အောက်တိုဘာ အကောင်းဆုံးပို့စ် ကြေငြာပါပြီဗျာ

တောင်ပေါ်သားNovember 14, 20131min33941

ဒီကနေ့ အောက်တိုဘာလ အကောင်းဆုံး ပို့စ်ကြေငြာရမယ့်နေ့မို့ မနက် စောစောထ၊ ရေမိုးချိုးပြီး

အိမ်ကထွက်လာခဲ့တယ်။ မြောက်လေလေးတိုက်နေတာကြောင့်…. အေးမြတဲ့မနက်ခင်းပေါ့။ ပြည်ရိပ်သာလမ်းကထွက်  ပြည်လမ်းပေါ်ရောက်တော့ကားက ခပ်ရှင်းရှင်း ၊

ခပ်ပြာပြာ ကောင်းကင်က မိုးသားတွေ မရှိတာမို့ လင်းလို့နေလေရဲ့၊

လှည်းတန်းမီးပွိုင့်ရောက်တော့ မှတ်တိုင်ဘက်ကူးမယ်လုပ်တုန်း ………..ဟေ့…..ကိုမျိုး………..တဲ့။ ခေါ်သံဘက် လှည့်ကြည်တော့ လှိုင်နန်း၊

မတွေ့တာ ဘယ်လောက်ကြာပြီမှန်း မသိတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ပါ။ အဲဒါနဲ့ မွန်သစ် ကဖီးမှာ ထိုင်ဖြစ်ကြတယ်။

ကဲ….ပြောစမ်းပါဦး၊ ဘယ်တွေကိုများ ပျောက်သွားတာတုန်းကွာ။

အင်း………ပြောရရင်တော့ ဇာတ်က ရှည်တယ်ကွာ ….

ဒီလို………..ဒီလို…

ငါ….. မိန်းမရလိုက်တာတော့ မင်း…..သိမှာပေါ့ကွာ…. မိန်းမက ငါ့အပေါ် ကောင်းပါတယ်၊ နေတာကတော့ သူ့ဇာတိ နယ်မှာပဲ၊ ငါက အဲဒီက စက်ရုံတစ်ခုမှာ

တာဝန်ကျရင်း သူနဲ့ တွေ့ခဲ့တာလေ၊ သူကတော့ အိမ်မှာပဲနေ၊ ဈေးဆိုင်လေးဖွင့်၊ ငါ့လခနဲ့ ပေါင်းတော့….နည်းနည်းနေနိုင်စားနိုင်ပေါ့ကွာ……….

နောက်တော့ ပိုက်ဆံက မလောက်မငှ ဖြစ်လာ၊ ဆိုင်ကလည်း ပစ္စည်းတွေ လျော့လျော့လာသလိုမို့ မေးကြည့်တော့ ရောင်းမကောင်းလို့ ဘာလို့ပဲဖြေ၊ ငါကလည်း

ဟုတ်မှာပါလေပေါ့၊ တစ်ရက်ကျတော့….ငါ..က မမျှော်လင့်ဘဲ နေ့ခင်းဘက် အိမ်ပြန်ဖို့ ကိစ္စ ပေါ်တာနဲ့ ပြန်လာတော့ အိမ်ရှေ့ဈေးဆိုင်နား အရောက်….. သူ့သူငယ်ချင်း

အသံကို ကြားမိတယ်၊ ဆိုင်ထဲမှာပေါ့…နင်ဟာ.  ငါ….သေသေချာချာပြောတယ်၊ ငါးရှစ်မှ ငါးရှစ်… လို့၊ နင်….အဲသလိုစိတ်ထဲရှိတာ ရမ်းထိုးနေလို့ခက်တာ…..

ငါ့စကားကို နားမထောင်တာ နင့်အပြစ်………တဲ့ ၊
ကဲ….ဆိုကြပါစို့ကွာ- ငါ့မိန်းမက နှစ်လုံး၊ သုံးလုံး စွဲနေတာကိုး……ငါကလည်း ပတ်ဝန်းကျင်နဲ့ ရင်းရင်းနှီးနှီး မဟုတ်တော့

မသိခဲ့ဘူးပေါ့ကွာ….သူ့ကို ကောင်းကောင်းမွန်မွန် ပြောဆိုဆုံးမခဲ့ပါသေးတယ်၊ မရဘူးဟေ့၊ ပိုဆိုးလာတော့ လင်မယား အကြီးအကျယ် ရန်ဖြစ်ကြရောပေါ့ကွာ၊ အဲဒီမှာ

သူ့အစ်ကိုကပါ ဝင်ပါလာရင်း ငါက ဒေါသ ဖြစ်ဖြစ်နဲ့ ရိုက်မိလိုက်တာ ဆေးရုံပို့ရတဲ့ ဘဝရောက်၊ ငါလည်း လူရိုက်မှုနဲ့ ထောင်ထဲ ရောက်တော့တာပဲ၊
ဘာမှ မဖြစ်သင့်တဲ့ ကိစ္စနဲ့  ဖြစ်ခဲ့ရတယ် ဆိုပါတော့ကွာ…….၊ အမှု ဖြစ်နေတုန်းမှာပဲ မိန်းမနဲ့လည်း ကွာရှင်းဖြစ်ခဲ့တယ်၊ ထောင်ဝင်စာ မရှိတဲ့ ထောင်သားဘဝနဲ့

