မြန်းဂဇက်မြို့တဲ့လား

Ko chogyiNovember 12, 20131min27335

လိုဂိုနဲ့ နာမည်ပြောင်းတာကို တွေ့တော့ အကြောင်းကြောင်းတွေကြောင့် ပြောင်းတာနေမှာပေါ့လေဆိုပြီး၊ ခပ်ပေါ့ပေါ့ပဲတွေးပြီးနေလိုက်မိတယ်။ ကျွန်တော်က အဟောင်းတွေကို ဖက်တွယ်ပြီး၊ ရာဇဝင်ထဲမှာနေကျန်ရစ်သူတော့မဟုတ်ပါဘူး။  ဒါပေမယ့် ငယ်ကအချစ်အနှစ်တရာမမေ့သာ ဆိုတာမျိုးလို၊ အချိန်ကာလတစ်နှစ်   ကျော် လောက်သာရင်းနှီးကျွမ်းဝင်ခဲ့ရပေမဲ့၊ မန်းဂဇက်ကိုတော့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သလို လွမ်းမိပါတယ်။ မန်းဂဇက်ရွာသူားများဆိုပြီး၊ FB မှာ Group တွေ     ဖွဲ့ကြတာ ရွာထဲက လူငယ်လေးတွေရဲ့ ဒါဇင်ပလပ်ဆိုတဲ့အဖွဲ့လေးထဲကို လူကြီးတန်မယ့်လိုက်ရှုပ်ခဲ့တာ၊ စာပေချစ်သူများဆိုပြီး တွေ့ဆုံပွဲတွေလုပ်ကြတာ၊ ဆုတွေ   ပေးကြ မိတ်ဆက်စကားတွေပြောကြနဲ့ လုပ်ခဲ့တဲ့ ဒီရွာကြီးမဟုတ်ပါလား။

ငိုချင်ရက်လက်တို့ ဆိုသလိုဖြစ်နေတဲ့အချိန် အံဇာတုံးဆိုတဲ့ စံပြလူငယ်လေးက(ခရက်ဒ်တူ ဆူး) မန်းဂဇက်မှသည် မြန်းဂဇက်သို့အပြောင်းအလဲဆိုပြီး ပို့စ်တင်လာတော့ ဝိုင်းပြီး comments တွေရေးကြတာပေါ့။ အဲဒီအခါ သဂျီးမင်းက ရွာကို မြို့အဖြစ်အဆင့်မြှင့်လိုက်တဲ့သဘောလို ပြောလာတော့ ပြောသူက လွယ်လွယ်ပြောလိုက်ပေမယ့် ကျွန်တော်ရဲ့အတွေးတွေက မလွယ်လို့ ဒီလိုရေးလိုက်မိတာပါ။

မန်းဂဇက်ရွာကြီးက မြို့ဖြစ်သွားပြီတဲ့ ဒါဆို သဂျီးလို့ဆက်ခေါ်လို့မရတော့ဘူးပဲ။ မြို့စားမင်းလို့ခေါ်ရမှာလား၊ မြို့ဝန်မင်းလို့ခေါ်ရမှာလား၊ မြို့တော်ဝန်လို့ခေါ်ရမှာလား။   နောက်တစ်ခုက ရွာဆယ်အိမ်ခေါင်းနဲ့တင်မရတော့ဘူး။ ရာအိမ်မှူးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေခန့်ရတော့မယ်။ တိုက်ရိုက်ခန့်မှာလား၊ အများကရွေးချယ်ရမှာလား။  ပြီးတော့အုပ်ချုပ်ရေးမှူး အသုံးစရိတ်ဆိုတာရောပေးမှာလား။ ပြီးတော့ ၁၅၀ဝ တန်ဆင်းကဒ်တွေရောဝေပေးမှာလား။

ပြီးတော့ရှိသေးတယ် လုပ်ငန်းခွန်၊ မြေခွန်၊ အမှိုက်သိမ်းခွန်၊ ပလက်ဖောင်းဈေးသည်အခွန်၊ မိလ္လာခွန်အဲဒါတွေရောကောက်ဦးမှာလား။ ကိုယ်ထူကိုယ်ထ လမ်းခင်းဖို့ဆိုပြီး   ပိုက်ဆံတွေရောကောက်ဦးမှာလား။ ရင်းနှီးစရိတ်တွေမကြေလိုဆိုပြီး မီတာခရောတိုးကောက်ဦးမှာလား။

