အန်တီစုကတော့ ဒီလူကြီးအကြောင်း သိဖို့ကောင်းပြီ

maung htilarNovember 11, 20131min910

uwinhtein

 

 

  ဒီနေ့ နိုဝင်ဘာ၁ဝ မှာ မိတ္ထီလာမြို ့ကို ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် ဝန်ကြီးချုပ်တို ့အပါအဝင်

လွှတ်တော်ကိုယ်စားလှယ်များရောက်ရှိခဲ့ပါတယ်။ နေ့လည်ပိုင်းမှာ နာရီစင်နားက ခန်းမမှာ မိတ္ထီလာခရိုင်

အတွင်းရှိ မြို ့နယ်များမှ ပြည်သူလူထုများနှင့် ပြည်ထောင်စုလွှတ်တော်နာယကကြီး တွေ့ဆုံခဲ့ပါတယ် ။

တွေ့ဆုုံပွဲမှာ ကျွန်တော်တို ့ မြို ့သူမြို ့သားများရွေးချယ်ပေးထားတဲ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်

ကတော့ လူအများအကြားမှာ အလွဲလွဲအချော်ချော်နဲ ့ ပြောချလိုက်ပြန်ပါပြီ။

တစ်ချက်ကတော့ မြို ့နယ်အထောက်အကူပြုအဖွဲ့ ဘာတွေလုပ်နေတယ်ဆိုတာ သူမသိကြောင်း။

နောက်တစ်ချက်တော့ မြို ့ရေပေးဝေရေးအတွက် လိုအပ်တဲ့ငွေ သိန်း ၉၀၀ဝ ကျပ်ကို JICA မှ သူတောင်း

ပေးလို့ရတဲ့အကြောင်း လွှတ်တောနာယကကြီးထံကို အများပြည်သူကြားရှေ့မှာ ကြွားလုံးထုတ်အမွှန်းတင်

ပြီးပြောကြားခဲ့တယ်။

ဒါပေမယ့် ဝန်ကြီးချုပ်က ပြန်ရှင်းပြတဲ့အခါမှာ အဖြစ်မှန်ကို မြို ့သူမြို ့သားတွေသိရှိရခဲ့ပါတယ်။

မိတ္ထီလာကန်ကရေကို မြို ့သူမြို ့သားများ သန့်သန့်ရှင်းရှင်းသောက်သုံးနိုင်ရေးအတွက် ရေစစ်ကန်တည်

ဆောက်ပေးရန် တိုင်းဒေသကြီးအစိုးရရံပုံငွေထဲက ဆောင်ရွက်ပေးတာကို မသိဘဲ နဲ ့ လူကြားသူကြားထဲ

သူလုပ်ပေးသလိုနဲ ့ကြွားလုံးထုတ်တာကို အများပြည်သူ သိလိုက်ရတော့ ရှက်စရာကြီးပါဘဲ။

အန်တီစုရေ မြို ့မှာလည်း မနေ၊ မြို ့အကြောင်းလဲ မလေ့လာ ၊ စိတ်ကူးထဲထင်ရာကို လျှောက်ပြောနေတဲ့

လွှတ်တော်ကိုယ်စားလှယ်အတွက် မိတ္ထီလာမြို ့သူမြို ့သားတွေက သူပြောခဲ့သလို မိတ္ထီလာမြို ့သားဖြစ်ရတာ

ရှက်မိတယ်လို ့ ပြန်ပြောလိုက်ချင်ပါတယ်….အန်တီစုရေ။

 

မိတ္ထီလာမြို ့သူမြို ့သားများ