ကျွန်မ လွန်ခဲ့တဲ့တစ်လလောက် ကျွန်မဇာတိမြိုလေးကို ပြန်ခဲ့ပါတယ်။ ကျွန်မ မရောက်တာကြာပြီဖြစ်တဲ့အတွက် ကျွန်မအမျိုးတွေ မိတ်ဆွေတွေနဲ့ စကားလက်မည်ပြောလို့ မဆုံးနိုင်ပါတူး။ ကျွန်မ  ကမအူပင်မြိုသူပါ. ကျွန်မ မပြန်ခင် ကျွန်မသူငယ်ချင်းရှိတဲ့ ရွာကို အလည်သွားခဲ့တယ်။ ကျွန်မသူငယ်ချင်း က လယ်ယာကိုင်းကျွန်းလုပ်ပါတယ်။သူ က ကျွန်မ ကိုတွေတွေ့ချင်းမှာဘဲ သူရဲံ အလုပ်တွေကိုတန်းစီပြီး ငြိးပါတော့တယ်။ ပြသနာ ကတော့ သူ ဒီဇယ်ဆီ (ချက်ဆီ) တွေ ကို သုံးမိတဲ့အတွက် သူရဲ့ လယ်ထွန်စက်တွေ မီးစက်တွေ ခဏ ခဏပျက်လို့ စိတ်ညစ်ရတယ် ဆိုတဲ့ အကြောင်းစတင်ညီးတွားပါတော့တယ်။ ကျွန်မကလဲ မစပ်စုလေ ဘယ်လိုဖြစ်တာတုံးသူငယ်ချင်းရယ် ဆိုတော့ သူကအ ရင်တုန်းကတော့ဆိသန့်တွေဝယ်ပြီးသုံးတယ်တဲ့အခုအဲဓီဆီိကိုဈေးသတက်လို့ ၀ယ်သုံးမိတာ သူအတွက် တော်တော်ဒ္ခူက ရောက်တော့တာပါဘဲတဲ့။ သူတဟ်ယောက်တင်မဟုတ်ပါဘူး တရွာလုံးညီးတာ ပါ. စီးပွားရေး ၀ိသမ လောဘသားကောင်တွေ ကတော့ ကိုယ်ပိုက်ဆံရဖို့အရေးလိမ်ညာဖြန့်ဖြူးရောင်း ချနေကြတာပါ။ ကျွန်မ ဦးလေးက လဲပြေပာပါတယ်။ မအူပင်မြိုနယ်မှာ တရားမ၀င် ဆီတွေ ဈေးသက်သာစွာနဲ့ ကျယ်ကျယ်ပြန်ပြန့် ရောင်းချနေ ကြပါတယ်။နားမလည်တဲ့ တောင်သူတွေခမျာ ဈေးသက်တာကိုလိုက်မိတဲ့အတွက် အခုတော့ဒုက ရောက်ကြရပါပြီ ။ဒါအပြင့် အဆိုးဆုံး က မီးဘေးအနျွှရယ်ပါ.သက်ဆိုင်သူတာဝန်ရှိသူများကလဲ တရားမ၀င်ဆီများဖြန့်ဖြူးရောင်းချနေတာကို တားဆီးပိတ်ပင်ဖို့ ကောင်းပါတယ်ရှင်။

 

 

တောင်သူတွေရဲ့အကျိုးကိုလိုလားသူ

အေးကြည်မ

ရွှေပြည်သာ

About aye kyi

aye kyi has written 1 post in this Website..