နောက်ပြီးတော့ မြေကွက်တွေ၊ တန်ဘိုးနည်း(သူတို့အတွက်တော့နည်းတာပေါ့လေ)အိမ်ယာတွေ ဆောက်ပြီးရောင်းဦးမှာလား။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ရောင်းလို့ဝယ်လို့ ဝသွားရင်၊ တစ်ပေပတ်လည်ဘယ်လောက်နှုန်းပဲရောင်းရမယ်၊ ပွဲစားတွေအခွန်ဆောင်ရမယ်ဆိုပြီး လုပ်ဦးမှာလား။ မြို့ရွာစည်ပင်ရေး၊ ပညာရေးတိုးမြင့်ရေးပရောဂျက်တွေဆွဲပြီး ကိုယ့်လူကိုယ် ကန်ထရိုက်ပေးဦးမှာလား။

သဂျီး အဲလေ မြို့စားကြီးက “မြို့မတည်ခင်ကတည်းက.. ရေဆိုးထုတ်ဖို့.. ရေသန့်ပို့ဖို့..လျှပ်စစ်၊ ဆက်သွယ်ရေးလိုင်း..။အင်တာနက်.. ကားလမ်းတွေ စနစ်တကျချထားပေးပြီးသားပါ..။”တဲ့  တစ်ကယ်ပဲ အခုချိန်အနိုင်ကျင့်၊ နည်းမျိုးစုံနဲ့လိမ်ယူနေတဲ့ဟိုဌာနလို လိုင်းတွေကျပ်၊ အင်တာနက်ကလိပ်ထက်နှေးနေဦးမှာလား။ ကားလမ်းတွေက ကျပ်ဦးမှာလား မီးပွိုင်တွေကပျက်ဦးမှာလား။ Tour ကားတွေကဈေးရှေ့မှာရပ်ဦးမှာလား (ခရက်ဒစ်တူ မွသဲ)။ လမ်းတွေကရော ခင်းနေရင်းနဲ့ အက်ကြောင်းထွက်လာတဲ့ ကွန်ကရစ်လမ်းတွေလား။  ၃ လနဲ့ အပြီးဆောက်မယ်ပြောတဲ့ ဂုံးကျော်တံတားတွေရောပါသေးလား။ အဲယားကွန်းပါတဲ့ မြို့ပတ်ရထားတွေရောရှိလား။  စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ စီးနင်းခွင့်မပြုဆိုပြီး သူတို့ကျတော့စီးနေတဲ့ ဆိုင်ကယ်တွေရောစီးခွင့်ပြုမှာလား။

အရင်တုန်းက ရွာထဲမှာရောင်းတဲ့ KZ ထမင်းဆိုင်ကရော မြို့ပေါ်ရောက်လာတဲ့အခါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ပြီး ဂုံးကျော်တံတားထိပ် လမ်းပေါ်မှာ ခုံခင်းပြီးရောင်းဦးမှာလား(ခရက်ဒစ်တူ ဂျလေဘီသည်)။ သနားစရာသတ္တဝါလေးတွေကို အစာဝအောင်မကျွေးလို့ဆိုပြီး ဟင်းရွက်စိမ်းဗန်းကြီးခေါင်းပေါ်ရွက်ပြီး သွားလို့ ရတဲ့ တိရိစာ္ဆန်ရုံတွေရောရှိလား (ခရက်ဒစ်တူ အီးတုံး) ။ ဆူရှီလိပ်ပြီးရောင်းလို့ရတဲ့ ပြည်သူ့ဥယျာဉ်ရောရှိလား။ သဘာဝရဲ့အလှတရားတွေကို ဖော်ထုတ်နေတဲ့   မြကျွန်းသာကမျောက်သုံးကောင် (အဲလေဟုတ်ဘူး မှားလို့နော်) ဂဇက်က ဓာတ်သေဆရာတွေအတွက် ရူခင်းကောင်းလေးတွေရောရှိရဲ့လား။ ရွာသူားတွေ ပွားချင်ရာပွား စားချင်ရာစားကြတဲ့ စွယ်တော်ပင်အောက်က ကွပ်ပျစ်ကြီးရော မြို့ပေါ်သယ်လာလို့ရလား။

