kokothandarNovember 11, 20131min1030

ခါးစည်ခံပါပြည်သူများ

အရင်စစ်အစိုးရလက်ထက်က ခုထိ လွှတ်တော်နဲ့ အခြေမပျက် ပါလာ တဲ့လူဆိုးစာရင်း ရေးပြချင်လို့ ကြံဖွတ်ဧခါင်းဆောင် ကိုရွေမန်းဟာ ဧရာဝတီတိုင်းမှုးဘဝမှာ ရေနက်ကွင်းတွေမှာ လယ်မြေကနေ ငါးပုဇွန်ကန်တွေဖေါ်ရာမှာ ကိုယ်ကျိုးရှာမှုတွေ လုပ်ခဲတယ် သူ့သားမှာ ရယူထားတဲ့ ငါးပုဇွန်ကန်တွေအတွက် မြေဧက သာင်းချီရှိခဲ့တယ် တစ်လောက ဧရာဝတီတိုင်းထဲက လယ်မြေ ဧက လေးသောင်ကျော်  အပ်တယ်ဆိုတာ တကယ်တော့ သူမတရား ရယူထားတာတွေပါ  လယ်သမားတွေ ဆန္ဒ ပြခံရာ မှာစိုးလို ကိုတေဇကို နာမည်ခံခိုင်းပြီးပြန်အပ်ခိုင်းတာပါ သူ့သား အောင်သက်မန်းနဲ့ တေဇက စီးပွားဘက်လေ။ လွှတ်တော်ဥက္ကဌ ဖြစ်လာချင်းမှာ သစ်တောက ကျွှန်းသစ်ပါမစ် တန်တစ်ရာယူပြီး ရောင်းခဲ့သေးတယ် ။သားတစ်ယောက်က red link နဲ့ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေး မှာ သူ့အရှိန်အဝါသုံးပြိီး အကြီးအကျယ်ကိုယ်ကျိုးရှာတယ်။ ဒါကြောင့် ထွက်သွားရတဲ့ ဆက်သွယ်ရေးဝန်ကြိး ကိုသိန်းထွန်းကို ဘာမှမဖြစ်အောင်ဖေးမ ပေးတာပေါ့။ ဝန်ကြီးဟောင်း ကိုစိုးသာတို့ ကိုသိန်းဇော် တို့လည်း  မသမာလုပ်သွားပေမယ့်တယ်လီဖုန်းနဲ့ ပတ်သက်ပြီး ဘာမှာပြဿနာ မဖြစ်ကြဘူး။

ပေါလစ်ဗျူရို ကိုအောင်သောင်း လဲ စက်မှု(၁)ကို ကိုင်ခဲ့စဉ်က အမျိုမျိုး မသမာ ကိုယ်ကျိုးရှာယုံမက ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငါးဆူတောင်ဘက်မှာ ရာဘာစိုက်ခင်း နှစ်ကွက် ဧက(၂၀၀) နီးပါးကို ရယူပြီး သူကိုင်တဲ့ စက်မှု(၁) ဆေးဝါးဌာနကို ဈေးကြီးနဲ့ ပြန်ဝယ်စေခဲခါ ကိုယ်ကျိုး ရှာခဲ့ပြန်တယ်။   နောက် စက်မှုဝန်ကြီး ကိုလွှဲတော့ စိုက်ခင်းပိုင်ဆိုင်မှုက စပယ်ရှယ် ပါဝါလေးပဲ ဖြစ်နေတယ်။ အကြောင်းကြောင်း ကြောင့် ဝန်ကြီးဌာန လွှဲရာမှာ လိုငွေ ဘီလီယံ ရှစ်ဆယ်ဖြစ်နေတယ် ဘယ်လောက်များခိုးလိုက်ပါသလဲ။ ခုသမဝန်ကြီးဖြစ်နေတဲ့ ဂျပု ကျော်ဆန်း ကလဲ တိုက်ကြီးမြိုနယ်ထဲမှာလယ်မြေဧက တစ်ထောင်ကျော်ရယူပြီး ဒေသခံလယ်သမားတွေကို သီးစားပြန်ချထားတယ်။ ကြံ့ဖွတ် ဒုဥက္ကဌ ဆိုရင် ဆည်မြောင်းကိုင်ခဲ့တုံးက ဆည်မြောင်တမံ ဆောက်သမျှ စီမံကိန်းတိုင်းကငွေတွေ ထိပ်ပိုင်းကနေ ဖြတ်ယူခဲ့တယ်။ ခုလဲ လျပ်စစ်ဝန်ကြီက ခရိိုနီတွေနဲ့ ့ပေါင်းပြီး မီတာခတွေ တိုးကောက်ပြန်ပြီ။ တယ်လီဖုန်းကလဲ မပြောမနေရ တစ်လ ၂၅၀ဝ တဲ့ ဆက်ကြေးကောက်သလိုပဲ ။ ကားတွေသွင်းခွင့် သဘောကောင်းသလိုနဲပေးပြီး့ အကောက်ခွန်နဲ့ ကုန်းလမ်းက ငွေ ကောက်ခံလိုက်တာလဲ တစ်ဆုံးပဲ ဆက်ရေးရရင် ဖတ်သူတွေမောမှာစိုးလို့ တော်ပါပြီ။ အာဏာရပါတီနဲ့ အစိုးရမှာ ဒီလိုမသမာသူတွေရှိနေသမျှတော့ ပြည်သူတွေသာ ခါးစည်းခံရတာ ဘာဆန်းမလဲနော်။