ဒီတခါတော့ ဒဲ့ ဘဲ..

နွေဦးNovember 13, 20132min21320

ဒီတခါ ဒဲ့ပြောတာပါ..…

တကယ်ပါ ဒီတခါ ဒဲ့ပြောမှာပါ ။တခါလေးစောင်းပြောလိုက်ပါတယ် နောက်ပြောတာတွေအားလုံး အဓိပ္ပါယ်တမျိုးနဲ့ ဖတ်ကြတော့မယ်ဆို ကျွန်တော် ဒုက္ခနဲ့ လှလှတွေ့ကြမှာ..
ဒါ့ကြောင့် တဲ့တဲ့ဘဲရေးလိုက်တော့မယ် ။
တလွဲမတွေးကြနဲ့နော်…။
ဒီလိုဗျ ဒီလို..ဒီတခါလုပ်မဲ့ပွဲမှာ ကျုပ်ဇွတ်ချဲတော့မယ် ဆိုတဲ့အကြောင်းပြောချင်တာ….။
ဒီတပွဲမှာ သူက ဝင်အရွေးခံမယ်လို့ပြောနေပြန်ပြီ..။
ဘယ့်နဲ့ဗျာ..သည်းခံလာတာကြာခဲ့ပြီ..ခုထိဝေ့လယ်ကြောင်ပါတ်နဲ့ နေရာကလိုချင်သေးတယ် မဖယ်ပေးချင်ဘူး..။
ပြောတော့ အငြိမ်းစားယူပြီးခြံထဲ စာဖတ်ပြီး အေးအေးဘဲနေတော့မယ်ဆိုတာ…။
ခုဒီမှာ လှုပ်လှုပ်ရှားရှားဖြစ်လာတာနဲ့ သူဒီဘက်ကို ခြေဦးလှည့်နေပြန်ပြီ…။
IMG_7551
သူ့ကိုတော်တော်များများကမထောက်ခံတော့ဘူး…
အရင်က ဆရာဆရာဆိုပြီးလုပ်ခဲ့တဲ့ တပည့်တွေလည်း ခုအနားမှာသိပ်မကျန်တော့ဘူး..
ဒီသီတင်းကျွတ်မှာတောင် တပည့်တွေက လာကန်တော့တာ သိပ်မရှိဘူး..
မှတ်မှတ်ရရ ဟိုတယောက်ဘဲ လာကန်တော့တယ်လို့ကြားတာ…။
ဖြစ်မှာပေါ့..လူကြီးလုပ်ပြီး မျှမျှတတ မှမရှိတာ..။
သူ့လက်ထက်က သူလုပ်ခဲ့တာတွေ ကောင်းမှမကောင်းခဲ့တာ…။
လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဆိုင်ခန်းတွေကို အပြင်ပေါက်ဈေးထက် အများကြီးလျှော့ပြီး သူ့အမျိုးတွေကို ငှားတာ…။
မီတာခတွေမကိုက်လို့ဆိုပြီး တိုးတောင်းတယ်..။
ပိုက်ဆံလိုတော့ ဟိုဟာအတွက် ဒီဟာအတွက်ဆိုပြီး နင်းကန်တောင်းတာ..။
ဒါတွေကို အရပ်ကသိတော့ မကြည်ညိုကြတော့ဘူး…။
သူကတော့ စားကွက်ကောင်းနေလို့ ခုလည်းဒီပွဲ မှာ သူဝင်ပါမယ်လုပ်နေပြန်ပြီ..။
သူ့ကိုတော့ ဒီတခါရွေးလို့မဖြစ်ဘူးဗျ..။ ဒီတခါ သူသာပါလာခဲ့ရင် မလွယ်ဘူး..။
ပြီးတော့ စည်းကမ်းနဲ့လည်းမညီဘူး..။
ဖြစ်နိင်မလားဗျာ..ခုဟာက သူ့မြေးဘဲဒီမှာရှိတာလေ…။
 IMG_7553
သူသာဝင်အရွေးခံမယ်ဆို ကျုပ်ကမခံဘူး…။
သူမဟုတ်တာတွေ လုပ်ခဲ့တာကို ကျုပ် ဖွင့်ချတော့မှာ…။
ဘယ်ခံမလဲဗျ..။
လူကြားထဲ ဒဲ့ကိုပြောချပလိုက်မှာ….။
လက်ရှိ ဆရာကြီးကလည်း  သူ့ရဲ့ဆရာဟောင်းဆိုတော့ သိပ်မပြောသာလို့ ခပ်ရှောင်ရှောင်လုပ်နေလားမသိဘူးဗျ..။
စဉ်းစားကြည့်လေ…မိဘဆရာအသင်းဆိုတာ မိဘတွေနဲ့ ဆရာတွေ အလွန်ဆုံးရပ်မိရပ်ဖတွေဘဲပါသင့်တာမဟုတ်လား..။
အဖိုးကကျောင်းအုပ်ဆရာကြီး အငြိမ်းစား ဆိုပြီးဝင်အရွေးခံ ချင်လို့ဘယ်လက်ခံနိုင်ပါမလဲ..။
ဒီတော့ ကျုပ်ကလည်းနေမှာမဟုတ်ဘူး…သူ့လက်ထက်က ကျောင်းပါတ်လည်က ဆိုင်ခန်းကိစ္စတွေကိုအငှားချတဲ့ကိစ္စ ကိုအမျိုးတွေမို့ ဈေးလျှော့ပေးတယ်ဆိုတဲ့အကြောင်း…။
တိုးတောင်းထားတဲ့မီတာကြွေးတွေလည်း မဆောင်ထားလို့ မီးဖြတ်ခံထားတဲ့အကြောင်း….။
ကျောင်းသားတွေဆီကဘာကြေး ညာကြေးဆိုပြီးကောက်ထားတဲ့ ရံပုံငွေ ရှင်းတမ်းမရှိဘဲ ငွေတွေ အလွဲသုံးစားလုပ်ထားတဲ့ အကြောင်း…။
ဒါတွေအပြင်…
…….အကြောင်း…
…….အကြောင်း…
……..အကြောင်း….တွေ…။
ပြောမရရင် ဖွဘွတ်ကနေ ဖွပစ်လိုက်မယ်..။
အဲဒါတွေလည်း နောင်တက်မဲ့မိဘဆရာ အမှုဆောင်အဖွဲ့က ရှင်းကြရအုံးမယ်..။
မပြောချင်လို့ မပြောကြတာကို..
သူ့ကိုကြောက်လို့ထင်နေတာ….။
ခုတော့ ပြောစရာရှိတာကို ပြောရတော့မှာပေါ့ဗျာ…။
ဘာဘဲဖြစ်ဖြစ် သူ့ကိုတော့ ရွေးလို့မဖြစ်တော့ဘူးဗျ..။
နွေဦး တဲ့တဲ့ပြောတယ်…။

