အလံတော်ကို ၊ ဒီလိုမျိုးလေးလည်းချစ်လို့ရပါတယ် ။

Don Juan RonaldNovember 30, 20139min24812

အား လုံး မင်္ဂလာ ပါ  ! ♥ ♥ ♥

တရုတ် ဘိုးတော် တယောက် မဟုတ်သရုပ် တွေ ရေး တော့ မယ် ။

ဤ ပို့စ် သည် လူကြီးများ သာလျှင် ဖတ်ရှု ရန် ပိုမို သင့်လျော် သဖြင့် ၊ ခလေးများ ၊ အမျိုးသမီးများ နှင့် မိမိ ကိုယ် ကို မိမိသူတော်စင် ဟု ယူဆ နေသူ များ ဒီ ပိုစ် ကို ဖတ်ရှု ချင်း အား မ ပေး ပါ ။

မှတ်ချက်။  ။ လူကြီးများ ဟု ဆိုရာ၌ အများ ပြည်သူ များ အား အတင်း အဓ္ဓမ အုပ်ချုပ် ပြီး ၊ အနိုင်ကျင့် နေ သော မိမိ ကိုယ် ကို မိမိ လူကြီးများ ဟုယူဆ နေ သော ပုဂ္ဂိုလ်ကြီး များ ကို ဆို လို ခြင်း မဟုတ် ပါ ၊ Adult များ ကို သာ ဆို လို ချင်း ဖြစ် ပါ သည် ။

အလံတော် နှင့် ပါတ်သက် ၍ ရေး မည့် အ တွက် ၊ ယခု အလံတော် ၄ ခု ကို အရင် ကြည့် ကြ ရ အောင် ။

_B0_EA_BAX
1921 ခုနှစ် မှစ၍ ယခုလက်ရှိ အထိ သုံးဆွဲ နေသော တရုတ်သမ္မတနိုင်ငံတော် အလံ ။( ယခု ထိုင်ဝမ် နိုင်ငံ )

 

800px-Flag_of_Burma_(1948-1974)_svg
1947 – 1974 ခုနှစ်များ တွင် သုံးဆွဲ ခဲ့ သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံ ။
800px-Flag_of_the_People's_Republic_of_China_svg
1949 ခုနှစ် မှစ၍ ယခုလက်ရှိတိုင် သုံးဆွဲ နေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် အလံ ။
mm
1974 – 1988 ခုနှစ်များ ၏ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အလံ
1988 – 2010 ခုနှစ်များ ၏ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံ ။

အလံတော် ၄ ခု ဆက်စပ် ပုံ များ အကြောင်း ကို မပြော ခင် တခြားဟာ လေး အရင် ပြော ကြ ရ အောင် ။

လန်ဒန် မှ သုတေသီ များ ၏ အဆို အရ ၊ ချောမောလှပ သော အမျိုးသမီး များ ကို အမြဲ ငေးမောကြည့်ရှု တတ် သော ယေင်္ကျား များ သည် အသက် ပိုမို ရှည် သည် ကို လေ့လာ တွေ့ ရှိ ရ ပါ သည် ။

ထို့ကြောင့် ရွာ ထဲ ရှိ အမျိုးသား များ အားလုံး အသက် ပိုမို ရှည်လျား ဖို့ အတွက် ၊ အထူးသဖြင့် စကတ် တိုတို ပေါင်တန်ဖွေးဖွေး ကို ကြိုက်နှစ်သက် တဲ့ ဆရာ ကြီး များ အ တွက် ပုံ အချို့ ကို အရင် တင်ပြ သွား ပါ ရ စေ ။

