မတူကွဲပြားသော လူအများစုဝေးနေထိုင်ရာ… တစ်နည်းအားဖြင့်ဆိုသော Public

ကြောင်ဝတုတ်November 14, 20131min49236

လမ်းသွယ်ထဲမှာ ဆူဆူညံညံနဲ့ ဒီဂျေသံကြားနေမိတယ်…

မီးတွေလဲ ထိန်ထိန်လင်းလို့… နိုင်ငံခြားက နိုက်ကလပ်တစ်ခုကိုတောင် သတိသွားရမိပါသေး၏…

အိုင်ရင်းဇင်မာမြင့်ဆိုလဲ ဟုတ်ရဲ့… နီနီခင်ဇော်ဆိုလဲတမူ… ဖြူဖြူကျော်သိန်းလဲ ချန်မထားခဲ့ကြ…

ဒီဂျေသံများနှင့် လမ်းကြိုလမ်းကြား… လမ်းမကြီးငယ်… အသွယ်သွယ်မှာ…

မြင်နေကြားနေရသမို့…  အမြင်မပါ…အသံနှင့်ဆုံးဖြတ်ကြမည်ဆိုလျှင်… ရန်ကုန်မြို့လုံးကျွတ်…

ကပွဲဆင်နွဲနေသလား… ရာဇဝင်ထဲက နက္ခတ်သဘင်ဆင်ယင်နေသည့်အလား အထင်ကိုမှောက်မှားစေနိုင်ပါ၏…

တကယ်တော့ ဒါဟာ… ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ… ကထိန်သင်္ကန်းကပ်လှူပွဲအတွက်…

အလှူခံနေခြင်း… ပဒေသာပင်များကို ဆိုက်ကားများနှင့်တသွယ်… လူများထမ်းလို့တမူ…

လမ်းမများ… လမ်းထိပ်များ…လူသွားလမ်းဘေးများမှာ ချပြထားပြီး… အလှူခံနေကြခြင်းပါတဲ့…

ဒါဟာ… အလှူခံနေခြင်းပါတဲ့… နိဗ္ဗာန်သွားရာလမ်းဖြောင့်ဖြူးဖို့ အထောက်အပံ့တွေအတွက်…

အော်… အလှူခံနေခြင်းတဲ့လား…

ရပ်ကွက်ထဲကအလှူခံ… မိုးလင်းတာနဲ့ညံလို့… မရပ်မနား မိုက်ခွက်နားမှာ စေတနာရှင်… အလှူခံပေးသူများ…

ဇာတ်တော်များကတဖုံ… တရားတိုတရားစများတသွယ်နဲ့… လှူဒါန်းမည့်သူများရဲ့ နှလုံးသားက စေတနာသဒ္ဒါတရားကို ချွေချနိုင်ဖို့…

ဇနကထုံးနှလုံးမူ… မလျော့သောဇွဲနဲ့ အလှူခံသူတွေကိုလဲ ချီးကျူးမိပါရဲ့…

ဒါဟာ… အလှူခံနေခြင်းပါတဲ့…

 

ဘာ့ကြောင့်အလှူခံနေပါသလဲ… ပဒေသာပင်တွေသီးလို့ ဘုန်းတော်ကြီးကျောင်းတွေကို ငွေကြေးအခိုင်လိုက်လှူဒါန်းဖို့အရေး

အင်တိုက်အားတိုက်လက်မနှေးဘဲ… ကြိုးစားနေကြခြင်းပါ…

ရည်ရွယ်ချက်လေးကောင်းပါရဲ့… မွန်မြတ်ပါရဲ့… နောက်ဆက်တွဲတော့ ဒါပေမယ့်နဲ့ဆက်ပါရစေ…

တစ်ယောက်ထဲသီးခြားခွဲထွက်မနေနိုင်တဲ့ လူသားမျိုးနွယ်ဖြစ်သော ကျွန်ုပ်တို့တွေဟာဖြင့် လူတစ်ဦးတစ်ယောက်ရဲ့ Private နဲ့ လူအများစုဝေးနေထိုင်ရာ

(Public)ရဲ့ကျင့်ဝတ်… လူ့ကျင့်ဝတ်တချို့ကို ခွဲခြားမမြင်နိုင်ဘူးလို့ ပြတ်ပြတ်သားသားဆိုရမပေါ့…

လူ့အခွင့်အရေးမရဘဲ နှစ်ပေါင်းများစွာ နွားခြေရာခွက်ထဲနေခဲ့ရတဲ့ ခေါက်ရိုးကျေစိတ်ဓာတ်တွေကြောင့်လား သေချာမဆိုနိုင်ပေမယ့် လူသားတစ်ဦးအနေနဲ့ မည်သည့်ဘာသာရေး အစွဲမှမပါဘဲ… ထိုသူသည်လူဟူသောပေတံတစ်ခုထည်းနဲ့တိုင်းတာကြည့်ရမယ့် လူအများစုဝေးရာ…

ထပ်ပြီးအတိအကျဆိုရရင်… ကိုးကွယ်သည့်ဘာသာ… ဆက်ခံသည့်လူမျိုး… မတူညီသည့်ကြိုက်နှစ်သက်မှု ကွဲပြားသောခံစားမှုစသည်တို့

ရောပြွန်းနေသော Public မှာဖြင့် ဘယ်အရာကတော့လုပ်သင့်တယ်… ဘယ်အရာကတော့ဖြင့် မလုပ်သင့်ဘူး… စသည်ဖြင့် ကြည့်တတ်… မြင်တတ်… သိတတ်ဖို့လိုပါပြီ…

ဒီနေရာမှာ ကျွန်တော်မြင်သော အချို့အချို့ကို ပြောပြလိုပါတယ်…

 

ခရီးသွားကားပေါ်က သီချင်းသံ…

ကျွန်တော်တို့ ခရီးဝေးများကို မော်တော်ကားကြီးများနှင့်သွားဖူးကြပေလိမ့်မည်…

ကျွန်တော်တွေ့မိ သတိထားမိသည်မှာ… စပီကာသေးသေး… အသံအရည်အသွေးခပ်ညံ့ညံ့မှထွက်လာသော…

သီချင်းသံ…

ကျွန်တော်တို့နိုင်ငံကို တရုတ်နိုင်ငံကနေ လျှပ်စစ်ပစည်းများဝင်လာတော့ သီချင်းနားထောင်လောက်ရုံ သီချင်းဖွင့်ရုံ အရည်အသွေးခပ်ညံ့ညံ့တွေ လူတွေလက်ထဲရောက်ကုန်တယ်…

ပေါပေါပဲပဲနဲ့ရတယ်… သီချင်းတွေနားထောင်ရတယ်… အဲဒါနဲ့နောက်ဆက်တွဲပါလာတာက လူအများနဲ့ ဆိုင်တဲ့နေရာတွေမှာ တခြားလူတွေ အိပ်စက်အနားယူချင်မှန်းမသိ… ကိုယ်ဖွင့်သောသီချင်းက တခြားသူကို စိတ်အနှောက်ယှက်ဖြစ်စေမှန်းမသိ… လူများရှေ့ (Public) မှာ စပီကာပေါက်စနဲ့ သီချင်းဖွင့်ကြသော လူငယ်များ…

မနက်မိုးလင်းလင်းခြင်း… တစ်လမ်းလုံး တစ်ညလုံး ကားစီးလာလို့ ပင်ပန်းရတဲ့ကြားထဲ… တရားထဖွင့်တဲ့ လူကြီးများ…

ရေဒီယိုကို လူကြားသူကြားထဲ ကွီကွီကွမ်ကွမ်လိုင်းဖန်းတတ်သူ… ရေဒီယိုချစ်သူသက်ကြားရွယ်အိုများကို… တစ်ခုပြောချင်ပါတယ်…

တရားပဲဖွင့်ဖွင့်… သတင်းပဲနားထောင်ထောင်… သီချင်းနဲ့ပဲဖျော်ဖြေ… ဖျော်ဖြေပါ…

အများတကာနဲ့သွားလာ ဆက်ဆံရတဲ့အချိန်မှာ မိမိလုပ်ချင်တာထက်… Public ကို အားနာစေ့ချင်ပါတယ်…

Public အပေါ် ဂရုပြုစေချင်ပါတယ်… ဘာဖွင့်တာပဲဖြစ်ဖြစ်… လူအများကြားမှာ တစ်ဦးမဟုတ် တစ်ဦးကို

စိတ်အနှောက်အယှက်ဖြစ်စေသောအပြုအမူဆိုတာကို နားလည်စေချင်ပါတယ်…

 

အဲယားကွန်းခန်းထဲက ဆေးလိပ်ငွေ့

တစ်ခါ အဲယားကွန်းခန်းရှိတဲ့ကြေးအိုးဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ပြီးမှာစားမိပါတယ်…

နံရံမှာလဲ No Smoking ဆိုတဲ့ သင်္ကေတတွေ ကပ်လျှက်ရှိပေမယ့်…

ကျွန်တော်ထိုင်တဲ့ ဘေးဝိုင်းကလူကြီးတစ်ယောက် စီးကရက်ကို ဟန်ပါပါနဲ့ဖွာနေပါတယ်…

ကျွန်တော်မျက်လုံးစပ်လာတဲ့အထိပါပဲ… အဲဒါနဲ့ စားပွဲထိုးကောင်လေးကိုခေါ်ပြီး ဆေးလိပ်မသောက်ဖို့ ပြောခိုင်းရာမှာ… ကောင်လေးက သူမပြောရဲတဲ့အကြောင်းစကားပြန်လာပါသတဲ့…

နောက်ဆုံး ကျွန်တော်ကိုယ်တိုင် ဆေးလိပ်မသောက်ဖို့ မေတ္တာရပ်ခံရာက စကားများတဲ့အဆင့်အထိရောက်ခဲ့ပါ သေးတယ်…

မင်းလို ဆံပင်ရှည်နဲ့လမ်းသရဲကောင်ကများ ငါ့ကိုရာရာစစတဲ့…

ဟောဗျာ… Public ထဲမှာ လူဝင်ဆန့်အောင်မနေနိုင်တဲ့လူက ကျွန်တော့ကိုအဆင့်ခွဲလိုက်ပါသေးတယ်…