၆ လ လောက် နေရတဲ့ ဘဝဟာ ငါ့အတွက် ထင်ကို မထင်ထားတဲ့ ဘဝပေါ့ကွာ….. ထောင်က လွတ်လာတော့… ဦးတည်ရာ မဲ့စွာပေါ့….၊ မင်းသိတဲ့ အတိုင်း

၁ဝ တန်း ကျောင်းသား ဘဝကတည်းက မိဘမဲ့ ဖြစ်ခဲ့ရလို့ ဦးလေးအိမ်မှာနေ၊ သိပ်မကြည်တဲ့ အဒေါ်ရဲ့ အပြော အဆို အစောင်း အမြောင်းတွေကြားကနေ အလုပ်ကလေး

လုပ်ရင်း အဝေးသင်ကနေ ဘွဲ့လေး တစ်ခု ရအောင် ယူခဲ့ရတာ၊ သူတို့ဆီ ပြန်ဖို့လည်း စိတ်မကူး..၊ငါ့ကို ခင်ရှာတဲ့ ထောင်မှုးပေးလိုက်တဲ့ ငွေလေးနဲ့ လဘက်ရည်

ဆိုင်ထိုင်ရင်း …… အတွေးတွေက ချာချာလည်ပေါ့ကွာ၊

မိန်းမနဲ့ကွဲ၊ အလုပ်က ပြုတ်၊ သွားစရာက မရှိ….ကဲ …. မင်းစဉ်းစားကြည့်လေ…..ကိုယ့်ကိုယ်ကို အခြေအနေမဲ့တဲ့ အကောင်လို့ကို ထင်မိတယ် သူငယ်ချင်း…..
ဒါပေမယ့် ငါဟာ အသက်ရှင်နေဆဲ လုပ်နိုင်ကိုင်နိုင်သေးတဲ့ အရွယ်မို့ ကြာကြာတော့ စိတ်မပျက် မိပါဘူး….

ဘာလုပ်ရမလဲ……ဘာလုပ်ရမလဲ …..စဉ်းစားရင်း ငါနဲ့ စက်ရုံမှာ သိပ်ခင်တဲ့ သူငယ်ချင်းကို သတိရမိတယ်… ငါ….ရန်ကုန် ဆင်းမယ်ဆိုတော့ စရိတ်လိုတယ်လေ….

ဒီထောင်ရှိတဲ့ မြို့နဲ့ ငါတို့ စက်ရုံရှိတဲ့ မြို့က ၂ နာရီသာသာ ခရီးပဲ ရှိတာကိုး…
ဒါနဲ့ အဲဒီ ထိုင်နေတဲ့ လဘက်ရည်ဆိုင်ရှေ့က အများသုံး PCO ဖုန်းဆိုင်လေးကနေ စက်ရုံက သူငယ်ချင်းဆီကို လှမ်းဆက်၊ အကျိုး အကြောင်းပြောတော့…..

ဘယ်ရထားကို စီးလာခဲ့၊ ဘူတာမှာ သူလာတွေ့မယ်..ပေါ့….၊ ရန်ကုန်မှာ အလုပ်ရဖို့လည်း သူ့အသိဆရာတစ်ယောက်က တစ်ဆင့် ပြောပေးမယ့်

အကြောင်း…..အိုး…..ငါ့မှာကွာ……….. ပျော်သွားလိုက်တာ….

အဲသလိုကြီး အဆင်ပြေမယ်လို့မထင်မိ မတွေးမိထားတာကိုး… ငါ့မှာ အယောင်ယောင် အမှားမှားနဲ့ PCO ဖုန်းဆိုင်က အဒေါ်ကြီးကို ကျေးဇူးတင်

စကားတွေ ပြောမိလို့ ပြောမိ ၊

ကိုယ့်ကိုယ်ကို ဘာမှ မရှိတဲ့ အခြေအနေမဲ့လို့ ထင်ခဲ့မိရာက မျှော်လင့်ချက်တွေနဲ့ ကိုယ့်ကိုယ်ကို ထောင်ထွက် တစ်ယောက်လို့လည်း မထင်မိတော့ဘူးပေါ့ကွာ….

စိတ်ဆိုတာ အတော်ဆန်းပါလား..ကွာ…နော်-

အဲသလိုနဲ့ ငါ..ရန်ကုန်ရောက် ၊ သူငယ်ချင်း ပြောထားတဲ့ ဆရာရဲ့ စက်ရုံမှာ အလုပ်ရ၊ အဲဒီစက်ရုံမှာပဲ နေခွင့်လည်းရ…. အဆင်ပြေခဲ့တယ်ပေါ့ သူငယ်ချင်းရာ..

ကဲ…စကားပြောလို့လည်း ကောင်းတယ်ကွာ..မင်းမလည်း အလုပ်ရှိသေးတယ် မဟုတ်လား..ကဲ…သွားကြစို့… လဘက်ရည်ဖိုး

ငါရှင်းလိုက်ပါ့မယ်ကွာ…..ဒါ..ငါ့ဖုန်းနံပါတ်——- ။

– – – – – –  – – – – – – – – – – – – – – – – – – – – – – – – – – – – – –

ကျွန်တော်လည်း သူငယ်ချင်း အကြောင်း တွေးရင်းရုံးကို ရောက်လာခဲ့တယ်၊  ထောင်ထွက် အခြေအနေမဲ့လို့ ထင်ခဲ့မိပေမယ့် PCO ဖုန်းလေးကနေတစ်ဆင့်

သန်းကြွယ်သူဋ္ဌေး မဖြစ်သေးပေမယ့် ကံကောင်းခြင်းတွေကို ပြန်ရခဲ့ရှာသူပေါ့….

