* စိတ်ညစ်စရာ ပါလား *

ငှက် ငယ်November 10, 20131min1281

 

 

ဒီကနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်
ဒါပေမယ့်
မိသားစုဝင်နည်းနည်းနဲ့
အဆင်ပြေမှုတွေ ပိုများလာတယ်၊
ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊
ဒါပေမယ့်
ယေဘုယျအသိတွေ နည်းလာတယ်..။

ဗဟုသုတတွေ များလာတယ်၊
ဒါပေမယ့်
ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်
ဒါပေမယ့်
ပြဿနာတွေ ပိုများလာတယ်
ဆေးတွေ များများစားစား ရှိတယ်
ဒါပေမယ့်
ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။

ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်
ရယ်တာတော့ အတော်နည်းသွားပြီ
ကားမောင်းတာ အတော်မြန်လာကြတယ်
ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ
အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
စာဖတ်တာ အတော်လေးနည်းတယ်။
ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား
* ဘုရားရှိခိုးတာ အတော်နည်းလာပြီ။*

ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်
ဒါပေမယ့်
ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်
မေတ္တာတွေနည်းလာပြီ။
လိမ်တာညာတာတော့ မကြာခဏပဲ။
ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်
ဒါပေမယ့် ဘဝအတွက်မဟုတ်ဘူး။

ကျွန်တော်တို့ သက္ကရာဇ်မှာ ဘဝကို မြှုပ်နှံနေကြတယ်။
ဘဝအတွက် သက္ကရာဇ်တွေကို
အသုံးမချနိုင်ဘူး။
ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်
ဒါပေမယ့်
စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်
ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။

ကျွန်တော်တို့ များများသုံးလာတယ်
ဒါပေမယ့် နည်းနည်းပဲ ရတယ်။
ကျွန်တော်တို့ များများစားစား ဝယ်လာတယ်
ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။

ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်
ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်ဆိုင်နိုင်ဘူး။
ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်
ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ ၊ ကျွန်တော်တို့ များများရေးတယ်။
ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။

*ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်
ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။
ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်
ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓာတ်တွေနဲ့။*

ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
ဒါပေမယ့်
အဆက်အသွယ်တော့ နည်းလာကြတယ်။
ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်
ဒါပေမယ့် အရည်အသွေး နည်းနည်း နဲ့ အသင့်စား အစားအစာတွေ ခေတ်စားနေတယ်။
အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။

အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
နှစ်ယောက်စာ ဝင်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ။

 

ဒီစာလေးဟာ
18.5.2010 နေ ့လည် ( ၃ ) နာရီခန် ့တွင် ကွယ်လွန်သွားသောကိုဇေမျိုးလတ် (27)
နှစ်မကွယ်လွန်မှီမှာ ရေးသားခဲ့သောစာလေးပါ ။

ဘဝသရုပ်တွေ
အများကြီးရှိနေပါတယ် ဖတ်သင့်တယ်ထင်လို့ ကဗျာလို ရေးပြီး မျှဝေပေးလိုက် တာပါ။

 

 

 

Enjoy !

Hnget Ngai