နောက်ဆုံး မန်နေဂျာထွက်လာပြီး ကျွန်တော့ကို ဝိုင်းပြောင်းပေးပါတယ်… ကျွန်တော်လိုချင်တာ ဝိုင်းပြောင်းပေးဖို့မဟုတ်ပါဘူး… အဲဒီလူ… အဲဒီလိုလူမျိုးကို နောက်ထပ်တစ်ခါ ဒီလို Public နေရာမှာ Public ကို လေးစားစေလိုတဲ့အသိမျိုးပေးစေချင်တာပါ…

ဆိုင်ထဲကနှင်ထုတ်တာမျိုးပေါ့…

ဒီစာရေးတဲ့ ကျွန်တော်လဲဆေးလိပ်ကို အရမ်းကြိုက်တဲ့လူဆိုတာ သိသူတွေ၊ မြင်ဖူးသူတွေ သိပါတယ်…

 

ဗလီရှေ့က အသံမစဲမဟာပဌာန်းပွဲ…

မြစ်ဝကျွန်းပေါ်ဒေသက မြို့လေးတစ်မြို့မှာ ကျွန်တော်တည်းတဲ့တည်းခိုခန်းဘေး မလှမ်းမကမ်းမှာ ဗလီတစ်ခုရှိပါတယ်…

တစ်ရက်ကျတော့ တည်းခိုခန်းရှေ့ ရပ်ကွက်ဓမာရုံမှာ အသံမစဲပဌာန်းပွဲကျင်းပ ပါတော့တယ်…

တစ်နေကုန် အလုပ်ပင်ပန်းလာတဲ့ ကျွန်တော်ညစာစားပြီး အိပ်ဖို့ကြိုးစားပေမယ့် မီးမရှိလို့ အဲယားကွန်းမလာတဲ့အတွက်

ပူပြီးအိပ်မရသည်ကတစ်ကြောင်း၊ ပဌာန်းသံရဲ့နှိပ်စက်မှုက အံ့မခမ်းမို့… ညလုံးပေါက် ငုတ်တုတ်ထိုင် ဆေးလိပ်သောက်နေခဲ့ရတဲ့နေ့ မနည်းခဲ့ပါဘူး…

နောက်တစ်နေ့မနက် အလုပ်လုပ်ရသူမို့ ပဌာန်းသံဟာ ကျွန်တော့်အတွက် အရှင်လတ်လတ်ငရဲကျနေသူပါပဲ…

အကုသိုလ်များသူမို့ ပဌာန်းသံမခံနိုင်ဖြစ်နေသလားတောင် တွေးမိသေး…

အဲ… ပဌာန်းသံပြီးသွားတော့ သတိထားမိလာတာက မနက် (၅)နာရီမှာ တည်းခိုခန်းဘေး မလှမ်းမကမ်း ဗလီက မနက် (၅)နာရီ ဘုရားရှိခိုးသံပါဘဲ…

လော်စပီကာနဲ့ဟဲလိုက်တဲ့အသံ… အဲဒီလိုပဲ…ညနေတစ်ခါ (၅)နာရီခန့် ကျတော့တခါ…

လက်ဘက်ရည်ဆိုင်ထိုင်မိတဲ့နေ့မှာ အဲ့အသံအတွက် ဝေဖန်သံတွေကြားလိုက်ရပါတယ်…

ကျွန်တော်ရင်ထဲပြောလိုက်မိတာက… သူများအော်တာမကြိုက်ရင်… ကိုယ်လဲမအော်ဖို့ပါပဲ…

မတူကွဲပြားသောလူများနေထိုင်ရာ (Public) ကို လေးစားသင့်ပါသည်…

တစ်နည်းဆိုရသော်… တခြားသူများ၏ အခွင့်အရေးနှင့် ခံစားချက်ကို လေးစားသင့်ပါသည်…

 

ကားနဲ့ပတ်တဲ့ ထီသည်…

တစ်နေ့ ကျွန်တော့်အိမ်ရှေကဧည့်ခန်းမှာ ဧည့်သည်တစ်ယောက်နဲ့ အလုပ်အကြောင်းလေးနဲနဲပါးပါး ပြောနေခိုက်… အိမ်ရှေ့ကို ထီရောင်းတဲ့ကားတစ်စီးထိုးဆိုက်လာပါတယ်… သီချင်းတွေညံနေအောင်ဖွင့်…

တစ်ရပ်ကွက်လုံးကြားတဲ့အထိ… အိမ်ထဲမှာစကားပြောရင်… တစ်ယောက်နဲ့တစ်ယောက်မကြားရတော့လို့…

ဟမ်… ဟမ်… ဖြစ်လာတဲ့အထိပါပဲ…

မိမိစီးပွားရေးအတွက် အိမ်ထဲကလူတွေကို ဒုတ်နဲ့ထိုးတော့မှာလား… သက်ကြီးရွယ်အိုတွေ ဘုရားအာရုံပြု နေမလား…

မွေးကင်းစခလေးငယ်တွေ အိပ်နေမလား… နေမကောင်းတဲ့လူတွေနားနားနေနေနေနေ ကြသလား…

ဒါတွေကို ဂရုမစိုက်ဘဲ အများပိုင်လမ်းမှာ မိမိထင်တိုင်းကြဲတာဟာဖြင့် အလွန်အမင်းစိတ်ပျက်စရာ ကောင်းတဲ့အရာပါ…

 

လမ်းပေါ်ကအလှူခံ…

မနေ့ကပဲ… အိမ်အပြန်လမ်းမှာ ကားတွေပိတ်လို့ စိတ်ညစ်ညူးခဲ့ရပါသေးတယ်…

ရန်ကုန်ဆောင်းအဝင် ခပ်ပြင်းပြင်းအပူရှိန်မှာ တစ်နေကုန်ပင်ပန်းသမျှ အနားရမယ့်အိမ်ကို အပြန်…

လမ်းမှာ ဆိုက်ကား (၃)စီး… တစ်စီးက ပဒေသာပင်ကိုတင်… တစ်စီးမှာ အသံချဲ့စက်… တစ်စီးမှာ လက်ဆွဲ

မီးစက်ငယ်နဲ့ လမ်းမပေါ်တက်ပြီး ဒီဂျေသီချင်းတွေဖွင့်… အလှူခံပါသတဲ့… ကားကြီးကားငယ်… အသွယ်သွယ် ပိတ်ပြီး

လူတွေဒုက္ခရောက်ရပါတော့တယ်… သူတို့ကုသိုလ်ရမရတော့မသိ… ကားပိတ်လို့ ရာသီဥတုပူလို့ ဒေါသထွက်မိတဲ့

ကျုပ်တို့တော့ အကုသိုလ်ပွားရပြန်ပြီ…

ဒီလိုပါပဲ…

ဘုရားဆင်းထုတစ်ဆူကို ကားပေါ်တင်… မီးတွေဆင်… ဖဲကတီပါတွေနဲ့အလှဆင်ပြီး…

ငွေဖလားကြီးတွေ ဝင့်ခါဝင့်ခါနဲ့ ဘီယာဆိုင်နား အလှူခံ… လက်ဘက်ရည်ဆိုင်နားမှာ ဖလားထဲ ကျောက်ခဲထည့်ခေါက်နဲ့…

တရွေ့ရွေ့မောင်းတဲ့ကားနောက်မှာ တန်းစီပြီး လိုရာခရီးမရောက်လို့ သောကဝေနေကြတဲ့ လူပေါင်းများစွာကို

ထိုလူတွေ စဉ်းစားမိကြပါရဲ့လား…

ဘုရားပြငွေအလှူခံ… ဘုရားလဲ ငွေရဖို့ကပြရတဲ့ မျောက်သာသာဖြစ်မှန်းမသိဖြစ်လာပါပြီ…

မိုးတွင်း ကောက်ပဲသီးနှံတွေပေါ်ချိန်…

ရဟန်းပေါင်းရာထောင်ချီသွားရင်ဖြင့် လူအများဆုံးရှုံးရချည်ဆိုပြီး ဝါဆိုခိုင်းတဲ့ ဗုဒ္ဓရဲ့ အများအပေါ်အလေးထားမှုကိုဖြင့်

အလှူငွေရရင်ပြီးရော ဘယ်သူဘာဖြစ်ဖြစ် သဘောထားတဲ့… အလှူခံပုဂ္ဂိုဟ်များ သတိလေးများ ချပ်စေချင်ပါသတဲ့…

 

အဝေးပြေးလမ်းမပေါ်ရောက်တာနဲ့ ကြိုကြား ကြိုကြား အလှူခံလေးတွေတွေ့ရပါတယ်..

အရှိန်နဲ့မောင်းလာတဲ့ကားတွေကြားမှာ အပြေးအလွှား အလှူငွေလေးကို သက်စွန့်စံဖြား ပြေးကောက်ကြတဲ့

အလှူခံရှင်ကြီးများကို သာဓုခေါ်ပါရဲ့… ဒါပေမယ့် အန္ဒရာယ်ဟာ အန္ဒရာယ်ပါပဲ…

 

နှစ်ဟောင်းကုန်လို့ နှစ်သစ်အကူး ရေပက်ကစားကြချိန်မှာ ရေပက်ခံကားပေါ်ကလူတွေကို

နာအောင်ခွက်စောင်း ခုတ်တတ်သော ရေကစားကြသူများ…

ထိုသို့ပြုလုပ်ခြင်းကို အပြစ်အဖြစ်မမြင်… မဆုံးမခဲ့ကြသော ဆွေစဉ်မျိုးစက် ရှေးလူကြီးများမှမစ… ယခုလူကြီးများ…

 

သီတင်းကျွတ်အခါသမယမှာ လမ်းသွားလမ်းလာတွေ အနှောက်အယှက်ဖြစ်အောင် အထိတ်တလန့်ဖြစ်အောင်

ဗျောက်အိုးကားထဲပစ်သွင်းသလိုမျိုး စက်ဘီး၊ ဆိုင်ကယ်အောက်ထဲ ဗျောက်အိုးပစ်ထည့်ပြီး

ဝမ်းသားအားရ ပျော်ရွှင်တတ်ကြသူများ…

ထို… သူများ… ထို… သူများ… ထိုသူများ…

အဲဒီရဲ့နောက်ဆက်တွဲအဖြစ်… စည်းကမ်းမရှိသော…

 