ကဲ…. ဒါတွေ ထားပါတော့ဗျာ…..

အောက်တိုဘာအကောင်းဆုံးပို့စ်ကို ကြေငြာပါတော့မယ် ၊

အဲ  ကျနော့်မွေးလ အောက်တိုဘာက ထူးခြားသားဗျ ၊

ဘယ့်နှယ်  အောက်တိုဘာလ အကောင်းဆုံး ပို့စ် ပိုင်ရှင်က ၂ ယောက် ဖြစ်နေရပါလိမ့်……..

ဟုတ်ပါတယ်ဗျာ.. ဒီအောက်တိုဘာမှာ အကောင်းဆုံး ပို့စ် အဖြစ် အမှတ်တူနဲ့ ရွေးချယ်ခံရတာ ၂ ယောက်ပါ။
ဘယ်သူတွေလည်း ဆိုတော့ … မှန်းမိလောက်ကြရော့ပေါ့နော်၊

ဒီမနက် ကျွန်တော် တွေ့ခဲ့တဲ့ သူငယ်ချင်းက မောင်လှိုင်နန်း…..၊  အခုပို့စ်ပိုင်ရှင် ၂ ယောက်ကလည်း လှိုင် နဲ့ နန်း ပါပဲ၊

ဘရာဗိုပါ….. မောင်ဘလှိုင်နဲ့ နန်းတော်ရာသူ    တို့ရေ …..

ဖတ်ရွေးတွေရဲ့ ကောမင့် တစ်ချို့ကိုလည်း ပူးတွဲ တင်ပေးလိုက်ပါတယ်နော်……

အဖေ့ရဲ့ပီစီအို

•*¨နန်းတော်ရာသူ •*

 

https://myanmargazette.net/187323

 

 

 

အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၁ မှ ၈၄)

မောင်ဘလိူင်

https://myanmargazette.net/187892

 

ရွေးချယ်ပေးကြသူတွေရဲ့    မှတ်ချက်များ………

အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၁) မှ (၈၄)

အပိုင်း(၁)မှ နိဂုံး(၈၄) အထိ ဇွဲနပဲကြီးစွာ နှစ်နဲ့ချီဘာသာပြန်ခဲ့ပြီး ဘာသာပြန်စွမ်းရည်လည်းအင်မတန်ကောင်းသဖြင့် ကြိုက်မိပါကြောင်း

——————————————————————

ဘာသာပြန်လက်ရာကောင်း(အင်္ဂလိပ်လိုသာမက မြန်မာလိုပါ ကျွမ်းကျင်တဲ့ဘာသာပြန်အလှ၊ အပိုင်း၁ပိုင်းစီမှာကို စိတ်ဝင်စားစရာကောင်းတဲ့ အခန်းအဖြတ်အတောက်)၂နှစ်ကျော် စိတ်ရှည်ရှည်ရေးခဲ့တဲ့ဇွဲ တွေကြောင့်ကြိုက်ပါတယ်။

——————————————————————

သုံးနှစ်​နီးပါး​စောင်​့ဖတ်​ခဲ့ရ​လောက်​​အောင်​စိတ်​ဝင်​စားဖွယ်​ဇတ်​လမ်​းဖြစ်​တဲ့အပြင်​ ဘာသာပြန်​သူရဲ့ အရည်​အ​သွေးကိုလည်​း ပြသနိုင်​တဲ့ပို့စ်​ပါဘဲ။ ဝတ္ထု အတွဲအားလုံးအတွက်​​ရွေးချယ်​တာပါ။

——————————————————————

အဖေ့ရဲ့ပီစီအို

ဟမ်းဖုန်းတွေ ဘယ်လိုချပေး ချပေး မရနိူင်သေးသူတွေနဲ့ ဖုန်းရှိပေမယ့်လည်း အကြောင်းအမျိုးမျိုးနဲ့
လာသုံးနေရတာလေးတွေဟာ အပြင်မှာ တကယ်ရှိနေဆဲပါပဲ ၊ ဒီအကြောင်းလေးကလည်း
လက်ရှိလူမှုဘဝတွေကို မီးမောင်းထိုးပြနိူင်ခဲ့ပါတယ် ၊

——————————————————————

ဒီပို့စ်ဖတ်ပြီးနောက်ပိုင်း လမ်းသွားရင် ပီစီအိုဖုန်းတွေကို ကြည့်မိတယ် … စိတ်ထဲစွဲနေအောင် အရေးအသားနဲ့ အကြောင်းအရာ နှစ်မျိုးလုံးကောင်းလို့ ဒီတစ်လအတွက် အကြိုက်ဆုံးပါပဲ။

——————————————————————

မထူးခြားဘူးထင်ရတဲ့ သာမန် အကြောင်းအရာလေးကို စကတည်းက ဆက်ဖတ်ချင်သွားအောင် ရေးနိုင်လို့ကြိုက်တယ်။

