သေဆုးံမှု.သုးံမှု.ဖြစ်ပွား

Hlaing Zar ChiNovember 13, 20131min610

မကွေးမြို့နယ် ယင်းချောင်းဘေးတွင် အမည်မသိလူသေအလောင်းတွေ့ရှိ

မကွေးမြို့နယ် ဇီးကျွန်းကျေးရွာတောင်ဘက်(၂)မိုင်ခန့်အကွာ အရှေ့မှအနောက်သို့စီးဆင်းသောအကျယ်(၅၀၀)ပေ ခန့်ရှိယင်းချောင်းမြေနုကျွန်းသဲသောင်အတွင်း နိုဝင်ဘာ(၁၁)ရက်နေ့ညနေ(၅)နာရီချိန်က လူသေအလောင်းတစ်လောင်း တွေ့ရှိကြောင်းသိရှိရသည်။ အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်မျိုးသက်နှင့်အဖွဲ့သက်သေများ နှင့်သွားရောက်စစ်ဆေးရာ ဦးခေါင်းခွံတစ်ခု၊နံရိုးဟုထင်ရသောအရှည်(၈)လက်မခန့်ရှိ အရိုးတစ်ချောင်း၊လက်ဖျံရိုးဟုထင်ရ သောအရှည်(၁၀)လက်မခန့်ရှိအရိုးတစ်ချောင်း၊အဝါရောင်လည်ကတုံး စပို့ရှပ်နှင့်အပြာရောင်ကွက်စိပ်ပုဆိုးဝတ်ဆင်ထား သည့်အလောင်းတစ်လောင်းအားတွေ့ရှိရသဖြင့် သေဆုံးသူမည်သူမည်ဝါဖြစ်ကြောင်းနှင့်ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရန် မကွေးမြို့နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၃)ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရှိရသည်။

ဆိုင်ကယ်ကယ်ရီသမား မိမိကိုယ်မိမိကြိုးဆွဲချသေဆုံးခဲ့ဟုဆို

ပခုက္ကူမြို့၊အမှတ်(၈)ရပ်ကွက်၊လွတ်လပ်ရေးလမ်နေ ညီညီဇင်၊အသက်(၁၉)နှစ်သည် နိုဝင်ဘာ(၁၁)ရက်နေ့ည(၉)နာရီချိန်က နေအိမ်အောက်ထပ်အိပ်ခန်းအတွင်း၌ အမြင့်(၇)ပေခန့်ရှိအပေါ်ထပ်ကြမ်းခင်းတန်းအားချည်ကြိုးအဖြူရောင်အားချည်ပြီး လည်ပင်းကြိုးစွပ်၍သေဆုံးနေသဖြင့် ပြည်သူ့ဆေးရုံရောက်ရှိနေကြောင်းသတင်းရရှိသည်။သက်ဆိုင်ရာမှသွားရောက်စစ်ဆေး ရာတွင် ညီညီဇင်၏လည်ပင်းတွင် ညိုမဲဒဏ်ရာတွေ့ရှိရကြောင်း၊အခြားပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း သိရှိရပြီး ၎င်းအမျိုးသား သေဆုံးမှုနှင့်ပက်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာပခုက္ကူမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၃)ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

မကွေးမြို့နယ်တွင်အမျိုးသားတစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး

မကွေးမြို့နယ်၊စမ်းကန်ကျေးရွာအနောက်ဘက်(၄)ဖာလုံခန့်အကွာရှိ မြေပဲခင်းအတွင်းရှိ ရေတွင်းထဲတွင် နိုဝင်ဘာ(၁၂) ရက်နေ့မွန်းလွဲ(၂)နာရီချိန်က လူတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ သက်ဆိုင်ရာ မကွေးမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရွှေဌေးနှင့်အဖွဲ့သက်သေများနှင့်သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူသည် အသက်(၆၉)နှစ်၊ဦးအောင်သန်း၊ စမ်းကန်ကျေးရွာနေသူဖြစ်ကြောင်း၊၎င်း၏မြေပဲခင်းအတွင်းရှိ အကျယ်(၃)ပေ၊အနက်(၅)ပေ၊ရေအနက်တစ်ပေခွဲခန့်ရှိ ကွန်ကရစ်ရေတွင်းအတွင်း၌ အကျင်္ ီမပါ၊ပုဆိုးဝတ်ဆင်လျှက် ဦးခေါင်းစိုက်၍ ဘယ်ပါးချိတ်ပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့် သေဆုံနေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ထိုအမျိုးသားသေဆုံးမှုနှင့်ပက်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိ ရှိနိုင်ရန်အတွက် မကွေးမြို့နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၂/၂၀၁၃)ဖြင့်အမှုဖွင့်ထာကြောင်းသိရှိရသည်။