” ခေါင်းတွေသာကုတ် “

ခင္ခNovember 13, 20132min23016

 

” ခေါင်းတွေသာကုတ် “

 

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ

မြန်မာထဲမှာ မရှင်းရှင်းတွေဟာ

အခုထိလည်း မရှင်းသေးပါ

ဘယ်တော့များမှ ရှင်းကြလိမ့်မှာ

ရှင်းရအကြွေး တောင်ပုံရာပုံသာ။

 

ရခိုင်ပြည်အရေး ခပ်မှေးမှေးနဲ့

လက်ပံတောင်ကိစ္စ ဟိုလိုဒီလိုပြ

ငါးလောင်းပြိုင်က မပေါ်သေး

အခြေခံဥပဒေ ပြင်ရန်နှေး

အခုအိုအိုင်စီကို သူဖိတ်တာပါတဲ့

မျိုးစောင့်ဥပဒေ ခပ်ဝေးဝေးနေ

တပ်မတော်ပိုင်မြေကိစ္စ ခေတ္တခဏ

အင်တာနက်ကွန်နက်ရှင် သီးခံစေချင်

တရုတ်အကြွေးကလည်း မကျေသေးခင်

လျှပ်စစ်မီးမှန်ရေး မဖြစ်နိုင်သေးမို့

ခဏစောင့်ပါ ပြည်သူများရာ

နိုင်ငံစုံလေး သွားပါရစေအုံး

ခုမှသွားလို့ ကောင်းနေတုန်း။

 

အကြံတူရင် နောက်လူသာစမြဲ

စကားအဆို ရှိပါသော်လည်း

ရှေ့ကအထုပ်ရှုပ် နောက်လူကငုတ်တုတ်

ပိုက်ဘောကြီးနဲ့ အဟုတ်အဟုတ်

ဖြစ်လာသမ္မတတော့ ခေါင်းတွေသာကုတ်။

 

ခင်ခ။

 

16 comments

  • TNA

    November 13, 2013 at 2:05 pm

    ပိုက်ဘောကြီးကိုလက်ဆင့်ကမ်းနေကြတာ ဘယ်သူ့လက်ပေါ်ကျမှကွဲထွက်မလဲရင်တမမ

  • မဟာရာဇာ အံစာတုံး

    November 13, 2013 at 2:06 pm

    နောက် သမဒ ငါးဆက်လောက် ခြားပီးမှ
    ရွေးကောက်ပွဲ ဝင်ရမယ် ….
    နို့မဟုတ်
    ကိုယ်ပါ ခေါင်းကုတ်နေရအုံးမယ် … ငိငိ …

  • KZ

    November 13, 2013 at 2:08 pm

    ဘယ်တမဒက ကုတ်မတုန်းးးး
    သူ တို့ အဖေဂျီး သူတို့သင်လိုက်ပြီးသားးးး
    ဘာပြီးဘာလုပ် ဆိုတာ။
    အဲလိုတွေ တစ်ခုပြီးတစ်ခု တင်လာရာက ခု အိုအိုင်စီ ကိတ်စနလည်းရောက်ရော အီလဲဗင်း ဘီလီရန် ကိတ်စန မေ့သွားကြ။
    တစ်ခု ပေါ် လိုက် ဖုံးချင်လိုက် နောက်တစ်ခု ထပ်ဖော်လိုက်နဲ့ ခေါင်းကုတ်ချိန်တောင်မရပါဘူးဗျာ။

    နားနား လုပ်ကြပါလို့ပဲ ပြောရမယ်။
    တုတ်ပစ်တဲ့နောက်လိုက်နေတဲ့ သူတွေ အစား မောစရာကြီးးးးး
    ကိုယ်ပါ ပါတယ်။
    ဟီးဟီး

