သို့ သဂျီး (အိတ်မပါပေးစာ)

nicolus agralNovember 15, 20131min405733

၁။ သဂျီးရဲ့ ဂေဇက်ကလည်း ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေသာအော်နေတာ
Member အချင်းချင်းတောင် အဆင့်အတန်းခွဲထားသေးတယ်
Post တခုကို ဟိုလူတွေတော့ဝင်ခွင့်ရှိတယ် ဒီလူတွေတော့ဝင်ခွင့်မရှိဘူးနဲ့
အဲလိုကြီးလားဗျာ လေပါတယ်

၂။ သဂှီး လိုဂိုပုံကြီးမကြိုက်ပါဘူး ပြင်လို့မရဘူးလား
ရွာထဲမှာ Idea ကောင်းတဲ့သူတွေ တပုံကြီး
အမြင်ရှိတဲ့ ပန်ချီဆရာတွေ
ဓာတ်သေဆာတွေ
အနုပညာသမားတွေ ရှိပါတယ်ဗျာ
အားလုံးဝိုင်းပြီးလုပ်ရင်ရော
ပြီးတော့မှ ဆန်ဒခံယူပွဲကို ပျော်ပျော်ကြီးလုပ်ကြတာပေါ့နော

၃။ မြန်မာပြည်ကနေ ရွာထဲဝင်ရတာခက်တယ်ဗျ Facebook ကြတော့အဲလောက်ကြီးမဆိုးဘူး
မြန်မြန်ဆန်ဆန် ဝင်လို့ရအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ပေးနိုင်မလဲဗျာ
Commentပေးဖို့မပြောနဲ့ ဝင်လို့မရတဲ့နေ့တွေတောင် တပုံကြီး

၄။ Rule တွေထုတ်ထားရင် Regulation ရှိဖို့လိုမယ်ထင်ပါတယ်
မဆဲရ ဆိုရင် ဆဲရင်ဘယ်လိုအပြစ်ပေးမယ်ဆိုတာပါ ထည့်သင့်ပါတယ်
Regulation မပါတော့ သဂျီးဟာကြီးက စက်ကူကျားကြီးဖြစ်နေတယ်
အနော်မလေး saline tinmg မခန့်နဲ့ဟဲဟဲ
ဘယ်လောက်ပဲ ဒီမိုကရေစီပြောပြော စည်းကမ်းဆိုတာရှိတယ်
မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတာပါတယ် နောသဂျီးရယ်

ဒီနေ့တော့ဒီလေက်ပါပဲ နောက်မှဆက်ဖောတော့မယ်
တာ့တာ
မှတ်ချက်။ ။သဂျီးဧ။် နာမည်အသစ်ကို အတည်ပြုပေးပါရန် ၊ သို့မဟုတ်ပါက သဂျီးဟုဆက်လက်ခေါ်ဆိုမည်ဖြစ်သည်။

33 comments

  • kai

    November 16, 2013 at 12:15 am

    ၁) ဒီမိုကရေစီမှာ.. ဥပဒေပြုသူ..။ ပြုထားသောဥပဒေကိုထိန်းသိမ်းသူ၊ လိုက်နာသူ၊ လေးစားသူ၊ စသဖြင့်အစုံရှိပါတယ်..။ ဒီမိုကရေစီဆိုပြီး အကုန်တတန်းထဲထားညှိနေလို့ လိုချင်လို့.. မဖြစ်ပေဘူးဗျ..။ တန်းညှိတာ.. မြန်မာ့ဆိုရှယ်လစ်တွေအလုပ်ပါနော..။ :mrgreen:

    ၂) ဘယ်နှယ်ရှာစရာမရှိ.. လိုဂိုလာရှာနေတယ်..။ ပြဿနာ…ပြဿနာ..။ နေပါဦး..။ ကျုပ်ရဲ့ လက်ရှိပရိုအလုပ်ကဘာလို့ ထင်နေသလည်း..

    ၃) မြန်မြန်ဝင်လို့ရအောင်.. အင်တာနက်ဖိုးများများပေးလိုက်ပေါ့ကွယ်..။ ဘန်းဝ်သ်က.. ငွေနဲ့တိုက်ရိုက်အချိုးကျပါတယ်.. ဆာဗာရော..ကလိုင်းရင့်ရော..။မြို့အဆင့်မြှင့်တာ”လေအားဖြင့်”နဲ့မဟုတ်ပါဘူးနော..။ “မန္တလေးမြို့”ကနေ..” မြန်မာနိုင်ငံ”အဆင့်တက်လာသလို..ဆာဗာပိုင်းကို ပုံမှန်ပေးနေကျထက် ၂ဆကျော် လစဉ်ပိုပေးထားပါတယ်..

