မန္တ​လေး မုန်​့တီ ဘဝပျက်​သွားခြင်​း

ေမာင္ရိုးNovember 13, 20131min35443

 

 

## မန်​း​လေးမုန်​့တီ ဘဝပျက်​သွားခြင်​း###

 

မန္တ​လေး လို့ဆိုလိုက်​တာနဲ့ ကျ​နော်​စိတ်​ကြည်​နူးမိပါတယ်​ ။ ဘာ​ကြောင်​့ရယ်​မသိ ကျ​နော်​ မန်​း​လေးကိုချစ်​တယ်​ .. ။ အင်​း.. ချစ်​စရာ​တွေလည်​းရှိခဲ့တာကိုး…. (​ပြောမပြဘူး 🙂 )

တဆက်​တည်​းမှာပဲ မန်​း​လေးက အစားအစာ​တွေဆိုသိပ်​ကြိုက်​တာ​ပေါ့ဗျာ ။ ငယ်​ငယ်​တုန်​းကစားခဲ့ဖူးတဲ့ စိန်​ပန်​းထဲက အဖွားကြီး​ရောင်​းတဲ့မုန်​့တီဆိုရင်​ အခုချိန်​ထိ အိမ်​မက်​ထဲမှာစွဲ​နေမိတာ ..။

တရုပ်​တန်​း​ည​ဈေးတန်​းမှာစားခဲ့ရတဲ့ ပန်​း​သေး​ခေါက်​ဆွဲ ၊ ဘုံ​ကျောင်​းဝန်​းထဲမှာ​ရောင်​းတဲ့ ယူနန်​​ပေါက်​စီ ..အခုချိန်​ပြန်​ရှာရင်​​တော့ ဟိုးးး…အ​ဝေးကြီးမှာ​ပေါ့ဗျာ …။

ဘယ်​ဆိုင်​မှာ ဝင်​စားစား စားလို့​ကောင်​း​နေတာက​တော့ ဘယ်​​ဒေသမှာနဲ့မှအရသာမတူတဲ့ မုန်​့တီ ပါ ..။ ဟုတ်​ပါတယ်​ .. မန္တ​လေး မုန်​့တီကို ကျ​တော်​တို့က နန်​းကြီးသုပ်​လို့​ခေါ်ကြ​ပေမယ်​့ ​ရွှေမန်​းသူားများက​တော့ မုန်​့တီ လို့ဘဲ​ခေါ်ပါတယ်​ ။

 

atote2
ပွဲပြင်ပြီးစ မနယ်ရသေးခင် ပုံ
ပွဲပြင်ပြီးစ မနယ်ရသေးခင်ပုံ
နယ်ပြီး စာဖို့ အဆင်သင့်ပုံ

 

မုန်​တီမှမစားခဲ့ရင်​ မန်​း​လေးကိုမ​ရောက်​ခဲ့သလို… မုန်​့တီစစ်​စစ်​ အရသာကလည်​း မန်​း​လေးမှာပဲ ရှိတာပါ ။ ယခင်​က ရန်​ကုန်​မှာ နန်​းကြီးသုပ်​ဆိုင်​​တွေဘယ်​လို့ပဲ​ရောင်​းခဲ့ပါ​စေ .. မန်​း​လေးနဲ့​တော့ ထပ်​တူထပ်​မျှခံစားလို့မရခဲ့ပါဘူး ။

လက်​ရာခြင်​းမှမတူတာ​လေ… ကျ​နော်​သိသ​လောက်​ မုန်​့တီမှာအဓိက ကပဲမုှန်​့ပါ .. ။ အစဉ်​အဆက်​ မန်​း​လေးက ကုလားပဲမုှန်​စစ်​စစ်​ကို ​ပေါင်​ဒါမုှန်​့လို ညက်​​နေ​အောင်​ကြိတ်​ထားလို့ မုန်​့တီထဲ​ရောက်​ရင်​ ဆီထဲမှာ​ပျော်​ဝင်​သွားပါ​ရောလား…

ရန်​ကုန်​မှာ ပဲမုှန်​့အများစုက ကြမ်​းရှရှနဲ့ဆို​တော့…. ….

