အံချာဒုံး … အခွေ ရောင်းနေသည်

အခွေ ဆိုတော့ အကောက် မဟုတ်ဘူး။
အဖြောင့်လည်း မဟုတ်ပြန်ဘူး ….။
ဒီတော့ကာ … အခွေကို အခွေလိုဘဲ မှတ်ဂျဘာ ….။

အံချာဒုံး တစ်ယောက် ဘာအခွေ ရောင်းတာတုန်း ….။
ဟက်ကဲ့ ….
ပြီးဂဲ့ဒဲ့ ဒုတိယအကြိမ် ဂဇက်မင်ဘာများ တွေ့ဆုံပွဲမှာ ….
ကမှော် ရိုက်ကူးခဲ့တဲ့ ဓာတ်ရှင်ခွေကို ရောင်းနေဒါဘာ ….။

လာထား …….. တစ်ခွေ …… ၅ ထောင် ….
:mrgreen:

ဂလိုဘာ …။

အိုက်ပွဲ တက်တုန်းက အခွေ မရသေးတဲ့ လူဒွေရော … ကျန်ဒဲ့ စိတ်ဝင်စားတဲ့ ဂဇက် မန်ဘာတွေပါ …
ကျော့်ဆီမှာ တောင်း … အဲ .. အဲ .. ဝယ်နိုင်ဘာဒယ် …

အကယ်၍ ….
စိတ်ပါဝင်စားတယ်ဆိုရင် ….
အရင်ဆုံး အနေနဲ့ …. အောက်ဖော်ပြပါ ပုစ္ဆာကို ဖြေဆိုပါ ….။

သင် … ဂဇက်မင်ဘာ ဟုတ်ပါသလား ????
ဟုတ်တယ်ဆို … အောက်က ကွန်မန့်ထဲမှာ ဟိုဒင်း ထည့်ခဲ့ပါ။ (အီးမေးလ် လိပ်စာ)

သို့မဟုတ် ………
ကိုယ့်မေးလ် လူ သိပ်သိမှာ ကျောက်ယင်ဒေါ့ဖြင့် …
သင့်ရဲ့ မြို့နေ အမည်နဲ့ anzartone@gmail.com သို့ လိပ်မူပြီး တောင်းယူနိုင်ပါတယ်။

စိတ်ဝင်စားသူ ၂ဝ ဦးထက် ကျော်ရင်တော့ဖြင့် ….
ကျော် …….. အင်တာနက်ပေါ် Upload တင်ပေးပါ့မယ် …….။
ခက်ခက်ခဲခဲ မဒေါင်းရအောင်လည်း အခွေကို ထုချေ ရိုက်ခွဲပြီး တင်ပေးပါ့မယ် ……။

ဒါ့ထက် ……..
ပွဲတက် လူဂျီးမင်းများ၏ ခွင့်ပြုလက်သံများကိုလည်း မြည်းစမ်းဘာရစေအုံး။
ဒီလူဒွေ ကန့်ကွက်ခြင်း မရှိဘူးဆိုရင်ဒေါ့ သေဂျာပေါက်လို့တာ မှတ်ပေလော့ မြို့သူမြို့သား အပေါင်းတို့ ………။

 

နမူနာ - ၁
နမူနာ – ၁
နမူနာ - ၂
နမူနာ – ၂
G-video-3
နမူနာ – ၃

 

တစ်ခွေ .. ငါးထောင်

အံချာဒုံး …….

33 comments

  • KZ

    November 13, 2013 at 2:00 pm

    ညင်းညင်းးးးး
    နာ က ရပြီးပေါ့။

    :kwi:

    • မဟာရာဇာ အံစာတုံး

      November 13, 2013 at 2:14 pm

      ယပီးလည်း အေးချေးနေဂျာ … ဟွန့် ..
      မရသေးသူဒွေ လာဂျလိမ့်မယ် ..
      ဒါဗျဲစ် ..

