ဒီတစ်ပတ် ဝေ့ အစီအစဉ် – KZ’s ထမင်းဆိုင်

ဇီဇီNovember 25, 20131min45141

အားကိုးရတဲ့ စားဖိုမှူးတွေပါပဲ။
ဆိုင်ဖွင့်စရာ ဟင်းစပ်မရှိတော့ဘူးလို့ ငိုပြလိုက်တာ အသီးသီး လာကူညီကြတယ်။

:mrgreenn:
ဒီတစ်ခေါက် အီးဇီးကွတ်ဝေ ရဲ့ ဆန်ပြုတ် အစီအစဉ်ကို အင်မတန် သဘောကျပါတယ်။
ပထမ တစ်ခါ အသဲလေးရဲ့ ထမင်းသုတ် အစီအစဉ်ရယ်၊
ဒီ ဝေဝေ့ ရဲ့ ဆန်ပြုတ် အစီအစဉ်ရယ်ကို အကြိုက်ဆုံးပါ။
ဆိုင်ကို အဲလို ကတ်တဂိုရီလေးတွေနဲ့ စီစဉ်သွားရင် အစဉ်ပြေမလားလို့။
ဖတ်တဲ့သူတွေ တစ်စုတစ်စည်းတည်းဖတ်လို့ရအောင်ပါ။

ဆန်ပြုတ်ဆိုလို့ နေရာကနေ ဆုတ်ပြန်မသွားစေချင်ပါဘူးးးး။
ဖတ်ကြည့်ပါဦးးးးး ဆန်ပြုတ် ကို လုံးးးးးဝ လုံးးးးးးဝ မကြိုက်တဲ့ ကေဇီကိုယ်တိုင် စမ်း စားဖို့ စိတ်ပါလာလို့ပါ။
ကိုယ့်သိတဲ့ နည်းလေးတွေလည်း ပြန်မျှသွားကြပါ။