လမ်းမပေါ်တွင်ဈေးရောင်းသော… လမ်းဘေးဈေးသည်အား နိုင်ငံတော်ဂုဏ်ယူဝံ့ကြွားစရာအဖြစ်ထားသော…

စည်းကမ်းမရှိသော ယာဉ်မောင်းများ… တာဝန်နှင့်လုပ်ပိုင်ခွင့်ခွဲခြားမသိသော ဝန်ထမ်းများ…

တီထွင်ကြံဆမှုမရှိဘဲ လူ့ငမွဲများအားလည်ပင်းညှစ်… ချမ်းသာလာသောသူဌေးများ…

တိုးပွားစည်ပင်သည်ထက် စည်ပင်လာသောမြန်မာနိုင်ငံ…

 

ကမ္ဘာအဆင်းရဲဆုံးနိုင်ငံထဲရောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှု…

ငတ်မွတ်ခေါင်းပါးမှုများ သိသိသာသာမကြုံတွေ့ရသေးခင်…

စိတ်ဓာတ်ခွန်အား… အားနည်းမှု… ကိုယ်ချင်းစာတရားခမ်းခြောက်မှု…

အတွေးအခေါ်နိမ့်ပါးငတ်မွတ်မှုများကို မျက်မြင်ကြုံတွေ့နေရပါပြီ…

တိုင်းပြည်ဆင်းရဲချင်… ဆင်းရဲပါစေ… အတွေးအခေါ်… စိတ်ဓာတ်ခွန်အားမဆင်းရဲရင်ဖြင့်

တိုင်းပြည်ဆင်းရဲခြင်းကို အံတုနိုင်ပါလိမ့်မယ်…

အဲဒီလိုမှမဟုတ်ရင်တော့ တိုင်းပြည်လဲ နွံအတွင်း သက်ဆင်းသလို… နစ်ပြီးရင်းနစ်… လှုပ်ရင်းမြုပ်ရလိမ့်မယ်ဆိုတာ သတိရှိစေချင်ပါတယ်…

ဒီအကြောင်းချင်းရာများကို ခပ်ပေါ့ပေါ့သဘောမထားဘဲ… မိမိတို့လက်လှမ်းမီရာ… တတ်စွမ်းရာ ကြိုးစားမြှင့်တင်စေလိုကြောင်း…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

၂၀၁၃၊ နိုဝင်ဘာ…

36 comments

  • TNA

    November 14, 2013 at 7:33 pm

    အောင်မယ်လေးကောင်းလိုက်တာအေ။ ပြောတတ်လိုက်ချက်။ ပြောချင်နေတာ ပါးစပ်ကိုယားလို့။ အခုတော့ အဖော်ရပြီ။ ဘရာဗိုပါဖက်ဖက်ကက်ရေ။ လက်မအကြီးကြီးထောင်သွားပါတယ် 😀

  • alinsett

    November 15, 2013 at 5:55 am

    တကယ်ကောင်းတဲ့ အက်ဆေးလေးပါပဲဗျာ

  • မဟာရာဇာ အံစာတုံး

    November 15, 2013 at 7:38 am

    အဲ့ဒါ … အဲ့ဒါ …
    ကျုပ်ကလည်း ပြောချင်နေတာ ….
    ကိုကြီးကြောင်ဝတုန်ရေ …
    ရေရေလည်လည် မိုက်လှပါသဗျာ … ဂွပ်ဘဲ …

    ကျုပ် တွေ့သလောက် ပြောရရင် …
    မြေနီကုန်း ဂမုန်းပွင့်နားက အလှူခံမဏ္ဍပ်ကြီးကလည်း ဟီးနေတာပဲနော် …
    ဒီလောက် ကားကြပ်တဲ့လမ်းပေါ်မှာ
    တစ်လမ်းစာ လမ်းပေါ်ထွက်ပြီး မဏ္ဍပ်ဆောက်ထားတယ် …
    အတော် ရီဖို့ ကောင်းတဲ့ လူတွေ ….

  • Wow

    November 15, 2013 at 8:38 am

    အများနဲ့တစ်ယောက်ဆိုတော့လဲ သွားပြောရင် နိပဲကြောင်ဘာဘီကျူးဖစ်သွားမယ် ဝတုတ်ရယ် :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 15, 2013 at 9:16 am

    . မြို့ပိုင်မင်းဂျီး မိန့်ကြားဘူးတဲ့
    . အိန္ဒိယတိုက်က ကုလားတစ်ယောက်ရေးခဲ့တယ်ဆိုတဲ့
    .. လောကနီတိထဲ အဲ့ဒါဒေပါသလား
    . သိဂျင်သါး

    • kai

      November 15, 2013 at 11:54 am

      လောကနီတိက.. လူတန်းစားအဆင့်အတန်းအင်မတန်ခွဲတဲ့.. အိနိ္ဒယယဉ်ကျေးမှုကလာတာမို့.. မြန်မာတွေထဲ.. အဲဒီ”ဇတ်”ခွဲတာကြီးမသိမသာ.. မြုတ်နစ်နေတယ်တွေးမိတယ်..

      ကဲ..ကဲ.. ဩကာသ..ဩကာသ..ငါ့ထိုင်ကန်တော့ကြ… :mrgreen:

  • naywoon ni

    November 15, 2013 at 9:56 am

    လုပ်​ထား ဘရာဗို အ​ဖော်​ရပြီ နာ့မှာ ……
    ဖွဘုတ်​မှာ ထပ်​ဖွလိုက်​ပါဦး

  • ဖြူစိုင်း လူ

    November 15, 2013 at 10:10 am

    တပ်မ၇ရတော့ ပျော်နေမှာပဲ

    စကားအတင်းစပ်.. ကျုပ်လဲ အဲလိုဆော်ချင်နေတာ
    ကိုကြောင်ဝတုတ်လောက် လက်သံမပြောင်လို့

    အားပေးတယ်ဗျာ.. ဝမ်းစမိုး

    (ဟိုးတုန်းကလို ကွန်မန့် တစ်နံတစ်လျားကြီးနဲ့ စကားတွေ အချေအတင်မပြောချင်တော့တာတော့ ခွင့်လွှတ်ဗျာ)

  • sorrow weaver

    November 15, 2013 at 11:00 am

    ကိုကြောင်ဝတုတ်…..လူတိုင်း…အဲ့လိုအမြင်မျိုးရှိရမှာဗျာ..ဂုဏ်ယူုပါတယ်ဗျာ…ကိုယ်တွေရွာသားထဲမှာ တိုးတက်ပွင့်လင်းတဲ့အမြင်ရှိတဲ့လူ ရှိတာ..အလှုခံတွေ လော်တွေကိစ္စကတော့ ဘာသာခြားမို့. မကြိုက်ပေမယ့် .မှတ်ချက်မပေးရဲပါဘူးဂျာ ..ခွစ်ရှန်ကောင် ..ဒိဋ္ဌိ…ခွပ်..ခွပ် ဆိုလာမှာကြောက်လို့…အဟီးဟီး …အိမ်နားမှာ ဓမ္မာရုံရှိတယ်…

  • inz@ghi

    November 15, 2013 at 11:53 am

    Shariputra,

    Form does not differ from emptiness;
    Emptiness does not differ from form.
    Form itself is emptiness;
    Emptiness itself is form.
    So too are feeling, cognition, formation, and consciousness.
    ~Heart Sutra

    ဒချိ ဒချိ

  • လုံမလေးမွန်မွန်

    November 15, 2013 at 1:55 pm

    ဟီးး..ဘာသာရေး ပဋိပက္ခတွေကြားထဲ ဒါတွေသာသွားပြောလို့ကတော့ အသားထဲက လောက်ထွက်ကောင်ဆိုပြီး ဝိုင်းရိုက်လိမ့်မယ် ထင်တယ်…. ဟိုဘက်မှာကလည်း ဟိုပို့စ်ကြီးနဲ့… 🙂

  • အဘ ဘုတ်ကလုံ

    November 15, 2013 at 3:07 pm

    အရွယ်ရောက်ပြီး ပညာတတ်သူတွေ လိုအပ်တဲ့ နယ်ပယ်စုံ ပညာရေး ကဏ္ဍတွေမှာ
    ထောင့်စေ့အောင် နေရာမကျ မလုပ်ကိုင်ကြပဲ။ လူ့စွမ်းအား ဖြုန်းတဲ့
    ဘုန်းကြီး၊ စစ်သား၊ သင်္ဘောသား၊ အရက်သမားတွေ စုနေကြတော့။။
    လမ်းဟောင်းကြီးထဲကပဲ လမ်းပျောက်နေကြ…

    ကဲ..ကဲ..ကဲ.. လမ်းသစ်လျှောက်ကြ သဂျီးခယ်မ အဘဘုတ်နဲ့ရ..။ 😳

  • Foreign Resident

    November 16, 2013 at 5:58 am

    ကျနော် ကတော့ ၊
    အဲလို ဆူညံသံတွေ လုပ်ပြီး အလှူခံတဲ့ အဖွဲ့တွေကို ၊ ဘယ်တော့မှ မ လှူဖြစ်ပါဘူး ။
    ကျနော်တို့ လမ်း က လူတွေကလဲ မလှူတာ သတိထားမိပါတယ် ။
    အဲဒီတော့ ကျနော်တို့ ရပ်ကွက် / လမ်း ကို ဆူညံ အလှူခံ ၊ ထီသည် လာခဲပါတယ် ။
    လူညီတော့လဲ OK ပါဘဲ ။ စိတ်ကိုချမ်းသာလို့ ။

    ပြောရမယ် ဆိုရင် ၊ ကျနော်တို့ ရပ်ကွက် / လမ်း ထဲမှာ ၊
    ရပ်ကွက် လူကြီး / ရာအိမ်မှူး တွေကလည်း တစ်နှစ်နေလို့ တစ်ခါ မတွေ့ရပါဘူး ။
    ကျနော် မြန်မာပြည် ပြန်ရောက်တဲ့ အချိန်တွေမှာမှ ၊ တကူးတက သွားတွေ့မှ ၊
    ရပ်ကွက် လူကြီး / ရာအိမ်မှူး တွေ ဝေယျာဝစ္စ ဆိုပြီး ၅ သောင်း လောက်ပေးလိုက်တာဘဲ ။

