အမြင်ကျယ်ကျယ်ထားကြဖို့ပါခင်ဗျာ

အဘ ဘုတ္ကလံုNovember 13, 20131min1756

NLD အဖွဲ့ကို..တရုတ်နိုင်ငံမှ ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး.
အကြောင်း မရှိအကြောင်းရှာကာ..ဝေဘန်မှုများဖြစ်ပေါ်နေပါတယ်။

ကုလားနှင့် တံဆိပ်ကပ်မရတော့..တရုတ်နှင့်တံဆိပ်ထပ်ကပ်ရန်..
အကြံယုတ်ကို..တဖြည်းဖြည့်သိလာရတယ်။

တော်တော် အောက်တန်းကျပါတယ်.။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ မတ်လ (၁၇) ရက်နေ့က..
လားရှိုးမြို့ ရန်တိုင်းအောင်ကွင်းတွင်တရုတ်နိုင်ငံ နှင့်ပတ်သက်သော သူ့သဘောထားကို..ပြည်သူများအားပြောခဲ့သောစကားရှိပါတယ်။

“ ကျွန်မတို့ နိုင်ငံဟာ ပထဝီအနေအထားအရ .တရုတ်နိုင်ငံနဲ့
အိမ်နီးချင်း နိုင်ငံဖြစ်နေပါတယ်။
ဒိမိုကရေစီ အစိုးရတည်တံ့မှ နိုင်ငံအချင်းချင်းနားလည်မှုရှိတဲ့
ဆက်ဆံရေးမျိုး ဖြစ်ပေါ်နိုင်မှာပါ။
ကျွန်မတို့လိုချင်တာ နှစ်ဦးနှစ်ဖက်စလုံး နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးပဲ၊
စီးပွားရေး အရသာဆက်ဆံတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး ”

ဒီလိုပြတ်သားသောစကားမျိုးကို ..
အရင်ကစစ်အာဏာရှင်ခေါင်းဆောင်များ..
မပြောရဲကြသလို..

လက်ရှိအစိုးရခေါင်းဆောင်များလည်း လုံးဝ မပြောရဲခဲ့ပါဘူး။

1466266_1413671088865324_930443916_n

“တရုတ်ကို ကြောက်ရတယ်”..ဆိုတဲ့စကားတော့ထွက်လာပါတယ်.။
မြန်မာနိုင်ငံတော်အလံနှင့် အချုပ်အခြာအာဏာ ၊အစိုးရအပါအဝင်..
နိုင်ငံသူနိုင်ငံသားများကို သိက္ခာကျအရှက်ရစေသော..
စကားမျိုးကိုတော့..သူတို့ နှုတ်မှ ဖွင့်ဟထွက်ရဲခဲ့ကြပါတယ်။
ရာဇဝင် ရို်င်းတယ်ဗျာ..
စိတ်ဓာတ်ပြင်းထန်တဲ့..ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံမှာဆို
အဲဒီစကားမျိုးပြောတဲ့ .အစိုးရတာဝန်ရှိသူဟာ..
သေဒဏ်ထိုက်သည်အထိ ပြစ်ဒဏ်ကျခံနိုင်လောက်ပါတယ်..။

တရုတ်နိုင်ငံဟာ.ဒေါ်အောင်ဆန်းစုကြည်အပေါ်..
အလေးအနက် ထားသည်မှာ အရမ်းသေချာပါတယ်..။
မသိမသာ အလေးအနက်ထားစောင့်ကြည့်နေပါတယ်.။

အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာရင်
တရားမျှတမှုမရှိသော မြန်မာနိုင်ငံ၏ တရုတ်စီမံကိန်းများ.၏
အကျိုးအမြတ်အပါအဝင်..ဒေသတွင်း ဩဇာရှိမှုချိန်ခွင်လျာ
အလေးသာမှု လျော့ကျသွားမယ်လို့ သူတို့ကယူဆနေပါတယ်.၊
လက်ပတောင်းမှာတင်..သိန်း ပေါင်းသာင်းပေါင်းများစွာ..
အခွင့်အရေးတွေတော်တော်ပြန်ပေးလိုက်ကြပါတယ်..၊
ဒါတောင် ဒေသခံတွေနစ်နာမှုရှိဆဲပဲလေ..။