မုန်​ဖတ်​က တခြား ပဲမုှန်​့ကတလွဲ… ဒီကြားထဲ ကြက်​သားကိုဟင်​းပုံစံချက်​ထည်​့တာ​လေ..။

မန်​း​လေးမုန်​့တီမှာ​တော့ ကြက်​သားဖတ်​ကို ပြုတ်​ပြီးခါွထည်​့ထားတာ …

 

ဘယ်​လို​ပြော​ပြော ​ရောက်​​လေရာနန်​ကြီးသုပ်​စားတတ်​​ပေမယ်​့ ငယ်​ချစ်​​ဟောင်​း မန်​း​လေးမုန်​့တီနဲ့​တော့မတူတာအမှန်​ပါပဲ ။

ဒါ​ပေမယ်​့. …. ကျ​နော်​့အတွက်​ ရ​သေ့စိတ်​​ဖြေစရာဆိုင်​တစ်​ဆိုင်​ကို ​တွေ့လိုက်​ရပါတယ်​ ။ လွန်​ခဲ့တဲ့ ၈ နှစ်​​လောက်​ကတည်​းကပါ .. အဲဒီတုန်​းက ဆရာစံလမ်​းမှာပဲ ဖွင်​့​သေးတာ​ပေါ့ …

​ဪ​….သူနံမည်​က “​မောနင်​းစတား”တဲ့ …

ဟုတ်​ပါတယ်​ .. မန်​း​လေးမှာလည်​းနံမည်​ကြီးခဲ့ပါတယ်​ ..

​နောက်​​တော့ ..တရိစာ္ဆန်​ရုံ​ဘေး မှာဆိုင်​ကြီးဖွင်​့လို့ခန်​့ခန်​့ထည်​ထည်​​ပေါ့ ..

ဒီလို .. ဒီလိုနဲ့ ….ဆိုင်​ခွဲ​တွေဖွင်​့လာလိုက်​တာ ​တော်​ဝင်​စင်​တာ ​ပေါ်အထိ​ရောက်​လာပါ​ရောလား…

 

မန္တ​လေး ​ လို့အသံကြားရင်​ ရင်​ခုန်​တတ်​တဲ့ကျ​နော်​ ……

မုန်​့တီလို့ ဆိုလိုက်​တာနဲ့ သ​ရေယိုမတတ်​ဖြစ်​ရတဲ့ကျ​နော်​ ….

​တော်​ဝင်​စင်​တာ​ပေါ်မှာ ​မောနင်​းစတားကို​တွေ့လိုက်​တာနဲ့ ကျ​နော်​့စိတ်​​တွေထိန်​းမရခဲ့ ပါကလား.။

မိန်​့ မိန်​့ကြီးထိုင်​ ၊ မုန်​့တီတစ်​ပွဲခတ်​​လော​လောမှာလိုက်​ပါတယ်​ …။

​ဟော….ရပါပြီမုန်​့တီ ။

ဓတ်​ပုံမှာ​တွေ့ရတဲ့အတိုင်​း မုန်​့ဖတ်​​ပေါ်မှာ ပဲပျစ်​ရည်​​တွေဆမ်​းထားတာ…

ကိုရီးယားပဲ​ခေါက်​ဆွဲကို အားများကျ​လေသလား ​မောနင်​းစတားရယ်​ …

မန်​း​ရင်​ခွင်​က ထွက်​လာတာမကြာ​သေးဘူး မန်​း​လေးရဲ့ပုံရိပ်.. မန်​းရဲ့ထရိတ်​မတ်​ ပြီး​တော့ ကျ​နော်​့ရဲ့အသဲနှလုံး မုန်​့တီကိုမှ ရက်​ရက်​စက်​စက်​ ….

ကြည်​့ပါဦးဗျာ .. မုန်​့ဖတ်​​ကိုဆီဆမ်​း ကြက်​သားဖတ်​ထည်​့ ပဲမုှန်​့ဖြူး ပြီး​တော့ အုန်​းနို့​ခေါက်​ဆွဲဟင်​းရည်​လိုလိုခတ်​ပျစ်​ပျစ်​ကြီးဆမ်​း​ပေးလိုက်​တာ အရသာက​တော့ …

လ​အော့လအယ်​နဲ့ ​ရွှေ​တောင်​​ခေါက်​ဆွဲလည်​းမဟုတ်​ …

မုန်​့တီလည်​းမဟုတ်​… ​မောနင်​းစတားပဲနန်း​ကြီးလို့ပဲ အမည်​တပ်​လိုက်​ချင်​​တော့တယ်​ …။

 

ကဲ…….. ​မောနင်​းစတား​ရေ…

ခင်​ဗျားရဲ့ နန်​းကြီးသုပ်​ကို မန္တ​လေး မုန်​့တီလို့​တော့ ဘယ်​​တော့မှမ​ပြောလိုက်​ပါနဲ့​ဗျာ …

ကျ​နော်​ချစ်​တဲ့ မန်​း​လေးကိုယ်​စား ရင်​နာလွန်​းလို့ ….