    😀

  • surmi

    November 13, 2013 at 2:37 pm

    ဘီးစိတ်​​တွေ ရမယ်​.. ​ဟောဒီကဘီးစိတ်​​တွေ….
    သန်​းသတ်​​ဆေး​တွေရမယ်​…. ​ဟောဒီမှာသန်​းသတ်​​ဆေး​တွေ..
    ​ခေါင်​းကုတ်​စရာမလို​အောင်​သန်​းတုတ်​​ပေးမယ်​ .. 😀

  • အဘ့တကထိပ်ခေါင် အဘဆြာရဲစည်

    November 13, 2013 at 3:27 pm

    အဲ့သဟာတွေကြောင့်
    ၂၀၂ဝ လောက်မှဘဲ ရွေးကောက်ပွဲဝင်တော့မယ် စိတ်ကူးတယ် …
    အဲ့ကျ ခေါင်းကုတ်စရာ ထပ်ရှိနေသေးလို့ကတော့ …
    ဟွင်း …. ဟွင်း

    ခေါင်းဖြတ်ကျတာပေါ့ဗျာ …

  • လုံမလေးမွန်မွန်

    November 13, 2013 at 3:42 pm

    တစ်နေ့တစ်ခြား အံ့ဩစရာတွေ များလာတာကတော့ အမှန်ရယ်…
    version တွေလိုပဲ.. တစ်နေ့ထက်တစ်နေ့ အသစ်တွေထွက်နေတာ..လိုက်လို့မမီဘူးရယ်…

  • Mr. MarGa

    November 13, 2013 at 8:02 pm

    ရှေ့က ပြောင်း
    နောက်က ပြန်ပြင်
    ဘေးက ဝိုင်းပြော
    အလယ်ကနေ ပြန်ဖျက်
    ဒီမိုး ဒီလေ ဒီလူတွေနဲ့
    မြင်ယောင်ပါသေး…. နောက် လေးငါးနှစ်…….
    (အထင်……..)

  • naywoon ni

    November 13, 2013 at 8:50 pm

    သူတို့က​ခေါင်​းကုတ်​ယုံတင်​ရယ်​……….

  • naywoon ni

    November 13, 2013 at 9:56 pm

    သူတို့က​ခေါင်​းကုတ်​ယုံတင်​ရယ်​……….ငါတို့ဘာကုတ်​ရမှာပါလိမ်​့ 😀

  • padonmar

    November 14, 2013 at 12:15 am

    တဖြည်းဖြည်း စိတ်ကုန်ချင်လာပြီ။
    ရပ်နိုင်ပေ့တောင် မအော်နိုင်တော့ဘူး။

  • Wow

    November 14, 2013 at 9:00 am

    မိဘပြည်တူညားခင်ညာ… တားက ခုမှ အငယ်လေးချိတေးတာ… ကျမ်းမာရေးကလဲမကောင်း :mrgreen:

  • kyeemite

    November 14, 2013 at 9:17 am

    ကိုခင်ခရေ..
    ခေါင်းတွေကုတ်ရလွန်းလို့ ငယ်ထိပ်တောင်ပြောင်နေပါပြီဗျာ 😀
    ….ဒီနေ့တွေ့နေရတဲ့သတင်းတဲ့..
    “အမှုဖွင့်ခံထားရသော လယ်သမားကို ဖမ်းဆီးရာက လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ”
    ဆိုတော့ လယ်သမားက သူပုန်ဖြစ်တဲ့ခေတ်ဖြစ်နေပြီ…စိတ်ပျက်စရာတွေနေ့တိုင်းမြင်တွေ့နေရတယ်ဗျာ..