420_91d345a3f23cf62d7a63a76afb754e35
ပုံ-၁

ပုံ များ အား လုံး မှာ လွန် ခဲ့ သော  အောက်တိုဘာလ ၁ဝရက် နေ့ ၊ တရုတ်သမ္မတနိုင်ငံ ( ထိုင်ဝမ်နိုင်ငံ ) ၏ အမျိုးသားနေ့ တွင် ကျင်းပ ခဲ့ သော ပျော်ပွဲရွှင်ပွဲ များ ထဲ မှ ၊ နာမည် ကျော်  အင်္ဂလိပ်စာ ကျူရှင်ဆရာ Mr. Tony Chan ( Mic ကိုင်ထားသူ )  မှ ကမကထပြုလုပ် ကျင်းပ ပေး သည့် အလံတော် ကို ချစ် ကြ စို့ ပျော်ပွဲရွှင်ပွဲ  ဖြစ် ပါ သည် ။ ( သတိ ။ ။ ပေါင်ဖွေး တိုင်း လည်း မိန်မ ပေါင် မ ဟုတ် )

 

420_e0724155a1ca46a68c3df714965d913b
ပုံ – ၂

ရွာသား များရေ ~~~ စိတ် ပျော် ပြီး ၊ ကလေးမ ရဲ့ ရင်ဘတ် ရှေ့ ဘက် မှာ ဗလာ ဟု မထင် ပါနှင့် ၊ အ ရေးကြီး တဲ့ points တွေ ကို ပလာစတာ နဲ့ သေခြာ စွာ လုံအောင် ကပ် ထား ပြီးသား ပါ ။ ကြွရောက် လာ တဲ့ ဧည့် ပရိတ်သတ် များ ကင်မရာ နဲ့ တဖျဖျ ။

420_6f6917aea93a324b26844e24d81a1a6c
ပုံ – ၃

အခမ်းအနား အနောင်ဆာ က ပျော်ပွဲရွှင်ပွဲ ရဲ့ rules တွေ ကို ရှင်း ပြ နေ စဉ် ။ ပျော်ပွဲရွှင်ပွဲ တွင် ကိုယ့်အိုင်ဒီယာဖြင့် ၊ အသစ်အဆန်း ထွင် ပြီး အလံတော် ကို  Innovation လုပ် ကာ ၊ ဝတ်စားဆင်ယဉ် ပေး နိုင် မည့် လူ ကို ၊ ပွဲ လာ ပရိသတ် များ မှ မဲ ပေး ရ မှာ ပါ  ။

မဲ ပေးပုံပေးနည်း မှာ ဒီ လို ရှိ ပါ သည် ၊ အလံတော်ပုံစံ ဖြင့် ပြု လုပ် ထား သော sticker စာရွက် ကလေး ရှိ ပါ တယ် ၊ ပွဲ လာ ပရိတ်သတ် တွေ က ၎င်း sticker စာရွက်များ ဖြင့် ၊ ကိုယ် သဘော အ ကျ ဆုံး ၊ Idea အကောင်းဆုံး ဟုထင် ရ သော လူ ၏ ကိုယ်ခန္ဓာ ပေါ် တွင် ကပ် ပေး ရ ပါ သည် ၊ ပွဲ အ ပြီး တွင် ကိုယ်ခန္ဓာ ပေါ် တွင် အလံတော် sticker စာရွက် အများ ဆုံး ကပ် ခံ ရ သော သူ သည် ၊ အနိုင် ရ ရှိ သော သူ ဖြစ် ပါ သည် ။

420_2211327514fe87233bbb5f51781b21a6

420_4392dc4b3102e1eb65f205d35db11791

420_371d5df9deb522ef8754c08cde6e0f73

ကလေးမ နှစ်ယောက် ၏ နာမည် များ မှာ ဝဲ ဘက် ကလေးမ ညိုညို တဲ့ ၊ ယာဘက် ကလေးမ အိအိ တဲ့ နော် ။

 

 

420_de139acabce8c259db4d2f1badc49a04

ပုံ များ အားလုံး ကို ပန်းသီးနေ့စဉ် မှ ကူး ယူ ခဲ့ ပြီး ၊ ပုံ များ ၏ အောက်ဘက် ညာဘက် ဒေါင့် မှာ အနီရောင် ပန်းသီး Logo လေး တွေ တွေ့ ရှိ ရ ပါ သည် ။