 

 

​လေးစားလျှက်​

​မောင်​ဆာမိ

43 comments

  • KZ

    November 13, 2013 at 12:49 pm

    အနော့ကို လွမ်းအောင် ဖန်လေရော့သလား ဆာဆာရယ်။
    အစားအသောက်ဆိုတာတော့ ဆန်းသစ်ရတယ် ဆိုတာမှန်ပေမဲ့ ပြင်လွန်းသွားရင်
    စိတ်မှာ စွဲနေတဲ့ အတိတ်အရိပ်လေးတွေ ပျောက်သွားတာပေါ့။
    အဲဒီ အခါမှာ တို့တုန်းက မန်းလေး နဲ့ မတူတော့ဘူးဆိုတာမျိုးဖြစ်တတ်တယ်။
    ဘာပဲပြောပြော ကိုယ့်မန်းလေးကို ချစ်တယ် ဆိုတဲ့ လူဂျီးတစ်ယောက်ကို ပိုချစ်သွားသလိုပါပဲလေ၊
    ဟိဟိ

    :chit:

    • surmi

      November 13, 2013 at 12:59 pm

      ပထမဆုံး အား​ပေးသွားတာ​ကျေး​ကျေး ဗျာ 🙂
      စာလုံး​ပေါင်​း​တွေ မှားတာခွင်​့လွှတ်​ဗျို့…

  • surmi

    November 13, 2013 at 12:57 pm

    အဲဒိ ဆိုင်​တစ်​ဆိုင်​တည်​း ထွင်​တာထင်​ပါရဲ့ဗျာ..
    တရိစာ္ဆန်​ရုံ​ဘေးကဆိုင်​က​တော့ မူလဘူတ ပါပဲ…
    တစ်​ပွဲလုံး​တော့ကုန်​​အောင်​စားပါတယ်​..
    ညအထိအစာမ​ကျေဘူး…
    စိတ်​ထဲလဲ မရိုးမရွနဲ့….
    ဟုတ်​ကဲ့…
    မန်​း​လေးကိုလည်​း လာခဲ့ပါဦးမယ်​

  • မဟာရာဇာ အံစာတုံး

    November 13, 2013 at 1:04 pm

    မန်လေးဂ ငယ်ဘွ ဇာတ်လမ်းလေးဂို တိဂျင်ဒယ် ….
    မန်းလေးဂို ချစ်တယ်ဆိုတော့ကာ …
    မန်းလေးက ဖေဂျီးပေါက်၊ ဥခင်ခ၊ ကပေ၊ ဘဲဥ၊ ဖြဲမ စဒါ စဒါတွေဂိုရော …
    ဂျစ်တယ် ဆိုဒဲ့ ဘောပေါ့နော် …
    မန်းလေး မုန့်တီတော့ စားဖူးဘူး …
    တားဂ နန်းဂျီးသုပ် စားဒတ်ဘူးရယ် … ဟီးးး

    • surmi

      November 13, 2013 at 1:30 pm

      ငယ်​ဘွ ? မ​ပြောဘူး .. သတ်​ချင်​သတ်​ပလိုက်​ 🙂
      ဘယ်​နှယ်​​မေးပါ့​မောင်​အံရယ်​ …
      ​ပြောပြီးပါပ​ကော..မန္တ​လေး လို့ဆိုတိုင်​း ​မေတ္တာ သက်​ဝင်​ချစ်​ခင်​တာ​ပေါ့ …
      သက်​မဲ့​တောင်​မှဒီ​လောက်​အစွဲအလန်​းကြီးရင်​ ..
      သက်​ရှိရွာသူား​တွေကို ဘယ်​​လောက်​​လေး​လေးနက်​နက်​ ခင်​မင်​မလဲဆိုတာ….