 

20 comments

  • surmi

    November 13, 2013 at 11:23 am

    တိန်​ !!¡¡
    ဒဲ့ ​ပြော​နေတာကို ဒဲ့မမြင်​​သေးဘူးဗျာ …
    ကျ​နော်​​တော်​​တော်​ အ ပါတယ်​ခင်​ဗျ
    ဘာသာ​လေးများပြန်​​ပေးနိုင်​ရင်​ဖြင်​့.. 🙂

    မိုက်​သဗျို့ ….

    • နွေဦး

      November 13, 2013 at 12:32 pm

      ဘာသာပြန်ဖို့အတွက် “ယုန်ကလေး နှာစေးနေတယ်” ဆိုတဲ့ ပုံပြင်လေးတော့ အရင်ပြောမှ ဗျို့..

  • kyeemite

    November 13, 2013 at 11:47 am

    ..ကျုပ်လည်း အ သဗျို့… 🙄

    • နွေဦး

      November 13, 2013 at 12:39 pm

      အင်း…. အရောက်များ တွန်းပို့ကြတော့မလားဗျာ…
      လုံးတီးဆန်က ဆီးချိုနဲ့ တည့်တယ်ဆို သိပ်တော့ စိတ်မပူမိပါဘူးဗျာ..
      ဟိုခေတ်ကဆို မော်စကို ခရီးတခေါက်.ဆိုပြီး စာတပုဒ်တော့ ရမှာပေါ့နော်…

  • ရဲစည်

    November 13, 2013 at 11:54 am

    ဖြစ်သင့်ပါတယ် ….။
    ဖြစ်ကို ဖြစ်သင့်ပါတယ်……။
    ဆိုတော့ ဒီကိစ္စနဲ့ ပတ်သတ်ပီးကို ကော်မရှင်ဖွဲ့ပီး စုံစမ်းသလိုလိုနဲ့ အချိန်ဆွဲသင့်ပါတယ်…..။
    ပြောသာ ပြောတာ …
    သိပ်တော့ နားမလည်ဘူးရယ် ….။

    ဘယ်သူ့ကို ပြောတာလဲ…… ဟင်?

    • နွေဦး

      November 13, 2013 at 12:44 pm

      အဲဒါ..အရောက်ပို့တာလား…
      ဒဲ့လေ..ဒဲ့ ..
      ပါတ်လည် ရိုက်ရင် ပေါက်ပါတယ်..
      ဒဲ့ သွားထိုးတော့ တွတ်ဘဲ ရမှာပေါ့…

  • KZ

    November 13, 2013 at 12:42 pm

    သူ တင်မဟုတ် …..
    သူနဲ့ ပတ်သက်ရာပတ်သက်ကြောင်းးးးးး
    ကုန်ကုန် ပြော သူ့ အရိပ်ခိုဖူးတဲ့သူကိုတောင် ရွေးလို့ မဖြစ်တော့ပါဘူးးး

    ဟိ။
    ဘူ့ ကို ပြောတာတုန်းဟင်?