  • TNA

    November 13, 2013 at 2:09 pm

    နီထမင်းလာချားမယ်မှုတ်လား တခွေလောက်ယူခဲ့လေ။ အခွေနဲ့ထမင်းလဲကြမယ် ငွင်းငွင်းငွင်း
    နာ့အီးမဲသိသမှုတ်လား အခွေကဘိုပို့မှာဒုန်း ပိုက်ချံကတော့အေးချေးပေါ့။ :mrgreen:
    နာ့ကိုတခွေ

    • မဟာရာဇာ အံစာတုံး

      November 13, 2013 at 2:18 pm

      အဟမ်းးး ဟမ်းးး
      ထမင်း လာစားမယ် .. စိတ်ချ …
      ဒါမယ့် … အခေါက် ၁၀ဝ မြောက်မှ အခွေ ပါလာမယ် … ထင် .. တယ် .. ငိငိ ..
      :mrgreen:

      အခွေက ….
      အင်တာမဲပေါ်ကနေ ဒေါင်းလုပ်ချရမှာ …
      ဒါမယ့် .. အီးမေးလ် လိပ်စာပိုင်ရှင်ဆီကိုပဲ လင့်ခ်ပို့ပေးမှာ …
      အိုက်ဒီ အီးမေးလ်နဲ့ ဝင်ပြီးတော့မှ ဒေါင်းလို့ ရမယ် …
      အခြားဟာ နဲ့ မရနိုင်ဘူးး
      ပိုက်ပိုက် ကတော့ .. အဟမ်းး ဟမ်းးး
      အိမ်တိုင် ရာရောက် လာကောက်ရမယ်ဆိုယင် …. ခြေကြွခ ပါ ပေးရမယ် …
      :mrgreen:

      • TNA

        November 13, 2013 at 4:26 pm

        အောင်မယ်လေးတော်ဘီအေ ထမင်းနဲ့အခွေလဲဒေါ့ဝူးရယ်။ အီးမဲပဲပေးလိုက်တော့မယ်။
        thelnu.aye@gmaill.com
        ပိုက်ချံကတော့ ဈေးတခါလာတကျပ်နှုန်းနဲ့ထန်းတပင်လမ်းကိုဝင်ဝင်ပို့မည်ဖြစ်ပါဂျောင်း ( ဇဂချပ် ၁ဝ ရက်တခါဈေးလာတီ ) :mrgreen:

  • Myo Thant

    November 13, 2013 at 2:23 pm

    ဟိတ် မောင်အံ
    နာ့ ပိုက်ပိုက်ရှိဘူး
    ၂၀၀ဝ နဲ့ မရရင်
    လှည်းတန်း ထန်းတပင်လမ်းမှာ ပွဲသွားကြမ်းပစ်မယ်

    ဒါဗျဲ 🙂

    • မဟာရာဇာ အံစာတုံး

      November 13, 2013 at 3:58 pm

      အောင်မာ …
      ပွဲမကြမ်းခင် ..
      ဆွဲဖမ်းပြီး ဟိုဒင်း လုပ်ပလိုက်လို့ ….။
      (ဟိုဒင်း = တောင်းဘန်)
      :mrgreen:

  • Mr. MarGa

    November 13, 2013 at 2:39 pm

    ကြုံတိုင်းပြော ကြုံတိုင်း တောင်းနေတာ ကြာပေါ့
    အင်းမလှုပ် အဲမလှုပ်နဲ့
    အခုမှ လာပြီး ရောင်းနေတယ်
    နာ့ အီးမေးထဲ ရောက်မလာရင်တော့ မလွယ်ဘူး မှတ်

    • မဟာရာဇာ အံစာတုံး

      November 13, 2013 at 4:00 pm

      လာဗျန်ဘီ တစ်ယောက် …
      ဟက်ကောင် … မြဲမြဲမှတ်ထား …
      ခြောက်တိုင်း ကြောက်တဲ့ထဲမှာ ငါ မပါဘူးတွ …
      ဒါဂျောင့် …
      မြှောက်ပီး တောင်း … ငိငိ

  • surmi

    November 13, 2013 at 3:13 pm

    အ​ခွေ … ?
    ရပြီးပြီ​ဟေ့… 🙂
    အ​ခွေလိုက်​ကူးပြီး ရန်​ကုန်​ထဲ​နေသူ​တွေ ပို့နိုင်​ရင်​ပို​ကောင်​း..

    • မဟာရာဇာ အံစာတုံး

      November 13, 2013 at 4:03 pm

      ဒီလိုဆိုရင်တော့ …
      ပိုကောင်းသွားမှာပေါ့ဗျာ …
      ကျုပ်လည်း ဒီလိုမျိုးလေး ပို့ပေးချင်ပါတယ် …
      ရန်ကုန်တင် မကဘူး …
      မန္တလေး၊ ပုဂံ၊ ချင်ကာပူ၊ အမေဒိကန် ထိ ရောက်အောင်
      ကဘာပတ်ပီး လိုက်ပို့ပေးဂျင်ဘာဒယ် …
      ဒီအတွက် … စရိတ်ကလေးပဲ ပေးဘာလို့ .. ငိငိ