တချိန်က ၎င်း သတင်းစာ တွင် ကမ္ဘာ့ အကြီး ဆုံး သော ကြောင်ကြီး တ ကောင် ပါ လာ ရာ ၊ ကျနော် တို့ MG ရွာ မှ သုခမိန် ကြောင်ကြီး ဟုတ်မဟုတ်  ၊ email နဲ့ လာ ရောက် comfirm လုပ် ခဲ့ ဘူး သည် ။https://myanmargazette.net/130391

420_4c138cc29901d1355a2098951a5be9cd

ဘိုးတော် များ သည် သူတို့ ၏ welfares ကို လက်လွတ် မည် မဟုတ် ဘဲ ၊ ကောင်းကောင်း အသုံး ချ ပြီး အရသာ ခံစား နေ ကြ ပြီ ပေါ့ ၊ဘိုးတော် တယောက် က  ကောက်ကျစ် သော အပြုံး လေး နဲ့ အလံတော် sticker စာရွက် ကို ခွါ နေ စဉ် ၊ အခြား တယောက် မှာ တော့ အလံတော် sticker စာရွက် ကို ညိုညို ရဲ့ ကိုယ် ပေါ် မှာ ကပ် နေ ပြီ လေ ။

 

 

420_3f294af7b216fc87052cfb64ab3c7e2a

 

နှာဗူး ဘိုးတော် က တောင်ကုန်း ပေါ်မှာ အလံတော် sticker စာရွက် ကို ကပ် ချင် သော်လည်း ၊ ကလေးမ လေး ညိုညို က ပညာသား ပါပါ နှင့် အသာ လေး ရှောင် ပေး လိုက် တာ နဲ့ နှာဗူး ဘိုးတော် ဟာ အလံတော် sticker စာရွက် ကို တောင်ခြေရင်း မှာ တင် ကပ်ထား လိုက် ရ ပါ တော့ တယ် ။

အထူးသတိ ပေး ချက် ။

မိတ်ဆွေ ညီအကို မောင်နှမ များ ခင်ဗျား ~~~ အထက် ပါ ဓါတ်ပုံ များ ကို မှီဝဲ ပြီး နောက် အောက် ပါ Idiot & foolish  မဆင်မခြင် မေးခွန်း များ ဖြင့် ကွန်မန့် ပေး ချင်း သီးခံ ပါ  ။

ဥပမာ –

၁ ။ လေးလေး~~ ဘဘ~~ အန်ကယ်~~ အဲဒီ ဘိုးတော် ခင်ဗျား လား ?

၂ ။ တွာကော ~~ ကိုရော်နယ် ~~ ကို ဒွန် ~~ အဲဒီ ဘိုးတော် ခင်ဗျား လား ?

၃ ။ ကိုပေါ်ဦး~~ ဦးပေါ်ဦး~~ Chinese ပေါ်ဦး ~~ အဲဒီ ဘိုးတော် ခင်ဗျား လား ?

စသဖြင့် Idiot & foolish  ဖြစ် သော မေးခွန်း များ မေးမြန်းခြင်း အထူး ရှောင်ကြဉ် ပေး ကြ ပါ ရန် ။

အကြောင်းရင်း ရှင်းလင်း ချက် များ မှာ ။

၁ ။ ကျနော် ၏ ဦးခေါင်း ပေါ် တွင် ထူထည်း သော ကြာဇံ နှင့် မြူစွမ် များ ဝေဆာ စွာ ပေါက်ရောက် လျက် ရှိ နေ ပြီး ၊ လူကြီးလူကောင်း များ နှင့် ပညာရှိကြီး များ ၌ သာ ရှိ လေ့ရှိထ ရှိတတ် သော နဖူးပြောင်ထိပ်ကွက်  လက္ခဏာ ၊ ကျနော်မျိုး တွင် လုံး ဝ မ ပိုင်ဆိုင် ပါ ကြောင်း ။

