ပြောပြချင်ပါတယ် …

တကယ်ကို ပြောချင်လွန်းလို့ပါ …

တခါတည်း ကြိုပြီး မေတ္တာရပ်လိုတာက စာအရေးအသား သိပ်မတတ်တဲ့ အခါကျ ဆဲသလိုများ ဖြစ်နေရင် ခွှင့်လွှတ်ပေးပါလို့ နော …….. ။

အဘ

အဘဘယ်က စတင်ဖြစ်ပေါ်လာသလဲ ကျနော်လဲ မသိပါ။ နယ်တွေဘက်မှာတော့ အဘဆိုတာ အဖေကို ခေါ်တယ်လို့ မှတ်သားဖူးပါတယ်။ ဆိုတော့ အဘလို့ အခေါ်တပ်တဲ့အခါ အဖေလို့ အဓိပ္ပါယ်ရစေတယ်ထင်တယ်။ ကျနော်တော့ အမေ့ကို အားနာလို့ ဘယ်သူ့ကိုမှ တသက်လုံး အဘ မခေါ်ခဲ့ဖူး။ အတင်းအကျပ် မဟုတ်တောင် မခေါ်မနေရလို ဖြစ်နေတဲ့ အစိမ်းရောင် အသိုင်းအ၀ိုင်းထဲ ၁၃နှစ်ကျော် နေခဲ့တာတောင် တခွန်းမှ မခေါ်ခဲ့ဘူး။ ကျောင်းဆင်းပြီးလို့ တာဝန်ကျတဲ့ တပ်ရောက်ရောက်ချည်း တပ်ရင်းမှူးကို “ဟုတ်ကဲ့ ဗိုလ်မှူးကြီး” ” ဟုတ်ကဲ့တပ်ရင်းမှူး” အလိုဘဲ ခေါ်ခဲ့တယ် တိုင်းမှူးလဲ ဗိုလ်ချုပ်ဘဲ … သူ့ထက်ကြီးလဲ ဗိုလ်ချုပ်ကြီး … ကစထမှူးကြီး …. ၀န်ကြီးချုပ် အဲ့လိုဘဲတပ်ခေါ်တယ်။ ကိုယ့်လစာကိုယ်စား ကိုယ့်အသက်ကိုယ်ရင်း ကိုယ့်တာဝန်ကိုယ်ယူရတာ ဘယ်သူ့မှ အဖေလို့ အဓိပ္ပါယ် သက်ရောက်စေသော အမည်နာမကို ပေးမသုံးနိုင်ဘူး။ အဲ့လိုမခေါ်ခဲ့လို့လဲ ရာထူး၊ လစာ ဘာတခုမှ မလျော့သွားခဲ့ဖူးဘူး။ တချို့ ပုဂ္ဂိုလ်တွေကတော့ ထူးထူးဆန်းမေးလာတတ်တယ် ဒါလဲ အနည်းစုပါဘဲ။ ဘယ်သူမှတော့ ငါ့ကို “အဘ” လို့ ဘာလို့မခေါ်တာလဲလို့ မမေးကြပါဘူး …………။

အဘက ….. လေ

ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာဌာနတွေ၊ လူပုဂ္ဂိုလ်တွေထဲမတော့ ဟိုးတပ်ချုပ်ကြီးကနေ အောက်တပ်ရင်းမှူးအထိ၊ ၀န်ကြီးချုပ်၊ ၀န်ကြီးကနေ ညွှန်ကြားရေးမှူးချုပ်အထိ စကားပြောရင်ဖြစ်ဖြစ်၊ ဖုန်းပြောရင်ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးစာမှာဖြစ်ဖြစ် ….

အဘက ….လေ

အဘက…..

အဘတို့က ….

အဘတို့ကလေ ….. စသဖြင့် အပြောအဆို အသုံးအနှုန်းမျိုး တခါမှ မကြားဖူး၊ မတွေ့ဖူးဘူး ….. ။

လူ

လူရယ်လို့ ဖြစ်လာရင် အသက်အရွယ်အပိုင်းအခြားနဲ့ အတွေ့အကြုံကို ဘယ်ဟာက တန်ဖိုးရှိတယ်လို့ မေးလာခဲ့ရင် ကျနော်ကတော့ လူကိုလူလို့ဘဲ မြင်တာမို့ အတွေ့အကြုံကိုဘဲ ဦးစားပေးဖြစ်တယ်။ ဆိုတော့ အသက်အရွယ်တွေ ကြီးရင့်လာတာနဲ့အမျှ အတွေ့အကြုံတွေ များလာပီပေါ့ကွာလို့တော့ လူပြိန်းနည်းနဲ့ ပြောလာမယ်ဆိုရင်တော့ ယေဘူယျ သဘောတော့ လက်ခံလို့ရပေမဲ့ ကျနော့်အသက် ကျနော်ဖြတ်သန်းခဲ့တဲ့ ဘ၀၊ ပတ်ဝင်းကျင်တွေမှာတော့ အသက်ကြီးတိုင်း အတွေ့အကြုံများပီး ရင့်ကျက်တဲ့ သူတွေကြီး သက်သက် မတွေ့ဘူးပါ။ အသက် ၁၅နှစ်သားကစလို့ အခုလက်ရှိအထိ အဖ ၁၀၀၀ အမိ ၁၀၀၀ သား/သမီးတွေနဲ့ ထိတွေ့လုပ်ကိုင်လာရတာ ကိုယ်တွေ့မို့ ရဲရဲကြီး ဆိုဝင့်သဗျာ။

ဝါ

ဘုန်းတော်ကြီးတွေတောင် အသက်အရွယ်ထက် ၀ါကို ဦးစားပေးရသေးတာ … ကိုယ်လည်း ဘုရားသားတော်ပီပီ ၀ါကြီးတာဘဲ ဦးစားပေနိုင်ပါတယ် …..

ဆိုတော့ ….

ကျနော် ကြားဖူးတဲ့ အခေါ်အဝေါ် အသုံးအစွဲထဲမတော့

သများက…..လေ

သများတို့က ….. လေ ဆိုတဲ့ အိမ်သူသက်ထား အချစ်ရဆုံး မိုက်ကယ်ဂျော်နီအောင်ပုရဲ့ အသံတွေကို နားထောင်ကာ ကြားယောင်နေမိပါကြောင်း ….။

အဘတို့ရေ …….. အမျှ …. အမျှ ….. အမျှ

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း