သက်သက် အလှဝတ်ပြတာပဲ တွေ့တော့တယ်။တောဖက်တွေမှာတော့ ရှိချင်ရှိမှာပေါ့။
ဒါပေမယ့် အပေါ်ယံ အဆင်အပြင်ထက် အသည်းထဲမှာ ကိုယ့်လူမျိုးကိုယ့်တိုင်းပြည်ကို ချစ်အောင် ကလေးငယ်ငယ်ကတည်းက သင်ပေးကြဖို့ စဉ်းစားသင့်ပါပြီ။

(၂)အမှိုက်ရှိတာ ရှက်စရာ

ဒို့နန်းတော်ထဲ အမှိုက်မတွေ့စေရဆိုတဲ့ အဖိုးအို

ဒို့နန်းတော်ထဲ အမှိုက်မတွေ့စေရဆိုတဲ့ အဖိုးအို

(၃)Customer စားသုံးသူပေါ် တာဝန်ကျေ

ကားစောင့်တုံး ခရီးသည်တွေဖက်က မှန်ကို သုတ်ပေးတဲ့ ကားသမား

ကားစောင့်တုံး ခရီးသည်တွေဖက်က မှန်ကို သုတ်ပေးတဲ့ ကားသမား

(၄)ကင်းထောက် သို့မဟုတ် ကူညီပါရစေ နဲ့ ဘာသာစကားလေ့ကျင့်ရေး

တိုးရစ်တွေလာတတ်တဲ့နေရာမှာ နိုင်ငံခြားဘာသာနဲ့ တိုးရစ်တွေကိုအခမဲ့ကူညီပေးနေတဲ့ ကင်းထောက်ကလေးတွေ(ကျမတို့ဆီမှာရော ဒီလို အခမဲ့ကူညီမှုမျိုး မလုပ်သင့်ဘူးလား၊ကလေးတွေလည်း မျိုးခြားဘာသာစကားကျွမ်းကျင်မှုလေ့ကျင့်နိုင်တယ်။

(၅)ခံတွင်းကျန်းမာရေး အလေးပေးသင်ထားပါသလား
ကျမတို့သွားတဲ့ သင်တန်းရုံးမှာ နေ့လည်စာစားပြီးချိန်တိုင်း အမျိုးသမီးအိမ်သာခန်းထဲက လက်ဆေးကြွေခွက်မှာ သွားတိုက်နေကြတဲ့ ကိုရီးယားမလေးတွေ တွေ့ခဲ့ရတယ်။
မျက်နှာလေးလှရုံသာမက သွားနဲ့ ခံတွင်းပါ သန့်ရှင်းကျန်းမာမှ အလှစစ်ဆိုတာကို သူတို့လေးတွေ ကောင်းကောင်း နားလည်ပုံပေါ်ပါတယ်။
ကျောင်းတွေက လေ့ကျင့်သင်ကြားပေးလိုက်တာလို့ ထင်ပါတယ်။(ဓာတ်ပုံတော့ ရိုက်ရမှာ အားနာလို့ မရိုက်ခဲ့ရဘူး)

(၆)ပလက်ဖောင်း ဆိုတာ

ပလက်ဖောင်းတွေက ဝှီးချဲတောက်လျှောက်သွားနိုင်အောင် လုပ်ထားသလို ကားလည်း မောင်းတက်နိုင်တယ်။လူနာတင်ယာဉ်လာရင်ပလက်ဖောင်းပေါ်တက်ရှောင်ပေးလို့ရတယ်။

ပလက်ဖောင်းတွေက ဝှီးချဲတောက်လျှောက်သွားနိုင်အောင် လုပ်ထားသလို ကားလည်း မောင်းတက်နိုင်တယ်။လူနာတင်ယာဉ်လာရင်ပလက်ဖောင်းပေါ်တက်ရှောင်ပေးလို့ရတယ်။

(၇)အာတီဒုံဆို မျဉ်းကျားမပါမပြီး
လူတွေကလည်း မျဉ်းကြားမှာ လူကူးမီးလေး စိမ်းမှ ဖြတ်ကူးကြပါတယ်။
မျဉ်းကြားတွေကလည်း တခုတခု မဝေးဘဲ လမ်းထိပ်တိုင်းမှာလည်းရှိနေတော့ မျဉ်းကြားရောက်အောင် သွားဖို့ ဝန်မလေးတော့ဘူးပေါ့။
ကားတွေကလည်း ဖြည်းဖြည်းပဲ မောင်းကြတာဖြစ်ပြီး မျဉ်းကြားမှာ ရပ်ပေးဖို့ ဝန်မလေးကြသလို အထူးတလည် အရှိန်လျှော့မနေရပါဘူး။