  • black chaw

    November 16, 2013 at 10:06 am

    ဖက်တီးကက်ရေ…။
    ဖုန်းနဲ့ ကွန်းမန့် ပေးလို့ မရလို့…
    အင်တာနက်ဆိုင် ပြေးခဲ့ရတယ်ဗျာ…။
    အကြောင်းအရာကတော့ ဒီရာသီမှာ…
    လူတော်တော်များများ ရေးနေကြတဲ့ အကြောင်းအရာပေပဲဗျ…။
    တင်ပြပုံ…
    ုဟုတ်တယ်…အဲဒီတင်ပြပုံက နည်နည်း ကွဲတယ်…။
    ဆိုတော့…Like တစ်ချက် အသာနှိတ်လို့
    အားပေးသွားပါတယ်…။
    (စာကြွင်း)
    တစ်ဖက်ကပြန်လှည့်တွေးကြည့်တာနော်…။
    ကထိန်ဆိုတာ စုပေါင်း လှူကြတန်းကြရတဲ့ သဘောဗျ…။
    ဒီဘက်နှစ်တွေ မှာ ကထိန်အလှူတွေ ဘာကြောင့်ပိုဆူ ပိုမူးလာကြသလဲဆိုတာ
    တွေးကြည့်ဖို့ကောင်းပါတယ်…။
    တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ဆိုက်ကားနင်းလိုက် သောက်လိုက် မူးလိုက်
    သံသရာလည်နေတဲ့ ဆိုက်ကားသမားတွေဟာ
    ကထိန်ရောက်တိုင်း ဆိုက်ကားဂိတ်ကထိန်ဆိုပြီး
    မဏ္ဍပ်ထိုး အလှူခံ သောက်…မူး ကြတာကအဓိကပါပဲ…။
    အလှူခံရင်း ဂျေလို သီချင်းဖွင့်ပြီး မူးမူးနဲ့ ကနေကြသူတွေဟာ
    အဲဒီ ဆိုက်ကားသမားတွေ များပါတယ်…။
    ခြွင်းချက်တော့ ရှိမှာပေါ့လေ…။
    အလှူခံရင်း လမ်းတစ်ခြမ်းကို ပိတ်လား…ပိတ်ရဲ့…။
    (Public) ကို လေးစားသင့်သလားဆိုတဲ့ မေးခွန်းတွေကိုလည်း
    ဖြေတတ်လောက်တဲ့ အိုင်ကျူ ကလည်း ရှိပုံမရလို့
    ကြိုပြောထားလိုက်ပါမည်…။
    နောက်နှစ်ပို ဆိုး မည်…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။
    :mrgreen:

  • weiwei

    November 16, 2013 at 11:13 am

    အဲဒီကိစ္စ စိတ်ပျက်နေတာကြာပြီ .. ဘယ်လိုလုပ်မှ အေးအေးဆေးဆေး နားအေးပါးအေး နေလို့ရမလဲ မသိဘူး … ပိတ်ရက်အေးအေးဆေးဆေးအိမ်ထဲမှာနေချင်လို့ တံခါးတွေအကုန်ပိတ် သော့ခတ်ပြီး အိမ်ထဲမှာ လူမရှိသလိုနေရင်တောင်မှ မရဘူး .. တံခါးအတင်းခေါက်ပြီး အလှူခံ .. ရပ်ကွက်ထဲကခွေးက လော်စပီကာသံနားငြီးပြီး ထဟောင်နဲ့ ..

    အိမ်မျက်စောင်းထိုးနားက ဓမ္မာရုံကလဲ တစ်နှစ်ပါတ်လုံး အကြောင်းမျိုးစုံနဲ့ အလှူခံတယ် .. တရားဖွင့်တယ် .. ပိုဆိုးတာက မိုက်ခဲတွေက သူတို့အသံနဲ့ ဘုရားရှိခိုးကို တစ်ရပ်ကွက်လုံးကြားအောင် မနက် ၄ နာရီထပြီး ရွတ်သေးတယ် … သူများတွေက အကြံပေးကြတယ် .. အလှူငွေသွားထည့်ပြီး လော်စပီကာရဲ့ ဦးတည်ရာကို ကိုယ့်အိမ်နဲ့ဝေးရာကို ရွေ့ခိုင်းလိုက်ပါလားတဲ့ … လော်စပီကာ ၃ ခု တောင်တပ်ထားပြီး တစ်ရပ်ကွက်လုံးကြားအောင် လုပ်ထားတာ ဘယ်လိုရွှေ့ရွှေ့ မရနိုင်တာသိလို့ သီးခံနေရတာပဲ …

    ဒီပို့စ်နဲ့မဆိုင်ပေမယ့် အလှူခံဆိုလို့ မယ်သီလရှင်တွေ အလှူခံတာလဲ တစ်မျိုးဒုက္ခပေးတယ် .. နယ်မှာဆိုတော့ ခြံနဲ့ဝင်းနဲ့နေတဲ့အခါ တကူးတကထွက်ပြီး လောင်းရတယ်။ သီလရှင်တွေများလွန်းလို့ အဆင်ပြေသလို ရှိတာထုတ်ပြီး လှူလေ့ရှိပါတယ်။ တစ်ခါတော့ သကြားလုံးထွက်ပြီး ထည့်တယ်။ ထည့်ပြီး အိမ်ထဲဘက်ပြန်လှည့်တုန်းရှိသေး သီလရှင်ကစိတ်ဆိုးပြီး သကြားလုံးကို လွှင့်ပစ်လို့လေ … စိတ်တိုလိုက်တာ .. သီလရှင်ကို ပြောပစ်လိုက်တယ် .. ဒီသကြားလုံးက လူစားတဲ့ဟာလို့ … အပေါစားလဲမဟုတ်ဘူး .. ဆရာလေးတွေ နေပူထဲလမ်းလျှောက်နေတာပင်ပန်းမှာစိုးလို့ စားဖို့လှူတာလို့ .. မလိုချင်ရင်တောင်မှ တနေရာရောက်မှ လမ်းဘေးကကလေးတွေကို ပြန်ပေးလို့ရပါတယ်လို့ .. ဒီလိုလုပ်တာတော့ မကောင်းလို့ နောက်ဆို ဘယ်တော့မှ ခြံရှေ့မှာ အလှူလာမခံပါနဲ့လို့ …

    • ဝင့်ပြုံးမြင့်

      November 17, 2013 at 7:10 am

      သီလရှင် ကိစ္စမှာ မဝေ နားလည်မှုလွဲပြီထင်တယ်။ သီလရှင်တွေ ရပ်တည်ရပုံက အဖိတ်နေ့မှာပဲ အလှူခံထွက်ရတယ်။ ဒီတော့ တစ်လလုံးမှ ၄ရက်ထွက်တယ်။ အဲလိုထွက်ဖို့ သူတို့ မနက် ၂နာရီခွဲ အိပ်ယာက ထထားတယ်။ စားဖို့ချက်ပြီး ထမင်းဘူးထည့်၊ တစ်ယောက်က တောင်းထဲထည့်ထားတဲ့ ထမင်းဘူးတွေနဲ့ စုရပ်မှာ စောင့်နေတယ်။ ကျန်တဲ့သီလရှင်တွေက အလှူခံထွက်၊ အဲလိုထွက်ရာမှာ ရန်ကုန်က ဈေးထဲမှာ တစ်ဆိုင်မှ တစ်ကျပ်လှူတယ်။ အိမ်တွေက ဆန်ဇွန်းတစ်ဇွန်းလှူတယ်။ သူတို့ခြေတိုအောင်လျှောက်ရတယ်။ ဆန်နှစ်ပြည်နဲ့ ငွေငါးရာ ရမှ ကျောင်းပြန်လို့ရတယ်။ အဲဒါ တစ်ပတ်လုံးအတွက် ကျောင်းမှာ စားရိတ်။ ဆန်နှစ်ပြည်နဲ့ ငွေငါးရာ မရမချင်း ကျောင်းပြန်လို့မရဘူး။ သူတို့အရမ်းပင်ပန်းခံပြီး လမ်းလျှောက်လာရတော့ စိတ်ဆိုးသွားတာဖြစ်လိမ့်မယ်။
      မြန်မာပြည်မှာ စကတည်းက လှူတဲ့ပုံစံတွေ မှားနေကြတာ။ အမ တို့ကတော့ လှူကို မလှူဘူး၊ အေးရော။

      အရင်ကတော့ ကျမလည်း အလှူအတမ်း အင်မတန်ဝါသနာပါတဲ့လူ။ ဈေးသွားတိုင်း သူတောင်းစားတွေကို လှူတယ်။ တစ်ရက်တော့ လှူနေကျ သူတောင်းစားက ကျမလာတာမြင်တော့ ဟေ့ – ဟိုရှေ့ကခွက်ထဲ ငါးဆယ်တန်လေး တစ်ရွက်လောက် ထည့်လိုက်စမ်းပါ နင်ကုသိုလ် ရတာပေါ့ လို့ ပြောတာခံရဖူးတယ်။ အဲဒီကတည်းက ဘာမှ မလှူတော့တာ။ ဘေးအိမ်နီးချင်းကို ပေးတာကမ်းတာတောင် သတိထားရတယ်။ ဟဲ့ နင်ကုသိုလ် ရတာပေါ့ လို့ အပြောမခံရအောင်။
      —-
      ကိုဖက်ကက်ရေ အရမ်းကောင်းတဲ့ပို့စ်ပါနော်။ ဒါပေမယ့် မြန်မာတွေ အလှူ အတမ်း မလုပ်ကြရင် အကောင်းဆုံးပဲ။ လှူတဲ့လူက လှူနေလို့ အဲဒါတွေဖြစ်နေကြတာ။ လှူ မယ့်လူ မရှိရင် ရပ်သွားကြလိမ့်မယ်။ ထီကားတွေကိစ္စတော့ မပြောတတ်။

  • kyeemite

    November 16, 2013 at 11:21 am

    ကျုပ်လည်းစိတ်နာနေတာ..နောက်မှအချိန်ယူပြီးမန့်ပါမယ်ကိုရင်ဖက်ကက်ရေ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 16, 2013 at 11:40 am