——————————————————————

အများသူငါ ပြောကြတဲ့ ဖုန်းလေးတစ်လုံးနဲ့ …သာမန်မိသားစုလေးတစ်စုကို အကြောင်းပြုပြီး ……………. ရသ စာပေ အဖြစ်သာမက ၊ သုတ ရစရာ ဖြစ်အောင်ပါ ရေးထားတဲ့ စာမူလေးပါ ။
အခြေခံ သာမန် လူတန်းစားတွေ ကြား က ….လူမှုရေး နဲ့ စီးပွားရေး အခြေအနေကို ခပ်ပါးပါးလေး ထင်ဟပ်ပြသ လိုက်ပုံက …
ဖတ်တဲ့သူအတွက် ဘဝင်ကျလောက်စရာ ရေးသားချက်ကလေးမို ့ ကျွန်တော့် အကြိုက်ပိုစ့်တစ်ပုဒ် ဖြစ်ပါတယ် ။

——————————————————————

ကိုယ်နဲ့ လုံးဝမနီးစပ်တဲ့ အကြောင်းလေးကို ဖတ်ရတာပါ။ ပီစီအိုဖုန်းဆိုင်လေးကတစ်ဆင့် လူအမျိုးမျိုးရဲ့ အဖြစ်အမျိုးမျိုးတွေကို စိတ်ဝင်စားဖွယ် သိရပါတယ်။ အကြောင်းအရာရော၊ အရေးအသားမှာ ဆွဲဆောင်မှုှုရှိတဲ့စာတစ်ပုဒ်ဖြစ်တဲ့အတွက် ရွေးချယ်ပါတယ်။

 

41 comments

  • KZ

    November 14, 2013 at 3:00 pm

    ဟေးဟေးဟေးးးး
    သော်လေးရေ။
    ကျောက် မင်ဂါဆောင်မှာ သီချင်းဆိုတော့ ဟေ။
    :mrgreen:

    ကိုဘလှိုင်ကိုလည်း ကွန်ဂရက်ကျူလေးရှင်းပါ၊.။
    🙂

    • Wow

      November 14, 2013 at 3:05 pm

      ဟင်… နာအူးပီထင်တာ ချစ်ဆွိအူးသွားသဂိုး…
      ဘာပဲဖစ်ဖစ် လက်ဘက်ရည်တော့တိုက်ရမာနော်… :mrgreen:

  • Wow

    November 14, 2013 at 3:03 pm

    ဗရာကျော်ပါ… လှိုင်နဲ့နန်း…. အရင်ဆုံးလာအားပေးတဲ့အတွက် အူးမျိုး လှည်းတန်းရောက်ရင် အိုင်တီမှာ လက်ဘက်ရည်တိုက်ပါ.. (မုန့်လဲပါသပေါ့) :mrgreen:

    • Myo Thant

      November 14, 2013 at 3:11 pm

      ဂယ်နော် ၊ အိုစကေ ၊ 😛

  • TNA

    November 14, 2013 at 3:04 pm

    ဂုဏ်ယူပါတယ် ကိုဘလှိုင်နဲ့ နန်းတော်ရာသူရေ။ PCO ဖုန်းကလေးကတော့ ရိုးရိုးလေးနဲ့ဆန်းတာမို့ အတော်ကြိုက်ပါတယ်။ 😀

  • TNA

    November 14, 2013 at 3:05 pm

    ငင့်နာပထမဆိုပီးမန့်နေဒါ နာ့မန့်လဲတက်လာရော သုံးဖစ်တွားဒယ် ချိတ်နာဒယ် ညနေ ၃၁ ထိုးမယ် ဒါဗြဲ :mrgreen:

  • weiwei

    November 14, 2013 at 3:14 pm

    အခြေအနေမဲ့ သန်းကြွယ်သူဌေးကို အစအဆုံး တစ်ခါထဲ ထိုင်ဖတ်ချင်တယ် … pdf နဲ့ အစအဆုံး ရနိုင်မလား ???

  • Shwe Ei

    November 14, 2013 at 3:37 pm

    ဆုရပို့စ်တွေရဲ့ လင့်ခ်လေးတွေ ထည့်ပေးစေချင်ပါတယ်။

    ပီဒီအက်ဖ် ဖိုင်ရရင်တော့ နောနော် (အတိုင်းထက်အလွန်) ပါဘဲ 😛

    • Myo Thant

      November 14, 2013 at 3:56 pm

      အဲဒါ အနော်လုပ်ကြည့်တာ မရဘူးဗျ ၊

      အံစာတို့ သဂျားတို့ရေ ကူပါဦး

  • မဟာရာဇာ အံစာတုံး

    November 14, 2013 at 4:06 pm

    သန်းကြွယ်သူဃေး ပီဒီအက် လုပ်ပေးဘာ့မယ် ..
    ခီဏဒေါ့ စောင့်ဂျပေါ့ ခညာ …
    ရွာဂပြန်ရောက်ယင် အိုက်ဒါ လုပ်ပေးဘာ့မယ် …
    … နော် … နော် …

    ဘက်ထ် .. အလဂါးဒေါ့ ရဘူး .. ခည ..
    အလဂါးရရင် ဈေးပေါတွားမှာစိုးညို့ဘာ .. ငိငိ
    (လဂါးစဒါဘာ)