  • Myo Thant

    November 13, 2013 at 1:04 pm

    ကျနော်ကတော့ ကသာဆိပ်ကမ်းမှာ စားခဲ့ရတဲ့
    မိုးတား မုန့်တီကို လွမ်းပါသည် ၊
    ပဒဲကောမှုန့်လေးနဲ့ မွှေး လို့ ၊
    ဪ ရွှေကူကို မန်းကနေ ကားနဲ့ချည်းသွားနေတော့
    ကသာမရောက်တာ ကြာ ပေါ့လေ ၊

    • surmi

      November 13, 2013 at 1:34 pm

      ဦးမျိုး​ရေ…
      မိုးတား(မိုးဒါး) ကိုကြားဖူး​ပေမယ်​့ တခါမှ​တော့မစားဘူးပါဗျာ…
      အဲ….
      မိုင်​းသာမြီးရှည်​စစ်​စစ်​စားချင်​ရင်​​တော့ တံတံားဖြူကန်​လမ်​းအလယ်​​လောက်​မှာ
      ဖွင်​ပြီး​ရောင်​း​နေတယ်​ခင်​ဗျ …
      ဝက်​ဦး​နှောက်​အနှစ်​​လေးနဲ့နယ်​ပြီးစားရတာ…. ဂွတ်​ထ 🙂

  • kyeemite

    November 13, 2013 at 1:37 pm

    ကျုပ်ကလည်း ငယ်ငယ်ကနေ ဆယ်တန်းအောင်တဲ့အထိ မန်းလေးနေလာတာ
    မန်းလေးသားလိုပါပဲ..နေခဲ့ရသမျှ မြို့တွေထဲ မန်းလေးမှာအပျော်ဆုံးပဲ….
    အဲတော့..ထုံးစံအတိုင်း…မန်းလေးမုန့်တီလည်းကြိုက်သပေါ့ဗျာ…
    ပြီးခဲ့တဲ့နှစ် မန်းလေးကိုသွားလယ်တော့ …နန်းတွင်းမှာ မန်းလေးမုန့်တီ စားခဲ့ကြသေးတယ်..
    အမှတ်တယပေါ့…ရန်ကုန်မှာတော့ မန်းလေးမုန့်တီ ဝယ်မစားဖြစ်သေးဘူး..မကြုံလို့… 🙂
    ဒီနှစ်လည်း ထပ်သွားဖို့ ကြိုးစားအုံးမယ် ကိုဆာမိရေ….

    • surmi

      November 13, 2013 at 1:53 pm

      ဦးမိုက်​​ရေ..
      ကျ​နော်​က​တော့ ဦးမိုက်​​လောက်​ကြာကြာမ​နေဖူးပါဘူး ..
      လ အနည်​းငယ်​​လောက်​ပဲ ​နေဖြစ်​ခဲ့တာ..
      တခါတ​လေ မန်​း​လေး​တောင်​အားကစားကွင်​း(အခုရှိ​သေးရဲ့လားမသိ) ​ရှေ့က အုတ်​တံတားမှာ ညည ဂစ်​တာတီးခဲ့ဖူးတဲ့​နွေည​တွေကို​တော့ဖြင်​့ လွမ်​းမိသား…..

      • surmi

        November 13, 2013 at 1:58 pm

        မသဲနု​ရေ…
        အာသာ​ပြေ မန်​းမုန်​့တီနဲ့မြီးရှည်​ကို စားကြည်​့ချင်​ရင်​​တော့ ​အလုံ​အောက်​ကြည်​့မြင်​တိုင်​လမ်​း​ပေါ်မှာ ဖွင်​့ထားပါရဲ့ဗျာ ..
        ယခင်​က ​ငွေစင်​​ယော်​နာမည်​နဲ့ ဟဲလ်​ပင်​မှာ​ရောင်​းခဲ့တာ​ပေါ့ ..

  • TNA

    November 13, 2013 at 1:41 pm

    တရိစာ္ဆန်​ရုံ​ဘေးကဆိုင်​ကလဲ အဲလိုတော့မဆိုးပေမဲ့ ဘယ်လိုမှစားမရလို့ ဘယ်လိုဂျီးမှန်းမသိလို့ တပွဲတောင် ကုန်အောင်မစားနိုင်ခဲ့ပါဘူး။ ကားပွဲစားတန်းနားကရွှေပုလင်ကတော့ နဲနဲလေးမဆိုးဘူးလားလို့။ စားလို့ရတယ်ပြောပါတော့။

