ဒဟတ်ပင်ရေနံမှော်မီးလောင်မှုဖြစ်ပွားပြီးလူတစ်ဦးသေဆုံး

Hlaing Zar ChiNovember 12, 20131min590

မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမြေတွင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

   မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်ှိ ဒဟတ်ပင်ရေနံမြေ (MOGE)ရုံး၏မြောက်ဘက်(၆)ဖာလုံခန့်အကွာရှိ တွင်းပိုင်ရှင် နေဇော် ဂွေးချိုကျေးရွာ ချောက်မြို့နယ်နေ သူ၏ရေနံတွင်း တွင် နိုဝင်ဘာ (၁၀)ရက်နေ့နေ့လည်(၁၂)နာရီချိန်က မီးလောင်းမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အငယ်လေး(ခေါ်)ဘိုဟန်ချို ရေနံတွင်းလုပ်သား ကြီးနီကျေးရွာ ချောက်မြို့နေသူ ခပ်ထည့်သည့်ရေနံသိုလှောင်ကန်အ တွင်းရှိရေနံ စိမ်းများအား နိုင်လင်းချို ကြံခင်းမြို့နယ်နေသူမှ မော်တာပန့်မောင်း၍ ဖောကားပေါ်သို့တင်စဉ် ရေနံစိမ်းများ မော်တာပန့် ပေါ်သို့ကျကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း၊မီးလောင်မှုကြောင့် အနီးရှိရေနံ တွင်း(၃)တွင်း ၊ကလပ်ခုံ(၃)ခုံ ၊တန်ဘိုး(၁၅)သိန်းခန့် ရေနံစိမ်းပေပါ(၂၀)လုံး၊တန်ဘိုး(၁၀)သိန်းခန့်စုပေါင်း(၂၅)သိန်းခန့် မီးလောင်ဆုံး ရုံးခဲ့ကြောင်းနှင့်  နိုင်လင်းချို နှင့် ၎င်းအနီးရှိ ကျော်ကြီး၊ မင်းလှမြို့နယ်နေ သူတို့တွင် မီးလောင်ကျွမ်မှုကြောင့် နိုင်လင်းချို သည် အဆိုပါနေ့ ညနေ(၅)နာရီချိန်ကသေဆုံးသွားခဲ့ပြီး ကျော်ကြီးအား မင်းလှပြည်သူ့ဆေးရုံသို့ပိုသဆေးကုသနေကြောင်း၊ အဆိုပါမီးလောင်ကျွမ်းမှုနှင့် ပက်သက်၍  နိုင်လင်းချိုနှင့်အငယ်လေး တို့အား မင်းလှမြို့မရဲစခန်းက (ပ)၁၂၉/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၃၈/၃၀၄-(က)ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရှိရသည်။

မင်းလှမြို့နယ်တွင် ရေနံတွင်းလျှံကျမှုကြောင့်မီးလောင်ခဲ့သဖြင့်အမျိုးသားတစ်ဦးသေဆုံးပြီး ရေနံကျင်းလုပ်သား(၈)ဦးစိုးရိမ် ရဒဏ်ရာရရှိဟုဆို

      မင်းလှမြို့နယ်၊ဆင်မကျကျေးရွာအနောက်ဘက်ရှိ စိန်တံခွန်ရေနံတူးဖော်ရေးလုပ်ကွက် စုန်းရေနံမှော်တွင် နိုဝင်ဘာ(၁၀) ရက်နေ့ည(၁၀)နာရီ(၄၅)မိနစ်ချိန်ကမီးလောင်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ တွင်းပိုင်ရှင် ဦးကျော်ဝင်း ဆင်မကျကျေးရွာ  မင်းလှမြို့နယ်နေသူ၏ရေနံတွင်းတွင်ရေနံတူးရာမှ ရေနံလျှံကျ ကျင်းစတင်ပေါက်သဖြင့် ရေနံတွင်းမှမိုးကာကန်သို့လည်ချောင်း ပိုက်ဖြင့်သွယ်တန်းနေစဉ် ရေနံတွင်းမှ ဂက်(စ်)ငွေ့ပမာဏများပြီးတွင်းကန်ပွင့်ထွက်ကာလေထုနှင့်တွေ့၍မီးစတင်လောင်ကျွမ်း ခဲ့ကြောင်းသိရှိရသည်။အခင်းဖြစ်နေရာသို့ ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်နိုင်ဦးနှင့်အဖွဲ့ရောက်ရှိစစ်ဆေး ရာ ရေနံတွင်း၏ အနောက်ဘက်ကိုက်(၁၀၀)ခန့်အကွာတွင် အမည်မသိ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိရပြီး ရေနံတွင်းလုပ်သား(၈)ဦး မီးလောင်ဒဏ်ရာများဖြင့်စိုးရိမ်ရကြောင်း သိရှိရပြီး မီးလောင်နေရာရာတွင်မီးပွားများဆက်လက်လောင်ကျွမ်းနေသဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲညွန့်နှင့်အဖွဲ့ဝင်များနှင့်ဒေသခံများပူးပေါင်း၍မီးငြိမ်းသတ်နေကြောင်း၊ မီးလောင်ကျွမ်း မှုကြောင့် ရေနံတွင်း တူးစင်နှင့်စက်ကလပ်ခုံတစ်စုံ တန်ဘိုး(၃၅)သိန်းခန့်ဆုံးရှုံးခဲ့ရာ တွင်းပိုင်ရှင် ဦးကျော်ဝင်း အားသက်ဆိုင်ရာ ရေနံမနယ်မြေရဲစခန်းမှ (ပ)၆၂/၂၀၁၃၊ပုဒ်မ ၂၈၅/၃၃၇/၃၃၈/၃၀၄-က ဖြင့်အ မှုဖွင့်ထားကြောင်းသိရှိရ သည်။