    ကွန်ဂလက်ဂျူလေးချင်းဘာ …
    ဦးဦးလှိုင်နဲ့ ယောက်ခမ တို့ ခညားးးးးး

  • kyeemite

    November 14, 2013 at 4:16 pm

    အင်း..ဒီလက တကယ်ကိုထူးပါတယ်..ဖတ်ရွေးသက်တမ်းတစ်လျှောက်မှာ ပထမဆုံးထူးခြားမှုပါပဲ
    ဂုဏ်ယူပါတယ် ကိုဘလှိုင်နဲ့ နန်းတော်ရာသူရေ။ 🙂

    ဉာဏ်နီ၊ဉာဏ်နက်၊ဉာဏ်ပြာ၊ ဉာဏ်ဝါ…အို..ဉာဏ်ရောင်စုံထုတ်သုံးပြီး ဖတ်ရွေးအဖွဲ့ကိုယ်စား
    ဆုကျေငြာပေးသွားတဲ့ (ဆုပိုင်ရှင်ကြီး)ကိုမျိုးသန့်ကိုလည်းအထူးကျေးဇူးတင်ပါဂျောင်းးးး
    တစ်ရက် ချိန်းပြီးဘီဘီလည်းတိုက်အုံးမှာဖြစ်ဂျောင်းးးး 😀

  • မောင်ဘလိူင်

    November 14, 2013 at 4:54 pm

    ကျွန်တော့် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးကြတဲ့
    အကဲဖြတ်အဖွဲ့ရော..သည်းခံ ဖတ်ရှုပေးသော စာချစ်သူ အပေါင်း
    ကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။ အင်မတန်လည်း ဂုဏ်ယူ
    ဝမ်းမြောက်မိတယ်။

  • kai

    November 14, 2013 at 5:01 pm

    ကိုရင်ဘလှိုင်ရတာ.. ထိုက်တန်တဲ့ဆုလို့ ပြောချင်ပါတယ်..
    တော်တော်စောင့်ဖတ်ရတယ်ဆိုပေမယ့်… တန်လို့ပါ..။

    ဘာသာပြန်အစွမ်းလည်း.. မသေးလှသမို့.. ပီဒီအက်ဖ်စာအုပ်လေးရရင်.. အစအဆုံးတောက်လျှောက်ဖတ်ကြည့်ချင်ပါကြောင်း…

  • alinsett

    November 14, 2013 at 5:40 pm

    ကိုဘလှိုင် နဲ ့
    မမနန်းတို ့ရဲ ့ပိုစ့်ကောင်းတွေ စာပေလက်ရာကောင်းတွေ ဆုရတဲ့အတွက်
    ဝမ်းသာတယ်ဗျို ့

    သန်းကြွယ်သူထေး ကိုလည်း
    စာအုပ်အဖြစ် လက်က ကိုင်ပြီး
    အေးအေးလူလူ ဖတ်ချင်မိသေးတယ်။

    မမနန်းတော်ရာသူရဲ ့ပီစီအို
    သုတနဲ ့ရသ အချိုးကျကျရောစပ်ထားတဲ့အနုပညာ ကိုလည်း
    ဒုတိယအကြိမ် ထုတ်ဝေမယ့် ဂဇက်အမှတ်တရ စာအုပ်မှာ ပါဝင်လာရင်
    တစိမ့်စိမ့် ပြန်ဖတ်ပါဦးမယ်

  • Mr. MarGa

    November 14, 2013 at 6:23 pm

    သန်းကြွယ်သူဌေးကို
    အစအဆုံး တကယ် ထိုင်ဖတ်ချင်တယ်။
    မောင်ဘလှိုင်ဆီက ကြားမိတာတော့ လုပ်နေပါသတဲ့
    ဒါကြောင့် မကြာခင် မြင်ရမယ်လို့ ယူဆပါသဗျ
    အဲ… ဟို ပီစီအို ကိုတော့
    အစကနေ အဆုံးထိ မျောသွားတာမို့
    အရေးအသားတွေကို လေးစားမိပါအိ
    ထိုက်တန်စွာ ရကြသူတွေပါ။
    ဂုဏ်ပြုပါကြောင်းးးးးး

  • ခင် ခ

    November 15, 2013 at 12:20 am

    Post လေးကိုဖတ်ပြီး
    Comment ရေးဖြစ်ကထဲက
    Ok လိမ့်မယ်လို့တော့ ထင်ခဲ့သားဗျ နန်းတော်ရာသူရေ။

    မောင်ဘလှိုင်ပိုစ့်ကတော့ အခန်းဆက်များသမို့ ဖတ်တလှည့် ပျက်တလှည့်မို့ ပြန်စုစည်းဖော်ပြရင်တော့ ဖတ်အုံးမှဘဲလေ။

  • surmi

    November 15, 2013 at 9:13 am

    ဂုဏ်​ယူပါတယ်​ ကိုဘလှိုင်​နဲ့ နန်​း​တော်​ရာသူ​ရေ…
    ကြုံ​တောင်​့ကြုံခဲအဖြစ်​မျိုးပါပဲဗျာ…
    နှစ်​​ယောက်​စလုံးလာမယ်​့ ဇန်​နဝါရီ​တွေ့ဆုံပွဲကို လာနိုင်​ထို့​မျှော်​လင်​့ပါတယ်​​နော..

