ကျောင်းလေးရဲ့နာမည်

ရွာသူရွာသားများမင်္ဂလာပါ။  (၁၆) ကြိမ်မြောက် ဒါဇင်ပလပ်စ် အလှူ အဖြစ် ဒ်ီလမှာတော့ ဒေါ်ဖွား သီလရှင်ပညာရေးကျောင်း၊ ရှမ်းတဲကြီးရပ်ကွက်၊ ရွာသာကြီးမှ ကျောင်းကလေးကို ဒါဇင်ပလပ်စ် အဖွဲ့သားများ သွားရောက်လှူတန်း ဖြစ်ခဲ့ကြ ပါတယ်။

ဒီလ အလှူငွေ

ဒီလ အလှူငွေ

စာရေး ကိရိယာများ

စာရေး ကိရိယာများ

လှူဖွယ် စာရေးကိရိယာများ နှင့် ငွေသား နှစ်သိန်းတစ်သောင်းနှစ်ထောင် (၂၁၂၀၀၀) ကျပ် ဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ သွားရောက်သမျှမှာတော့ အချို့တဲ့ဆုံး ကျောင်းကလေးဖြစ်ပြီး အလှူငွေလည်း အများဆုံး ရတဲ့ကျောင်းကလေး လဲဖြစ်ပါတယ်။

ကလေး တစ်ရာကျော်ဆန့်တဲ့ကျောင်းဆောင် လေး

ကလေး တစ်ရာကျော်ဆန့်တဲ့ကျောင်းဆောင် လေး

ကျောင်းရဲ့အကျယ် အ၀န်း ၂ ဧက ကို အလှူရှင်က လှူတန်းထားတာဖြစ်ပြီး။ ကျောင်းဆောင်လေး တစ်ဆောင်သာရှိပါတယ်။

ဒေါ် ကုသလ၀တီ

ဒေါ် ကုသလ၀တီ

ဦးစီး ပြီးစာသင်ကြားနေတဲ့ ဆရာလေး အမည်မှာတော့ ဒေါ်ကုသလ ၀တီ ဖြစ်ပြီး စာသင် ကြားတဲ့ ဆရာမမှာ ဆရာလေးနှစ်ပါး နှင့် ဆရာမ (၅) ဦး ထဲသာကလေးများကို စာသင်ပေးပါတယ်။ အတန်းများမှာ တော့ (လေး )တန်းအထိ ရှိပါတယ်။ ကျောင်းသားဦးရေမှာ

၁) သူငယ်တန်း            (၈၁)ယောက်

၂) ပထမတန်း              (၄၉)ယောက်

၃) ဒုတိယတန်း            (၁၈)ယောက်

၎) တတိယတန်း           (၁၃) ယောက်

၅) စတုထ္ထတန်း            (၄ ) ယောက်

 

စုစုပေါင်း ကျောင်းသားဦးရေမှာ (၁၆၈)ယောက် ရှိပြီး။ ကျောင်းအိပ် ကျောင်းသား ကတော့ ယောင်္ကျားလေး (၂)ယောက်သာတွေ့ခဲ့ပါတယ်။

ကျောင်းစာသင်ခန်းလေး

ကျောင်းစာသင်ခန်းလေး

 

 

စာသင်ခန်း (၂)

စာသင်ခန်း (၂)

ကျောင်းကလေး မှာအလွန်သေးငယ်သော ကျောင်းဆောင်ကလေးဖြစ်ပြီး ကလေးငယ် တစ်ရာကျော် အတွက် စာသင်ခန်းမှာ အလွန်ကျဉ်းလှ ပါတယ်။

ရှေးရှေ့တုန်းကကျောက်သင်ပုန်း

ရှေးရှေ့တုန်းကကျောက်သင်ပုန်း

အရင် နှစ်တွေမှာတော့အုပ်ဖုတ်စက် အလုပ်သမားမိသားစုများ မှကလေးငယ်များ လာရောက်အတန်းတက်  သောကြောင့် ကျောင်းသားနှစ်ရာကျော်ရှိသည်ဟု ဆရာလေး ကပြောပြပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာတော့ အနီးနား ကလေးများ အတွက်ယဉ်ကျေးမူသင်တန်း တွေလည်း အခါသင့် လျှင်ဖွင့်ပေးပါတယ်။

အဝေးမှကျောင်းကလေး

အဝေးမှကျောင်းကလေး

ကျောင်းကလေးမှာ ကားလမ်းနှင့်အလွန်လှမ်း ပါတယ်။ အရင်က မိုးတွင်း ကာလ ရေကြီးချိန် ဆိုလျှင် ကားလမ်းမ ပေါ်သွားရန် လှေနှင့်သွား ရတယ်လို့ပြောပါတယ်။ ကျွန်မတို့ လည်း ကျောင်းလေးကိုသွားရန် ကားဝင်ဖို့ အတော်လေး စိတ်ထင့် ခဲ့ပါတယ်။ ပွင့်လင်းရာသီ ရောက်မှသာ မြေကြီးမာမာ နှင့် သွားနိုင်ပါတယ်။ လမ်းများလည်း သိပ်မကောင်း သေးပါ။ သွားလာနိုင်ရုံ သက်သက်သာ မြေကြီးဖို့ထားခြင်းဖြစ်ပါတယ်။ ကျောင်းဆောင်လေးမှာလည်း အကြမ်းထည်သာ ဆောက်လုပ်ထားပါတယ်။ ကျွန်မတို့သူငယ်ချင်းတသိုက် ကျောင်းပေါ်တက်ချိန်မှာ ကျောင်းလေးက တော်တော်လေးလူပ်နေ၊ အိနေ ပါတယ်။  ကျောင်းလေး အတွက် အလှူရှင်များ လိုအပ်နေပါသေးသည်။ ကျောင်းကလေး သာယာဖွံ့ဖြိုးရေးအတွက်အလှူရှင်၊ လမ်းအလှူရှင်၊ ကလေးငယ်များအတွက် စာရေးကိရိယာ အလှူရှင်၊ ပရိဘောဂ အလှူရှင် စတဲ့ မိမိတို့တက် စွမ်းသမျှ လှူတန်းနိုင်ရန် အတွက် ကုသိုလ် အကျိုးမျှော် ရေးသားလိုက်ရပါတယ်။

About Rose Minn

has written 8 post in this Website..