လားပေါင်းများစွာနဲ့ အတွေးတွေပွားနေတဲ့ ကျွန်တော့်ရဲ့ အတွေးတွေကို မြို့စားကြီးမဖြေအားရင် အကြံပေးတွေ(ရှိတာပေးတွေ)၊ ပြောချင်ရာပြော ဆိုချင်ရာဆိုခွင့် ရသူတွေကို ပြောခိုင်းလို့တော့ရပါတယ်။ မဖြေချင်းဘူးကွာဆိုလည်းရပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးမရရင် ဖယောင်းတိုင်နဲ့နေပါတို့၊ တိုးတက်ကြီးပွားချင်ရင် ထမင်းတစ်နပ် လျော့စားပါတို့တော့ မပြောလိုက်ပါနဲ့နော်။

ရွာသားမှ မြို့သားဖြစ်လာလို့ ဘဝင်မြင့်ပြီး အတွေးကြောင်သွားသူတစ်ဦး။

 

35 comments

  • surmi

    November 13, 2013 at 8:02 am

    တိန်​¡¡!!
    မိုက်​သဟ.. 🙂
    ဒီလို​တွေးလိုက်​​တော့လည်​း အ​မေနဲ့ရွာကိုသား​မောင်​လွမ်​းသွားြပြီဗျို့ …..
    စာအု​ရေငါအ​ရောက်​ပြန်​ခဲ့မယ်​ 🙂

  • Khant Khant

    November 13, 2013 at 9:27 am

    အဟမ်း အဟမ်း

    ကျတော်ကတော့ ဒီလိုအဆင့်မြှင့်လိုက်တာကိုဒီလိုမြင်ပါတယ်။

    city အဆင့်ထိတော့ မဟုတ်လောက်ဘူး ထင်ပါတယ်ခဗျ။

    village ရွာအဆင့်မှ town မြို့ အဆင့်ထိ တဆင့်ပဲမြှင့်တယ်ထင်ပါတယ်။

    ဒီတော့ မြို့တော်ဝန် တော့ခန့်လို့မရသေးဘူးပေါခဗျား။

    မြို့အုပ် လို့တော့ သဂျီးကို ပြောင်းခေါ်လို့ လက်ခံမလား မသိဘူး။

    ဒီတော့ ရွာကနေ မြို့ အဆင့် မှာ မြို့ တော် ကဲ့သို့ ခေတ်မမှီနိုင်သော်လည်း

    မြို့ တမြို့ ကဲ့သို့ တော့ ပီပြင် အောင် အားလုံး ကြိုးစား ပေးကြပါလို့ ပြောပါရ

    စေ ခဗျားးးးး။

  • Ma Ma

    November 13, 2013 at 9:31 am

    အကြံပေးအရာရှိကိုချိ ု ပေးတဲ့ နည်းလမ်းနဲ့ဆို ကောင်းလိုက်တဲ့ မြို့တော်ကြီး ဖြစ်သွားမှာမို့ မြို့ကြီးသူဖြစ်ချင်စိတ်ပေါက်သွားလို့ မြန်မြန်ဆန်ဆန်လာပြီး လျှောက်လွှာတင်ပါတယ်။ 🙂

  • kyeemite

    November 13, 2013 at 9:32 am

    ကိုချိုကြီး ပွားထားတဲ့အတွေးလေးတွေ ကြိုက်တယ်ဗျာ…ခေတ်ကိုထင်ဟတ်တယ်ပေါ့
    ….ဗရားဗိုး ပါဗျို့ 🙂

  • Wow

    November 13, 2013 at 10:07 am

    မြို့ရွာစီပင်ရေးပရောဂျက်တွေမှာ အနော် ကန်ထရိုက်လုပ်ပါရစေ :mrgreen:

  • ဦးကြောင်ကြီး

    November 13, 2013 at 10:15 am

    သာမီးဒေါ်ဂလေး မြို့သူဂျီးသာမီး ဖြစ်သွားလို့ သွေးကြီးပီး အနော့်ကို ပစ်သွားရင် တေပီဆြာ.. အဲ့ကြရင် မြို့ပေါ်တက် အသေခံ ဗုံးခွဲပစ်မယ်…။

  • inz@ghi

    November 13, 2013 at 10:15 am

    မြို့ပြယဉ်ကျေးမှုအရ ကျော် ကေတီဗီ ဖွင့်ဗျာ့ဇီ.