  • ဦးကြောင်ကြီး

    November 15, 2013 at 10:55 am

    ထင်သားဗဲ.. ငါလိုကောင်မျိုး ရေးဒဲ့စာ ဇဂါတင် စာရင်းထဲတောင် မပါမှဒေါ့.. ဒီလူဒွေဗဲရမယ်ဆိုဒါ..။ ချဉ်စုတ်နေဒဲ့ လှိုင်နဲ့နန်တွင်းထဲဂ စဗျစ်သီးဂျီးနှစ်လုံး… သွား.. အစားဗူး… ။

    • အဘ ဘုတ်ကလုံ

      November 16, 2013 at 9:10 am

      အောင်ကြူးလေး ဇကာတင်ပါချင်ရင် လျှာဂျီးနဲ့ သာ လိုက်ချိန်းခြောက်တော့ဗျာ။
      အဘဘုတ်တော့ မောင်ဘလှိုင်ကို ချီးကျူးသွားပါတယ်။ သူလည်း ခေသူမဟုတ်ထဲမှာပါတယ်။
      ဘယ်သူရရ မရရ
      ဘဘဘုတ်တို့
      ဘူဖေးစားရဖို့ အဓိက..။

  • ဦးဦးပါလေရာ

    November 15, 2013 at 5:00 pm

    အင်မတန်ကောင်းပြီး
    ထိုက်ထိုက်တန်တန်ရသွားတဲ့ ပိုစ့်များဖြစ်ကြောင်း မှတ်ချက်ပြုလိုက်ပါတယ်…။
    ဂုဏ်ပြုပါတယ် – နန်းတော်ရာသူ နဲ့ မောင် ဘလှိုင် တို့ရေ …..

    စကားမစပ်-
    သူများတွေ ပျော်ပျော်ပါးပါး ချီးကျူးဂုဏ်ပြုနေကြတဲ့အထဲ
    အလိုက်ကန်းဆိုးမသိ နဲနဲ ဝင် ပြောပါရစေ…
    (အဲလိုမှမဟုတ်ရင် ကျုပ်နာမည် ဦးပါလေရာ ဘယ်ဟုတ်တော့မလဲ….)
    :mrgreen:

    ဒီလိုပါ…..
    မောင်ဘလှိုင်ရဲ့ ပိုစ့်တွေကို စုပြီး PDF ဖိုင်လုပ်ရင် / အဲဒါကို ဖြန့်ဝေရင်
    မောင်ဘလှိုင်ရဲ့ ခွင့်ပြုချက်လေးတော့ ဦးစွာ လိုအပ်ပါတယ်..
    ဒီပိုစ့်အတွဲကြီးဟာ တချိန်မှာ ပုံနှိပ်စာမူဖြစ်သွားနိုင်တဲ့ဟာကြီး ဆိုတာကိုလဲ သတိပြုသင့်ပါတယ်…

    မည်သို့ပင်ဆိုစေ- pdf လေးနဲ့ အစအဆုံးသာဖတ်ရမယ်ဆိုရင်တော့ ကျုပ်လဲ အလွန်ဝမ်းမြောက်မှာပါ..။

    • TNA

      November 15, 2013 at 6:11 pm

      အိုက်ဒါဆိုလဲတခါထဲသာ စာပေစိစစ်ရေးတင်ပြီးထုပ်လိုက်ရင်ကောင်းဘူးလား ဦးပါ။ ဦးပါနောက်မှ ပါကြည့်ခြင်း :mrgreen:

      • အခုချက်ချင်းဝိုင်းမန့်ပေး ဘယာကြော်ကျွေးသွားကြတဲ့ ဦးဦးဒေါ်ဒေါ် ကိုကိုမမ မောင်ညီမတွေအားလုံးကိုလည်း
        အတိုင်းမသိ ကျေးဇူးတင်ပါတယ်
        🙂

  • သတင်းရရချင်း ရွာထဲကြိုးစားဝင်လာရတာပါ။
    အခုတလော အင်တာနက်လိုင်းက အရမ်းကိုနှေးကွေးပြီး ချတ်တင်တောင်ဝင်ပြောလို့မရအောင်ဆိုးရွားနေလို့
    ကိုယ်တိုင်ဆုရတာတောင်မသိရပါဘူး။
    ဒီလကိုရွာထဲပို့စ်တစ်ပုဒ်တင်ချင်တာတောင် ရွာနားကပဲ ဝေ့ဝေ့ပြန်သွားရတယ်။
    အခုတော့ တညနေလုံး ကြိုးစားပြီးကိုဝင်ပစ်လိုက်တာ ရောက်လာပါပြီ
    ဟူူးးးးးးမောထာ

    ဆုမပေးပေးချင်အောင် ဝိုင်းအားပေးတဲ့ ချစ်မန်ဘာတွေအားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။
    အထူးသဖြင့် အချိန်ပေး ဖတ်ရွေးပေးတဲ့ ဖတ်ရွေးအဖွဲ့ကြီးကို အထူးကျေးဇူးတင်ပါတယ်။
    ဆရာမောင်ဘလှိုင်နဲ့အတူ ဆုရတဲ့ထူးခြားမှုအတွက်လဲ အများကြီးဝမ်းသာဂုဏ်ယူမိပါတယ်။
    အားလုံးကို ကျေးဇူးတင်ပါတယ်..ဝမ်းသာတယ်ပဲပြောနိုင်တော့တယ်
    😀