နောက်ပြီးတော့..ဒီအစိုးရက နောက်အစိုးရကို
ဘော်လီဘောပုတ်ထားတဲ့ မြစ်ဆုံ ကိစ္စဖြစ်ပါတယ်..၊
မြစ်ဆုံကို ခုထိရပ်ထားသလို ..ဘယ်တုန်းက ဘယ်လို
လက်မှတ်တွေထိုးထားမှန်း အကျိုးအမြတ်ဘယ်လောက်တွေ
ရနေမှန်းမသိတဲ့…တရုတ်ရေအားလျှပ်စစ်စီမံကိန်း ၈ ခုကိုလဲ.
.တရုတ်က လုပ်ငန်းမစရဲသေးပါဘူး..

နောက်တစ်ခုက ကျောက်ဖြူရေနက်ဆိပ်ကမ်းဖြစ်ပါတယ်..
တရုတ်နိုင်ငံရဲ့ ဩဇာအာဏာကို အဆမတန်အကျိုးပြုစေမဲ့.
နေရာတစ်ခုကို ကျွန်တော်တို့နိုင်ငံက တရုတ်ကို ဈေးပေါပေါနဲ့
ပေးထားပါတယ်.၊ အဲဒီကိစ္စကိုလဲ တရုတ်က အခက်အခဲ
မဖြစ်စေချင်ပါဘူး..။

အဲဒီကိစ္စကြီးတွေဟာ. ၂၀၁၅ မှာ.နောက်တက်လာနိုင်တဲ့
အစိုးရအပေါ်မှာ မူတည်နေတဲ့အတွက် ဒေါ်စုတက်လာရင်
သူတို့အနေနဲ့ခက်ခဲမယ်လို့ယူဆမှာသေချာပါတယ်..၊
ကြံ့ဖွတ်အစိုးရတက်လာရင်တော့..တရုတ်ကကိုယ့်ခြင်းထဲကကြက်လို့
သဘောထားတဲ့အတွက်..သိပ်အလေးထားမယ်မထင်ပါဘူး.။

ဒီ့ထက်အရေးကြီးတာကတော့..
တရုတ်ကွန်မြူနစ်ပါတီရဲ့ ကံကြမ္မာဖြစ်ပါတယ်..
မြန်မာနိုင်ငံက ဒီလိုမျိုးပြုပြင်ပြောင်လည်းနေတာတွေ..
အဲဒီဒီမိုကရေစီတော်လှန်ရေးကိစ္စတွေမှာ ဒေါ်စုဟာ.
ကမ္ဘာကလေးစားရလောက်အောင် ပါဝင်ခဲ့ပါတယ်..၊
အဲဒီတွက် တရုတ်ပြည်သူများနဲ့..လူငယ်အများစုဟာ.
ဒေါ်စုကို ထောက်ခံခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်လည်းရေးကို
အားကျခဲ့ကြတာ အထင်အရှားပါ…
အဲဒီအတွက် တရုတ်ကွန်မြူနစ်ပါတီရဲ့ ခိုင်မာမှုကိုလည်း..
ယိုင်နှဲ့ရာရောက်တဲ့အထိဖြစ်စေခဲ့တာ အမှန်ပါ..

