စစ်င်္သချိုင်းအားပြု.ပြင်

Hlaing Zar ChiNovember 13, 20131min450

မကွေးတိုင်းဒေကြီး၊ သရက်မြို့ရှိ တူရကီစစ်သချင်္ ိင်းအား ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းစတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊သရက်မြို့ရှိ တူရကီစစ်သချုႋင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအား ကိုင်ရိုဆောက်လုပ်ရေး (Cairo Construction Co.Ltd)စာချုပ်ချုပ်ဆိုပြီး တာဝန်ယူဆောင်ရွက်ပြုပြင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။လက်ရှိ တူရကီစစ်ဗိမာန် ၏အနေအထားမှာ ခြံစည်းရိုးပျက်စီးနေခြင်း၊စစ်သည်မှတ်တိုင်များပျက်စီးနေခြင်း၊ရှေ့တွင်ထားရှိသော ကျောက်စာများပျက်စီးနေ ခြင်းတို့ကြောင့် နိုဝင်ဘာ(၂)ရက်နေ့က ရန်ကုန်မြို့ရှိ တူရကီသံရုံးမှ Mr.AHMET သည် ကိုင်ရိုဆောက်လုပ်ရေး တာဝန်ခံအင်ဂျင် နီယာ ဦးဝေယံဖြိုးဝေ၊လုပ်ငန်းဆိုဒ် အင်ဂျင်နီယာ ဦးဇော်မျိုးထွန်းတို့နှင့်အတူ မြို့နယ်အုပ်ချုပ်ရေး ဦးညွန်လှိုင်နှင့်တွေ့ဆုံ၍ ခြံစည်းရိုးကာရံခြင်း၊အာဇာနည်ဗိမာန်တည်ဆောက်ခြင်း၊ Memorial and Guest Hourse တည်ဆောက်ခြင်း၊မြက်ခင်း၊အုတ်ဂူ၊ အတွင်းလမ်း၊သဘာဝကျောက်ပြား၊မြေအောက်ပိုက်ပြုလုပ်ခြင်း၊ကွန်ကရစ်လမ်းခင်းခြင်း၊ခြံစည်းရိုးအပြင်ရေမြောင်းပြုလုပ်ခြင်းများ ဆောက်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေခဲ့ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ နိုဝင်ဘာ(၁၂)ရက်နေ့တွင် အထက်ဖော်ပြပါလုပ်ငန်းစဉ်များနှင့်ပက်သက်ပြီး ခွင့်ပြုထားသည့်ပုံစံ၊အတိုင်းအတာ၊ ပမာဏအတိုင်းတည် ဆောက်ခြင်း ရှိမရို ကြီးကြပ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ဝင် (၈)ဦးပါဝင်သောအဖွဲ့အားဖွဲ့စည်းထာကြောင်းသိရှိရသည်။အဆိုပါ ပြုပြင် ခြင်းလုပ်ငန်းအား(၃)လအတွင်းပြီးပြတ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

တရုတ်-မြန်မာချစ်ကြည်ရေးအသင်းမှလှူဒါန်သော ဆေးခြင်ထောင် နှင့် ဆိုလာမီးအိမ်များ နတ်မောက်မြို့နယ်တွင်လာရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်ရှိ ညောင်ဂျပ္ပင်ကျေးရွာတွင် နိုဝင်ဘာ(၁၂)ရက်နေ့ညနေ(၄)နာရီချိန်က ညောင်ဂျပ္ပင် အလက ကျောင်းတွင် တရုတ်နိုင်ငံသံအမတ်ကြီး ဦးတင်ဦး နှင့် စိမ်းစကိုင်းကုမ္ပဏီလီမိတက် ဥက္ကဌ ဦးမျိုးအောင်တို့မှ ညောင်ဂျပ္ပင်ကျေးရွာ၊အမှိုက်ပင်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊လင်းကတိုးကျေးရွာ၊ ဝါးရုံကုန်းကျေးရွာများမှ ရွာသူ/ရွာသားများအတွက် တရုတ်မြန်မာချစ်ကြည်ရေးအသင်းမှပေးအပ်လှူဒါန်သော ဆေးခြင်ထောင် အလုံး(၁၀၀၀) နှင့် ဆိုလာမီးအိမ် အလုံး(၅၀)တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။