လ..
သူ့ဘာသာ သူ သာနေတာပါ
တစ်ပွင့်စ နှစ်ပွင့်စ ကြယ်မှုန်စလေးတွေ ခပ်ဝေးဝေးခ လို့
သူ့ အနီးနားမှာ လင်းတဲ့ ကြယ်လေးတွေလည်း ရှိချင် ရှိမှာပေါ့
သူ့ ဘုန်းကြောင့် အရောင်တွေ ဖျော့တော့လိုက်ရတာ နေမှုာ
လ..
သူ မပြည့်သေးပါဘူး
ကမ္ဘာတစ်ခြမ်းက လူတွေ နဲ့ ဝေေ၀မျှမျှ လရိပ်လှုံနေချိန်
သက်ရှိတော်တော်များက သူ့ အရိပ်အေးမြမြအောက်မှာ
စိတ်ချ လက်ချ အိပ်မော ကျ လို့
လ..
ဘာပဲ ဟုတ်ဟုတ် သူ ပျော်မှာပါ
နေ့ နဲ့ ည လို
အများနည်းတူ ကွယ်လိုက် ပေါ် လိုက်ရတာကို က
မျှော်လင့် ခြင်း တွေ အသက်ဆက် နေတာမို့……..။

အရိပ်စစ်

 

About အရိပ်စစ်

hninnu zin has written 23 post in this Website..