အထောက်အထားကတော့..
တရုတ်နိုင်ငံဟာ ၂၀၁၁ ခုနှစ်အတွင်းက..
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့
The Lady ရုပ်ရှင် အပြင် ထိုရုပ်ရှင်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ကြော်ငြာ၊
နမူနာပြကွက်တွေ မှန်သမျှ တရုတ်နိုင်ငံမှာ လုံးဝ ခွင့်မပြုခဲ့တာပါ။

နောက်ဆုံးတစ်ခုကတော့.
.ဒေါ်စုနိုင်ငံတကာခရီးစဉ်တွေမှာ
ကမ္ဘာ့နိုင်ငံတွေက လေးစာစွာ အရေးပေးဆက်ဆံခဲ့တဲ့အချက်ပါ။
တရုတ်တို့အနေနဲ့ အံ့ဩတုန်လှုပ်မိလောက်အောင်ကို..
ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သူတို့ပြည်သူတွေက ဒေါ်စုကို
အရေးပေးခဲ့ပါတယ်..၊
အဲဒီ ကမ္ဘာကြီးရဲ့.ဖိအားကလည်း တစ်ခုအပါအဝင်ပေါ့ဗျာ..

အဲဒီအတွက် တရုတ်ဟာ.ဒေါ်စုနဲ့သူ့ပါတီကို..
သတိထား အလေးအနက်ထားစွာနဲ့…
အနုနည်းရောအကြမ်းနည်းရော..သုံးပြီး..
ဆက်ဆံမှာဆိုတာ..မြေကြီးလက်ခတ်မလွဲပါဘူး..၊

အကြမ်းနည်းကတော စဉ်းစားကြပေါ့ဗျာ..
အနုနည်းကတော့ အရောဝင်တာပေါ့..၊

အဲဒီအတွက်…

ကျွန်တော်တို့အနေနဲ့…
အမြင်ကျယ်ကျယ်ထားကြဖို့လိုပါတယ်.

ကျွန်တော်တို့ ရဲ့ အမေဟာ…

ကျွန်တော်တို့ လက်လှမ်းမမီတဲ့..
မဟာဗျုဟာနောက်ကွယ်က အရေးပါသူတစ်ယောက်
ဖြစ်မှန်းမသိဖြစ်လာပြီဖြစ်ပါတယ်..၊

ကျွန်တော်တို့ နိုင်ငံတစ်ခုတည်းအတွက်တင်မဟုတ်ပဲ..

တရုတ်လိုအင်အားကြီးနိုင်ငံတစ်ခုကို …
လှုပ်ရှားပြောင်းလည်းသွားအောင် လုပ်နိုင်တဲ့..
key တစ်ခုလည်း…ဖြစ်နေပါပြီ..။

အာဏာရှင်တွေလို..ပေါက်လွတ်ပဲစားမလုပ်ပဲ
စနစ်တကျနဲ့ လုပ်ကိုင်သွားမှာတော့..
အသေအချာပါပဲ..၊
ကမ္ဘာမှာ နာမည်တစ်လုံးနဲ့ထင်ရှားသူ
ဆိုတော့ အောင်မြင်မယ်ဆိုတာမလွဲပါဘူး.။

သူမရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း..
အင်္ဂံလိပ် နဲ့ ဂျပန်ကြားထဲမှာ..
လူးလာခေက်တုံ့ခေါက်ပြန် နဲ့..
မဟာဗျူဟာကစားပြီး လွတ်လပ်ရေးအရယူခဲ့တာကို..
.ပြန်မြင်ယောင်လာပါတယ်.၊

ဒါပါပဲဗျာ..
Credit from facebook  written by Shwe Pa Yit

6 comments

  • အဘ ဘုတ်ကလုံ

    November 13, 2013 at 12:06 pm

    တရုတ်ကြီးနဲ့ အန်ကယ်ဆမ်ကြား ဆိတ်လဥ လုပ်တတ်ရင်ကို
    အဘဘုတ်တို့ ခုချိန် တိုက်ဆောက် ကားစီး သမီးတွေ
    တထောကြီးဖြစ်နေပြီ။ အမြင်လေးတွေနဲ့ ဝိုင်းဝန် ဝေဖန်ပေးကြပါဦးကွဲ့
    …………………………….
    မှော်ဘီကလော်ဘီ အဘဘုတ်