    😀

    • နွေဦး

      November 13, 2013 at 12:47 pm

      ဂျီးဒေါ်တို့ကတော့ လုပ်ပြီ…
      ခုဟာက အဘမဟုတ်ဘူး..
      အငြိမ်းစား ကျောင်းဆရာကြီးပါဆို….
      ဂယ်ဘဲ..အရောက်ကို ပို့တော့မလို့လား…
      ဒဲ့တွေးပါဆို..

  • မဟာရာဇာ အံစာတုံး

    November 13, 2013 at 1:00 pm

    အမငေးးး ငေးး
    ဥနွေဦး ကြီးက ဒဲ့ပြောနေတယ်ဆိုလို့ …
    သူညားထက် ဦးအောင် အမောတကော ပြေးလာလိုက်ဒါ …
    ဟွန့် ….
    ဒီရောက်မှ …
    အတိတ်စိမ်းတွေ ပေးနေဒါဂိုး ……..။

    ဟွန့် … လူဇိုးး .. ရေလည်း ချိုးဘူးးးး

    • နွေဦး

      November 13, 2013 at 4:15 pm

      ရေချိုးဆို ပုံစံ နဲ့ချိုးတတ်အောင်လေ့ကျင့်ရအုံးမယ်..

  • TNA

    November 13, 2013 at 1:38 pm

    တကယ့်ကိုနှာစီးနေလို့ဆေးခန်းပြေးလိုက်အုံးမယ်။ ပိုစ့်ကလေးကိုတော့ကြိုက်သဗျိုး။ လက်မအကြီးကြီး ထောင်သွားပါတယ်။

  • kyeemite

    November 13, 2013 at 1:51 pm

    ဒေါ်မွသဲ ကလည်း ဘယ်နားကလက်မကြီးထောင်သွားတာပါလိမ့် ❓ ❓ ❓

    • TNA

      November 13, 2013 at 4:31 pm

      မြို့စားမင်းလက်မ မချိဒေါ့လဲ ကိုယ့်လက်မလေးကိုယ် ထောင်ခဲ့သပေါ့ အူးမိုက်ရယ် 😀

  • Mr. MarGa

    November 13, 2013 at 3:49 pm

    နှစ်ခါဖတ်ပြီး
    ရေးတေးတေး သဘောပေါက်သလိုလို
    အဲ.. ဒါပေမယ့် သိပ် မလည်သေးလို့
    ချာချာ….လည်……..
    :mrgreenn:

    • နွေဦး

      November 13, 2013 at 4:18 pm

      ချာချာလည်လေးဘဲကောင်းပါတယ်ဗျာ..
      အတွေးပေါက်သွားရင်…ကျွန်တော် ခရီးတခေါက်သွားရမှာစိုးလို့….မော်စကို ကိုလေ..

  • twitty

    November 14, 2013 at 10:10 am

    ှုှုဦးနွေဦး တော်တော်ရေးတတ်တာပဲ…၊

    ဒဲ့ ပြောတာကို ဒဲ့ပဲနားလည်နေရာကနေ အောက်ဆုံးနားရောက်မှ စောင်းချ လိုက်တော့ feel ငုတ်သွားတာပေါ့…။

    • နွေဦး

      November 15, 2013 at 4:58 pm

      အိုက်ဒါ အမှားခံ (FUSE) တပ်ထားတယ်လို့ခေါ်တာ..
      အမှားခံမပါရင် မီးလောင်တတ်တယ်ကွယ်…ဟင်းးးးးးးးဟင်းးးးးးးးးးးး

  • alinsett

    November 14, 2013 at 10:17 pm

    ဟက်ချိုးးးး

    :kwi:

    အိုက်ဆရာဂျီးးး
    ဟီးဟီးး

    🙂

    • နွေဦး

      November 15, 2013 at 5:00 pm

      အော်..ဆောင်းလေလေးဖြန်းလာတော့ နှာစေးတဲ့သူတွေ များလာပါလား..
      ကျန်းမာရေး ဂရုစိုက်ပါဗျာ..

  • ဝင့်ပြုံးမြင့်

    November 15, 2013 at 8:37 pm

    ဒဲ့ပဲပြောမယ်။
    ညတုန်းက အိပ်မက်ထဲကို ကမာ္ဘ့ နိုင်ငံရေး ပရောဟိတ်ဆရာကြီး ဂျော့အိုဝဲ ရောက်လာပြီး အိပ်မက်ကို ဒဲ့ပေးသွားတယ်။ — ဒီမယ်ဟေ့ … ၂၀၁၅ ရွေးကောက်ပွဲ ဘယ်တော့မှ ဖြစ်ဘူး၊ ဟိုလူ ရမလား၊ ဒီလူ ရမလား ပူနေနဲ့၊ ဗြု — တဲ့။ ဗြု ဆိုတာက မြေကြီးထဲ ပြန်ဝင်သွားတဲ့အသံပါ။ fuse ဟုတ်ဘူး။

Leave a Reply