  • ဝင့်ပြုံးမြင့်

    November 15, 2013 at 7:26 pm

    ကိုကိုအံချာ
    ပီဒီအက်ဖ်ဖိုင် လုပ်ဖို့ကို နောက်တစ်ကြိမ် ပြန်စဉ်းစားပါဥိး။ စာအုပ်တစ်အုပ်ကို ထုတ်ဝေဖို့ ဆိုတာ ထုတ်ဝေသူရှာတွေ့ဖို့ သိပ်မလွယ်ဘူး။ ကိုယ့်ဖာသာကိုယ် ငွေရှိတိုင်းလည်း ထုတ်လို့မရဘူး။ ဖြန့်ချီရေးပိုင်းတွေ ဘာတွေ နားလည်ဖို့ကရှိတယ်။ အွန်လိုင်းမှာ ပီဒီအက်ဖ် ဖိုင် နဲ့ ဝေပြီးသားဆိုရင် ထုတ်ဝေသူတွေ သိပ်မထုတ်ချင်ကြတော့ဘူး။ သူတို့သဘောက စာအုပ်ထုတ်ပြီးမှ ရောင်းလို့ကုန်ပြီဆိုမှ ကိုယ့်ဖာသာကိုယ် လုပ်ချင်တာလုပ်ကြဆိုတဲ့သဘောမျိုး။ အဲဒါကြောင့် ခဏစောင့်ကြည့်တာ ကောင်းမယ်ထင်တယ်နော။
    —-
    နန်းတော်ရာသူ နဲ့ ဆရာဘလှိုင်ရော။ ပြီးတော့ ဖတ်ရွေးအဖွဲ့ကိုရော လေးစားတဲ့အကြောင်း ပြောချင်ပါတယ်။ အထူးသဖြင့် ရသဘာသာပြန်တွေ အားနည်းနေတဲ့အချိန်မှာ ဆရာကောင်းတစ်ယောက် ပေါ်ထွက်လာတာ ဝမ်းသာမိတယ်။ ဘာသာပြန်ဆိုတာက ဘယ်လိုပြောမလဲ၊ တိုင်းပြည်မှာ အရေးကြီးတဲ့ ကဏ္ဍ တစ်ရပ်ဖြစ်ပါတယ်နော်။ eye opener သဘောမျိုး ရှိပါတယ်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ် ပြောလည်း ခံရမှာပေါ့လေ။ ကွန်ဂရက်ကျူလေးရှင်းပါ ဆရာဘလှိုင်ရေ။

    • မဟာရာဇာ အံစာတုံး

      November 21, 2013 at 11:57 am

      ဟုတ်ကဲ့ဘာ ချာမ …
      တားဂ ဒီထဲကလူဒွေ တစ်စုတစ်စည်းထဲ ဖတ်ရအောင်ရို့
      အစဂဒေါ့ လုပ်လိုက်မို့ဘဲ
      ဂု .. ချာမဂ ဂလို ချင်းပြဒေါ့ ..
      တား လုပ်ဒေါ့ဘာဝူးးးးး
      သူ့ဂို သေချာမေးကျိလိုက်အုံးမယ် ..
      သန်းဂျူးဘာ ချာမ ..

  • Ma Ma

    November 15, 2013 at 8:09 pm

    ကိုယ်တိုင်လည်း မောင်ဘလှိုင်ရဲ့ သန်းကြွယ်သူဌေးကိုရော
    နန်းတော်ရာသူရဲ့ ပီစီအိုဖုံးရော ကြိုက်တာနဲ့
    ပူးတွဲဆုရသွားတဲ့ နှစ်ယောက်စလုံးကို ကွန်ဂရက်ကျ ူ လေးရှင်း အကြီးကြီးပါ။ 🙂

  • padonmar

    November 15, 2013 at 8:50 pm

    မောင်ဘလှိုင်ရော၊
    နန်းတော်ရာသူရော၊
    အင်တန်ကောင်းတဲ့ လက်တွေပါ။
    ၂ယောက်လုံး စာအုပ်ထုတ်ဖို့ကြိုးစားသင့်ပါတယ်။
    ဝယ်ယူအားပေးဖို့ အဆင်သင့်ပါ။

  • ရာမည

    November 15, 2013 at 10:47 pm

    ဆရာဘလှိုင်နဲ့ ဆရာမ နန်းတော်ရာသူတို့ကို
    ဂုဏ်ပြုပါတယ်ခင်ဗျာ။

  • ကျော်စွာခေါင်

    November 16, 2013 at 2:23 am

    ဂုဏ်ယူပါတယ်..
    ကိုဘလှိုင် နဲ ့ နန်းတော်ရာသူ..
    ကိုဘလှိုင်ရဲ ့ သန်းကြွယ်သူဌေးကို အကုန်မဖတ်ရသေးပေမယ့် တော်တော် ကြိုက်သလို ဘာသာပြန်အားထုတ်မှုကိုလည်း ချီးကျူး
    လေးစားပါတယ်..ဆုရတာကလည်း တစ်ကယ်ကို ထိုက်တန်ပါတယ်ဗျာ…။ နောက်ထပ် လက်ရာကောင်းတွေလည်း ဆက်ဖတ်ချင်ပါသေးတယ်..။
    နန်းတော်ရာသူကတော့ ထူးထူးခြားခြား လေးကို ကျနော်မတွေးဘူးတဲ့ ထောင့်လေး ကို မြင်ပြိးရေးထားတတ်လို ့ တော်တယ်လို ့ ချီးကျူးပါတယ်..။ စကားမစပ်..ဆုရတဲ့နေ ့ကျ မနန်း အဖေကို မုန် ့ဝယ်ကျွေးပြီး ကန်တော့နော်..။
    အဖေ့ရဲ ့ဖုန်းလေးက……။

  • Foreign Resident

    November 16, 2013 at 2:49 am

    ထိုက်ထိုက်တန်တန် ဆုရသွားတဲ့ ၊
    မောင်ဘလိူင် နှင့် နန်းတော်ရာသူ ကို ၊
    Congratulations ပါ ။

  • အရိပ်စစ်

    November 16, 2013 at 3:28 am

    နှစ်ယောက်လုံး အတွက် ဂုဏ်ယူပါတယ်နော်….