၂ ။ ကျနော် သည် အင်တာနက် ကို အလွန်အကျူး ဆွဲလန်း သုံး ဆွဲ သူ ၊ အိမ်တွင်းပုန်း ဘိုးတော် တယောက် ဖြစ်ပါ သည် ၊ ပျော်ပွဲရွှင်ပွဲ များ ၊ မာစပ်ချ်များ ၊ nightclubs များ ၊ pubs များ ၊ kara ok နှင့် ktv များ သို့ သွားရောက် ဖြေဖျော် ခြင်း လုံးဝ ဝါသနာ မပါ ပါ ။( တကယ် ဆိုတော့ မတတ်နိုင် လို ့ )

၃ ။ ကျနော် သည် သမာဓိ နှင့် အထူး ပြည့်စုံ လျှက် ရှိ် သော သူတော်စင် စစ်စစ်တယောက် ဖြစ် ပါ သည် ၊ မိမိ ကိုယ်ကို မိမိ သူတော်စင် ဟု ထင် နေ သော သူတော်စင်မျိုး မ ဟုတ်ပါ ၊ ကျနော် သည် သားသမီး ချင်း မစာနာ သော အလုပ် ကို မ လုပ် တတ် ပါ ။

အဓိက အချက် ကတော့

ကျနော့ မှာ လန်ဒန် သုတေသီ များ ၏  ချောမောလှပ သော အမျိုးသမီး များ ကို ကြည့်ရှု သော အသက် ပိုမို ရှည် နည်း  ကို သုံးစွဲ လေ့ မရှိပါ ၊ ၎င်း နည်း ထက် ပိုမို ကောင်းမွန် သည့် အသက်ရှည် ဆေးမှီးတို တမျိုး ကို ကျနော် ပိုင်ဆိုင် ထား ပါ သည် ။

၎င်းဆေးမှီးတို ၏ ဖော်မြူလာ ကို ပို့စ် အဆုံး တွင်မိတ်ဆွေ များ အား ဖေါ်ပြ ပေး ပါ မည် ။

ရွာသား များ ရဲ့ felware ကို ထောက်ရှု လျက် Original link ထည့် ပေး လိုက် ပါ သည် ၊ ၎င်း ဝက်ဘ်ဆိုက် ထဲ တွင် အလံတော် ကို ချစ် ကြ စို့ ပျော်ပွဲရွှင်ပွဲ ၏ ဗီဒီယို လည်း ကြည့်ရှု လို့ ရ ပါ သည် ။http://www.appledaily.com.tw/realtimenews/article/life/20131010/272875/

တခု တော့ ရှိ တယ် ၊ တစ်ရှူးပေပါ စက္ကူ များကို အသင့် ဆောင် ထားပေး ပါ ၊ နို့မို့ ရင် အလံတော် ကို ချစ် ကြ စို့ ပျော်ပွဲရွှင်ပွဲ ၏ ဗီဒီယို ကို ရှုစား ရင်း စီးကျ လာတဲ့ မိမိ ၏ နှာခေါင်း သွေး နှင့် သွား ရည် များ ကိုယ့် အဝတ်အစား တွေကို ပေ ကုန် လိမ့် မယ် ။

 

»»»»»»»»»»»»»»»»»»»»»»»»»»»»»» ««««««««««««««««««««««««««««««

အလံတော် ၄ ခု အ ကြောင်း ကို နဲနဲ ဖြီး ကြ ရ အောင် ။

ရှေးဦးစွာ ၊ တရုတ် အလံ နှစ် ခု ရဲ့ အကြောင်း ကို အရင် ကြည့် မယ် ၊ အရင်ခေတ် ဗမာတွေ က တရုတ်သမ္မတနိုင်ငံ ကို တရုတ်ဖြူ ဟု ခေါ်ဆို ပြီး ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကို တရုတ်နီ ဟု ခေါ် ဆို ခဲ့ ဘူး သည် ။ ဗိုလ် လို ဆို ရင် တရုတ်နီကို Comunist China ၊ တရုတ်ဖြူ ကို Free China  ဟု ခေါ်ခဲ့ ဘူး သည် ။