    • inz@ghi

      November 13, 2013 at 10:17 am

      ကော့်စမိုပေါ်လိတန် လေးလည်းဘာသာပျံဗျာ့ဇီ

      ငိငိ

  • KZ

    November 13, 2013 at 10:35 am

    ဟယ်။
    ပလော့ဂျက်တွေ လူတွေဦးကုန်ပဟ။

    တဂျီးရဲ့ မြို့ကြီး အစားအသောက်မြို့ကြီးဖြစ်ဖို့တာဝန်ယူပါရစေ။
    တိုးတက်လာစေရပါ့မယ်။
    ကိုယ်အလေးချိန်တွေ။
    😀

    ဟွန့်။
    လမ်းဘေး ဆိုင် မဟုတ်ဘူး မှတ်ထားးးးး
    လမ်းလည်ခေါင်ဖွင့်မဲ့ဆိုင်။
    :mrgreen:

    ဟိုတခါ လမ်းစည်းကမ်းထုတ်မဲ့ ပို့(စ) ရေးခဲ့တဲ့ ကိုဖက်ကက်ဆိုတာ အနော့ အကိုပဲ။
    ညင်းညင်းညင်းးးးး
    အကိုထဲ လွှတ်တော်တက်နေတဲ့ အမတ်မင်းလည်းရှိတယ် ဘာမှတ်တုန်းးးးး
    :kwi:

    တွေ့မရှောင်ကို ထိရဲ ထိကြည့်။

    :boss:

    • TNA

      November 13, 2013 at 1:53 pm

      ဟုတ်တယ်ချွေးမွလေးရေ ဖက်ဖက်ကက်ကလမ်းစည်းကမ်းကန်ထရိုက်ယူမယ်လို့ပြောဖူးတယ်။ နာလဲရှယ် ယာပါမယ်ပြောဖူးတယ်။ အခုအကောင်အထည်ဖော်လို့ရဘီပေါ့။ :mrgreen: နာကန်ထရိုက်ယူပီးမှ ဈေးရှေ့က တိုးကားတွေမောင်းထုပ်မယ် ဒချိဒချိဒချိ

      • sorrow weaver

        November 14, 2013 at 11:12 am

        မြို့အင်္ဂါရပ်နှင့်ညီအောင် ထွားဘဲ ဖွင့်ခွင့်ပြုပါဂျာ…ဈေးရှေ့ ဘုရားရှေ့ ကားပိတ်မရပ်ပါ…ကတိအကြီးကြီးပေးပါသည် ။ Sorrow Travel ….မိုတိုက …Travel for Human ..အဟိဟိ …နာ့ထွားဘဲနဲ့မသွားတဲ့လူ …လူမဟုတ်…အဟိဟိ ..

        • KZ

          November 14, 2013 at 12:48 pm

          အဲ့ ထွားဘဲ က
          တောင်ကြီးခရီးစဉ်ကို စိုင်းစိုင်း ဂိုက် စီစဉ်ပေးနိုင်သလားးးးး
          အဟမ်း!!!!

          😀

  • မဟာရာဇာ အံစာတုံး

    November 13, 2013 at 2:04 pm

    ဟက်လူနော် .. ဟက်လူ …
    လူကိုများ (စံပြ) လူငယ်လေး .. တဲ့ …
    အိုက်ဒီ စံပြဂျီး မထဲ့နဲ့ …
    ချိတ်နာနွန်းနို့ ……
    :mrgreen:

    နို့ .. ရွာက မြို့ပြောင်းပြီဆိုဒေါ့ ..
    မြို့သား ဖစ်တွားဘီ …
    ဘယ်သူတွေ မဖြစ်ဖြစ် ကျုပ်ဂဒေါ့ ဖစ်တယ် ….
    သဂျီးဂို ဘိုခေါ်မဒုန်းးး
    ဒါဂဒေါ့ .. ကျိုက်ဒလိုသာ ခေါ်ဂျဒေါ့ …
    သဂျီးက ဆိုထားတယ်လေ ..
    သူ့နဖူး တူနဲ့ ထုရင်တောင် အေးဆေးဘာဒဲ့ …

    • kai

      November 13, 2013 at 2:46 pm

      ဟဲ့အကောင်…
      စာနဲ့ထုတာပြောတာဟဲ့..။
      တကယ်ထုရင်တော့.. သေမှာပေါ့ကွယ်…။

      ဆိုတော့…
      လူဦးရေတိုးပွားအောင်.. မြန်မြန်ဆောင်ကြပါစေကုန်သတည်း..။
      မင်္ဂလာ..။
      စကားအတင်းစပ်.. ရွာတော်ရှင်ဆူးမမ..အဲ..မြို့တော်ရှင်ဖြစ်မှာမို့စိတ်ကြီးဝင်နေသလား..
      မမြင်တာတောင်ကြာပြီ..။
      ဗိုက်နဲ့လူနဲ့နဘမ်းပဲလုံးနေသလား… သိချင်သား…။