    • ခင် ခ

      November 13, 2013 at 1:54 pm

      ကိုပေါက်လိုက်ကျွေးတာကို အဖော်အဖြစ်လိုက်ပြီး
      ဧည့်သည်ကို ဧည့်ခံကာ စားပေးမယ်၊
      တစ်ရက် တစ်ဆိုင် ပေါ့ဗျာ။

      • surmi

        November 13, 2013 at 2:20 pm

        ဗျို့… ဦးခ …
        တနင်္ဂ​နွေ ကမ​တွေ့လိုက်​ရတာနာသဗျာ…
        ဒီတခါ​တော့ကြို​ပြောပါဦး​နော ..
        မန်​းလည်​းလာဦးမယ်​ 🙂

      • Ko chogyi

        November 13, 2013 at 8:41 pm

        တစ်ရက်တစ်ဆိုင်လိုက်ကျွေးမယ့်သူရယ်၊ အဖော်လိုကြ်ပီးဧည့်ခံမယ့်သူရယ်တော့ တွေ့ပြီ။
        လမ်းစရိတ်ဒကာခံမယ့်သူရယ်။ တည်းဖို့ခိုဖို့နေရာပေးမယ့်သူရှိလို့ကတော့
        မန်တလေးရွှေမြို့တော်ကြီးကို အလည်လာဦးမှာ။
        ကိုပေါက်ရေ နိုဝင်ဘာလကုန်လာဖြစ်မယ်။ ကိုခင်ခလည်းတွေ့ချင်ပါတယ်။

    • surmi

      November 13, 2013 at 2:17 pm

      ဟုတ်​ကဲ့ပါ အစ်​ကိုကြီး​ပေါက်​​ရေ..
      တကယ်​ကို လာဖို့ရှိပါတယ်​ဗျာ …
      အစ်​ကိုတို့နဲ့ လည်​းဆုံချင်​သလို မ​ရောက်​တာကြာလို့ အလည်​အပတ်​လည်​းပါသ​ပေါ့ …
      ဒါနဲ့ ..အစ်​ကိုလာရင်​လည်​း ​ပြောပါဦး​နော…
      လူလူချင်​းမဆုံရ​သေး​ပေမယ့် ​ စာတစ်​ပုဒ်​အတူတူ​ရေးဖြစ်​ခဲ့တာ​လေးက​တော့ တသက်​စာအမှတ်​တရပါဗျာ ။
      ​နောက်​တခါ ​ရေးဖြစ်​ဖို့လည်​းကြိုးစားပါဦးမယ်​​နော ..

  • Wow

    November 13, 2013 at 1:55 pm

    မုန့်ပန်းကန်ကျိလိုက်တော့ မန်းလေးမုန့်တီမှာ မုန့်ဟင်းရည်တွေဆမ်းထားသလားလို့ ဆိုးလိုက်တာ :buu:

    • surmi

      November 13, 2013 at 2:24 pm

      ​ဒေါ်​ဒေါ် Wow ​ရေ
      မြင်​တဲ့အတိုင်​းဘဲဗျာ..
      ဒါ​ကြောင်​့ .. ဘဝပျက်​သွားတယ်​လို့ ​ပြောတာ​ပေါ့ ..
      ​ကောင်​းလားဆို​တော့ ..
      စမ်​းစားကြည်​့ကြ​ပေါ့ဗျာ

  • ဦး ဂျစ်

    November 13, 2013 at 2:16 pm

    မန်းလေးအကြောင်းရေးကြတော့ လွမ်းမိပါသဗျာ …
    လ္ဘက်ရည်ဆိုင် ရှေ့မှာ ဘယ်မြို့မှာမှ မတွေ့ဖူးမိတဲ့ ဆိုင်ကယ်လေးတွေ စနစ်တကျ တန်းစီလို့
    စနစ်ကျပါပေ့ ..
    တည်းတော့ မိန်းထဲမှာ ဆောင်းတွင်းမို့ ချမ်းလိုုက်တာ တုန်လို့
    ပြီးတော့ ကိုရင်ဆာမိပြောတဲ့ မန်းလေးမုန့်တီကိုလဲ လွမ်းရပါသဗျာ ။ :chit:

    • surmi

      November 13, 2013 at 2:32 pm

      အဟမ်​းးးးး…
      ဦး​လေးဂျစ်​ လွမ်​းတာမန်​းသူ​လေး​ရောမပါဘူးလား…
      မိန်​းထဲမှာတည်​းတယ်​ဆို​တော့ … 😀