  • Wow

    November 14, 2013 at 10:48 am

    အို… ဘာတဲ့တုံး… နောက်တစ်ခါ လာပြန်ချီသေး… :mrgreen:
    News & In Myanmar
    ျWarrrrrrrrrr

    သတင်း

    သမ္မတ လစာလျှော့ယူမှု ဥပဒေ ချိုးဖောက်သည့်ပုံစံဖြစ်နေဟု ဦးခင်အောင်မြင့် သတိပေး၊ လစာကိစ္စ သမ္မတထံ တိုက်ရိုက်ဖုန်းခေါ်ခိုင်း

    ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၁၃

    သမ္မတဦးသိန်းစိန်က ဥပဒေပါ သမ္မတလစာ သိန်း ၅ဝ ကို မခံစားဘဲ တလ ငွေကျပ် ၁၅ သိန်းသာ လျှော့ယူခံစားမှုသည် ဥပဒေ ချိုးဖောက်သည့် ပုံစံဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေး ပြောဆိုလိုက်သည်။

    ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းဆွေးနွေးစဉ် ဦးခင်အောင်မြင့်က အထက်ပါအတိုင်း သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

    “ နိုင်ငံတော် သမ္မတရဲ့လစာခံစားခွင့် သိန်း(၅၀)ဟာ ဥပဒေ မှာပါရှိပြီးဖြစ် တဲ့အတွက် လိုက်နာရ မယ်။ အခု လို မယူ တဲ့ အတွ က် ဥပဒေ ကို ချိုး ဖေါက် သလို ဖြစ်နေ ကြောင်း၊ သူ့အနေ နဲ့ဒီလစာကိုယူသင့်ကြောင်း ၊သူ မယူ တဲ့ အတွက် အခု လို ဥပဒေ ကို ပြနြ်ပင်နေရတယ်´´ ဟု ဦးခင်အောင်မြင့်က ဆိုသည်။

    သမ္မတက လတ်တလော တလ ငွေကျပ် ၁၅ သိန်းရယူနေသည့်အတွက် ယင်းလစာအတိုင်း ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းပေးရန် လွှတ်တော်က ဆောင်ရွက်သောအခါ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သမ္မတ၏ လစာ တလ ၁၅ သိန်းဟု ပြဋ္ဌာန်းလျှင် သမ္မတ၏ ဂုဏ်သိက္ခာကျနိုင်ကြောင်း တင်ပြ လာသဖြင့် ဦးခင်အောင်မြင့်က “သမ္မတအနေဖြင့် ဥပဒေပါ သိန်း ၅ဝ လစာ ခံ စားခွင့် ဆက် လက် ခံ စား မယ်၊ မခံစားဘူ း´´ မေးမြန်းရန် ဒေါက် တာ မောင် မောင်သိမ်းကို သမ္မတ ဦးသိန်းစိန် ထံသို့ တိုက်ရိုက်ဖုန်း ဆက် မေးမြန်းခိုင်းခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန် က တလ သိန်း၅ဝ မ ခံ စား လိုဘဲ လစာ ခံစား ခွင့် သတ် မှတ် ချက် ကို လွှတ်တော် က သာ သတ်မှတ် ပေးရန် ပြန် လည် ပြောဆို ခဲ့ ကြောင်း သိရှိရသည်။

    လတ်တလောတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း အတည်မပြုနိုင်သေးပေ။

  • ခင် ခ

    November 14, 2013 at 1:37 pm

    Wow ဖော်ပြတဲ့ ကွန်မန့်အတွက် FB မှာ အဖြေလေးတွေ့လို့ ယူလာပြတာပါ။
    ဇာတ်မင်းသားများ ဇာတ်ကတော့ နောက်မှာကားလိပ်တွေရှိတယ်တဲ့ အဲဒီ ကားလိပ်တွေရဲ့နောက်ကို မရောက်ဖူးရင် ကြုံတဲ့အခါ တစ်ခါလောက် စပ်စပ်စုစုသွားကြည့် ကြည့်ပါလား အဲဒီမှာ ဘာတွေ မြင်တွေ့ရမလဲလို့လေ ဒါလေးပါဘဲ။