      ဘာလေးလဲဟေ့… :mrgreen:

      • မဟာရာဇာ အံစာတုံး

        November 13, 2013 at 3:53 pm

        ကျားဂလေး ထင်ဒယ်ဗျို့ .. ကျားဂလေး …
        ဗိုက်ကြီးတန်းလန်းနဲ့ လက်ပကျွတ်ဒွေ ဘာဒွေ ကိုင်ပေါက်နေပုံထောက်ယင်
        ကျားဂလေး ဖစ်မယ်လို့ ဥဥဆာ ကတော့ ပေါထားဒါ တွေ့ဒါဗျဲစ် …
        ဂယ်လို့ .. မီးဂလေး ဖစ်ခဲ့မယ်ဆိုရင်ဒေါ့ …
        အမေ့ခြေရာနင့်မယ့် မီးလေးဘဲ ဖြစ်မှာဗျဲစ် .. ဟီဟိ …

  • Ko chogyi

    November 13, 2013 at 8:32 pm

    ကိုဆာမိရေ မြို့ဖြစ်သွားတော့ ဂျလေဘီဆိုင်ကြီးကြီးဖွင့်လို့ရပြီပေါ့။
    ခန့်ခန့်ရေ ပျော်ရွှင်ဖွယ်ရွာကြီးက ပြောင်းလာသူတွေပဲ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့သို့ချီတက်ကြမှာပါ။
    မမရေ ဆောရီးပါ လျှောက်လွှာပိတ်သွားပြီ။ ဂဇက်ရွာကြီးကလူတွေက လျှောက်လွှာမလိုဘူးလေ။
    ကိုမိုက်ရေ အံဇာနောက်လိုက်ပြီး မြို့ဆူအောင်လုပ်ကြည့်တာပါ။
    Wow ရေ ပိုင်ရာဆိုင်ရာဆိုပေးမှာပေါ့။
    ဦးကြောင်ကြီးပြောမှ သတိရတယ် မြို့စားကြီးကို လုံခြုံရေးအစီအစဉ်မမေးလိုက်ရဘူး။
    မြို့အင်္ဂါနဲ့ညီအောင်တော့ ပါမယ်ထင်တာပဲ မိဂီရယ်။
    KZ ကိုမထိရဲပါဘူး ဘော်ဒီဝိတ်ကြည့်ပြီး ဖျားသွားမယ်။
    မွသဲနဲ့တိုးကား ကမ်ဘာမကျေပေါ့။
    အံဇာရယ် သဂျီးကိုဘိုမှမခေါ်နဲ့ သူကမလာသေးဘူးတဲ့။
    မြို့စားကြီးက ဘာမှလည်းပြန်မဖြေပေးဘူး၊ အေးလေမဖြေချင်မဖြေနဲ့လို့ပြောမိတာကို။
    ဖတ်ရှုပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။

  • padonmar

    November 13, 2013 at 11:49 pm

    သဂျီးကို သမိ်န်ပေါသွတ်ထဲက အာတာလွတ်မြို့စားကြီး လို့ခေါ်မှာပေါ့။

    အံဇာက စံပြကို စိတ်နာရခြင်းအကြောင်းသိပါ၏။
    ……….
    ကျမကိုလည်း အဲဒီမြို့ကြီးမှာ ဆေးရုံဖွင့်ခွင့်ပေးပါ။
    လူနာတွေကို အပ်တုံးကြီးနဲ့ ဆေးမထိုးပါဟု ကတိပေးပါသည်။

  • Ko chogyi

    November 14, 2013 at 6:16 am

    အစ်မရေ တစ်ခါသုံးအပ်မသုံးဘူးလား
    ဟိုဆေးရုံကြီးလို စပေါ်ငွေအရင်တင်ရမှာလား
    သူများနိုင်ငံတွေလို ကျန်းမာရေးအခမဲ့ဝန်ဆောင်မှုပေးမှာလား????????????????