:mrgreen:

~~~~~~~~~~~~~~~~~~~~~~

ဒီတစ်ပါတ် ထမင်းဆိုင်ကိုတော့ ဆိုင်ရှင် အရင်းပြုတ်မယ့် အစားအသောက်တွေနဲ့ စီမံလိုက်ပါမယ်။
ကျွန်မအကြိုက်ဆုံး အစားအစာထဲမှာ ဆန်ပြုတ်က ထိပ်ဆုံးကပါတယ်။
တစ်ပါတ်တစ်ခါလောက်တော့ ဆန်ပြုတ်ချက်စားလေ့ရှိတယ်။ 
ခဏခဏကျောင်းပိတ်တာကြုံခဲ့ရတဲ့အချိန်တိုင်း ဆန်ပြုတ်ဆိုင်ဖွင့်ဖို့ စိတ်ကူးမိခဲ့သည်အထိ ဆန်ပြုတ်ခရေစီ ဖြစ်တဲ့အတွက် ကြုံတုန်း ငယ်ငယ်ကအိမ်မက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ တစ်ပါတ်စာ ဆန်ပြုတ်မီနူးနဲ့ ထမင်းဆိုင်ဖွင့်လိုက်ပါပြီ။

ဆန်ပြုတ်မှာ အဓိကက ဆန် နဲ့ တွဲဖက်ပြုတ်မယ့် အသား ငါး လိုက်ဖက်ညီဖို့လိုပါတယ်။
ငယ်ငယ်တုန်းကတော့ ဆန်သစ်ပေါ်တဲ့အချိန်မှာ ဆန်ပြုတ်ပြုတ်စားတာ အကောင်းဆုံးလို့ သတိထားခဲ့မိတယ်။
ဆန်သစ်မရှိတဲ့အခါမှာ ဆန်ဟောင်းထဲကို ကောက်ညှင်းဆန်နဲနဲရောထည့်ပြီး ပြုတ်တာလဲ အဆင်ပြေတာ တွေ့ခဲ့တယ်။
အခုတော့ ရှမ်းဆန်နဲ့ ပြုတ်တာ အဆင်အပြေဆုံးဖြစ်တာမို့ ဆန်ပြုတ်ပြုတ်တဲ့အခါတိုင်း ရှမ်းဆန်ကိုပဲ သုံးပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

 

တနင်္လာနေ့

 

ကြက်သားဆန်ပြုတ်၊ ကြက်သားသုတ်နဲ့ ကြက်သဲမြစ်သီးရွက်စုံ အစိမ်းကြော်

ကြက်သားဆန်ပြုတ်အတွက် ရှမ်းဆန် နို့ဆီဗူးတစ်ဗူးကိုဆေးပြီး ရေများများနဲ့ အရင်ပြုတ်ပါတယ်။ ဗမာကြက် ခပ်သေးသေးကို တစ်ကောင်လုံးဝယ်ထားပြီး နှစ်ခြမ်းခြမ်းပြီးဆားနဲ့နယ်ထားပါမယ်။ ဆန်ပြုတ်အိုး စဆူလာတာနဲ့ ကြက်သားကို ထည့်ပြီး ပြုတ်ပါမယ်။ ကြက်အားလုံးထည့်လိုက်တာက ကြက်အချိုရည်နဲ့ ဆန်ပြုတ်ချိုသွားအောင် ရည်ရွယ်ပါတယ်။ ၁၅ မိနစ်လောက်ပြုတ်လိုက်ရင် ကြက်သားနူးသွားပါလိမ့်မယ်။ ကြက်သားတွေကို ပြန်ဆယ်ပြီး အအေးခံပြီး အသားနွှာပါတယ်။ အရိုးတွေကို အိုးထဲ ပြည်ထည့်ပြီး ဆက်ပြုတ်ထားလိုက်ပါတယ်။ အသားတစ်ဝက်ကို သေးသေးလေးတွေတုံးပြီး အိုးထဲပြန်ထည့်ပြုတ်ပါတယ်။ ကျန်တစ်ဝက်ကိုတော့ အမျှောင်းလိုက်အရှည်လှီးပြီး အသုတ်သုတ်မယ်။ အသုတ်အတွက် ကြက်သွန်နီ၊ ကြက်သွန်မိတ်၊ ရှာလကာရည်၊ ပဲငံပြာရည်အကြည်၊ ငရုတ်ဆီတို့ကို အသုံးပြုပါမယ်။
အသဲအမြစ်ကို ပါးပါးလှီးပြီး ဂေါ်ဖီ၊ မုန်ညင်းဖြူ၊ ရွှေပဲသီး၊ ဥနီ၊ ပြောင်းဖူး စတဲ့ အသီးအရွက်တွေနဲ့ ကြော်ပါမယ်။
ဆန်ပြုတ်ကျက်တော့မှ စားမယ့်ပန်းကန်ထဲထည့်ပြီး ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မိတ်၊ ဆား၊ တို့ကို ထည့်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အင်္ဂါနေ့

သတ်သတ်လွတ်စားရမှာမို့လို့ ဆန်ပြုတ်ကို ပဲနဲ့ ပြုတ်ပါမယ်။ ပဲပြားကြော်သုတ်၊ ဟင်းနူးနွယ်ရွက်ကြော်တို့နဲ့ တွဲဖက်စားပါမယ်။
ကျွန်မဆီကို ခဏလာလည်ဖူးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပဲဆန်ပြုတ်နဲ့ကြုံသွားခဲ့ဖူးတယ်။ သူက အဲဒီဆန်ပြုတ်ကိုကြည့်ပြီး တခြားဘာမှစားစရာမရှိရင် အငတ်ခံပါ့မယ်တဲ့ … ဒီဆန်ပြုတ်တော့ မစားပါရစေနဲ့တဲ့ .. အဲဒီလောက်တောင် အားပေးခဲ့တဲ့ ဆန်ပြုတ်..

ကျွန်မသုံးမယ့်ပဲက ထောပါတ်ပဲအခြောက်ပါ။ အခွံအဖြူနဲ့ ထောပတ်ပဲအခြောက်ကို တစ်ညကြိုတင်ပြီးရေစိမ်ထားပါတယ်။ ပွလာတော့မှ အခွံခွာပြီး ရေထပ်စိမ်ထားပါတယ်။ ရေနဲ့ဆန်ပြုတ်ထားတာ ဆူပြီဆိုတာနဲ့ ပဲကိုထည့်ပြုတ်လိုက်ရင် ဆန်နူးတဲ့အချိန်မှာ ပဲလဲနူးပြီး ပုံစံမပျက် ရှိနေပါလိမ့်မယ်။ အရသာအပေါ့အငံမြည်းပြီး ဂျင်းနဲနဲထည့်လိုက်ရင် စားလို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဗုဒ္ဓဟူးနေ့

ငါးရံ့ဆန်ပြုတ်၊ ပဲသွေးသုတ်နဲ့ ကြက်တောင်ပံကြော်

ငါးရံ့ဆန်ပြုတ်အတွက် ငါးရံ့ကို အသားလွှာပြီး ပါးပါးလေးတွေ လှီးထားပါမယ်။ ဆန်ပြုတ် ကျက်ကျက်ဆူပြီး စားခါနီးမှမှ ငါးရံ့အသားတွေကို ထည့်ရမယ်။ အညှီနံ့ကြောက်ရင် ဂျင်းနဲနဲထည့်မယ်။ မုန်လာဥအခြောက် (ဆိုက်ဖေါ့)ကို သေးသေးလေးတွေလှီးပြီးထည့်စားမယ်။ ကြက်သွန်မိတ်နဲ့ ငရုတ်ကောင်းပါ ထည့်လိုက်တဲ့အခါ လျှာလည်သွားပါလိမ့်မယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကြာသပတေးနေ့

ကြက်ဥဆန်ပြုတ်၊ ငါးခြောက်ဖုတ်နဲ့ ကညွှတ်ကြော်
ငါးရံ့ဆန်ပြုတ်လိုပါပဲ … ဆန်နူးနေအောင်ပြုတ်ထားပြီး စားခါနီးမှာ ကြက်ဥကြော်ရိတ်ရိတ်လှီးပြီးထည့်ပါတယ်။ ကြက်ဥကြော်တဲ့အခါ ကြက်ဥကို ခေါက်ထားပြီး မကပ်တဲ့အိုးထဲမှာ ဆီနဲနဲလေးပဲထည့်ပြီး အပြားလိုက်ကြော်ပါတယ်။ ပြီးတော့မှ ကတ်ကြေးနဲ့ ပါးပါးသေးသေးဖြစ်အောင်ညှပ်ပါတယ်။
တစ်ခါတစ်လေ ရေခဲသေတ္တာထဲ ကြက်သားလဲမရှိ၊ ငါးလဲမရှိတဲ့အခါ ကြက်ဥဆန်ပြုတ်လေးလဲ အဆင်ပြေပါတယ်။ ကြက်သွန်မိတ်ကို အမြဲတမ်းရအောင် ပန်းအိုးထဲထည့်စိုက်ထားလိုက်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

သောကြာနေ့

သုံးရောင်ခြယ်ဆန်ပြုတ်၊ ဝက်နားရွက်သုတ်နဲ့ ကြက်ဥလိပ်
ဆန်ပြုတ်ကို ပြောင်းဖူးစေ့ (အဝါရောင်)၊ ပဲစိမ်းစေ့ (အစိမ်းရောင်) နဲ့ မုန်လာဥနီ (အနီရောင်) ထည့်ပြုတ်မယ်။ ကျက်ခါနီးမှ ထည့်ရပါမယ်။ ကြက်သွန်နီကြော် နှစ်သက်လျှင် ထည့်စားနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန်မိတ်ကိုတော့ ဆန်ပြုတ်ပြုတ်တိုင်း ထည့်စားလို့ရပါတယ်။
ကြက်ဥလိပ်အတွက်  ကြက်ဥကို ဆားနဲ့သကြားထည့်ခေါက်ပြီး မကပ်တဲ့အိုးထဲ အပြားလိုက်ဖြစ်အောင် အရင်ကြော်ပါမယ်။ အလိပ်လုပ်ဖို့အတွက် အတွင်းအစာအဖြစ် ရေနွေးဖျောထားတဲ့ကညွတ်၊ မျှင်မျှင်လှီးထားတဲ့ မုန်လာဥနီ၊ ဂဏန်းချောင်းကဲ့သလို့ နှစ်သက်ရာတစ်ခုခုထည့်ပြီး လိပ်လို့ရပါတယ်။ ဓါးထက်ထက်နဲ့ လှီးပြီး ပန်းကန်ထဲ ထည့်ထားလိုက်ရင် လှပတဲ့ ကြက်ဥလိပ်ကို စားချင်စိတ်ပေါက်လာပါလိမ့်မယ်။