    . အလွန်အရေးကြီးတဲ့အချက်က ( ကိုယ့်ဖါသာ သတ်မှတ်တာ :mrgreen: )
    . ဒီလိုသဟဇာတ မဖြစ်တာကို သက်ဆိုင်သူတွေ သိရှိနားလည်အောင်
    . ဘယ်လိုလုပ်မလည်းဆိုတဲ့ သဘောကလည်းအလွန်အရေးကြီးတယ်ပြောရမှာဘဲ
    . အချို့က တစ်ကယ်မသိဘူး
    . အထူးသဖြင့် ဘာသာရေးကိစ္စဆိုရင် အချို့ပေါ့နော ( အချို့ )
    . သူတို့မှာ တစ်ကယ်သဒ္ဓါစိတ်အပြည့်ရှိတယ်
    . လူတွေသိစေခြင်လို့ လောနဲ့ဆော်ပြီးအသိပေးတာ
    . တစ်ခါတစ်လေ သူ့သဘာဝ အရိုးခံ ကမြင်းကြောထပြီး အလှူခံကြတာ
    . ( အချို့ကြတော့လည်း ပြောတော့ပါဘူး )
    . ပြောခြင်တာက ကျုပ်တို့လည်းလုပ်ဘူးတယ် ရွာမှာ
    . ကိုယ့်စရိတ်နဲ့ကိုယ် အပီကစ်ပြီး ပျဲနေရင် အတင်းလိုက်အလှူခံတာ
    . ဟိုမှာကတော့ ရွာလေ
    . အချို့အလှူတွေဆိုရင် လှူခြင်လှူ မလှူခြင်နေ ကြေးသတ်မှတ်မှတ်ပြီး
    . ငွေထည့်ဝင်ပေးရတယ်
    . ဘါဘဲဖြစ်ဖြစ် အဘိဓမ္မာသဘောထဲက :mrfreen: ပြောရရင်
    . သူ့သဒ္ဓါစိတ်နဲ့ မျောက်မူးလဲအောင် နားမဒိန်းကျင့်ပြီးအလှူခံနေတာကို
    . ကိုယ်က နားမျက်စေ့မသက်သာလို့ ( ကိုယ်ပင်ပန်းလို့ )
    . သူ့ကို မေစ္ဆရိယစိတ်ဖြစ်နေရင် တစ်ကယ်စိတ်ပင်ပန်းနေတာ ( စိတ်ညစ်ငြူနေတာ )
    . ကိုယ်ကိုယ်တိုင်ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်သိကြဘို့ တိုက်တွန်းပါတယ်
    . အထူးပြောခြင်တာက
    . ဒီလိုကိစ္စတွေကို သက်ဆိုင်သူတွေ သိတတ်နားလည်တတ်အောင် ဘယ်လိုလုပ်ကြမလဲ
    . ခုပြောနေတဲ့ကိစ္စတွေမှာ
    . သူ့ကိုအပြစ်လို့ ပြောလို့ထူးလာမှာလား
    . သူတို့တွေကို နားလည်ကြပါစေဆိုတဲ့ စေတနာလေးတွေရော ကိုယ့်စိတ်မှာတည်သလား
    . တွေးနော တွေးဂျ
    . အချို့ကိစ္စတွေက အတော်ဂွကျတယ်
    . သွားဝေဖန်မိရင် ကိုယ်ကဘဲ မြေအမျိုခံရမလိုလို သူများကောင်းမှု့လုပ်နေတာကို
    . ကိုယ်ကဘဲအဆိုးမြင်သလိုလို သဘောရောက်သွားတတ်သေးတယ်
    . ပြောရရင်
    . လှူခြင်မှန်းမသိမလှူခြင်မှန်းမသိ လိုက်လုပ်တဲ့ကိစ္စတွေ ဆို သများလဲ အားဂျီးအမြင်ကပ်ဒယ်
    . တစ်ခါတစ်လေ လာသေးတယ် ခွေးမသားအလှူခံ :mrgreen:
    . မလှူပါဘူးလို့အပြတ်ပြောတာကိုတောင်
    . အကြွေလေးဘဲလှူလဲရပါတယ်ဆိုပြီး ကပ်ကျစ်တဲ့အလှူခံကရှိလိုက်သေးတယ် ခွီး!!!

  • Myo Thant

    November 16, 2013 at 12:46 pm

    ရပ်ကွက်ဓမ္မာရုံ နဲ့ ဘုန်းကြီးကျောင်းကိစ္စလေး ပြောချင်တယ်ဗျာ ၊
    ရပ်ကွက်ဓမ္မာရုံက ဝါတွင်း ၃ လ တနင်္လာတိုင်း ဘုန်းကြီးကျောင်းတွေကို အာရုဏ်ဆွမ်းလောင်းတယ် ၊
    သောကြာလောက်က စပြီး မနားတမ်း အလှုခံ ၊ ဘယ်သူ ဘယ်ဝါဆိုတာ ကြေငြာ ၊ နားတွေက မခံနိူင် ၊
    အဲဒီပင်တိုင်မိုက်ခဲ မိန်းမကြီးက ချွဲပြစ်ပြစ် အသံနဲ့ ဆွေတော်မျိုးတော် တို့ ဆွေတော်မျိုးတော် တို့ နဲ့
    ထည့်ထည့်အော် ၊ ( အမယ် ငါက ဘုရားကျွေးတာ စားနေတာ ဆိုပဲ ) ဘာမှန်းမသိလို့ သူများမေးကြည့်တော့ ၁ဝ % စား ဆိုပဲ ၊ ရသမျှထဲက ၁ဝ % သူယူသတဲ့ ၊ သူကလည်း ဒီအလုပ်ပဲ လုပ်တာ ၊ နားငြီးလှတဲ့အပြင် ပိုဆိုးတာက ဆွမ်းလောင်းတဲ့ တနင်္လာ မနက် ၄ နာရီမှာ ဘယ်ကျောင်းတိုက်က သံဃာများ ကြွလာပါပြီ ဘယ်ကျောင်းတိုက်က သံဃာများ ကြွလာပါပြီ ဆိုပြီး လော်ကြီးနဲ့အော်တော့ ကျနော်တို့မှာ လန့်နိူး ၊ ဓမ္မာရုံက ကျနော်တို့တိုက်နဲ့ ကျောချင်းကပ် ၊ မျက်စောင်းထိုးက ဘုန်းကြီးကျောင်းကလည်း အသံမစဲ ပဋ္ဌာန်းပွဲဆို သေပြီသာမှတ် ၊ သူ့လော်စပီကာက ကျနော်တို့ ပြတင်းပေါက်နဲ့ အတန်းသား ၊ ထွက်ကိုပြေးချင်တာ ၊ ရလိုက်တဲ့ အကုသိုလ် ၊ နောက်တော့ အမေက ဂျာနယ်ထဲကနေ ထည့်ရေး ၊ လော်စပီကာ ဥပဒေကိုပါ ထည့်ပြ ၊ ဘယ်ကိုရေးတယ်ဆိုတာ အဲဒီ ဓမ္မာရုံက လူတွေက သိ ၊ ရပ်ကွက်ထဲက လူတွေကလည်း သိပေါ ့ ၊ နောက်တော့ အတော်ငြိမ်သွားတယ် ၊ ရပ်ကွက်ကိစ္စ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုး အိမ်ကိုလာတော့ အမေက အဲဒီအကြောင်းထပ်ပြော ၊ အခု အတော့ကို ငြိမ်သွား တိုးသွားပါပြီ ၊

  • kai

    November 16, 2013 at 2:21 pm

    ယူအက်စ်..အယ်လ်အေရဲ့ ဆောင်းပေါ်လူးရှင်းနဲ့ပါတ်သက်တဲ့ဥပဒေတချို့ကူးတင်ပေးလိုက်ပါတယ်..။ လွှတ်တော်မှာအတည်ပြုပြဌာန်ပြီးသေသေချာချာကြီးကြပ်လုပ်သင့်တယ်..။
    ဆိုတော့…
    စင်တာမော်နီကာလမ်းဘေးမှာ..တီဆိုမှုတ်နေတဲ့သူတွေလည်း..အသံကသာမန်ထက်ကျယ်ရင်..ရဲကအသံတိုင်းတဲ့စက်နဲ့တိုင်းပြီးသတိပေး..တစ်ကက်ပေးတာမြင်ဖူးသဗျ..။
    မြန်မာပြည်မှာ..အသံပေါ်လူးရှင်းအတွက်.. ရဲတစ်ကက်ပေးတဲ့စနစ်ကို ပြငှာန်လုပ်သင့်ကြောင်း…။

    ပါ့ဗလစ်.. အလုံပိတ်အအေးခန်းထဲ..ဆေးလိပ်သောက်ရင်တော့..နားရင်းသာဖမ်းတီးပစ်ဗျို့.. . အဲဒီလူက လူသတ်သမားပဲ…။ :mrgreen:

    Noise regulation
    United States initial legislation

    In the 1960s and earlier, few people recognized that citizens might be entitled to be protected from adverse sound level exposure. Most concerted actions consisted of citizens groups organized to oppose a specific highway or airport, and occasionally a nuisance lawsuit would arise. Things in the United States changed rapidly with passage of the National Environmental Policy Act (NEPA) in 1969 and the Noise Pollution and Abatement Act, more commonly called the Noise Control Act (NCA), in 1972. Passage of the NCA was remarkable considering the lack of historic organized citizen concern. However, the United States Environmental Protection Agency (EPA) had testified before Congress that 30 million Americans are exposed to non-occupational noise high enough to cause hearing loss and 44 million Americans live in homes impacted by aircraft or highway noise.[4] NEPA requires all federally funded major actions to be analyzed for all physical environmental impacts including noise pollution, and the NCA directed the EPA to promulgate regulations for a host of noise emissions. Many city ordinances prohibit sound above a threshold intensity from trespassing over property line at night, typically between 10 p.m. and 6 a.m., and during the day restricts it to a higher sound level; however, enforcement is uneven. Many municipalities do not follow up on complaints. Even where a municipality has an enforcement office, it may only be willing to issue warnings, since taking offenders to court is expensive. A notable exception to this rule is the City of Portland, Oregon, which has instituted an aggressive protection for its citizens with fines reaching as high at $5000 per infraction, with the ability to cite a responsible noise violator multiple times in a single day.[5]
    =
    Noise Enforcement Guidelines

    ……..