  • KZ

    November 13, 2013 at 12:36 pm

    ဟိ။
    သူမ ပြန်သွားမှ တရုတ်ရဲ့ တုံ့ပြန်မှုတွေကြည့်ကြတာပေါ့။
    မယ်မယ်တို့ဆီက ဆရာလီတို့ကတော့ အစက အလေးမထားသလိုလို ဘာလိုလိုနဲ့
    သူမ ပြန်သွားမှ သူမ ပြောခဲ့တဲ့ စကားတွေကို အရေးတယူ တိက် အက်ရှင် လုပ်နေလေရဲ့။
    ခုတလော Family life/ time for family ဆိုတာတွေ တွင်တွင်ပြောပြီးးးးးးး

    😀

  • TNA

    November 13, 2013 at 1:37 pm

    အစောပိုင်း ဒေါ်စုလွတ်လာခါစ အသီးသီးလာတွေ့ကြတဲ့ထဲမှာ ထိုင်းနဲ့တရုတ်ကနှာစီးနေတာ။ ဒေါ်ရင်လတ် ကြီးဆို ဒီရောက်ရဲ့သားနဲ့မတွေ့ပဲပြန်သွားတာ။ နောက်အတော်ကြာမှ ဟီလာရီလာပြီးမှ ဒေါ်ရင်လတ်ကြီး သီးသန့်လာတွေ့သွားတာ။ အခုတော့ စီလုတ်ကြီးလဲ အဓိကနဲ့ သာမညခွဲသိသွားပြီထင့်။ ဒေါ်စုကိုများ စစ်အုပ်စုလို့တွက်ထားမယ်တော့မထင်ဘူး။ စစ်အုပ်စုလို့လွယ်မယ်ထင်ရင်တော့မှားသွားလိမ့်မပေါ့။

  • Khant Khant

    November 13, 2013 at 4:04 pm

    ဒါပေမဲ့တရုတ်က အင်မတန်ပါးနပ်တယ်။

    ဘယ့်သူ့ကိုဘယ်လိုချဉ်းကပ်ရမလဲဆိုတာ

    သိပ်ကျွမ်းကျင်တယ်နော့်။ သတိထားဖို့ပြောတာပါ။

    တရုတ်စကားပုံရဲ့”ရန်သူက ကိုယ့်ထက်အင်အားကြီးနေရင် မိတ်ဆွေဖွဲ့ပါ” တဲ့

    မိတ်ဖွဲ့ ပြီး ကပ် ဖဲ့ သွားရင်ဒုက္ခ။

    ဒေါ်စု သမ္မတ မြန်မြန် ဖြစ်ပါစေ။

  • ဦးကြောင်ကြီး

    November 14, 2013 at 9:45 am

    တခုစဉ်းစားရမှာ ကူမြူနစ်ပီကင်း အစိုးရဂ မြန်တျန့်ပြည်ဂျီးကို ပြည်နယ် province အဆင့်ပေးမလား၊ ပြည်နယ်အောက် တဆင့်နိမ့် ကိုယ်ဗိုင်အုပ်ချုပ်ခွင့်ရ လူမျိုးစုဒေသတခုအဖြစ်လောက် သဘောထားမလား ဆိုဒါဗဲ..။ ကျုပ်ကဒေါ့ဗျာ ဘွားဒေါ်ဂျီးကို မြန်တျန့်ပြည်နယ် ပါတီဥက္ကဌအဖြစ်ရော မြန်တျန့်ပြည်နယ် အစိုးရအဖွဲ့ အကြီးအကဲအဖြစ်ပါ မြင်ဂျင်ဗာဒယ်..။
    ကျောက်သံပတ္တမြား
    ဆန်စပါးပေါများ
    ဝတို့မြန်တျန့်ပြည်ဝယ်
    ကြေးမုံဂျီးအမျိုး
    ကူမြူနစ်တီလုပ်ကျီးအား
    ကြိုဇိုဗာအိ
    မှောက်ခံဗာအိ
    ဆိတ်တိုင်းကျ
    ခြဒေါ်မူ….

  • alinsett

    November 14, 2013 at 10:11 pm

    ကဲ ဒို ့အမေ
    တကယ့် key ဟုတ် မဟုတ်
    စောင့်ကြည့်ရဦးမှာပဲ

Leave a Reply