  • အရီးခင်

    November 18, 2013 at 4:41 pm

    Many Congratulations ပါ မောင်ဘလှိုင်နဲ့ မနန်း ရေ။ 😛

  • အဘ့တကထိပ်ခေါင် အဘဆြာရဲစည်

    November 18, 2013 at 5:14 pm

    ဝမ်းသာပါဒယ်ဗျို့ဆုရသူ၂ယောက်လုံးကို အထူးဂုဏ်ပြုပါကြောင်းပြောကြားလိုပါဒယ်တလက်စတည်းအနော့်လိုဘဲဘာသာပြန်ကြိုက်သူများပိုင်ရှင်မသိအောင်ခိုးကူးထားသော ခိုးကူးပီဒီအက်ဖ်အား ဖတ်ရှုလိုသူများ ဝေမျှပေးမည်ဖြစ်ပါကြောင်း နောက်ထပ်တလက်စထဲ ဖတ်ရွေးပညာရှင်များ အနေဖြင့် နောင်အခါအခွင့်ကြုံပါက ဆြာကြောင်ကြိီး၊ ဆြာအောင်ပုတို့အား ပူးတွဲ “ဆုဂျီး” တစ်ဆုလောက် ပေးဇေချင်ပါကြောင်း တောင်စိုအကျန်ပြူးအပ်ပါသီ

  • လုံမလေးမွန်မွန်

    November 18, 2013 at 5:45 pm

    တိန်… နာ မကွန်ဂရက်ရသေးဝူးပဲ… ရေးပြီးပြီထင်လို့… 🙂

    ထိုက်ထိုက်တန်တန်ရသွားတာ ဂုဏ်ယူပါတယ်ဗျိုး… မှတ်ချက်လေးတွေကိုပါ ဖတ်ရတာ ထူးခြားချက်တစ်ခုပါပဲ…
    ဆုကြေညာပေးတဲ့ အူးမျိုးရဲ့ လက်ရာကလည်း ရှယ်ပဲ…

    စကားအတင်းစပ်..မျက်ခုံးနည်းနည်း လှုပ်နေပါသည်.. :mrgreen:

  • nozomi

    November 19, 2013 at 12:48 pm

    ပြောတာ နောက်ကျသွားတယ်

    တောင်ငူသူ နဲ့ ကိုဘလှိုင် တို့ အတွက်

    ဝမ်းသာဂုဏ်ယူပါတယ် ခင်ဗျ

    တော်ရုံ ဇွဲ စေတနာ တွေနဲ့တော့ ဒီ လက်ရာမျိုး ထွက်လာမှာ မဟုတ်ဘူး

  • Zaw Thant

    November 19, 2013 at 2:57 pm

    .. မောင်ဘလိူင် နှင့် နန်းတော်ရာသူ တို့ ကို Congratulations ပါလို့.. စာမူတွေဖတ်ဖို့ အတွက်တော့ connecting ဆိုတာလေးကို ကြည့်ရင်း စောင့်နေဆဲပါ.. 🙂

  • ရွှေမိုးတိမ်

    November 19, 2013 at 3:48 pm

    ကွန်ဂရက်ကျူလေးရှင်းပါဗျို့ 😀

  • မောင်မိုဘိုင်(သလ္လာဝတီ)

    November 22, 2013 at 7:09 pm

    ဝမ်းပန်းတသာဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောချင်ပါတယ်
    ဦးဘလှိုင် ရဲ့ သန်းကြွယ်သူဌေးပို့စ် အပိုင်းအားလုံးကို ကျနော်ကူးယူထားပြီး
    တစ်ပိုင်းတစ်စ ကျော်ခွဖတ်တာတော့ ပြီးသွားပါပြီ… အစကပြန်ပြီး သေချာ
    ဖတ်ဖို့စိတ်ကူးရှိပါတယ်… ယခုလို ဆုရရှိသွားတာသိရတော့ ပြန်ဖတ်ချင်စိတ်
    ပိုမိုထက်သန်လာပါတယ်…..
    မနန်းတော်ရာသူရဲ့ ပို့စ်ကိုတော့ မဖတ်ရသေးပါဘူး ခုပဲသွားရောက် ဖတ်ရှု့လိုက်အုံးမည်
    ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးး

  • ဗုံဗုံ

    November 22, 2013 at 8:33 pm

    ဟေး..ပျော်စရာကြီး..နှစ်ယောက်ရတာ….
    မုန့်ကျွေးရင် ကောင်းမှာ….
    မာမီ့သော်လက်ရာ….. စားချင်တယ်.. :mrgreen:

  • ခရီးသည်ကြီး

    November 23, 2013 at 10:42 am

    ဝမ်​း​မြောက်​ဝမ်​းသာစွာ လက်​ခုတ်​တီးပါတယ်​

Leave a Reply