အဲဒီ  Free China  မှာ နေထိုင် တဲ့ လူ တွေ ဟာ ဆိုရှယ်လစ် နိုင်ငံ ( ဗမာပြည်ကြီး အပါအဝင် ) များ တွင် နေထိုင် တဲ့ လူ တွေ ထက် မည်မျှ Free ဖြစ် သလဲ ဆို ရင် ၊ သူ တို့ ဆီ မှာ ၊

ဘယ်လူ ကို မှ ခွေး လို့ မထင် ရဲ ဘဲ ၊ ဘယ် ခွေး ကို မှ လည်း လူ လို့ ထင် ဖို့ မလို ပါ

နောက်ပြီး

တချို့ လူ ကို ကြောင် လို့ ထင် နိုင် ခွင့် ရှိ ပြီး ၊ တချို့ ကြောင် ကို လည်း လူ လို့ ထင် နိုင် ခွင့် ရှိ ပါ သည် ။

တရုတ်ဖြူအလံတော် နှင့် ဗမာ အလံတော် ဟာ ဆင်တူရိုးမှား ဖြစ် နေ တာ ကို တွေ့ကြ ရ ပါ လိမ့် မည် ၊ ၁၉၄ရ ခုနှစ်  ပြည်ထောင်စုမြန်မာနိုင်ငံ( ဦးနု ခေတ် ) တည်ထောင် ခဲ့ စဉ် ကာလ မှာ  ကမ္ဘာ ပေါ် မှာ နိုင်ငံ ပေါင်း ၇ဝ ကျော် ဘဲ ရှိ သေး တယ် ၊ အဘယ် ကြောင့် ဒီ တရုတ်ဖြူအလံတော် နှင့် ဗမာ အလံတော် ဟာ ဒီလောက်တောင် ဆင်တူရိုးမှား ဖြစ် နေ ကြ တာ လဲ ?

ခု ခေတ်လို ကမ္ဘာ ပေါ် မှာ နိုင်ငံ ပေါင်း ၂၀ဝ ကျော် ဖြစ် နေ လို့ အလံတော် တွေ ထပ် ရင် ထပ် နိုင် ပါ တယ် ။ အဲဒီ ခေတ် မှာ ဘာ ကြောင့် တရုတ်ဖြူအလံတော် နှင့် ဗမာ အလံတော် ဟာ ဒီ လောက် တောင် ဆင် နေ တာ လဲ ???

တခုခု တော့ တခုခု ဘဲ ။

«««««««««««««««««««««««««««««« »»»»»»»»»»»»»»»»»»»»»»»»»»»»»»

ကဲ~  ကဲ~  ပို့စ် အ ဆုံး မ သတ် ခင် ၊ အဲဒီ အသက်ရှည် ဆေးမှီးတို ကို ရွာသား များ အားshare ပေး လိုက် ပါ မည် ။

  အသက်ရှည် ဆေးမှီးတို သည် ကျနော် တဦးတည်း မူပိုင် ဖြစ် ပြီး သာမန် အချိန် ဆို မည်သူ ကို မျှ မ share ပေးပါ ၊ ယခု ရွာသား များ အတွက် ဆို တော့ ဘာဖြစ်ချင်ဖြစ် ၊နောင်ခါလာနောင်ခါဈေး ၊ share ပေး လိုက် တော့ မယ် ။

 ဆေးမှီးတို နှင့် ပါတ် သက် ၍ အသုံးပြုနည်း နှင့် သတိပြု ရန် အချက် များ ကို အ နည်းငယ် ရှင်း ပြ ပေး ပါ မည် ။