~~~~~~~~~~~~~~~~~~~~~~

 

စနေနေ့

ပိတ်ရက် အထူးစပါယ်ရှယ် ဘဲသားဆန်ပြုတ်စီစဉ်ထားပါတယ်။

အိမ်နီးနားချင်းတွေကိုပါ အလှူပေးမှာမို့လို့ အိုးကြီးကြီးနဲ့ ချက်ပါမယ်။ အီကြာကွေးကြော်နဲ့ တွဲဖက်စားမယ်။
ဘဲသားခပ်ကြီးကြီးတစ်ကောင်ကို ၄ ပိုင်းပိုင်းပြီး ငံပြာရည်နဲ့နယ်ထားပြီး အိုးတစ်လုံးနဲ့ပြုတ်ပါမယ်။ ပြုတ်တဲ့အခါ ဂျင်းနဲနဲထည့်ပြုတ်မယ်။ အသားနူးလာရင် အသားနွှာပြီး သေးသေးလေးတွေတုံးမယ်။ ကြက်သွန်နီကြော် ကြော်ထားပါမယ်။ ဆန်နဲ့ရေပြုတ်ထားတဲ့အိုးထဲ ဘဲသား၊ ထုထားသောကြက်သွန်ဖြူ၊ ဂျင်းအနဲငယ်၊ ဆား၊ ငံပြာရည်၊ ဆီချက်အနဲငယ် ထည့်ပြီး ကျက်ခါနီးမှာ တရုတ်နံနံနဲ့ ငရုတ်ကောင်းမှုန့်ထည့်မယ်။ ကြက်သွန်ကြော်ကို အိုးထဲလဲထည့်ပြုတ်မယ်။  စားတဲ့ပန်းကန်ထဲလဲ ထည့်စားပါမယ်။ ချိုချိုမွှေးမွှေးလေးနဲ့ အိုးကြီးချက်ဆန်ပြုတ်က အရသာတစ်မျိုးကောင်းပါတယ်။

~~~~~~~~~~~~~~~~~~~~~~

 

တနင်္ဂနွေနေ့

ပဲကော (နှစ်တစ်ရာပဲ)ဆန်ပြုတ်၊ ငါးခြောက်ထောင်းကြော်ရယ် ကင်ချီရယ်
ရေစိမ်ထားတဲ့ပဲကောအစိကို အခွံခွာပြီး ဆန်ပြုတ်ကျက်ခါနီးမှာ ထည့်ချက်လိုက်ရုံပါပဲ။ ခပ်စိမ့်စိမ့်နဲ့ ခါးသက်သက်အရသာက ခံတွင်းလိုက်စေပါတယ်။ ဒီအတိုင်းစားရင် အငံဓါတ်ရှိတဲ့ ငါးခြောက်ထောင်းကြော်ကို ဆန်ပြုတ်နဲ့တွဲစားလိုက်ရင် အရသာ အနေတော်ဖြစ်ပြီး စားလို့ပိုကောင်းပါတယ်။ ကင်ချီကိုတော့ အခုတလော ကလေးလူကြီး အားလုံးကြိုက်ကြတဲ့အတွက် အအီပြေတွဲဖက်စားလို့ရပါတယ်။

ဆန်ပြုတ်က ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် ဆားနဲ့ ဟင်းချိုမှုန့်အသုံးများမှ အရသာရှိတဲ့အစားအစာဖြစ်တဲ့အတွက် သွေးတိုးသမားတွေအတွက် မသင့်တော်ပါဘူး။ အဲဒါကြောင့် ကျွန်မချက်တဲ့ဆန်ပြုတ်မှာ အသား ငါး ပဲ စတဲ့ အရသာကိုယူပြီး ခပ်ပေါ့ပေါ့ပဲ ချက်လေ့ရှိတယ်။ အသုတ် အရွက်ကြော်တွေမှာလဲ အရသာပါပြီးသားဖြစ်လို့ တွဲပြီးစားတဲ့အခါ အဆင်ပြေပါလိမ့်မယ်။