  • အဘ့တကထိပ်ခေါင် အဘဆြာရဲစည်

    November 13, 2013 at 3:25 pm

    အိမ်း ….
    ကောင်းလေစွ …. ၅၀၀ဝ နဲ့ ဘာလဲဟို ပရိုက်ဗိတ်ဆီဆိုတာကြီးကို လဲကျတော့မပေါ့ အဟော့ဟော့
    ကျုပ်ကတော့ မဝယ်ဘူး ….
    တစ် တောင်းယူမယ်
    နှစ် မရက တိုက်ယူမယ်
    သုံး တိုက်မနိူင်က နှိုက်ယူမယ်
    လေး ဘယ်လိုမှ မရရင်တော့ အဝေးကဘဲ အော်အော်ပီး စပျစ်သီးချဉ်နေမယ် ….

    ငိငိ …. ငဲ့ငဲ့

    • မဟာရာဇာ အံစာတုံး

      November 13, 2013 at 4:06 pm

      နှိုက်တော့ အယူခံနိုင်ဘာဘူးး
      တိုက်တာနဲ့ ပေးမှာဘာ …
      မတော် နှိုက်တုန်း စိတ်ပြောင်းတွားမှ ဒွတ်ခ …

  • Khant Khant

    November 13, 2013 at 4:13 pm

    အော် အခွေလားးးး

    အိမ် မှာက ဟိုးးးးအရင်တုန်းက အခွေဖွင့်စက်မရှိတော့ဘူး။

    တထောင်ဖိုး သုံး ချပ် ဖွင့်တဲ့စက်ပဲရှိလို့ :mrgreen:

    • မဟာရာဇာ အံစာတုံး

      November 14, 2013 at 11:35 am

      ဒါဆို ၁၅ ခွေစာ ကော်ပီဆွဲလိုက် ..
      ကိုယ့်ဟာကိုယ် ဆွဲနော် .. (အခွေပေါဒါ)
      ဒီဂဒေါ့ လာထား ငါးထောင် .. ရော့ တစ်ခွေ ဘဲ … ငွင်းးငွင်းး

  • alinsett

    November 13, 2013 at 5:57 pm

    နာ တော ့နီ ့ဆီဂ
    တစ်ခွေ ငါးထောင် ပေးမဝယ်ဘူး

    ဦးစွယ်တော်ဆီက တောင်းထားပြီးပြီ ။

    နီ နာ့ကို ယူလာပေးဖို ့ပဲ လိုတော့တယ်

    ဒါဗျဲ

    • မဟာရာဇာ အံစာတုံး

      November 14, 2013 at 11:37 am

      အေးအေး …
      ယူလာပေးမယ် ..
      ခြေကြွခ ငါးထောင် လာထား … ဟာဟား

  • padonmar

    November 14, 2013 at 12:12 am

    စာအုပ်လေးပါ ရောင်းပေးပါလားတော်။
    ရေသန့်ဘူးတွေ အအေးပုလင်းတွေတော့ အော်ရောင်းပြီးပြီ။

    • မဟာရာဇာ အံစာတုံး

      November 14, 2013 at 11:40 am

      အော် .. ဒေါ်ဒေါ့်နိုင်ကော …
      ဂလို ရောင်းခိုင်းလို့ ရမားးး
      ခုတောင် တွေ့ဘူးလားး
      စေဒနာ ဒဒါတရား ဘယ်လောက် ထက်သန်ဂျလဲဆိုဒါ …
      ရောင်းပေးနိုင်ဘူးးး
      ရောင်းပေးရမယ်ဆို .. လာထား ပွဲစားခ ပဲ …..
      (အဟမ်းး မင်ဂါဆောင်ဖို့ စုနေဒါနော် …)
      :mrgreen:

  • ဦးကြောင်ကြီး

    November 14, 2013 at 9:58 am

    တခွေငါးထောင်
    ကပေသားကောင်
    မနေနားဖောင်
    သားရည်နွားပေါင်
    အသေသားရှောင်
    ဂလေများယောင်
    ခရေထားဆောင်
    ကဝေလားမောင်..

    • မဟာရာဇာ အံစာတုံး

      November 14, 2013 at 11:41 am

      ဥကြောင်ဂျီးး
      အခွေဝယ်မားးး
      မဝယ်ယင် ကဗျာဒွေ လာမရွတ်ပျနဲ့ …
      ဝေးဝေး ဂိုးဒေါ့ …..