၁ ။ ဤ   ဆေးမှီးတို ကို လူပျို ကြီးများ ၊ တခုလပ်များ ၊ မုဆိုးဖိုများ နှင့် အသုံး မ တည့် ပါ ။

၂ ။ ဤ ဆေးမှီးတို ကို အထက်ဖေါ်ပြ ပါ လှပ သော အမျိုးသမီး များ ကို ကြည့်ရှု သော အသက် ရှည် နည်း နှင့် တွဲ ပြီး တပြိုင်တည်း မသုံး ရ ၊ အကယ်၍ တပြိုင်တည်း သုံး မိ ရင် အသက် ပိုမို မရှည် လာ တဲ့ အပြင် နှာရွက် သာ ပို ရှည် လာ နိုင် သည် ကို တွေ့ မြင် ခံစား ရ ပါ မည် ။ ထို့ ကြောင့် အထူး သတိထား ဂရုစိုက် ပေး ပါ ရန် ။

 

ဆေးမှီးတို ရဲ့ ဖေါ်မြူလာ က တော့ မိန်းမရိုသေ အသက်ရှည် ၊ ပျော်ပျော် နေ သေ ခဲ  ပါ ဘဲ ဗျို့ ~~~

 

ကျေးဇူးတင် ပါ သည် ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ရွှင်လန်း ကြ ပါ ပါ စေ ။

 

12 comments

  • မဟာရာဇာ အံစာတုံး

    December 1, 2013 at 8:51 am

    ဂလု .. ဂလု .. ကျအု …
    မမေးနဲ့လို့ အတိအကျ ဆိုထားကာမှ ပါးစပ်က .. အဲ .. လက်က ယားကျိယားကျိနဲ့
    မေးချင်လာတယ် …
    မမေးရယင် သေတော့မယ့် အတိုင်းဗျဲစ် ..
    ဒါကြောင့် အသက်တစ်ချောင်း ကယ်တဲ့ အနေတဲ့ မေးခွင့်ပုဘာ …
    အောက်ဆုံးက အလံကပ်နေတဲ့ အဖိုးဂျီးဟာ ခညား မဟုတ်လားငင်င်င် …
    :mrgreen:

  • ဦးကျောက်ခဲ

    December 1, 2013 at 9:25 am

    ဟဲ ဟဲ မမေးနဲ့ဆိုတော့ မမေးတော့ပါဘူး ဘိုးတော်ရယ်…
    ဘိုးတော်တို့ တိုင်ဝမ်သားတွေက ကွန်ပလိန့်တော့စိတ်ချရတယ်…
    တစ်ခါလေးသွားမိပါတယ် လမ်းပြပုလိပ်ကို ကားရပ်ပြီး ဆင်းကောတာ အပီမို့…
    ဟောင်ကောင် ကျောက်စ်ခမျာ ညက်လုံးလေးကလယ်ကလယ်…
    😀

  • TNA

    December 1, 2013 at 10:04 am

    အဲလိုလေးတွေချစ်မယ်ဆိုရင် ရန်ကုန်မှာဘာများဖြစ်နိုင်မလဲဟင် :mrgreen:

    • Don Juan Ronald

      December 2, 2013 at 9:58 pm

      လေးစားအပ် သော ဆရာမ သက်နုအေး ခင်ဗျာ ~~~

      အဲဒါတွေ က ဒီမိုကရေစီ စနစ် ရဲ့ ဘေးထွက် ပစ္စည်း ( Waste product ) တွေ ၊
      နောင် တချိန် ရန်ကုန်မြို့ မှာ မ ဖြစ် နိုင် ဘူး လို့ ပြော လို့ မ ရ ဘူး ၊
      လွန် ခဲ့ သော နှစ် ပေါင်း ၄ဝ လောက် က ထိုင်ဝမ်နိုင်ငံ မှာ လည်း ဒါ မျိုး လုပ်မယ် ဆို အားလုံး ထောင် ကျ မှာ ။