    115.02 LAMC- Amplified Sound

    Engaging in the installation, use, or operation of any loudspeaker or sound amplifying equipment in a fixed or movable position;
    For the purposes of giving instruction, directions, talks, addresses, lectures, or transmitting music to any persons ‘in or on any public street, sidewalk, park, or other public place;
    For commercial purposes in a residential area or within 500 feet thereof at any time H 15.02 [a] L.A.M.C.);

    OR

    For non-commercial purposes in a residential zone or within 500 feet thereof (except school and church purposes), between 4:30 p.m. and 9:00 a. m. (115.02 [ b I L. A. M. C.);

    OR

    For commercial purposes in a nonresidential zone between 9:00 p.m. and 8:00 a.m. (115.02 [c] L.A.M.C.);

    OR

    For non-commercial purposes more than 500 feet from residential zones between 10:00 p.m. and 7:00 a.m. (115.02 [d] L.A.M.C.);

    OR

    Emitting sounds other than human speech and/or music (115.02 [e] L.A.M.C.);

    OR

    Emitting sounds audible at a distance in excess of 200 feet, or sounds which are loud, raucous, or disturbing to reasonable persons of normal sensitiveness within the area of audibility ( 115.02 [f ] L.A.M.C.);

    OR

    Within 200 feet of any hospital grounds or any school or church building while in use (115.02 [g] L.A.M.C.).

  • ခင် ခ

    November 16, 2013 at 8:37 pm

    အသိတရားနဲ့သတိထားစရာတွေကတော့ ပြောမဆုံးပေါ့ဗျာ
    ဒါပေမယ့်လည်း တစ်ယောက်မှစ တစ်ရာဆိုသလို လူတိုင်း အသိ သတိ ရှိကြရင်ဖြင့်

  • padonmar

    November 18, 2013 at 1:22 am

    ဖက်ဖက်ကက်ရေ
    ဘရာကြော်ပါ။
    လူအများစုက ဒီလို ကထိန်အကြောင်းပြ အတင်းအလှူခံတာ၊လော်တပ်ဖွင့်တာ၊မူးရူးနေတာ၊ပေါက်တတ်ကရ သီချင်းတွေဖွင့်ကတာဟာ မြန်မာ့ရိုးရာထုံးစံလို့လည်းထင်နေကြတယ်၊လုပ်သင့်တယ်၊လုပ်ခွင့်ရှိတယ်လို့လည်းမြင်တယ်။ကုသိုလ်ရနေတယ်လို့လည်း ထင်နေကြတယ်။
    ဒါကြောင့် လုပ်တဲ့သူကလည်းလုပ်၊မကြိုက်တဲ့သူကလည်း ဘာသာရေးနဲ့ငြိမှာ ပြောရင် ငရဲကြီးမလားဆိုတာမျိုးတွေးပြီး လုံးချာလည်နေကြတာပါ။
    အုပ်ချုပ်ရေးပိုင်းကလည်း မသင့်မှန်းသိသော်လည်း ထစ်ကနဲရှိ ဆန္ဒပြမယ်လုပ်တဲ့ လူတွေကို ကြောက်တာရော၊ ၂၀၁၅ မဲမရမှာ စိုးတာရောနဲ့ ဖြစ်ချင်ရာဖြစ်လွှတ်ထားလို့ ဒီနှစ်ပိုဆိုးနေပါတယ်။
    ဘာသာရေး နွယ်နေတဲ့ ကိစ္စတွေပါတာကြောင့် လူလူချင်း ပြောပြရင် မထိပါဘူး။
    ခေတ်အမြင်ရှိတဲ့ အရှင် ဆေကိန္ဒ၊မေတ္တာရှင်(ရွှေပြည်သာ)တို့လို ဆရာတော်တွေက ဒါမျိုးမသင့်ကြောင်း တရားပွဲတွေကနေ ပြောဟောပေးရင် ပိုထိရောက်မယ်လို့ မြင်မိပါတယ်။(ရွာအမှု ဘုန်းကြီးပတ်ပေါ့)

  • KZ

    November 18, 2013 at 9:51 am

    ဟုတ်တယ်။
    ဟုတ်တယ်။
    ကဖက်မှ မပြောရင် ဘယ်သူမှ မပြောရဲကြတော့ဘူးးးး
    ချက်ကျလက်ကျ ပဲ။

    ဘလာဘို။
    ဒါမဲ့ နရဲကြီးရင်
    လူရိုက်ခံရရင်
    တမီးမပါဘူးနော်။

    😀

    • Tristan

      November 18, 2013 at 9:58 am

      စူဠ အဝီဇိ နဲ့ မဟာ အဝီဇိ ကို ကြိုပွိုင့် ယူနေကြတာပါကလား…

      ငိငိ ..၉၆ခါ..

      :hee:

      • KZ

        November 18, 2013 at 10:02 am

        ဂီလည်း လိုက်ခဲ့နော်။
        ဟိဟိ။
        :mrgreen:

  • nozomi

    November 18, 2013 at 10:15 am

    တော်တော်များများက ဒီ ကိစ္စကို စိတ်ညစ် စိတ်ပျက် နေကြတာ
    ဘာသာရေး နဲ့ နွယ်နေတာမို့ တတ်နိုင်သမျှ လက်ရှောင်နေကြတာ
    ကိုမျိုး အမေ ဆရာမကြီးလို ကိုဖက် လို ပြန်ပြော ပြန်ရေး မှ ပဲ ဒီ ကိစ္စတွေက လျော့လာမှာ ( ပျောက်ဘို့တော့ မလွယ်ဘူး )

    အားပေးပါတယ် ကျနော်တို့ လဲ လက်ခုပ်တီးရုံ မဟုတ်ပဲ ကိုယ်လုပ်နိုင်တာ လုပ်ပါ့မယ်

  • Ma Ma

    November 18, 2013 at 10:35 am

    ဘာသာရေးကို အကြောင်းပြပြီး (အမှန်က ခုတုံးလုပ်တာ) အခွင့်အရေးယူတာတွေ ဗုဒ္ဓဘာသာဝင်တွေကြားမှာ အကျင့်ပါနေတာ ကြာပေ့ါ။

    ကြည့်မြင်တိုင် ပဒင်းတန်းမှာ ဝါတွင်းဆွမ်းလောင်းဆိုပြီး မနက်အစောကြီး လမ်းကြောတစ်ဖက်လုံးပိတ်ပြီး ဆွမ်းလောင်းဖို့အတွက် ကာထားတယ်။

    ကြွလာတဲ့ သံဃာတော်တွေ၊ ပြန်ကြွသွားတဲ့ သံဃာတော်တွေကို ကာထားတဲ့ အကာအပြင်ဘက်ကနေ ပတ်ခိုင်းတယ်။

    လမ်းရှင်းတွေကလည်း လက်ကိုင်မီးတွေ ဝီစီတွေနဲ့ တက်တက်ကြွကြွပဲ။

    အဲ- လမ်းသွားတဲ့ ကားတွေ ဆိုက္ကားတွေမှာသာ မလွတ်တလွတ်နဲ့ ကြပ်ကြပ်တည်းတည်းမှာ မနည်းသွားကြရတယ်။ 🙁

  • ကြောင်ဝတုတ်

    November 19, 2013 at 4:05 pm

    အစ်မသဲနုအေးရေ…
    ကျွန်တော်တို့အဖြစ်က ပြောချင်ပေမယ့်… ငရဲဆိုတာကြီးကြောက်နေရလို့…
    ဘုရား… ဘုရားနဲ့ လုပ်ချင်တာလုပ်နေကြတာကြီးကို ခေါင်းငုံ့ခံနေရတာကြာပေါ့…
    တရားပွဲလုပ်တာ… အလှူခံတာ… ကောင်းသောကုသိုလ်ပြုခြင်းလို့ပြောရလို့ရပေမယ့်…
    အများသူငါသွားလာကြတဲ့ လမ်းကိုပိတ်လိုက်တာနဲ့ အဓိပ္ပာယ်ကပြောင်းသွားပြီ…
    အဲဒီလိုပဲ… ကုသိုလ်ရေးလို့ခေါင်းစဉ်တပ်လိုက်ရုံနဲ့ စည်းမရှိကမ်းမရှိလုပ်ချင်တိုင်းလုပ်ခွင့်ရှိတယ်ဆိုတဲ့
    အတွေးအခေါ်မှားနေတယ်ဆိုတာကို သိအောင်ပြောရမယ်… သိအောင်တနည်းနည်းနဲ့လုပ်ရမယ်…

    အလင်းဆက်ရေ…
    အားပေးတဲ့အတွက်ကျေးဇူးပါနော…

    ဗိုလ်အံကြီးရေ…
    ခင်ဗျားကြုံသလို… ကျုပ်လဲနေ့တိုင်းလိုလိုကြုံနေရတဲ့ဘဝ…
    ဒီလမ်းကမှ ဖြတ်မသွားရင် အလုပ်မရောက်တော့ဘူး… အဲဒီအတွက် အချိန်စောပြီးအိမ်ကထွက်ရတယ်…
    ကျုပ်တို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ကားပိတ်တာကတမျိုး… လမ်းပိတ်တာကတသွယ်နဲ့…
    ဖဲ့ဖဲ့အယူခံရတယ်…
    သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ… ဆိုတာမျိုးတော့မဖြစ်သင့်ဘူးထင့်…

    WoW ရေ…
    ဘာဘီကျူးဖြစ်ခါမှဖြစ်ရော… ပြောသင့်တာတော့ပြောရလိမ့်မယ်…
    အဲဒီစာလေးကို မိတ္တူကူးပြီးတော့ ကားပေါ်ကနေလိုက်ကြဲရင်ကောင်းမလားစဉ်းစားနေတာ…
    လုပ်အားပေးလိုက်ဦးမလား…

    အဘပုရေ…
    ဒုတ်နဲ့သွားထိုးပြန်ပြီနော်…
    အဘပုကတော့ အားကုန်ရင်… သဂျီးဖင်ကို ဒုတ်နဲ့ထိုးပါဆိုသလိုဖြစ်နေပြီ…
    အဘပုရဲ့အားဖြည့်သွားတဲ့ ပြစ်ပြစ်နှစ်နှစ်ဝေဖန်ချက်လေးအတွက် ကျေးဇူးအထူးပါနော….

