မင်းဘူးမြို့နယ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင်အတွင်းမှမြေစာပုံများအတွက်နစ်နာ ကြေးပေး လျှော်ရမည့်ကိစ္စ နှင့်ပက်သက်ဆွေးနွေးပွဲပြုလုပ်ရာတွင် မည်သည့်ရက်တွင်ပေးအပ်မည်ဟုရက်မသတ်မှတ်ရသေးဟုဆို

Hlaing Zar ChiNovember 12, 20131min710

မင်းဘူးမြို့နယ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင်အတွင်းမှမြေစာပုံများအတွက်နစ်နာ ကြေးပေး လျှော်ရမည့်ကိစ္စ နှင့်ပက်သက်ဆွေးနွေးပွဲပြုလုပ်ရာတွင်  မည်သည့်ရက်တွင်ပေးအပ်မည်ဟုရက်မသတ်မှတ်ရသေးဟုဆို

   မင်းဘူးခရိုင်၊ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် နိုဝင်ဘာ(၈)ရက်နေ့ နေလည်(၂)နာရီချိန်တွင် China Pteroleum Pipelline Con-Struction Co.Ltd မှ တာဝန်ယူဆောင်ရွက်နေသော ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင် KP 13.7 မှ KP 160 အတွင်းမြေစာပုံများအတွက် နစ်နာကြေးပေး လျှော်ရမည့် တောင်သူများကိုယ်စား ပိုက်လိုင်း ဖြတ်သည့် ကျေးရွာအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်ရပ်မိရပ်ဖများအားရှင်းလင်းဆွေနွေးပွဲပြုလုပ်ခဲ့ကြောင်း ရှင်းလင်းဆွေးနွေးပွဲတွင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေလုပ်ငန်း မြေယာသီးနှံလျှော်ကြေးပေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ကြီး(ငြိမ်း) အောင်ကိုကိုစိုး မှ  နစ်နာကြေးပေးလျှော် ရမည့်တောင်သူများ ထံမြန်မြန်ဆန်ဆန်ပေးနိုင်ရေး တင်ပြဆောင်ရွက်ထား ရှိသော်လည်း ခွင့်ပြုချက်မရရှိသေး၍ လျှော်ကြေးငွေအား မည်သည့်နေ့ရက်တွင်ပေးအပ်မည်ဟု မပြော နိုင်သေး ကြောင်းကို ယခုတက်ရောက် လာကြသူများမှတောင်သူများအားရှင်းလင်းပြောကြားပေးစေလိုကြောင်း၊ဒုမြို့နယ်အုပ်ချုပ် ရေးမှူးမှ တောင်သူများရှိရာသို့သွားရောက်ရှင်းလင်းပြောကြားရန်အစီအစဉ်ရှိသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များအရေးကြီးအစည်းအဝေးတက်ရောက်နေသဖြင့် ယခုရုံးတွင်သာတွေ့ဆုံရခြင်းဖြစ်ကြောင်း ၊မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ယခု ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်း သည် နိုင်ငံတော်မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းဖြစ်၍ လုံခြုံရေးဆောင်ရွက် ထားရှိမှုနှင့်ပြစ်မှုကြောင်းအရ အရေးယူဆောင်ရွက်နိုင်သည့် အခြေအနေများ အကြောင်းရှင်းလင်းပြီးဆက်လက်၍ မြို့နယ်မှုခင်း မှတ်တမ်းတာဝန်ခံမှ ပြစ်မှုကြောင်းအရအရေးယူခံရပါက ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်းရှင်းလင်းပြောကြားခဲ့ကြောင်း ထိုဆွေးနွေးပွဲသို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦမောင်ကျော်သန်း၊CPPC ကုမ္ပဏီမှ ညှိနှိုင်းရေးမှူး Mr.Ye ၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ် မှုခင်းမှတ်တမ်းတာဝန်ခံ၊ ဂုတ်ကြီး၊လင်းတဲ၊ဘုန်းဘော၊ပဘဲ၊စွန်းတက် တို့မှကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူး(၅)ဦး၊ရပ်ကွက်/ကျေးရွာစာရေး(၅) ဦး၊ကျေးရွာများမှ တောင်သူကိုယ်စားလှယ်(၃၈)ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။