~~~~~~~~~~~~~~~~~~~~~~~~

ကျနော် အဓိကလို့ သတ်မှတ်တဲ့ ဟင်းချက်တဲ့သူတစ်ယောက်ရဲ့စိတ်စေတနာကို ကျနော့ စားဖိုမှူးတွေမှာတွေ့ရမှာဖြစ်ပါတယ်။

:chit:

41 comments

  • sorrow weaver

    November 25, 2013 at 10:18 am

    ဆန်ပြုတ်ကို ဝက်နားရွက်သုပ်နဲ့ ..ကွယ်…တမျိုးပဲ

    • KZ

      November 25, 2013 at 5:43 pm

      တစ်မျိုးမကဘူးးးအမျိုးမျိုးတွဲစားလို့ ရတယ် ယောက်ဖရဲ့
      :mrgreen:

  • Wow

    November 25, 2013 at 10:26 am

    ဘဲသားဆန်ပြုတ်နဲ့ အီကြာကွေးစားချင်တယ်… ချက်ကျွေးပါ… :mrgreen:

    • KZ

      November 25, 2013 at 5:44 pm

      ဝေ့ ကို ပြောပါ။

      :mrgreenn:

  • ဦးကြောင်ကြီး

    November 25, 2013 at 10:34 am

    ဝေဆန်ပြုတ်
    မြေလှန်တုပ်
    ရွှေစံအုပ်
    ငွေသံလှုပ်
    စေမန်ခုတ်
    ခြေကန်ထုတ်
    ဆွေညံတုတ်
    ဖြေကြံဟုတ်..။

  • weiwei

    November 25, 2013 at 11:34 am

    ဆန်ပြုတ်ဆိုရင် နံမည်ကြည့်ပြီး မစားချင်ကြတဲ့သူများလို့ ယာဂု လို့ ပြောင်းခေါ်ရမယ်ထင်တယ်နော် …

    ရင်ပြည့်ပြီး အစားအသောက်စားချင်စိတ်မရှိတဲ့အချိန် ဆန်ပြုတ်ပူပူလေးသောက်လိုက်ရင် ရင်ချောင်ပြီး ဗိုက်ဆာလာပါလိမ့်မယ် … စားချင်သောက်ချင်စိတ် ပြန်ပေါ်လာပြီး ခံတွင်းပြန်ကောင်းလာတတ်တယ် …

    • မဟာရာဇာ အံစာတုံး

      November 25, 2013 at 1:09 pm

      ဆန်ပြုတ်သောက်ပေးခြင်းဟာ
      နှလုံးသွေးကြောကျဉ်းရောဂါ အတွက် အလွန် အင်မတိ အင်မတန်မှ
      ကောင်းမွန် လှဂျောင်းဘာ ခီညာ ….။

      ဆန်ပြုတ် မကြိုက်ဘူး ဆိုသူတွေဟာ
      ကျန်းမာရေး ဘုတုတ ဘာမှ မရှိလို့မို့ မကြိုက်ဘူး ပြောတူများဘာဘဲ ..
      ဒါဘာဗျဲစ် … ငီးငီးးး

  • TNA

    November 25, 2013 at 12:26 pm

    အောင်မယ်လေး ဆန်ပြုတ်ကို အဲလောက်စုံမှန်းခုမှသိသတော့ စိတ်ဝင်စားစရာတွေပါပဲလား။ ဖွင့်သမျှ ထမင်းဆိုင်သက်တမ်းတလျှောက် ဒီတခါအခိုက်ဆုံးပဲ။ ကူးထားလိုက်ပါပြီ။ ဒါ့ထက် ဆိုင်ရှင်မေးလို့တော့ရမယ် မထင်ဘူး။ စာဖိုမှုးပဲမေးအုံးမှ။ မဝေရေ ပဲထောပါတ်ဆိုတာ City Mart တွေမှာရောင်းတဲ့ ပဲမာမာဖြူဖြူအခြောက်ကလေးတွေလားဟင် အနီတို့ အဖြူတို့ရောင်းတယ်လေ။ အဲဒါတွေလား။
    ထမင်းဆိုင်ပိုင်ရှင်ကကော စားဖိုမှုးပါကျေးဇူးပါ။ :sar:

    • weiwei

      November 25, 2013 at 1:30 pm

      ဟုတ်တယ် … အခွံအဖြူရောင်နဲ့ တစ်ညလောက် ရေစိမ်မှ ပွလာပြီး အခွံနွှာလို့ရတယ် …
      ဈေးထဲမှာရောင်းတဲ့ ဒီအတိုင်းအခွံနွှာလို့ရတဲ့ပဲဆိုရင်တော့ ခဏလေးနဲ့နူးမယ် .. အဲဒီပဲနဲ့ သုံးလဲရတယ် ..