    ဆြာနီရေ…
    ပြောချင်ရင် ပြောသာပြောချလိုက်… ရိုက်တော့လဲတစ်ယောက်တစ်လှည့် ဆေးရုံလာကြည့်ကြတာပေါ့ဗျာ…

    ကိုရင်စိုင်းရေ…
    ခွန်ခွန်ကြီး FB ကဟာ မတွေ့ခင်ကတည်းက စိတ်ပေါက်နေတာကြာပါပြီ…
    ရေးဖို့မအားတာနဲ့ အခုမှတောင် ကော်မန့်လေးပြန်ရေးနိုင်တယ်…
    ရွာထဲကို အရင်လောက်မရောက်ပေမယ့်… သံယောဇဉ်မပြတ်ပါဘူးကွယ်…

    SW လေးရေ…
    ကျုပ်ကို သိပ်မမြှောက်ကြနဲ့…
    ကျုပ်က စိတ်ပေါက်လာရင်… ဘာတွေရေးတတ်လဲဆိုတာ ပြန်ဖတ်နော်…
    နောက်မှနောင်တရနေမှာစိုးလို့…
    အားပေးမှုအတွက် ကျေးဇူးတင်ပါဒယ်…

    ဂီဂီရေ…
    ဘာသာပြန်လေးလုပ်ပါဦး…
    ကျုပ်ပြန်လိုက်ရင် အရသာပေါ့သွားမလားပဲ…
    (အမှန်ကမသိလို့…ဟီး)

    အစ်ကိုမောင်ဘလှိုင်ရေ…
    နားမချမ်းသာရုံတင်မကဘူး… စိတ်လဲမချမ်းသာရပါဘူး…
    ကျွန်တော်မြင်ဖူးတာပြောပြမယ်… တာမွေမှာနှစ်ကျိတ်ရှစ်ဆူဘုရားလှည့်တုန်းက
    ထရပ်ကားခေါင်းရဲ့အပေါ်မှာ ဘုရားဆင်းထုတစ်ဆူတင်ပြီးတော့…
    နောက် ကာဂိုမှာ စကဒ်အတိုနဲ့ စတိတ်ရှိုးလုပ်ပြီး ဘုရားလှည့်တာ…
    ပြန်စဉ်းစားကြည့်ပါဗျာ… ပြောတိုင်းစိတ်ဆိုးလို့…

    ညီမလေးရေလုံပြုတ်ရေ…
    ဘာသာရေးပဋိပက္ခ…ကျုပ်ပြောချင်တာလဲ အဲဒါပဲ…
    ဘာသာရေးလား… နိုင်ငံရေးလား… လူမျိုးရေးလား… ခွဲခြားမသိဘဲ… ရောချလို့ဖြစ်တဲ့ပြသနာတွေ…
    ဦးနှောက်တွေမဖွံ့ဖြိုးလို့ လူစင်စစ်ခွေးဖြစ်ရတာ…
    ပြောတော့ပါဝူး… စိတ်ဆိုးလာလို့…

    အဘဘွတ်ရေ…
    ကျွန်တော့်အမြင်တော့… စစ်သားလဲလိုပါရဲ့…
    သင်္ဘောသားလဲလိုပါရဲ့… ဘုန်းကြီးလဲလိုပါရဲ့…
    အရက်သမားလဲလိုပါရဲ့… အရက်သမားမရှိရင် ဒီရွာကြီးဒီလောက်စည်ပင်မှာမဟုတ်… ဟီး
    သူ့နေရာနဲ့သူလိုပါရဲ့…
    ဒါပေမယ့်… ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့က ပိုအရေးကြီးပါတယ်…
    တကယ်ကို ကိုယ့်အလုပ်ကို ကိုယ်ကျွမ်းကျင်စွာတတ်မြောက်ပြီး Pro ကြကြ…
    လုပ်နိုင်တွေးခေါ်နိုင်ဖို့လိုပါတယ်…
    စစ်သားလဲ Pro စစ်သား…
    သင်္ဘောသားလဲ Pro သင်္ဘောသား..
    ဘုန်းကြီးလဲ Pro ဘုန်းကြီး…
    အရက်သမားကျပြန်ရင်လဲ Pro အရက်သမား…
    အဲ့လိုဖြစ်နေရင်… ဒီပြသနာတွေ မရှိသလောက်ရှားသွားပါလိမ့်မယ်…

  • ကြောင်ဝတုတ်

    November 19, 2013 at 4:53 pm

    လေးဘလက်ရေ…
    ဒီနေရာမှာ တစ်ခုပြောချင်သေးသဗျ…
    အပေါ်မှာ ကျွန်တော်ပြောခဲ့သလို…. အရက်သမားလဲ Pro ကျကျအရက်သောက်ရမယ်…
    အရက်သောက်တာပဲဗျာ…
    သောက်ရမယ့်နေရာ… သောက်ရမယ့်အကြောင်းပြချက်… သောက်ကြမယ့်ပေါင်းဖော်သူဆိုတာ
    ရှိစမြဲပါ…
    သင်္ကြန်အရက်သောက်တယ်… ကတယ်… မူးတယ်…
    ဒါဟာ သိပ်ပြီးတော့ အပြစ်မပြောစရာမဟုတ်ပေမယ့်…
    ကထိန်လှည့်ရာမှာ အရက်သောက်တယ်… ကတယ်… မူးတယ်ဆိုမှတော့ ပြောစရာဖြစ်လာပြီ…
    ပြောကိုပြောရတော့မယ်…
    နောက်ပြီး… လေးဘလက်ပြောသလို… အိုင်ကျူမမီဘူးဆိုရင်…
    အဲဒီလူတွေရဲ့ အုပ်ချုပ်သူတွေကရော… အဲဒီလူတွေနေတဲ့ ရပ်ကွက်ကအုပ်ချုပ်သူတွေကရော…
    ဒီလိုပဲ ဦးနှောက်မရှိ အိုင်ကျူမမီဘဲ ဆက်လက်အုပ်ချုပ်နေဦးမယ်ပေါ့နော…

    မဝေဝေနဲ့ ဆရာမပြုံးရေ…
    အလှူဆိုတာ လိုအပ်တဲ့နေရာမှာလှူရပါ့မယ်…
    အလှူပေးနည်း သင်တန်းဆိုတာမျိုးတောင်ပေးစေချင်ရဲ့ဗျား…
    အဲဒီလိုပဲ အလှူခံနည်းသင်တန်းဆိုတာမျိုးလေးလဲ ပေးစေချင်ရဲ့…
    တလောကကြားလိုက်ပါရဲ့… သိန်းထောင်ပေါင်းများစွာအကုန်ခံပြီး ခေါင်းလောင်းသွန်းမယ်တို့…
    ရေထဲမြုပ်နေတဲ့ခေါင်းလောင်းဆယ်ပြီး သင်္ဃာယနာတင်မတဲ့ဆိုလား…
    ထားပါလေ…
    အဲ့လို ရုပ်ဝတ္တုတွေက သာသနာကို မကယ်တင်နိုင်ဘူးဆိုတာများ သိကြရဲ့လား…
    ဗုဒ္ဓဂါယာလဲ ရုပ်ဝတ္တုတွေဘယ်လောက်ရှိရှိ… နောက်ဆုံး ပျက်တာပဲလေ…
    သာသနာ့အငွေ့အသက်ကို ဘယ်လောက်အထိကြာရှည်နိုင်လို့လဲ…
    တကယ်တော့ လှူတဲ့လူကလဲ အကျိုးရှိမယ့်နေရာလေးများ လှူစေချင်ရဲ့…
    အလှူခံမယ့်လူကလဲ ရတဲ့အလှူငွေကို သာသနာတင်မက… သာသနာကိုအထောက်အပံ့ဖြစ်မယ့်…
    သဒ္ဒါအပင်လေးတွေလဲ ပြန်လည်စိုက်ပျိုးစေချင်ရဲ့…
    သီလရှင်တွေတွေ့တိုင်း သနားမိပါတယ်…
    သူတို့ မလောက်ငမှန်းသိနေပါတယ်… အဲ့လိုဘဲ… ကျောင်းကြီးရွှေအတဝင်းဝင်းနဲ့မြင်တိုင်းလဲ…
    အတော်စိတ်မကောင်းပါဘူး…
    ဘုရားသာသနာပြီးရင် သိကြားသာသနာရောက်မရောက်တော့မသိဘူး…
    အခုတော့ စီးပွားသာသနာရောက်နေပြီလို့ တွေးမိပါရဲ့…

    လေးမိုက်ရေ…
    မအားသူချင်း ကိုယ်ချင်းစာလို့… ကျေးဇူးပါနော့

    အစ်ကိုကြီး ကိုမျိုးသန့်ရေ…
    ဒီနေရာမှာ ဟာသလေးတစ်ခုပြောချင်ပါတယ်…
    တစ်ရက်ပေါ့… ရက်ကွက်ထဲကအလှူခံ… မိုက်ခဲပေါ့လေ…
    မိသားစုတစ်စုက အလှူငွေ (၅၀၀၀)လာထည့်တယ်…
    အကြောင်းအရာက မိခင်ကြီးရက်လည်အတွက်တဲ့…
    မိခင်ကြီးသေထားတာ ပူပူနွေးနွေး ရက်လည်ပဲရှိသေးတယ်…
    အလှူခံမိန်းမကြီးက အားရပါးရဘယ်လိုအော်တယ်မှတ်တုန်း…
    ဥပမာဗျာ…
    ကွယ်လွန်သွားသောမိခင်ကြီးအားရည်စူး၍
    ကိုမောင်မာင်… မဝင်းဝင်း… မိသားတစ်စုမှ…
    ရက်လည်အတွက်အလှူငွေ (၅၀၀၀)ကျပ်အား…
    ဝမ်းပန်းတသာဖြင့် လာရောက်လှူဒါန်းသွားပါတယ်ရှင်… တဲ့…
    ကျုပ်သာဆို အဲ့နားတင်ပါးထချမိမှာ…
    အခုတော့ ကားပေါ်ကနေရယ်သွားရပါတယ်ခင်ဗျား….