  • sorrow weaver

    November 14, 2013 at 11:22 am

    အခွေဆိုတော့ ..နာကဟိုအခွေများရောင်းနေတာလားလို့…..ခြင်ဆေးခွေပြောပါတယ်… 😛

    • မဟာရာဇာ အံစာတုံး

      November 14, 2013 at 11:42 am

      ဟိုအခွေလည်း ယားဒယ်
      ဒီအခွေလည်း ယားဒယ် …
      ဒါပေသိ .. ဟိုအခွေက နည်းနည်း ဈေးကျီးဒယ် …
      ဟိုအခွေ ဆိုတာ ဟိုအခွေ ကို ပေါဒါနော် .. ငိငိ

  • ဦးဦးပါလေရာ

    November 14, 2013 at 11:30 am

    ဒီလိုလုပ် မောင်ရင်ရေ-
    မောင်ရင်က ကျုပ်ဆီ အဲ့ ဘီဒီအိုဖိုင်ကို အီးမဲနဲ့ပို့
    ကျုပ်က မောင်ရင့်ဆီ ငါးထောင်တန်တစ်ရွက် အီးမဲနဲ့ ပြန်ပို့မယ်…
    OK ..နော်..

    • မဟာရာဇာ အံစာတုံး

      November 14, 2013 at 11:44 am

      အိုကေတယ် …
      အဲ့ဒီ ငါးထောင်တန်ကို ကာလာပလင်တာနဲ့ ထုတ်ပြီး သုံးကျိမယ် …
      အတုဂျီးဆိုပီး လာဖမ်းယင်ဒေါ့
      ခညား ကို စာရင်းထဲ ဆွဲသွင်းရမှာဘဲ ..
      ဘိုလဲ ..

  • TNA

    November 14, 2013 at 2:50 pm

    အံချာဒုံး အံချာဒုန်း နာအခုမှစဉ်းစားမိလို့ဘာ ဟိုအခွေအခွေကောင်က ညီးကိုဒုတ်ခပေးတွားလို့ အခဲမကြေဖစ်ပီး အခွေအခွေကောင်ကို ဂလဲစားချေမို့ အခွေဒွေရောင်းနေဒါလားလို့ :mrgreen:

    • မဟာရာဇာ အံစာတုံး

      November 14, 2013 at 4:12 pm

      အိုက်ဒါ အခွေ မီဟုတ်ဘူးးး
      အရှေ ဗျ .. အရှေ ….
      ဟွန့် .. တိလည်း တိဘဲနဲ့ …
      ပေးဒေါ့ .. ငါးဒေါင် ….

      • TNA

        November 14, 2013 at 4:30 pm

        ပေးမယ် ငါးဒေါင် ဘယ်မလဲအရှည် အဲလေ အခွေ

  • naywoon ni

    November 15, 2013 at 8:48 am

    နင်​့အ​ခွေက ဆင်​ဆာကတ်​​ကောပါရဲ့လား

    မပါရင်​မဝယ်​ရဲဘူး ရဲ​ကြောက်​ရတယ်​ နာတိုရွာက 😛

  • ဖြူစိုင်း လူ

    November 15, 2013 at 9:28 am

    ကိုင်း..

    ၂ဝ ကျော်သွားဘီထင်ပါတယ်
    ကျုပ်တို့မိခင်ကြီးလဲ နောက်ယောက်ကျားနဲ့ ညားသွားပြီကြားတယ်
    မိသားစုပုံလေးတွေ မလိုချင်တော့ပါဘူးလေ။

    (၂ဝ ကျော်သွားရင် မပေးတော့ဘူးလို့ ပြောထားသလားလို့)

    လိုတော့ပါဘူးလေ.. ကျုပ်က အဝေးရောက်သားတစ်ယောက်ပဲ
    အားလုံး မေ့မေ့ပျောက်ပျောက် ရှိလောက်ရောပေါ့။

  • alinsett

    November 17, 2013 at 7:40 pm

    စာအုပ်နှင့် မိတ်ဆက်ခြင်း
    _____________________

    2013 /ဇူလိုင်လ /
    မိုးစက် နေ့ရက်များ ဟာ. . . . . . .ကျွန်တော့် ဘဝ ရဲ့
    ထူးခြားသော ရင်ခုန်ပျော်မြူးဖွယ်ရာ အချိန်ကာလ တစ်ခု ဖြစ်သလို . . . . . .

