သနားစဖွယ်​ ငရဲဘုံသားများ

naywoon niNovember 13, 20131min1206

စာအုပ်​ထဲမှာ​တော့
ကုသိုလ်​ကဘယ်​လို
ဒါနကဘယ်​နှယ်​
ဘာဝနာက ဘယ်​ပုံ
စုံ​နေ​အောင်​ပါ ပါရဲ့……..။
အပြင်​ဘက်​မှာကျ​တော့
ဘာသာ​ရေးနဲ့ ​ပျော်​ရွှင်​မှုမကွဲ
​ရော​ထွေး​နေပုံက
စိတ်​ပျက်​စရာ…….။
ဒါနဲ့များ …….
​ပြောင်​းလဲမှုကိုလိုချင်​​သေးသတဲ့
သနားလိုက်​တာ……..။
အရင်​လိုပဲ ​နေမြဲ
အစဉ်​အလာရိုးရာ​လေးနဲ့ပဲ​နေခဲ့ပါလားကွယ်​….
​ပြောင်​းချင်​မ​နေပါနဲ့
ဘာသာ​ရေးပွဲနဲ့​ပျော်​ရွှင်​ပွဲ မခွဲနိုင်​သမျှ​တော့
သနားစဖွယ်​ ဘုံငရဲသား​တွေလိုပ
​သေလည်​း​ပျော်​​နေလည်​း​ပျော်​နဲ့
​ပျော်​​ပျော်​ကြီး​နေလိုက်​ကြ​ပေ​ရော့…….။

​နေဝန်​းနီ

6 comments

    • naywoon ni

      November 14, 2013 at 9:20 am

      ငါတို့လူမျိုး​တွေ ​ပျော်​ရင်​းပျက်​တာက ​မွေးကတည်​းက ​သေတဲ့အထိ​လေ အလက်​ဆင်​း​လေးရဲ့

  • kyeemite

    November 14, 2013 at 10:10 am

    အစဉ်​အလာရိုးရာ​လေးနဲ့ပဲ​နေခဲ့ပါလားကွယ်​….
    အဲဒီ“အစဉ်အလာ၊ ရိုးရာ” ဆိုတာကြီးကိုဖျောက်ကြရမှာ
    နောက်တစ်ခုလွဲနေသေးတယ်..အဲဒါက မျက်မှောက်ကြုံတွေ့ရမဲ့ ဘဝကိုမေ့ထားပြီး
    သေချာမသိတဲ့ နောက်ဘဝကောင်းဖို့ လုပ်နေကြတာလည်းစိတ်ပျက်စရာ.. :kwi:
    နဲနဲဝင်ပွားသွားတယ် ဆြာနီရေ

  • မဟာရာဇာ အံစာတုံး

    November 14, 2013 at 12:12 pm

    ဦး ကလည်း ..
    သာမီးဂ ပွဲကျိတာ ဝါဒနာ ပါဒယ်လို့
    အစောဂျီးတည်းက ပေါပီးတားလေ ..
    ခုမှ လာဆူနေနဲ့ …
    မချစ်တော့ဘဲ နေလိုက်မှာနော် …
    ဘာမှတ်နေရဲ …
    နှုတ်ခမ်းမွှေးဂျီး ဆွဲနှုတ်ပလိုက်လို့ … ဟွန့် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 14, 2013 at 1:17 pm

    .. ပါမောက္ခဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်သွားအမှတ်ရတယ်
    .. လူတွေဟာ စီးပွားဥစ္စာ ပျက်ဆီးလို့သာ ဖြေမဆည်နိုင်ငိုကြွေးကြတယ်တဲ့
    .. သီလပျက်လို့ ဘယ်သူမှအော်မငိုဘူးတဲ့
    .. ကိုယ့်ဘာသာကိုပြစ်ပြီး သူများဘာသာနဲ့ ယူလိုက်တာကို
    .. ဒိဌိ လို့မထင်ဘဲ ခေတ်မှီတယ်လို့တောင်ထင်သွားသေးတယ်
    .. ဆိုပြီးတော့

  • Aye Lwin Oo

    November 14, 2013 at 11:04 pm

    ကိုနေဝန်းနီရေ
    ြ မြတ်စွာဘုရားက ဥပမာပေးခဲ့ပါတယ်။
    သတ္တဝါတွေရဲ့နေအိမ်ဟာ အပါယ်၄ဘုံပါတဲ့။
    သတ္တဝါတွေသေလို့ သုဂတိရောက်တဲ့အရေအတွက်က လက်သည်းပေါ်က မြေမှုန့်ပမာဏလောက်ဘဲရှိပြီး ဒုဂတိပြန်ရောက်တဲ့ အရေအတွက်က မြေပြင်ပေါ်မှာရှိတဲ့ မြေမှုန့်တွေလောက်ရှိတယ်လို့ ပြောခဲ့ပါတယ်။
    လူသေရင်သေ၊ လူမသေရင် ကိလေသာသေကွ လို့ကြိမ်းဝါးပြီး သူသေကိုယ်သေ တရားအားထုတ်တဲ့၊ နိဗ္ဗာန်ကို အမှန်တကယ်လိုချင်တဲ့ပုဂ္ဂိုလ်များကတော့ စွန်းလွန်းဆရာတော်ကြီးလို အင်မတန်ရှားပါးလှပါတယ်။
    ကျွန်တော်တို့လည်း အပျော်ကြီးပျော်ခဲ့ကြလို့ ဂင်္ဂါဝါဠု သဲစုမကပွင့်ထွန်းတော်မူခဲ့တဲ့ မြတ်စွာဘုရားတို့ရဲ့ သာသနာများနဲ့ လွဲခဲ့ပြီး အခုလည်း ပျော်ကြတုန်းပါဘဲ။

Leave a Reply