    သူကြီး (ခ) မြို့အုပ်မင်းပေါ့နော…
    အသံချဲ့စက်ဥပဒေဆိုတာ မြန်မာနိုင်ငံမှာရှိဖူးသဗျ…
    အခုလက်ရှိလဲ အကြုံးဝင်နေဦးမယ်လို့ မျှော်လင့်ပါတယ်…
    ခက်တာက တရားဥပဒေမစိုးမိုးတာ…
    မျဉ်းသေဖြတ်မောင်းတဲ့ကားမဖမ်းတာ…
    ဖြူနီကြားရပ်တဲ့ကားမဖမ်းတာ…
    လမ်းပြောင်းပြန်ကားမဖမ်းတာ…
    လူလည်ခေါင်မှာ အသံပြဲကြီးနဲ့ လော်စပီကာဖွင့်တာ…
    ဒါတွေဟာဆိုရင် တရားဥပဒေမစိုးမိုးတာရဲ့ ပြရုပ်တွေပေါ့…
    သူကြီး… အဲ… မြို့အုပ်ကြီးရဲ့ ဥပဒေလေးလဲ အမှတ်တရကူးယူသိမ်းဆည်းသွားပါကြောင်း…

    အစ်ကိုကြီးခင်ခရေ…
    တစ်ယောက်တစ်လက်ပေါ့ဗျာ…
    တစ်ယောက်မှသည် ၂ယောက်
    နှစ်ယောက်မှ သည် ၂၀ဝဆိုရင် သိပ်မကြာပါဘူး…ပြုပြင်ပြောင်းလဲသွားမှာပါ…
    ခက်တာက ပြုပြင်ရဲ… ပြုပြင်ချင်စိတ်ရှိဖို့ဗျာ…

    အန်တီပဒုမ္မာရေ…
    မြန်မာရိုးရာထိန်းသိမ်းမယ်လို့ အော်နေကြသူတွေကိုယ်တိုင်က
    မြန်မာ့ရိုးရာဆိုတာ ဘာဆိုတာသေချာမသိကြသူတွေပါ…
    လက်ပံတောင်းတောင်ကြီးကိုချစ်တယ်ဆိုတဲ့ လူမျိုးတွေပေါ့…
    အဲ့ဒီတော့ ရတဲ့အခွင့်အရေးလေးကို မက်ပြီး ပြင်မရတဲ့အမှားတွေကို အမှန်ထင်…
    လုပ်ချင်ရာလုပ်သောင်းကျန်းခွင့်ကို ဒီမိုကရေစီမှတ်နေသူတွေဆိုတော့…
    နာတာကတော့ တိုင်းပြည်ပါပဲ…

    ကေဇီနော်… ကေဇီ…
    ပြောတော့ ကမ္ဘာဆုံးအထိလျှောက်မယ်ဆို…
    အခုတော့ ဘုံဆိုင်ကနေ လှည့်ပြန်မလို့လား… ဟီး
    ဒါထက် နင့်အောက်က ဒေါင်းကွက်ကြားနဲ့ နာမည်က တိရစာ္ဆန်ဆိုတာ ဘယ်သူတုန်း…

    အစ်ကိုကြီးနိုရေ…
    ပြောရပြန်တော့လဲ သိပ်အားမရှိပါဗျာ…
    နီးစပ်ရာနဲ့ ကိုယ့်အနားက next generation ကိုပဲ ပြောပြ ပြုပြင်ရတော့မှာပဲ…

    အန်တီမမရေ…
    ဘုရားထက်ကြီးတာ ဘုရားလူကြီးပဲကျန်တော့တယ်…
    အဲဒီဘုရားလူကြီးတွေက ဘုရားကို မျောက်လိုပြပြီး ပိုက်ဆံတောင်းနေတာ…
    မြင်တိုင်း စိတ်နာလို့မဆုံးပါဘူး…
    ဘုရားကို ဘုရားလိုထားချင်စိတ်ရှိရမယ်…
    အဲဒီလိုပဲ ယူနီဖောင်းဝတ်ပြီးတာနဲ့ ယူနီဖောင်းကိုလေးစားရမယ်…
    ဘုန်းကြီးတွေ… သင်္ကန်းဝတ်ပြီး… သင်္ကန်းကိုလေးစားရမယ်…
    ဒါဟာ အမြဲခေါင်းထဲထည့်ဆင်ခြင်ရမယ့်ကိစ္စပါဗျာ…

    အားလုံးကိုခင်မင်လျက်
    ဖက်ဖက်ကက်

  • ကျွန်မကတော့ ကိုယ်တိုင်ကော၊မိသားစုပါ သူများစိတ်အနှောက်အယှက်ဖြစ်စေမယ့်အပြုအမူကိုအထူးရှောင်မိတယ်။
    မိမိ(သို့)မိမိရဲ့မိသားစုတစ်ယောက်ယောက်က သူများငြိုငြင်အောင်ပြုမိမှာကိုအထူးရှက်မိတယ်။
    သူများတွေရဲ့အလိုက်မသိမှုကိုတော့ တော်ရုံနဲ့ဗွေယူချင်စိတ်သိပ်မရှိတော့ဘူး။
    ကိုယ်တိုင်ကပဲသူများကိုမနှောက်ယှက်မိအောင်သတိပြုနေလိုက်တယ်။
    ကိုယ်လုပ်ချင်ရာလုပ်နေရရင်တောင်..အထူးသဖြင့် အပြင်မှာမသိလူအများနဲ့ပေါင်းသင်းဆက်ဆံနေတဲ့
    အွန်လိုင်းမှာဆိုရင်လည်း ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်လောက်မယ့်လူတွေလောက်ကလွဲပြီး အခြေအနေကြည့်
    ပေါင်းသင်းဆက်ဆံမိတယ်။
    ခေါက်ရိုးကျိုးနေတဲ့ မြန်မာပြည်ကဓလေ့စရိုက်တွေနဲ့လူပေါင်းစုံရဲ့အလိုက်မသိမှုတွေကိုတော့
    အာရုံပြောင်းခြင်းဖြင့်ပဲ လျစ်လျူရှုဖြစ်တာများတယ်
    ကိုယ့်အကြောင်းကိုရင်ဖွင့်သွားတာပါ
    🙂

  • အရီးခင်

    June 14, 2014 at 4:19 pm

    ဒါကိုတော့ တက်သုတ်ရိုက် ဖတ်မိခဲ့တယ်။
    Congratulations လုပ်ခဲ့ မိလား မမှတ်မိလို့ …
    Many Congratulations ပါ ချစ်သော ကြောင်ဝဝ လေးရှင့်။ :-))

  • Zaw Thant

    September 11, 2014 at 4:42 pm

    .. အိမ်နားမှာ အလှူ ခံပုံ တစ်မျိုးရှိသေးတယ်.. လော်စပီကာကို ဆိုက်ကားပေါ်တင်၊ dvd ဖွင့်စက်တစ်လုံးနဲ့ ဟဲလို့ကောင်းတဲ့ မြန်မာသီချင်းခွေများနဲ့.. လှူ ချင်သူများ ၁၀၀၀-၂၀၀ဝ ထည့်ပြီးရင် မိုက်ခွက်ကိုင် တစ်ရပ်ကွက်လုံးကို နှိပ်စက်ဖို့ လိုင်စင်ရသွားပြီ.. ရွေ့လျား အလှူ ခံ ကာရာအိုကေပေါ့ (ဘာလိုင်စင်မှ မလိုဘူးမှတ်တယ်).. အိမ်ထောင့်က ဘီယာဆိုင်များရောက်ရင် ကိုကိုမူးများက အရက်၊ ဘီယာသာကြိုက်တာ ဘုရားတရားတော့ မမေ့ဘူးရယ်.. လူစိ အလှူ ငွေထည့် ဗမာရှေးသီချင်းများ ဟဲပြီး ကုသိုလ်ပြုကြတာ ကိုယ်တောင် ဘာသာမဲ့ဖြစ်မသွားတာ ကံကောင်း.. ဟင်း..

  • kai

    September 11, 2014 at 5:23 pm

    ဓမ္မာရုံအသံချဲ့စက် ကျယ်လောင်စွာဖွင့်သည်ဟုဆိုကာ ငှက်ကြီးတောင်ဓါးဖြင့် ဝင်ခုတ်
    Written by ဖြိုးဝေလင်း

    ရပ်ကွက် ဓမ္မာရုံက အသံချဲ့စက်ဖွင့်သည်ကို ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ကျယ်လောင်သည်ဟုပြောဆို၍ ငှက်ကြီးတောင်ဓါးဖြင့် ဝင်ခုတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၉ ရက်၊ ညနေ ၅ နာရီဝန်းကျင်က မရမ်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

    မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်အတွင်းရှိ မနောသိဒ္ဓိ ဆွမ်းလောင်းဓမ္မာရုံက အသံချဲ့စက်ဖွင့်နေသည်ကို အဆိုပါရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ကျယ်လောင်သည်ဟု ဓမ္မာရုံသို့လာရောက်ပြောဆိုရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ယင်းသို့ ပြောဆိုရာ ဓမ္မာရုံအတွင်းရှိနေသည့် ကိုအောင်ဝင်းအောင်က “ဘာဖြစ်တာလဲ” ဟုပြောရာ သက်နိုင်ကဘာမှ ပြန်မပြောဘဲ ပြန်သွားသည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

    ယင်းနောက် (၁၅)မိနစ်ခန့်အကြာတွင် သက်နိုင်က ငှက်ကြီးတောင်ဓါးကိုင်၍ ပြန်လည်ရောက်ရှိလာပြီး ကိုအောင်ဝင်းအောင်ကို ဓါးဖြင့် ဝင်ခုတ်ခဲ့ခြင်းဖြစ်သည်။

    ဓါးဖြင့်ခုတ်ခြင်းကိုခံရသဖြင့် ကိုအောင်ဝင်းအောင်၏ လက်နှစ်ဖက်၊ ပခုံးနှင့် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ တင်ပို့ကုသထားသည်။

    အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ဓါးဖြင့်ဝင်ရမ်းကားခဲ့သူကို အရေးယူပေးပါရန် ကိုအောင်ဝင်းအောင်၏ တရားလိုပြု တိုင်တန်းချက်ကို မရမ်းကုန်းမြို့နယ်ရဲစခန်းက (ပ)၃၃၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းလျက်ရှိသည်။

    http://mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-16/item/27497-2014-09-10-08-11-03

Leave a Reply