  • ဦး ဂျစ်

    November 13, 2013 at 2:46 pm

    မိန်းမ ကယ်ပါ….. အဲ……
    မန်းသူလွမ်းရဖို့ အရေးကို ဖယ်ထား
    အိပ်ရှင်မက အနားနား တစ်ကောက်ကောက် ပါနေတာမို့ စွေစောင်းလေးတောင် ဟိုဒင်း လုပ်ခဲ့ရပါဘူး … ဟီး

  • Mr. MarGa

    November 13, 2013 at 3:02 pm

    မုန့်တီ……..
    ငယ်ငယ်ကပေ့ါဗျာ
    မနက်စာ အဖြစ် စားခဲ့သပေါ့
    ဒါပေမင့်
    ခိုတောင်မုန့်တီကို သိပ်မကြိုက်
    အခုထိ စားနေတတ်တာတော့
    နီးနီးနားနား စိန်ပန်းက ဒေါ်ရင်မုန့်တီပဲဗျာ…….
    ပြောရင်းဆိုရင်း ဗိုက်တောင် ဆာလာသလိုလို……..

    • surmi

      November 13, 2013 at 3:27 pm

      ကျုပ်​လည်​း ခို​တောင်​မုန်​့တီ​တော့မကြိုက်​..
      ပါးစပ်​ရုှပ်​လို့ .. 🙂
      ​ပြောဖို့​မေ့​နေတာ.. ​ဈေးချို​တော်​က ခနုံထုပ်​​လေးလည်​းသတိယသား …

      • Mr. MarGa

        November 13, 2013 at 3:41 pm

        ဟီးးးး ကြားဖူးတာက
        ခနုံထုပ်က ယိုးဒယားက လာတယ်ဆိုလား……….

        • padonmar

          November 13, 2013 at 11:21 pm

          ဤရွာထဲတွင် ခနုံထုပ် ကျွမ်းကျင်ရှိပါသည်။
          သူတို့လက်ရာကောင်းကြောင်း ထောက်ခံပါသည်။
          🙂 🙂 :

        • TNA

          November 14, 2013 at 1:23 pm

          အားတေးဘူး ခလေးထိန်းနေရလို့တဲ့ အာတီဒုံရေ :mrgreen:

  • အဘ့တကထိပ်ခေါင် အဘဆြာရဲစည်

    November 13, 2013 at 3:35 pm

    အနော်ကတော့ မုန့်တီဆို ရခိုင်မုန့်တီဘဲကြိုက်တယ်ဗျာ …. စာရိုက်ရင်း သွားတွေချဉ်ပီးလာတယ် .. ဂလု
    မန်းလေးရောက်ဖြစ်ရင်တော့ မုန့်တီနဲ့ ခိုတောင်မုန့်တီကို သိပ်မစားဖြစ်ဘူး …
    ကျနော်ကြိုက်တာက ကြာဇံကြော်နဲ့ ငါးအရေခွံကြော် ပြီးတော့ ဆန်ချိုအေး ..
    ဟဲဟဲ … ဝက်သားဒုတ်ထိုးကတော့ မပါမဖြစ်ပေါ့ ….
    ၁၆ကျောင်းထောင့်က မြင့်လွင်ဒုတ်ထိုးကတော့ စားနေကျ
    ပြောရင်းပြောရင်း သရည်ယိုလာပီ ….. ဒါဗြဲ

    • surmi

      November 15, 2013 at 8:45 am

      အဘထိတ်​​ခေါင်​ ခင်​ဗျ… 🙂
      ရခိုင်​မုန်​့တီဆိုရင်​​တော့ ဧကန္တ မင်​းလမ်​း​ဆိုင်​စား​နေကြထင်​ပါ့ …

  • အရီးခင်

    November 13, 2013 at 5:29 pm

    ဝုတ်ပ ကဆာမိ။
    ထွင်ချင်လဲ ထွင်ပါ။ ဒါပေမဲ့ နာမည် ပြောင်းပြီး ထွင်ပေါ့ နော။
    ပုံကို စကြည့်ရတော့ အုန်းနို့ခေါက်ဆွဲ မှတ်နေတာ။
    အဲလာ မုန့်တီ မဟုတ်မှန်း ကျွန်မတောင်သိတယ်။ 😛

    • surmi

      November 15, 2013 at 8:51 am

      အရီး​ရေ…
      မြန်​မာစကားပုံ​လေးကြားဖူးသားဗျာ
      သူများထက်​ထူးပြီးနှဖူး​ပေါ် ​ခြေ​ထောက်​​ပေါက်​ ဆိုလား…. 🙂