  • alinsett

    November 14, 2013 at 7:34 am

    ဒို ့လည်းမျို့ဂျီးသားဒွေ ဖြစ်သွားပါပြီ။
    မျို ့ပီသသော မျို ့ထဲက
    မျို ့ဂျီးသားပီသသော မျို ့ဂျီးသားတွေ ဖြစ်ဖို့တော့
    လိုတယ်

    🙂

    • Ko chogyi

      November 14, 2013 at 12:43 pm

      မျို့ကြီးသားဖြစ်သွားရင် မျို့ အင်္ဂါရပ်ညီအောင်
      နီ့ဒေါ်ဖွားမေအကြော်တဲဖျက်ပြီး ဆိုင်ခန်းဝယ်ပေးလိုက်ဦး။

  • sorrow weaver

    November 14, 2013 at 11:10 am

    မြို့အင်္ဂါရပ်နှင့်ညီအောင် ထွားဘဲ ဖွင့်ခွင့်ပြုပါဂျာ…ဈေးရှေ့ ဘုရားရှေ့ ကားပိတ်မရပ်ပါ…ကတိအကြီးကြီးပေးပါသည် ။ Sorrow Travel ….မိုတိုက …Travel for Human ..အဟိဟိ …နာ့ထွားဘဲနဲ့မသွားတဲ့လူ …လူမဟုတ်…အဟိဟိ ..

    • Ko chogyi

      November 14, 2013 at 12:40 pm

      တွားသွား အဲလေ ထွားဘဲဖွင့်ရင်
      လေကြောင်း၊ ရေကြောင်း၊ ကားလမ်းလုံခြုံစိတ်ချမှုအာမခံလား။
      လေကြောင်းလိုင်း၊ သင်္ဘောလိုင်း၊ ယာဉ်လိုင်းအာမခံချက်မရှိရင် စီးဝူးနော်။
      လောလောဆယ်တော့ IMO နဲ့ ICAO တော့ မြန်မာနိုင်ငံရေကြောင်း၊ လေကြောင်းတွေလာစစ်နေပြီ။
      (ကျွန်တော်လည်းအလုပ်များလို့ စိတ်ညစ်ပါသည်)

      • sorrow weaver

        November 14, 2013 at 1:18 pm

        IATA လက်မှတ်ရ လိုင်းတွေချည်းပဲ စီစဉ်တီ…ခီးသွား အာမခံ..လုပ်ပေးတီ….သိန်းဘောလိုင်းတော့..စတားခရုစ် ခရီးစဉ်တွေတော့ရောင်းတီ…ပြည်တွင်းသိန်းဘောခီးစဉ်မရောင်း….အဟိဟိ..အပျိုလေးတွေအတွက်တတင်းဂေါင်း…ထွားဘဲမန်နေဂျာ..လွန်မင်းစွာချောမောခန့်ညားတီ…ခုခိခုခိ….

  • ဦးဦးပါလေရာ

    November 14, 2013 at 11:42 am

    မြို့ဖြစ်သွားပြီဆိုတော့ စည်ပင်သာယာရေးဌာန တော့ရှိမှာပေါ့…
    အိမ်သာလိုင်စင် ယစ်မျိုးလိုင်စင် စားသောက်ဆိုင်လိုင်စင် အပေါင်ဆိုင်လိုင်စင် တွေ ဘယ်တော့ လျှောက်လွှာခေါ်မှာလဲ
    အပေါ်ကြေးကဘယ်လောက်လဲ အောက်ကြေးက ဘယ်လောက်လဲ
    မီးစက်ကြီးမရွှေ့ရအောင် ဘယ်လောက်ပေးရမလဲ
    သီတင်းကျွတ်မှာ ဌာနမှုးတွေကို ဂါရင် ပုလင်းထည့်ရမှာလား ပါဆယ်ထည့်ရမှာလား…

    အင်း…
    မြို့
    မြို
    မျိုး…

    • Ko chogyi

      November 14, 2013 at 12:36 pm

      ဦးပါရေ ပုလင်းခေတ်မဟုတ်တော့ပါ။
      ပုံးခေတ်ပါဗျ။

  • Novy

    November 14, 2013 at 1:41 pm

    ဲမြို့အင်္ဂါရပ်နဲ့ညီအောင် Give Shop ဆိုင်ကြီးဖွင့်ခွင့်ပေးပါ
    ပုလင်းမှ အစ ပေပါ အလယ် ကွန်တိန်နာအဆုံးရောင်းပါ့မယ်
    ဘာပဲလိုလို နိုဗွီ give shop ရှိတယ်လို့

  • Ko chogyi

    November 14, 2013 at 1:48 pm

    မနိုပျောက်နေတာကြာပြီ
    ဖတ်ရှု့အားပေးတာကျေးဇူးပါ။

  • အရိပ်စစ်

    November 15, 2013 at 11:18 am

    တောသူ မြို့တက်ပီး
    မြို့ဂျီးသူဒွေ ဖြစ်ကြရတော့မှာပေါ့နော…
    ကောင်းပါတီ…ကောင်းပါတီ….