    Mandalaygazette ရဲ့ ့
    ထူးထူးခြားခြား အမှတ်တရ ဖြစ်စေခဲ့သော အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ် ။

    ဘာကြောင့်လဲ ဆိုတော့ . . . . .
    ဂဇက်ရွာ သမိုင်း မှာ . . .. .
    ဦးဦးဖျားဖျား/ထူးထူးခြားခြား လို ့ မှတ်တမ်းတင်ရမယ် ့ . . . .
    စာအုပ်ကလေး တစ်အုပ်ကို
    ထုတ်ဝေဖြန် ့ချိနိုင်ခဲ့တဲ့ အချိန်ကာလ ဖြစ်နေလို့ပါပဲ ။

    ===================

    သေသပ်လှပတဲ့ … … …
    ဂဇက်အမှတ်တရ
    ဆုရ စာမူစုစည်းမှု စာအုပ်ကလေး ထုတ်ဝေနိုင်ခဲ့ခြင်းဟာ
    ဂဇက်ရွာ သမိုင်း အသစ် . .
    အခုထက်ပို ဆန်းသစ်
    အောင်မြင်စေဖို့ အတွက် အင်အားတစ်ရပ် ထုတ်ဖော်ပြသ နိုင်ခဲ့ခြင်းလည်း
    ဖြစ်ပါတယ် ။

    http://www.myanmargazette.net မှာ အတွေး / အမြင်များကိုရေးသားတင်ပြနေကြတဲ့

    မန်ဘာများ ရဲ့ စာပေ / အနုပညာ / အတွေးအခေါ် အင်အားများ . . . ထည်ထည်ဝါဝါ ဖွင့်လှစ်ပြသနိုင်ခဲ့တဲ့ တံခါးတစ်ချပ်လည်း ဖြစ်ပါတယ် ။

    Mandalaygazette.comဆိုတာ

    ဒီလို စာ / ဒီလိုကဗျာ နဲ့ ဒီလို အတွေးအမြင်တွေက်ို တင်ပြနိုင်တယ် ဆိုပြီး

    ဂုဏ်ယူကျေနပ် နိုင် စေတဲ့ စာအုပ်ကောင်းတစ်အုပ်ကို . . .သေသပ်လှပစွာ နဲ ့ . . .

    ဖတ်ချင်စဖွယ် ဖြစ်အောင် . . . အကောင်းဆုံး ထုတ်ဝေ နိုင်ခဲ့ပါပြီ ။

    ====================
    စာအုပ်ကလေးကို တစ်ချက် ကလစ်လိုက်ရင် အန်တီပဒုမ္မာရဲ ့ စာအုပ် ပိုစ့်လေးဆီရောက်မယ်နော်။

    စာအုပ်ကလေးကို တစ်ချက် ကလစ်လိုက်ရင် အန်တီပဒုမ္မာရဲ ့ စာအုပ် ပိုစ့်လေးဆီရောက်မယ်နော်။

    စာအုပ်ပီပီသသ ။ ။
    ________________

    စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါ . . . . .

    အဲဒီ စာအုပ်အတွက် ကိုယ် ပေးလိုက်ရတဲ့ အချိန် / ငွေ / ဉာဏ် . . . စ တဲ့ အရင်းအနှီးနဲ ့တန်တဲ့

    အကျိုးရလဒ် ပြန်ရ မှ . . .

    အဲဒီစာအုပ်ဟာ စာအုပ် ပီသ တယ် လို ့ . . . အလင်းဆက် ယူဆ ပါတယ်။

    စာအုပ်တစ်အုပ်ဟာ . . . ဖတ်သာ ဖတ်လိုက်ပြီးးး

    ရသလည်း ပီပီပြင်ပြင် မရ လိုက် /

    သုတ လည်း ထိထိရောက်ရောက် မရလ်ိုက် /

    စဉ်းစားတွေးခေါ် စရာ . . သင်ခန်းစာ ယူစရာလည်း ပြောပလောက်အောင် မပါဝင်တဲ့ စာအုပ်မျိုး ကို

    အချိန်တွေ ငွေတွေ ဉာဏ်တွေ စိုက်ထုတ်ပြီး ဖတ်လိုက်ရတဲ့ အဖြစ်မျိုးးး

    မကြုံရအောင် . . . .

    စာအုပ် ပီသတဲ့ စာအုပ်ကို ရွေးချယ် ဖတ်ရှု ရမှာပါ ။

    ——————————————————————

    အခု ဂဇက် စာပေဆုရ စာမူများကို အမှတ်တရ စုစည်း ထုတ်ဝေ တဲ့ စာအုပ်ကတော့ . . .

    စာအုပ်ပီပီသသ . . စာအုပ် အစစ်တစ်အုပ် ဖြစ်ကြောင်းးး

    ရဲရဲတောက် အာမခံနိုင်တဲ့ စာအုပ်ပါ ။

    ဒီစာအုပ်ကို ဖတ်မယ့်သူဟာ . . .