  • padonmar

    November 13, 2013 at 11:36 pm

    ၉တန်းအောင်တော့ နွေရာသီ မန်းလေး တက္ကသိုလ် လေ့ကျင့်ရေးတပ်ထဲ ၁လလောက် နေခဲ့ဖူးတယ်။
    မန်းလေးက အုန်းသီးခြစ်ပါတဲ့ ဖွာလူဒါ ကြိုက်တယ်။
    ကျန်တာတော့ လာလည်ရင် ကြွေးတာလိုက်စားဖို့ မှတ်သွားမယ်။

    • surmi

      November 15, 2013 at 8:53 am

      အစ်​မပဒုမ္မာ​ရေ…
      စပွန်​ဆာရှိရင်​​တော့ မန်​းကိုတစ်​​ခေါက်​​လောက်​သွားချင်​သားဗျ ..
      ဟိုမှာလိုက်​​ကျွေးမယ်​့သူ​တွေကအဆင်​သင်​့​လေ 🙂

  • kai

    November 14, 2013 at 4:53 am

    ကိုပေါက်ရေးထားပြီး.. ပုံနှိပ်ထုတ်လိုက်တဲ့မန္တလေးကစားသောက်စရာတွေအကြောင်းမှာ.. မုန့်တီအကြောင်းသေသေချာချာပါတယ်..
    ဆိုင်တကာလှည့်စားပြီးရေးပုံပဲ..။
    ကိုပေါက်ကိုသာကပ်လိုက်ပေတော့ဗျို့..
    အပူ..။

    ဆိုတော့…
    မြန်မာ့စားစရာတွေမှာ ပြဿနာတခုက.. စတင်န်းဒတ်မရှိတာပါပဲ..။
    စားဖိုမှုပညာရှင်တွေကလည်း.. အလေးချိန်နဲ့..ဂရမ်နဲ့..သတ်သတ်မှတ်မှတ်မလုပ်…
    အစိုးရကလည်းအားမပေးနဲ့…
    အခုလို… လအော့လအယ်.. လပျော့လဗြဲအခြေအနေတွေမြင်ရလေသတည်းပေါ့…

    ပြောလို့သာပြောသာ..
    ကိုယ်ရေးနေတဲ့.. ဇော်ဂျီဖေါင့်တောင်..စတင်းဒတ်မဟုတ်တဲ့အပြင်… ဇော်ဂျီကို အင်္ဂလိပ်လိုရေးတော့.. Zawgyi တဲ့…။
    ဇော်ကြီးဖြစ်နေသလိုလို…
    အနိစ္စ… :mrgreen:

    • surmi

      November 15, 2013 at 8:58 am

      အဲ…အဲ … သဂျီး​ပြောသလိုဘဲ
      ဟင်​းချက်​နည်​းစာအုပ်​​တွေမှာလည်​း အများစုက သင်​့သလိုကြည်​့ထည်​့ လို့ဆိုတာချည်​းပဲ…

      ကို​ပေါက်​နဲ့ကိုခ ကို​တော့ အမိဖမ်​းထားပြီဗျို့ …..
      ဟိုသဂျား ကိုလည်​း လမ်​းပြလုပ်​ခိုင်​းရဦးမယ်​

  • ဦးကြောင်ကြီး

    November 14, 2013 at 9:51 am

    မန်းလေးမုန့်တီ
    ပန်းသေးတလုပ်နီ
    ကမ်းဝေးတုံ့ချီ
    ဖမ်းပေးလုပ်မည်။။

    • surmi

      November 15, 2013 at 9:02 am

      မဖမ်​း​ပေးဘူး..
      လုပ်​မှာစိုးလို့ :hee:

  • လုံမလေးမွန်မွန်

    November 14, 2013 at 10:00 am

    မန်းလေးက နန်းကြီးသုပ်ကောင်းတယ်လို့ ကြားဖူးတာ..ဘယ့်နှယ် မုန့်တီ လဲလို့စဉ်းစားနေတာ…
    အနော်က မုန့်တီဆို ရခိုင်မုန့်တီပဲ မျက်လုံးထဲမြင်တာလေ… 🙂