  • Swal Taw Ywet

    November 21, 2013 at 1:50 pm

    ရွာကွပ်ပျစ်လေး ဘယ်တော့မှ မပျောက်စေရ။
    ကွပ်ပျစ်လေးနေရာရွှေ့ရမစိုးလို့ Under Table ပေးထားပြီးပါပြီဗျို့။။။။
    လာလည်ဘို့သာ မမေ့ကြပါနဲ့။
    ဦးဦးပါ ပြောထားသလို ရေနွေး အသင့်၊
    Coffee ကလဲ အသင့်၊
    မြေပဲဆားလှော် လေးကလဲ အသင့်၊
    ကဲ….. ဘာ လိုသေးလဲဗျာ။
    With respect,
    Swal Taw Ywet.

    • kai

      November 21, 2013 at 2:50 pm

      လေထန်ကုန်းလုပ်လိုက်လို့မရဘူးလား…
      လက်ဖက်ရည်ချိုသောက်ရင်း.. လေထန်ကြတာပေါ့လို့.. :mrgreen:

  • လုံမလေးမွန်မွန်

    November 21, 2013 at 3:01 pm

    တိန်..
    အပြိုင်အဆိုင်ဖွင့်နေကြတာ.. နာနောက်ကျနေပြီ..
    ယောက်ခမဂျီးရေ..ဆောတီးပါ…

    ဖူးစာရေးကုမ်ပဏီထောင်ပါမြီ…
    နာယကများ – အူးကျောက်၊ အူးဆာမိ
    အကြံပေး – မရွှေကြည်၊ မခိုင်ဇာ
    တွဲဖက်အတွင်းရေးမှူး – သဂျား၊ အလက်ဆင်း၊ ဗုံဗုံ
    စီအီးအို – စုံတွဲ.. (အဟိ)

    • မဟာရာဇာ အံစာတုံး

      November 21, 2013 at 3:53 pm

      ရွာထဲမှာ အပိုဂျီးဒွေ ပေါဒယ် …
      သို့ပေမယ့် ..
      အိုက်ဒီ အပိုဂျီးဒွေဂ ဂျီးက ခပ်များများရယ် ..
      သို့ဂျောင့် ..

      ဖူးစာရေးကုမ်ပဏီ ထောင်စားယင်
      မွဲလိမ့်မယ် …
      :mrgreen:

      • လုံမလေးမွန်မွန်

        November 21, 2013 at 4:32 pm

        ိအို..
        ဖလမ်းဖလမ်းဖြစ်ချင်နေတဲ့ လူပျိုဂျီးတွေ ရှိသားပဲ…
        စိန်ခေါ်မှုပေါ့ကွယ်.. ကြိုးစားကြည့်တာပေါ့.. :mrgreen:

  • Mr. MarGa

    November 21, 2013 at 3:14 pm

    မြို့ကြီးကို ရောက်လာပြီ ဆိုတော့
    ဒီ သိကြား ဘယ်နားမှာ နေရင် ကောင်းမယ်မသိ
    သဂျီးက မြို့ကွက်သာ ရိုက်ပေးတာ ဘယ်သူဘယ်နား ပြောတာဟုတ်ဖူးရယ်
    တော်ကြာ ကိုယ်ရတဲ့ အကွက်က မြို့စွန်နားက ချောင်ကျကျမှာဆို မဖြစ်သေး…..
    ဆိုတော့….
    ဘယ်သူ့ကို သွား ဂါရင် အဆင်ပြေမယ်မသိ….. :mrgreenn: :mrgreenn:

    • kai

      November 21, 2013 at 4:47 pm

      မြို့စွန်မှာ.. စက်မှုဇုံဆောက်ပေးမယ်လေ…
      လျှပ်စစ်မီးလဲအိုကေရမယ်ပေါ့…

      ဂါလက်စနဲ့..ကျုပ်ပဲဂါလိုက်နော.. :kwi:

Leave a Reply