      အမက ဈေးသွားရမှာသိပ်ပျင်းတော့ (သိတဲ့အတိုင်း လှည်းတန်းဈေးက စိတ်ပျက်စရာ) ကြာကြာခံတဲ့ အစားအစာတွေ အစုံဝယ်ထားပြီး အဆင်ပြေသလို ကြည့်လုပ်လေ့ရှိတယ် ..

      ဆန်ပြုတ်ကို အခုလို အားပေးတာတွေ့ရတော့ တော်တော်အားတက်သွားတယ် ..
      တကယ်တော့ ရေးသာရေးလိုက်တာ အားပေးမှုရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး ..

      • TNA

        November 25, 2013 at 5:08 pm

        ဟုတ်တယ်မဝေရေ။ အိမ်မှာလဲ အခြာက်တွေပဲဝယ်ထားတာများတယ်။ ထီးတန်းဈေးပဲသွားတယ် သန့်လို့။

        • အဘရဟူဒီ

          November 25, 2013 at 5:19 pm

          အခြော်တကောက်တွေ စုထားတာ ..သူကိုး …

          ငိငိ

        • TNA

          November 25, 2013 at 8:33 pm

          ဟုတ်သကွဲ မယ်ဂိ့ရယ့်။ အခြော်တကောက်တွေများလိုချင်ရင် အိမ်ကိုလာခဲ့အေ့ :mrgreen:

  • Myo Thant

    November 25, 2013 at 2:28 pm

    လှည်းတန်းခုံးဆင်း အ – ထ – က ၅ နားက ဆန်ပြုတ်ဆိုင်မှာ အမေ နှင့် သူ့မြေးမကြီးတို့ အကြိုက်ဖြစ်ပါသည် ၊
    ကျနော်ကတော့ နေမကောင်းချင်လို့ ထမင်းမစားလိုရင်

    ၂၅ဝ တန် ခနောဆန်ပြုတ် ၂ ထုပ်နဲ့ ကြိတ်ထည့်လိုက်တာပဲ ၊

    အန်းနီးဝေး – ပြုတ်နည်းလေးတွေကို မှတ်ထားပါသည် ၊

  • Mr. MarGa

    November 25, 2013 at 3:07 pm

    ဗုဒ္ဓဟူး သောကြာ စနေ
    သုံးရက်စာ အော်ဒါတင်ပါတယ်။
    တာဝတိံသာကို ပို့လိုက်ပါ….. :mrgreenn:

    • KZ

      November 25, 2013 at 5:35 pm

      နတ်တို့ ပိုက်ဆံ ပေးပါ။

      :mrgreenn:

  • အရီးခင်

    November 25, 2013 at 4:17 pm

    ဒီအတွက်ဘဲ အတင်းပြေးဝင်လာရတာပါတော်။
    ဆန်ပြုတ်ကို ဖယ်ပြီး ကျန်တာတွေ တီးသွားတယ် ဝေ နဲ့ ကေ ရေ့။
    ကျေးဇူးပါ။
    တကယ်တော့ နောက်တာ။
    နောက်ပိုင်း ညစာ ကို ဆန်ပြုတ်ပြုတ်စားရင် ပိုကောင်းမလား တွေးနေတာကြာပေါ့။
    ဆားနဲ့ ဟင်းချိုမှုန့် တော့ မသုံးချင်ပါ။

    နောက်တစ်ခါ ပွဲမှာ ဆန်ပြုတ်ပြုတ်တိုက်ပါလား။
    ကျန်းမာရေး အတွက် ရွာက ပံပိုးပေးတာပေါ့။ 😉
    သို့ပေသည့်။
    မြင်တယ်။
    အရံ ပွဲ တွေကို ပိုပြီး အားပေးမယ် ဆိုတာ။
    😛

    • KZ

      November 25, 2013 at 5:38 pm

      ဟီးးးး
      အရီးရယ်။
      အနော်လည်း ဆန်ပြုတ်မကြိုက်ရာက ဝေ့ ဟင်း အတွဲလေးတွေနဲ့ စားချင်စိတ်ပေါက်လာတယ်။
      ကျန်တဲ့ဟင်း တွေကို ပေါ့။

      :mrgreenn:

      • ခင် ခ

        November 26, 2013 at 3:56 pm

        အရီးရေ
        ညစာ ကို ဆန်ပြုတ်ပြုတ်စားရင် ပိုကောင်းမလား တွေးနေတာကြာပေါ့ ဆိုလို့ဝင်ပြောတာပါ။
        အဲဒီမှာ တစ်ခုသတိထားရမှာက အသားအချိုရည်နဲ့ပြုတ်သောက်ရင်တော့ ကိစ္စမရှိပေမယ့် တစ်ချို့က ဆန်ကိုအဖြူထည်ပြုတ်ပြီး သကြားနဲ့ဖြစ်ဖြစ် ဆားနဲ့ဖြစ်ဖြစ် သောက်ကြတာမျိုးကတော့ ညနေဖက်ဆို အစာအိမ်အချဉ်ပေါက်လွယ်ပါသဖြင့် ညအိပ်ခြင်းအပေါ် အနှောက်အယှက်ဖြစ်စေ ပါလိမ့်မယ်ဗျ။ ဒါကြောင့် အရီး ညစာ ဆန်ပြုတ်ပြုတ်သောက်ရင် အသားအချိုဓာတ်လေးထဲ့ပြုတ်ပြီး စားသင့်တယ်နော်။