    မန်းလေးကို သံယောဇဉ်ကြီးတဲ့ အူးဆာကို မန်းလေးသားတွေက ချစ်နေတော့မှာပဲ….
    ဒါနဲ့ ရန်ကုန်သား နဲ့ မန်းလေးသူ ဇာတ်လမ်းလေးများ မရှိဝူးလားဟင်င်င်.. :mrgreen:

    • surmi

      November 15, 2013 at 9:07 am

      လုံမ​လေး နဲ့ အလက်​ဆင်​း
      ကျုပ်​ကို အချွန်​နဲ့​တော့မ​နေပြီထင်​့
      ဘာဇတ်​လမ်​းမှမရှိပါဘူးကွယ်​… ​နောက်​တာ 🙂
      မန်​း​လေးက်ိုက ​နေလည်​းခဏ​နေဖူး​တော့ သံ​ယောဇဉ်​ဖြစ်​တာပါ..
      အပြင်​မှာ​သေ​သေချာချာ​ပေါင်​းကြည်​့ရင်​လည်​း တကယ်​ခင်​ဖို့​ကောင်​းတာသိရမှာပါ ..
      ရွာထဲမှာ​တောင်​ဘယ်​​လောက်​ခင်​စရာ​ကောင်​းလည်​းဆိုတာ …

  • alinsett

    November 14, 2013 at 1:09 pm

    ကျွန်တော်သာ ဆိုရင်တော့
    မန်းလေးကို ချစ်တဲ့အကြောင်း
    ချစ်စရာာအကြောင်း ရှိခဲ့တာတွေကို
    ပြောပြမှာပဲ

    🙂

  • မောင်ဘလိူင်

    November 15, 2013 at 11:48 am

    သဂျီး ပြောသလို စတင်းဒတ် မရှိတာ ထားပါဦးဗျာ။ တော်တော့်ကို ဆိုးဆိုးဝါးဝါး ထင်ရာ
    လျှောက်လုပ်ပြီး နာမည်တပ်တာတော့ လွန်တယ်။ ကျွန်တော် ဆို ပြည်ထမင်းသုတ် သွား
    စားတယ်။ လာချတော့ ဘာမှန်းမသိတဲ့ ထမင်းသုတ်..။ ဒါဘာလဲ ဆိုတော့ ပြည်ထမင်း
    သုတ်တဲ့။အမယ်.. ပြည်သားကို လာပြီး။ ဦးဆာမိ ပြောတဲ့ မောနင်းစတားမှာတော့
    မြီးရှည်ပဲ စားဖြစ်တယ်။ အဲဒါတော့ နည်းနည်း စားလို့ဖြစ်တယ် ဆိုရမယ်။

    • surmi

      November 15, 2013 at 11:56 am

      ကိုဘလှိုင်​​ရေ..
      ပြည်​သားဆိုလို့ ​ပြောရဦးမယ်​
      ပြည်​ ​ဒေါ်ဥထမင်​းသုပ်​လည်​း အရင်​ပြည်​မှာတုန်​းကလိုမဟုတ်​​တော့ဘူးလားလို့..
      အခု ဗဟိုလမ်​းမှာ​ပြောင်​းဖွင်​့ထားတယ်​​လေ..
      ​ဈေးက​တော့ စပယ်​ရှယ်​ကြီးပါ့
      ခက်​တာက ​တွေ့ရင်​မစားပဲလည်​းမ​နေနိုင်​ပြန်​ဘူး …

  • အရိပ်စစ်

    November 16, 2013 at 3:45 am

    ဗိုက်တွေ တကယ် ဆာနေတဲ့ ညနက်သန်းခေါင် ချိန်ကျမှ
    ဒီပိုစ်ကို ဖတ်မိတာကောင်းပါဘူး
    တိမီးကလည်း မန်းသူ ဟုတ်ပဲ နဲ့
    မန်းကို ချစ်တယ် ဘာ လို့လည်း ဆိုတာတော့
    အကြောင်းပြချက် ရှိဘူး…

  • surmi

    November 17, 2013 at 9:51 am

    အရိပ်​စစ်​​ရေ…
    ဗိုက်​ဆာရင်​ဦး​ပေါက်​နဲ့သာဆက်​သွယ်​လိုက်​ဗျာ…
    တစ်​​နေ့တစ်​ဆိုင်​လိုက်​​ကျွေးမယ်​တဲ့… 🙂
    မန်​းချစ်​သူတစ်​​ယောက်​ထပ်​တိုးလာပြီ …

Leave a Reply