ကျောင်းသားတွေ မျဉ်းကြားကကူးဖို့ စောင့်နေကြတယ်၊မျဉ်းကြားကလည်း မဝေးတဲ့ အကွာအဝေးတွေမှာ ရှိတယ်။လမ်းထိပ်တိုင်းမှာလည်း မျဉ်းကြားရှိတယ်။လူတွေကမျဉ်းကြားကကူးသလို ကားတွေကလည်းရပ်ပေးတယ်။

ကျောင်းသားတွေ မျဉ်းကြားကကူးဖို့ စောင့်နေကြတယ်၊မျဉ်းကြားကလည်း မဝေးတဲ့ အကွာအဝေးတွေမှာ ရှိတယ်။လမ်းထိပ်တိုင်းမှာလည်း မျဉ်းကြားရှိတယ်။လူတွေကမျဉ်းကြားကကူးသလို ကားတွေကလည်းရပ်ပေးတယ်။

(၈)မြို့တော် စည်ပင်လှပရေး

ဓာတ်တိုင်တွေမှာ ပန်းအလှပင်တွေ စိုက်ပေးထားတယ်။

ဓာတ်တိုင်တွေမှာ ပန်းအလှပင်တွေ စိုက်ပေးထားတယ်။

(၉) အန္တရာယ်ကိုကြိုတင်ကာကွယ်ထားတဲ့ ဆောက်လုပ်ရေး(Safety First)

ဆောက်လုပ်ရေးလုပ်ငန်းက ကာရံပြီးမှလုပ်တယ်။

ဆောက်လုပ်ရေးလုပ်ငန်းက ကာရံပြီးမှလုပ်တယ်။

ဖုန်ထမယ့်နေရာ မြက်ခင်းအတု ကပ်ပေးထားတယ်။

ဖုန်ထမယ့်နေရာ မြက်ခင်းအတု ကပ်ပေးထားတယ်။

အထပ်မြင့်ရဲ့ လှေကား အောက်ဆုံးလွှာနဲ့ ပထမလွှာမှာ ပိုက်ခံထားတယ်။မတော်တဆပြုတ်ကျရင် မြေပြင်ထိမကျအောင်လို့။

အထပ်မြင့်ရဲ့ လှေကား အောက်ဆုံးလွှာနဲ့ ပထမလွှာမှာ ပိုက်ခံထားတယ်။မတော်တဆပြုတ်ကျရင် မြေပြင်ထိမကျအောင်လို့။

(၁၀)ဟိုင်းဝေး(အဝေးပြေးလမ်း)ဆိုတာ

မြို့ထဲဖြတ်တဲ့ဟိုင်းဝေးမှာလမ်းဘေးကို ကာထားပေးတယ်။

မြို့ထဲဖြတ်တဲ့ ဟိုင်းဝေးမှာလမ်းဘေးကို ကာထားပေးတယ်။

(၁၁)ဒို့လည်း မော်တော်ဆိုင်ကယ်စီးချင်တယ်(သဘောင်္သီးလေး အီးတီကို သတိရမိသေးတယ်)

မော်တော် ဆိုင်ကယ်နဲ့ ပစ္စည်းတင်ခွင့်ပြုထားတယ်

မော်တော် ဆိုင်ကယ်နဲ့ ပစ္စည်းတင်ခွင့်ပြုထားတယ်

မော်တော်ဆိုင်ကယ်ဟာ မြန်ကောင်းသက်သာလေးပါ။
ရန်ကုန်မှာ ဘာကြောင့်များ ခုထိ ပေးမစီးပါလိမ့်။

(၁၂)ဆန္ဒပြ

ဒီလို အစိုးရတောင် မကျေနပ်လို့ ဆန္ဒပြတဲ့သူတွေရှိတယ်။ ဆန္ဒပြသူတွေကို ပတ်ဝန်းကျင်က အရေးတောင်မစိုက်ဘူး။

ဒီလို အစိုးရတောင် မကျေနပ်လို့ ဆန္ဒပြတဲ့သူတွေရှိတယ်။ ဆန္ဒပြသူတွေကို ပတ်ဝန်းကျင်က အရေးတောင်မစိုက်ဘူး။

ကဲ…ခရီးလေး တခေါက်ထွက်ပါတယ်။မျက်စိနောက်အောင် မလှမပပုံတွေပဲ ရိုက်လာတယ်။
နားညည်းအောင်လည်း ဗျစ်တောက် ဗျစ်တောက်ပြောတယ်။
နည်းနည်းသိတာကို တတ်ယောင်ကားလုပ်ပြီး များများပြောတတ်တယ်။
ဒီအဖွားကြီး နောက်ထပ် ဘယ်ကိုမှ မသွားမိပါစေနဲ့လို့သာ ဆုတောင်းကြပေတော့။

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)