  • kyeemite

    November 25, 2013 at 4:24 pm

    ဆန်ပြုတ်က အရက်သမား(ဇိုး)တွေအတွက်လည်းတကယ့်ဆေးစွမ်းကောင်းပါ
    တစ်ခါတရံ မိတ်ဆွေအပေါင်းနဲ့ သောက်တာများသွားပြီး ထမင်းမစားဖြစ်ပဲ အိပ်ပျော်သွားရင်
    နောက်နေ့မနက် သေဖို့သာပြင်…အရက်နာကျတယ်ခေါ်တာပေါ့..တချို့ ဆရာသမားတွေက
    ပြောသေးတယ်..အရက်နဲနဲထပ်ချလိုက်..ဖြေတာတဲ့…၆ တလွဲအကြံ…လုံးဝမကောင်း၊ ပိုတောင်ဆိုးသေး
    အကောင်းဆုံးက ဆန်ပြုတ်ပူပူလေးသာသောက်လိုက်..သောက်ပြီးရေများများသောက်
    နာရီဝက်လောက်အတွင်း ကြည်လင်သွားတာ.. ဆန်ပြုတ်တန်ခိုးပေါ့…ဟီဟိ
    ဇိုးသမားများမှတ်သားကြလေကုန် 😀

    • KZ

      November 25, 2013 at 5:37 pm

      ထောက်ခံပါတယ်။
      ထောက်ခံပါတယ်။
      ထောက်ခံလို့ သများကို ဇိုးသမား မမှတ်ပါနဲ့။
      အရက်နာကျရင် ဘာမှ စားမဝင်တာ သိလို့ပါ။

      😀

  • ဦးကျောက်ခဲ

    November 25, 2013 at 6:19 pm

    ကျောက်စ်လည်း ဆန်ပြုတ်အလွန်ကြိုက်…
    ဆန်ကိုနဲနဲလှော်ပြီးမှ Rice Cooker နဲ့ပြုတ်လိုက်တယ်…
    အကြိုက်ဆုံးက ဝက်ကလီစာကိုသေးသေးတုံးပြီး ထည့်ပြုတ်တာပါ…
    စားခါနီးမှ ကြက်သွန်ဖြူကြော်၊ ကြက်သွန်မိတ်၊ အသားမှုန့်၊ ပဲငံပြာရည်အချိုလေးထည့်လိုက်ရင်…
    ရှလွတ် 😀

    • KZ

      November 26, 2013 at 9:44 am

      ဟုတ်တယ်။ ကျောက်။
      လှော်ပြီး ပြုတ်တာက ပိုမွှေးသလိုပဲ။

      🙂

  • Ma Ma

    November 25, 2013 at 7:04 pm

    ဆန်ပြုတ်ကြိုက်သူစာရင်းထဲမှာပါတယ်။
    စားလိုက်ရင် ဝါးစရာမလိုပဲ တစ်ပန်းကန်ပြီး တစ်ပန်းကန် လျှောကနဲဝင်သွားလို့။ 😀
    ဆန်ပြုတ် ပြုတ်နည်းတွေ ဒီလောက်များမှန်းမသိဘူး။
    ကိုယ်တိုင်တော့ ဘာမှမပါတဲ့ ဆန်ပြုတ်အဖြူထည်ကို ပဲငါးပိလေး ဒါမှမဟုတ် ဆီတိုဟူး နည်းနည်းထည့်စားရင်တောင် အဆင်ပြေတယ်။ 🙂

    • weiwei

      November 26, 2013 at 8:19 am

      အန်တီမမ ရွာထဲစဝင်ကာစက ဆန်ပြုတ်ပြုတ်နည်း တင်ခဲ့တာ မှတ်မိသေးတယ် ..

      တရုတ်ပြည်ထဲ ခရီးသွားဖြစ်တုန်းကဆိုရင် ဟိုတယ်မှာတည်းဖြစ်တဲ့အခါ မနက်စာ ဘူဖေးကျွေးလေ့ရှိတယ် .. အဲဒီမှာ အစုံရှိတယ် .. ကြိုက်တာစားပဲ .. ဆန်ပြုတ်ကိုတောင် ၅ မျိုးလောက် ရှိတာ … ကျွန်မက ဆန်ပြုတ်ပဲ စားတယ် .. တစ်မျိုးကို တစ်ပုဂံစီထည့်ပြီး အကုန်လုံးမြည်းပစ်လိုက်တာ …

      ဗမာတွေစားလေ့မရှိတဲ့ နောက်ထပ်ဆန်ပြုတ်ကတော့ အရောင်ပါတဲ့ဆန်တွေကို ပြုတ်တဲ့ဆန်ပြုတ် … ဆန်အညိုရောင် (ကောက်ညှင်းငချိတ်လိုအရောင်)၊ အဝါရောင် တွေကိုလဲ ပြုတ်တယ် … ဆန်ရောင်စုံရောပြီး ပြုတ်တဲ့ ဆန်ပြုတ်လဲရှိတယ် ..