    ထိုက်တန်တဲ့ ရသ / သုတ နဲ့ ့ အတွေး အမြင် များကို သေချာပေါက် ရနိုင် ယူနိုင်မှာ ဖြစ်ကြောင်းလည်းး

    အာမ ခံဝံ့တဲ့ စာအုပ်ကောင်းပါ ပဲ ။

    ===========================================================

    စာအုပ် နောက်ကျောဘက် မြင်ကွင်းလေးပါ။

    စာအုပ် နောက်ကျောဘက် မြင်ကွင်းလေးပါ။

    စာအုပ် အရည်အသွေး ။ ။

    ဂဇက် စာပေဆုရ စာမူများ အမှတ်တရ စုစည်းမှု စာအုပ်ကလေးဟာ . . .

    စာမူများရဲ့ အတွင်းသား အနှစ်သာရ တန်ဖိုး / လှပ တင့်တယ်မှု ရှိတဲ့ အပြင် . . .

    အပေါ်ယံ မြင်တွေ ့ရတဲ ့ အမြင်ကလည်း တင့်တယ်မှု ရှိရှိ သေသပ်ကျနပါတယ် ။

    စာအုပ် မျက်နှာဖုံး ဒီဇိုင်းက အစ . . . . အတွင်းစာမျက်နှာ များ ရဲ့ ့ တစ်မျက်နှာ ချင်းစီကလည်း

    အရောင်အသွေး စုံလင်တဲ ့ သရုပ်ဖော်ပုံရိပ်များ . . .

    စနစ်တကျ ဖန်တီးထားတဲ့ အပြင်အဆင် များနဲ ့

    အစစအရာရာ ကျေနပ် နှစ်သက်စရာ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။

    စာအုပ်ဆိုဒ် ကလည်း သင့်တော်တဲ့အပြင် . . . .

    စာမျက်နှာ ( ၁၂၁ မျက်နှာ ) ပါဝင်တဲ့ အတွက် မထူလွန်း မပါးလွန်းသော စာအုပ်တစ်အုပ်ပါ ။

    အပေါ်ယံ အပြင်အဆင်ရဲ ့ သပ်ရပ်ကောင်းမွန်မှု ကို မြင်ရုံနဲ့ . . . ပိုင်ဆိုင်ခွင့် ရသင့် / ရထိုက်တဲ့ စာအုပ်ကောင်းတစ်အုပ် . . . . လို့ ့သတ်မှတ်လိုက်နိုင်ပါတယ် ။

    စာအုပ်အတွင်း က

    အနှစ်သာရရှိသော . . .

    စာပေလက်ရာများးရဲ ့ တန်ဖိုး မဖြတ်နိုင်သော ရသ /သုတ / အတွေးအမြင် အဖြာဖြာ တို ့ပါဝင် လာတဲ့ အခါမှာတော့ . . . . . .

    စာအုပ်တစ်အုပ် ရောင်းဈေး . . . ( 2500 )ကျပ် ဆိုတာ . . . .

    အလွန် သင့်တင့်မျှတတဲ့ ဈေးနှုန်း ဖြစ်သွားပါတော့တယ် ။

    ===========================================

    စာပေအနှစ်သာရများ ။ ။

    စာအုပ်အတွင်းက . . .စာပေ အနှစ်သာရများဟာလည်းးး

    တကယ် မက်မောလောက်စရာ စာပေလက်ရာ များပါ ။

    စာရေးဆရာကြီး အောင်သင်းရဲ့ ့ဝေဖန်/ မှတ်ချက်ကလေးတွေ က . . .

    ထိထိမိမိနဲ ့…..

    စာမူများရဲ့အလှက်ိုအရောင် တောက်ပစေတဲ့အပြင် . . . .

    http://www.myanmargazette.net ရဲ့

    အယ်ဒီတာ kai ကလည်း . . . ဂဇက် သမိုင်းတစ်စွန်းတစ်စကို

    အမှာစာအဖြစ် မှတ်တမ်းတင်ထားပါတယ် ။

    ဂဇက် သမိုင်းကြောင်းထဲက သိသင့် / သိထိုက် တဲ့ အချက်အလက် တွေ ထည့်သွင်းရေးသားထားလို ့

    အယ်ဒီတာ kai ရဲ ့ အမှာစာက. . .

    ပြီးပြည့်စုံသော အမှာစာ တစ်ခု အဖြစ် ပါဝင်နေပါတယ် ။

    http://www.myanmargazette.net မှာ ပုံပမာလေးတွေ အရေးကောင်းသော . . .