  • ဦးကြောင်ကြီး

    December 1, 2013 at 10:56 am

    အဲဒမှာ ထိုင်ဝမ်သား ကိုအောင် တယောက်များ တွေ့မိသေးလား.. အဘဒွန်မ်။
    ပြည်ဂျီးမ၊ ဟောင်ကောင်မ၊ ထိုင်ဝမ်မ၊ စင်ကာပူမ၊ မလေးတရုတ်မ၊ အင်ဒိုတရုတ်မ အလံလုပွဲ ဓာတ်ပုံတွေ တင်ပေးပါခင်ဗျာ။ ကူမြူ နစ်တီလုပ်မ ဓာတ်ပုံမရှိလျင် မြစ်ဆုံရေကာတာ စီမံကိန်း ပိုစတာထဲ သုံးဖို့ဆိုပီး ရွာသူ ကြေးမုံဂျီးဆီ အကူအညီ လှမ်းတောင်းကြည့်ပါ။ လက်နဲ့မတို့ဘဲ လျှာတို့မဲပေးရင်ဂေါ ရမလားလည်း သိချဉ်ပါဒယ်..။

    • Don Juan Ronald

      December 2, 2013 at 9:46 pm

      သုခမိန် ဆရာကြီးကြောင် ~~~
      ဝါသနာ ပါ သာ ချည်း ဘဲ ရွေး ပြီး မ မိန့် နဲ့ လေ ။
      တရုတ်ဖြူ အလံ နှင့် မြန်တျန့် အလံ ဘာ ကြောင့် ဒီလောက် တောင် ဆင် နေသ လဲ
      အဲ ဒါ ကို နဲနဲ မိန့် ပေး ပါ လား ခင်ဗျာ ။

  • alinsett

    December 1, 2013 at 10:24 pm

    ဒိ်ု ့အလံကိုလည်း..အာ့မျိုးချစ်ပြလိုက်ရရင်တော့လား…

  • Paing Lay

    December 2, 2013 at 10:49 am

    ဘာပြောကောင်းမလဲ ကိုအလင်းဆက်ရယ် ပုံထဲမှာပါတာထက် အရွယ်စုံ ဆိုဒ်ဆုံတွေ လာကပ်ကြလိမ့်မယ် 😀 😀

  • kyeemite

    December 2, 2013 at 2:06 pm

    အင်း ..ပုံတွေကြည့်ပြီး အသက်ရှည်တော့မှာပဲ ဘိုးတော်ရေ 😀

  • kai

    December 2, 2013 at 6:10 pm

    မြန်မာ့ယဉ်ကျေးမှုထဲ… မိန်းမသားတို့ရဲ့အဲဒီပွိုင့်နေရာတွေက.. ဘုန်းနိမ့်တယ်.. ဘုန်းမြင့်တယ်..ဘုန်းအလယ်အလတ်ကျတယ်..စသဖြင့် ရှော့ချ်ရှိတော့ကာ…
    အလံကိုအဲလိုလေးသွားချစ်ပြရင်.. ရှော့ခ်ရိုက်ကုန်မှာသေချာကြောင်း… :mrgreen:

    • Don Juan Ronald

      December 2, 2013 at 9:40 pm

      သဂျီးမင်း က စစ်ကိုင်းမြို့ မှ ကောင်းမှု တော်စေတီ ကို ပြော တာ လား ?

  • သဂျီးမင်းများ ရှေ့ကို ကြိုမြင်လေအိ..

    အမေ့ကို ဒီအကြောင်းလေးပြောပြတော့.. အောင်မယ်လေးဟယ်..အလံကိုတော့ အဲ့လိုလုပ်ရင် ဘုန်းနိမ့်ပါပြီတဲ့… 🙂

Leave a Reply