  • surmi

    November 26, 2013 at 9:40 am

    ၁၉လမ်​း လား လမ်​း၂ဝ လား.. နဲနဲ​ရော​နေလို့
    လသာဘုံ​ကျောင်​း​ဘေးကလမ်​းထင်​ပါရဲ့..
    အဲဒီက ဆန်​ပြုတ်​ဆိုင်​မှာ ​ရောက်​တိုင်​းစားဖြစ်​တယ်​
    ​ရောင်​းတဲ့ တရုတ်​ညီ​နောင်​ကလည်​းအ​ပေါက်​ဆိုးပါ့ဗျာ
    မျက်​နှာရှစ်​​ခေါက်​ချိုးနဲ့ .. အချိုမုှန်​့မထည်​့နဲ့လို့​ပြောရင်​ ဂျိုကြည်​့ ကြည်​့တာ
    သူ့အချိုမုှန်​့ကလည်​း ဇွန်​းတစ်​ဇွန်​းနီးပါးဆို​တော့ ….
    ဟုတ်​ကဲ့ …
    ဆန်​ပြုတ်​ကြိုက်​သူစာရင်​းထဲ ​ရှေ့က ပါဝင်​ပါတယ်​ဆိုတာ​လေး……..

    • KZ

      November 26, 2013 at 9:43 am

      ဒီ ပို့(စ) လေး စဉ် နေရင်း ဆာဆာ့ ရဲ့ ဆန်ပြုတ် ပို့(စ) လေး တောင် သတိရမိသေးးးး

      :kwi:

      • ခင် ခ

        November 26, 2013 at 3:03 pm

        ကိုဆာမိရေ လမ်း၂ဝ ပါဗျ။
        ွှဲအဲဒီလမ်းက ကိုဆာမိပြောတဲ့ ဆန်ပြုတ်ဆိုင်မှာ ခဏခဏသွားသောက်ဖြစ်ခဲ့တယ်လေ။
        အချိုမှုန့်ကတော့မထဲ့ဖို့ပြောတိုင်း ကိုဆာမိပြောသလို ကြည့်ခံရတာလဲ အကြိမ်ကြိမ်ပါဘဲလေ။
        ဒေါ်ကေဇက်တို့ ဟင်းစပ်လည်း ထမင်းကနေ ဆန်ပြုတ်ကိုရောက်လာပါပေါ့နော် ဒါပြီးရင် အအေးတွေ သစ်သီးဖျော်ရည်တွေဘက်လှည့်တော့မလားဘဲလေ။

        • KZ

          November 26, 2013 at 3:07 pm

          အွန်။,
          ဆန်ပြုတ်ကရော စားစရာဟုတ်ဘူးလားးးးး
          ထမင်းဆိုင်လေ။
          စားလို့ ရတာ အကုန်ရောင်းမယ်။
          ရိုးရိုးဆန်ပြုတ်လည်း ဟုတ်ဘူးလေ။
          ဟင်း အတွဲ အစပ်လေးတွေပါ ပါတဲ့ ဆန်ပြုတ်။

          နောက်ပေးမဲ့ စားဖိုမှူးတွေ လက်တွန့်မှာ ဆိုးလို့ ပါ။ နားလည်ကြပါဗျ။

          🙂

        • padonmar

          November 30, 2013 at 9:23 pm

          အဖေရှိတုံးကလေ အဲဒီ ညီအကိုရောင်းတဲ့ ငါးရံ့ဆန်ပြုတ်မှ ကြိုက်လို့ ညနေဆို ချိုင့်ကလေးဆွဲပြီး သွားသွားဝယ်ရတယ်။
          အဲဒီတုံးက ကိုဆာမိတို့ ကိုခင်ခတို့နဲ့ များ တွေ့ဖူးသလားမသိ။
          သူက ဆန်ကွဲကိုပြုတ်တာ မဟုတ်ပဲ ဆန်ကို ပြုတ်လို့ ကောင်းတယ်ပြောကြတာပဲ။
          ကျမလည်း အချိုမှုန့်မထည့်ဘူးနော်လို့ ပြောဝယ်နေကျပါ။
          မုန်လာဥခြောက်တော့ ဒီတရုတ်မက သိပ်မုန်းတာပဲ။
          အဲတော့ ငါးရံဆန်ပြုတ်၊ဘဲသားဆန်ပြုတ်ပဲ အားပေးတော့မယ်။
          စကားအတင်းစပ်…နို့ဆန်ပြုတ်လေးများ မထည့်ကြဘူးလား။(ကလေးကြီးဆိုတော့)

  • ဦးကြောင်ကြီး

    November 26, 2013 at 9:59 am

    တခုကျန်သွားလို့.. ဆန်ပြုတ်ကျက်မကျက် သိဂျင်ရင် ကျောက်ခဲထည့်ပြုတ်ရဒယ်.. (ဦးကျောက်စ်ခဲ မဟုတ်ပါ) ကျောက်ခဲလည်းနူး ဆန်လည်းနူးဗဲ..