    ပဒုမ္မာရဲ ့ ပီတ်ိလွှမ်းတဲ ့စကားအလှ (ရွာသူားများရဲ့စုပေါင်းအလှူမှတ်တမ်းလွှာ)ကိုလည်း … … … … …

    စာအုပ်ရဲ ့ရှေ ့ပိုင်း စာမျက်နှာ တွေ ထက်မှာ တွေ ့ရမှာ ဖြစ်ပါတယ် ။

    အဲ ဒီ နောက်မှာ တော့ . . . . .

    mandalaygazette အဖွဲ့ဝင်များရဲ့ ပရဟိတ အကျိုးဆောင်ခြင်း မှတ်တမ်းများ . . .

    ဒါဇင်ပလပ်စ် ပညာရေးကူညီမှု အဖွဲ ့ရဲ့ ့လှုပ်ရှားမှု များးးး

    အဖွဲ ့ဝင်များရဲ ့ အလှူဒါန မှတ်တမ်းမှတ်ရာများ ကို

    ပုံရိပ်များနဲ ့တကွ ဝေဝေဆာဆာ မြင်တွေ့ွ ့ကြည်နူးခွင့်ရပါဦးမယ် ။

    ပထမအကြိမ် ဂဇက်အဖွဲ့ ့ဝင်များတွေ့ ့ဆုံပွဲတုန်းက . . . အဖွဲ့ ့လိုက်ပုံရိပ်များလည်း

    အမှတ်တရ ပါဝင်ပါသေးတယ် ။

    ===============================================

    ဒီစာအုပ်ထဲမှာ . . .

    http://www.myanmargazette.net ရဲ့ ကဗျာချစ်သူကဗျာပြခန်း ထဲက ဆုရကဗျာ (၃)ပုဒ်ကိုလည်း ခံစားလို့ရပါတယ် ။

    ကဗျာ ရေးသူ . . .ဈာန် @ surmi ရဲ့ နှောင်ဖွဲ့မှုလွတ်ကင်းခြင်း ကဗျာ

    ကဗျာရေးသူ . . .ကိုရင်စည်သူ ရဲ ့ . . . . အပြစ်ကင်းတဲ့ ချစ်ခြင်းကဗျာ

    ကဗျာရေးသူ . . . .အလင်းဆက် ရဲ ့ မင်းကြောက်ရမယ့်အရာ တစ်ခုပဲရှိတယ်

    ဆိုတဲ ့ ကဗျာ သုံးပုဒ် လည်း

    သရုပ်ဖော်ပုံရိပ်များနဲ ့တကွ ပါဝင်ပြသ ထားတဲ ့စာအုပ်ပါ ။

    ==========================================

    ရသ / သုတ နဲ ့အတွေးအမြင် စာပေလက်ရာ များကိုလည်း တဝကြီး ဖတ်ရှုခံစားနိုင်ပါတယ်။

    ရသ / သုတ / အတွေးအမြင်များ ကို လှလှပပရေးဖွဲ ့ထာရှိ ရု ုံသာ မက သရုပ်ပေါ်စေတဲ့ ပုံရိပ်များကိုပါ. . . . .

    အရောင်အသွေးစုံလင်စွာ သုံးထားလို ့ တောက်ပလင်းလက်သော စာစုများလိုု့ ခံစား ရပါတယ် ။

    စာပေလက်ရာ ကောင်းများကတော့ . . .

    ဝင့်ပြုံးမြင့်ရေးတဲ့ . . . လေးဆယ်ကျော် ကျွန်မရဲ့ ့အသည်းကွဲတမ်းချင်း

    Aung Moe Thu ရေးတဲ့ . . . . ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင်

    Kyeemite ရေးတဲ့ . . . ထောင်ထွက်ကြီးမိုက်

    မိုချို ရေးတဲ့. . . .အစားမတော်တစ်လုပ်နဲ့သေမင်းကို ခလုတ်တိုက်ခဲ့သူ

    ဦးကျောက်ခဲ ရေးတဲ့ . . . . .အာဝေနိက ချစ်ဒုက္ခ

    နွေဦး ရေးတဲ့ . . . .စားသောက်ခြင်း နွေဦးအမြင်

    လုံမလေးမွန်မွန်ရေးတဲ့ . . . .ကြုံတွေ ့နေရ လုပ်ငန်းခွင်ဘဝ ( ခရီးသွားလုပ်ငန်း)

    မျိုးသန် ့ ရေးတဲ့ . . . . . . ရေဆန်လမ်းမှပန်းတစ်ပွင့်(၁)