    * သူ့အမြင် သူ့အပြော *
    =============
    ဟဲ့ နင်မေကလွား
    စားမကုန်သောက်မကုန်
    ထားစရာမရှိအောင် ချမ်းသာပြီးသားမို့ မဖြစ်မကျယ် လစာလေး လျော့ယူပြပြီး ပြည်သူ့မေတ္တာချူပြ နေတာကို
    ဘုရားမှတ်ပြီး ဖင်ဗူးထောင် မတတ် ဖြစ်နေကြတဲ့လော်ဘီတွေကိုအံ့ပါရဲ့။

    သူ့သားသမီး မုန့်ဖိုးသာသာ
    လစာငွေလေး မယူပဲ အင်မတိ အင်မတန် အနစ်နာခံပြတဲ့ပုံ စတန့်ထွင်တယ် ဆိုတာ ကျုပ်အဖို့ ဟာသပဲ။

    တိုင်းပြည်ကိုဝန်ထုပ်ဝန်ပိုးနည်စေချင်ရင် အလွယ်ကလေး။ ဟာသ လူရွှင်တော် ဝံကြီးတွေသာ ခေါက်ထားလိုက် ။ တစ်လ သိန်းငါးဆယ်မကဘူး။ ပြည်သူ့ဘဏ္ဍာ သက်သာတယ်။

    ကြီးကြီးမာစတာတွေရဲ့ စောရဇာတ်လမ်း နှစ်ပုဒ်သုံးပုဒ်လောက် အရေးယူပြလိုက်ပါလား။ လစာလျော့ယူတာထက် ပြည့်ဘဏ္ဍာ ဆယ်ဆ ပိုသက်သာလာလိမ့်မယ်။

    ဝန်ကြီးဋ္ဌာနတွေက for show project တွေ ကိုသာ သေချာစီစစ် ပေး လစာထက်မကတဲ့ငွေ တွေပြည်သူတွေ အတွက်ထွက်လာလိမ့်မယ်။

    အခုတော့ ဂလိုမဟုတ်။
    နိုင်ငံပိုင်ပစ္စည်းတွေကို လက်သင့်စားတော်ခေါ် ခရိုနီတွေလက်ထဲ အောက်ဈေးနဲ့ထိုးထည့်ပြီး ပုဂ္ဂလိကပိုင်ပြုတာတွေကို သေချာကြပ်မတ်လိုက် နိုင်ငံအတွက် ဘီလျံနဲ့ချီတဲ့ငွေတွေ ပြန်ပြီးကျောက်ခဲရေပေါ်လာလိမ့်မယ်။

    ဒါပေသိ official လစာထက်
    under table တွေ ဂါဝရတန်းရှင်းတွေက ပိုပြီးမြိုးမြိုးမြက်မြက် ရနေလို့ လား
    လစာမမက်နှစ်ကျပ်ကွက်နင်းတာလားတော့မသိ ။ မပြောတတ်ဘူးလေ ။

    တစ်ချို့ကပြောတတ်ကြတယ် ။
    ခိုးစားရတဲ့ အသီးက ကိုချိုတယ်ဆိုလား ။
    ဘောင်ဘီ ချွတ်ဆို တာကလည်း အကျင့်ကပါနေတတ်တော့ အထုံဝါသနာဆိုတာကလည်း ဖြတ်နိုင်ခဲကိုး။

    ( Pyae Phyoe Aung )

  • TheWinner Getprize

    November 14, 2013 at 4:29 pm

    မီးတို့သမ္မတကြီး သနားပါတယ်… အဲလိုတော့ မပြောပါနဲ့ လေးခရယ်…

  • alinsett

    November 14, 2013 at 9:20 pm

    မရှင်းမရှင်းနိုင်ငံ
    မရှင်းမရှင် သမဒ
    မရှင်းမရှင်း မရှင်းမလင်းတွေကြားမှာ
    မရှင်းမရှင်းတွေ ဖြစ်ဆဲ
    ဟဲဟဲ

    :kwi:

Leave a Reply