  • kyawtheinmyint

    November 27, 2013 at 8:46 am

    ကျောက်တန်း(ရေလယ်၊ကျိုက်မှော်ဝန်း)ကို ညနေပိုင်းရောက်ခဲ့ရင် ဝက်နံရိုး ဆန်ပြုတ်နဲ့ ဝက်ခေါင်းသုပ် ဆိုင်လေး။ နေရာက NLD ရုံးခန်းရှေ့ ထူးဆေးခန်းဘေး ၊မြို့မကျောင်း ကုန်းဆင်း လက်ဝဲဘက် လမ်းသွယ်၊ဖွင့်ချိန် ညနေ ၃းဝဝနာရီမှ ၅းဝဝနာရီ။ ကျနော်လဲ ဆန်ပြုတ်ခရေဇီမို့ လမ်းညွှန်ပေးလိုက်ပါတယ်။

    • KZ

      November 27, 2013 at 10:50 am

      လာ အားပေးသွားတာ ကျေးဇူးတင်ပါဗျ။

      🙂

    • တညင်သား

      November 28, 2013 at 4:31 pm

      အိုပါးးးးး အိုက်မှာ ဆန်ပြုတ် ရတယ်လား မတိဘူး နာက ဒုတ်ထိုးပဲစားခဲ့တယ်… ဘဲသားဆန်ပြုတ်ပဲကြိုက်တယ် ဝက်ဆန်ပြုတ်တော့ စားကြည့်ချင်တယ်.. လိပ်စာမပေးနဲ့ လိုက်ကျွေးပါ ….:hee: မှတ်မှတ်ရရ …….ဟိုးးးးးးးးးးးးးတနေ့က ဆန်အိပ်ထဲ ဆန်လက်တဆုတ်လောက်ပဲ ရှိလို ဆန်ပြုတ် ပြုတ်သောက်ရတယ် အဖြစ်က အဲ့လိုဆို…..

      • kyawtheinmyint

        November 29, 2013 at 8:06 pm

        လာခဲ့ပါ တညင်သားရေ ဝက်နံရိုးဆန်ပြုတ် ဝက်ခေါင်းသုပ်နဲ့ ထန်းရည်ပါမကျန် ဧည်ခံဦးမှာ ပြီးတော့ စက်လှေစီးပြီး ဘုရားဖူးကြတာပေါ့။စက်လှေစီးရင်းနဲ့ ဇင်ယော်လေးတွေကို ဓါတ်ပုံရိုက်ချင်သူတွေ အတွက်လဲ အဆင်ပြေပါတယ်၊ရွာသူားတွေ အကုန်လုံးကိုလဲ လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်။လောလောဆယ်တော့ ကျနော်က အဝေးရောက်သား ဖြစ်နေလို့ ဧည့်ဝတ်မကျေနိုင်သေးတဲ့ အတွက် အားလုံးကို တောင်းပန်ပါတယ်။

  • kai

    November 27, 2013 at 4:02 pm

    Healing Properties of Congee

    Traditionally known as “hsi-fan” or rice water, congee is eaten throughout China as a breakfast food. It is thin porridge or gruel consisting of a handful of rice simmered in five to six times the amount of water. Although rice is the most common grain for congees, millet, spelt, or other grains are sometimes used. Cook the rice and water in a covered pot for 4-6 hours on warm, or use a crock pot. It
    is better to use too much water than too little, and it is said the longer congee cooks, the more powerful it becomes.

    The healing properties of this simple rice soup are that they can easily be digested and assimilated, tonifies the blood and the Qi energy, harmonizes the digestion, and is demulcent, cooling, and nourishing. Since the chronically ill person often has weak blood and low energy, and easily develops inflammations and other heat symptoms from deficiency of yin fluids, the cooling , demulcent and tonifying properties of congee are particularly welcome. it is useful for increasing a nursing mother’s supply of milk. The liquid can be strained from the porridge to drink as a supplement for infants and for serious conditions.

    Other therapeutic properties may be added to the congee by cooking appropriate vegetables, grains, herbs, or meats in with the rice water. Since the rice itself strengthens the spleen-pancreas digestive center, other foods added to a rice congee become more completely assimilated, and their properties are therefore enhanced. Listed below are some of the more common rice-based congees and their specific effects.
    http://www.lotuscentergso.com/blog/healing-porridge-congee
    (source: http://www.eons.com/groups/topic/1262750-Food-As-Medicine-Rice-Grains-Congee )

    • KZ

      November 27, 2013 at 4:44 pm

      ကောင်းကျိုးတွေသိပေမဲ့ မကြိုက်တာက မကြိုက်တာပဲ။
      ဟေးဟေးဟေးးးး

      :mrgreen:

  • Paing Lay

    November 27, 2013 at 8:33 pm

    အနော်ကတော့ ဆန်ပြုတ်ကို ကြက်သားမှုန့် နဲ့ အီကြာကွေးရောပြီး လွေးရတာ အကြိုက်ဆုံး 😛

    • KZ

      November 28, 2013 at 8:20 am

      ဟယ်။
      ဆန်ပြုတ်ချစ်သူတွေကို တွေ့ရတာဝမ်းသာပါတယ်။

      😀

  • ရာမည

    November 28, 2013 at 10:57 am

    ရန်ကုန်ဆေးရုံကြီးနား သွားရောင်းရမယ်

    နောက်တာနော် :mrgreen:

  • Crystalline

    November 28, 2013 at 3:41 pm

    အစ်မဝမ်းကွဲကဆန်ပြုတ်အသေကြိုက်.. မမဝေနည်းတွေကူးထားတယ်.. :))

Leave a Reply