    အင်ဇာဂီ ရေးတဲ့ . . . . Change !

    surmi ရေးတဲ့ . . . . . . ဝန်ကြီးပဒေသရာဇာ၏အကျဉ်းစံသင်းချိုင်းဂူ

    ကိုရင်စည်သူ ရေးတဲ့ . . . . . . သင်္ဘောအခန်းတွင်းမှ ဝိဉာဉ်ခေါ်သံ (၁)

    အဲဒီလို ရသ သုတ အတွေးအမြင်စုံ ကို

    ထိုက်ထိုက်တန်တန် ဖတ်ရှုခံစားနိုင်မယ့် စာအုပ်ပါ ။

    စာဖတ်သမားတို ့ ကျေနပ်စွာ နှစ်သက်မှာ သေချာတဲ့ စာပေလက်ရာ များပါ ပဲ ။

    ====================================================

    ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ စာပေလက်ရာများဟာဆိုရင်ဖြင့် . . .

    မန်းဂဇက်ချစ်သူများ စာပေဆုရ လက်ရာကောင်းများ ဖြစ်ပါတယ် ။

    Internet စာမျက်နှာပေါ်မှာ ဖတ်ဖူးပြီးသူများ အနေနဲ ့တောင်မှ

    စာအုပ်ကို လက်က ကိုင် ဖတ် ရတဲ့ စာဖတ်ခြင်းအရသာကို ပြည့်ပြည့်ဝဝ ခံစားပြီးး

    ဇိမ်ရှိရှိ / အေးအေးဆေးဆေး ဖတ်နိုင်ဖို ့ရော . . . .

    အမှတ်တရ အနေနဲ ့ပါ . . .

    ဝယ် သိမ်းသင့်တဲ ့စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ် ။

    ============================================

    မြန်မာ့စာပေအနုပညာ မြင့်မားထည်ဝါရေးကို

    တစ်ထောင့်တစ်နေရာကနေ ပါဝင် ဖန်တီးပြထားတဲ့ စာပေအနုပညာလက်ရာကောင်းတစ်အုပ်လည်း ဖြစ်ပါတယ် ။

    http://www.myanmargazette.net ထဲက မန်ဘာတွေ ရဲ ့

    စာပေစွမ်းအားးး

    စည်းလုံးညီညွတ်မှု စွမ်းအား တို့ကို အင်အားပြခြင်းတစ်ရပ်အနေနဲ့ ့ပေါ်ထွက်လာတဲ့

    စာအုပ်ကောင်းတစ်အုပ်လည်းး ဖြစ်ပါတယ်။

    =====================

    ဒါကြောင့် . . . . .

    စာဖတ်သမားတိုင်း ကျေနပ်စွာ ဖတ်ရှုခံစားခွင့် ရစေမယ့် . . .

    မန်းဂဇက်ချစ်သူများ၏ အမှတ်တရစုစည်းမှု(၁) စာအုပ်ကလေးကို ညွှန်းဆို ပြသလိုက်ရပါတယ် ။

    =========================================

    ဝယ်ယူ ရရှိနိုင် တဲ့နေရာတွေကတော့

    မန္တလေးမှာ

    (1)ကိုပေါက်-096805396

    ရန်ကုန်မှာ

    (2)စွယ်တော်ရွက်-စွယ်တော်ရွက် လျှပ်စစ်သင်တန်း၊ကမာရွတ်၊ဆင်ရေတွင်းမှတ်တိုင်အနီး၊Daisy မိတ္တူဆိုင် အပေါ်ထပ် ၊အင်းစိန်လမ်း
    09-450007347

    (3)ပန်ထူးသာ သင်္ကန်းတိုက်-S9,ပန်းလှိုင်လမ်း(ဟုမ်းလမ်းဘူတာအနီး) စမ်းချောင်း
    01-500180/01-519135

    (4)AK Pharmacy
    414,ကမ်းနားလမ်း၊လသာ
    19 လမ်းနှင့် ကမ်းနားလမ်းဒေါင့်
    01-226718/01-226926

    ====================================

    လေးစားစွာဖြင့်

    အလင်းဆက်

    ========================

  • တညင်သား

    November 17, 2013 at 11:21 pm

    တစ်ခွေ ၅၀၀ဝ ဈေးကြီးလှချည်လား…ဒါဆို ကျွန်တော်ဝယ်ထားတာက ခိုးကူးခွေပေါ့…..တော်ဖီ ထုပ်လေးပါအပိုရတယ် ….ပျော်လိုက်တာ……

Leave a Reply