    ၄) အမှန်က ရုးရော..။ ရဂူလေးရှင်းရောမထားချင်ဘူးဗျ..။ လူသိကြရင်ရှက်စရာ..။
    စက္ကုူကျားတော့မလုပ်ပါနဲ့ကွယ်.. မြန်မာဆန်ဆန်.. အုန်းလက်ကျားလေးလုပ်ပါနော..။
    အနည်းဆုံးတော့ ဖျက်ရင်လက်ရှမယ် :kwi:

    ၅) ရှေးက မြို့ပိုင်တွေကို.. ဘုရားထူးရတယ်တဲ့..။ အင်္ဂလိပ်ခေတ်ကဆို.. မောင်မင်း..လူကလေးနဲ့ပေါ့..။ ဒီခေတ်ကျ… တရားအကြောင်းပြပြီး.. လူကိုယူသည်..။ပြီးတော့.. ဘဝကိုယူသည်..။
    ဆိုတော့..
    အဲဒါမျိုးတွေမုန်းသမို့.. “မြို့ပိုင်”လို့မခေါ်ပါနဲ့ကွယ်..။ :mrgreen:

    • nicolus agral

      November 16, 2013 at 2:14 pm

      ၁။ post တွေအားလုံးကို ဖတ်ချင်တယ် ( ရရင်ရ မရရင်ချပဲ) 🙂
      ၂။ ဘာလို့မမထင်မိပါဘူးဗျာ (ပြောပြလေ အနော်ကပိန်းတယ် အကောင်မြင်စေခင်ရင် အကောင်လိုက်ပြ )
      ၃။ ကျွန်တော့ဖက် band width က 1MB တယောက်ထဲသုံးတယ် ( but 0.1MB တောင် တခါမှမရဘူးပါ သူတို့ကိုပြောတော့လည်း အမြဲတမ်းတော့ အပြည့်ရမယ်လို့မမျှော်လင့်နဲ့လေတဲ့ ဒါပေမဲ့ Band width အပြည့်ကတခါမှကိုမရဘူးပါ ညသန်းခေါင်မသုံးကြည့်ရသေးလို့လားတော့မသိဘူး)
      ၄။ အုန်းလက်ကျားဆို သူများကဂုတ်ခွစီးသွားမှာပေါ့
      ၅။ မြို့အုပ်မင်း ၊ မြို့ဝန်မင်း မြို့စားမင်း ဘာကြိုက်လဲဗျာ ( အနော်ကတော့ မြို့စား ဆိုတာလေးပိုကြိုက်တယ်)

      • kai

        November 16, 2013 at 4:29 pm

        မွေးမေလေ့…
        အာတာလွတ်မြို့စားကြီးလိုလို… :mrgreen:

        • nicolus agral

          November 18, 2013 at 9:40 am

          ကိုဘေးမြို့စားကြီး

        • Ma Ma

          November 18, 2013 at 6:45 pm

          အာတာလွတ်မြို့စားကြီးနဲ့တူတယ်လား။
          တောင်ပုလုမြို့စားကြီး မဟုတ်ဘူးလားးးးးးးးး 😀

  • အရိပ်စစ်

    November 16, 2013 at 3:54 am

    ဒါ ဆို ဘာ လို့ ခေါ်ကြမတုန်းညင်….
    တိမီး အရမ်း တိချင် လာဘီ…

  • ဖြူစိုင်း လူ

    November 16, 2013 at 5:55 am

    အရင်တုန်းကမှ ဟုတ်တုတ်တုတ်

    မန့်သလေး ဂွဇွတ်

    ခုတော့ မြန်မာခွစွတ်ဖြစ်နေပြီ

    :hee:

  • alinsett

    November 16, 2013 at 7:29 am

    သဂျီးလို ့ဆက်ခေါ်ရမလား
    တခြား ဘယ်လိုခေါ်ရမလဲ
    သိချင်လိုက်တာ သဂျီးရယ်

    ပြောမယ့်သာပြောတာ
    သဂျီးလို ့ခေါ်ရတာ ပို ခံတွင်း တွေ ့ဒယ်ဗျ

  • Khant Khant

    November 16, 2013 at 10:27 am

    ကျတော်ကတော့ မန်ဘာဝင်တွေဆီက လစဉ်ကြေး သဘောမျိုး
    ကောက်ပြီး ဝင်ရခက်တဲ့ပြသနာကိုရှင်းစေချင်ပါတယ်။
    ဒီဝက်ဆိုဒ်ကို တကယ် ကိုယ်ထိလက်ရောက်ပါဝင်တဲ့သူဆို
    လက်မနှေးလောက်ဘူးထင်ပါတယ်။
    မန်ဘာကိုအလွယ်တကူဝင်ခွင့်ပေးခြင်း ထက် နဲနဲ ပိုပြီးစိုက်ထုတ်ပါဝင်ခြင်းက မန်ဘာများကိုပိုမိုလေးနက်စေပါတယ်။
    လက်ရှိ ပိုစ့်တွေကွန်မန်းတွေကို တသိန်းပြည့်ရင်ထုတ်ပေး
    တယ်လို့သိရတယ်။အဲဒါကိုရပ်ပစ်ပြီး အဝင်အထွက်ကောင်းအောင်လုပ်တဲ့ကိစ္စမှာသုံးစေချင်တယ်။
    ကျတော်က ဒီပွိုင့်တွေကို စိတ်မဝင်စားပါ။လွယ်လွယ်ဝင်ရမယ်။
    ပိုစ့်ကို ပုံနဲ့လွယ်လွယ်တင်ရမယ်။ ကွန်မန်းကောင်းကောင်းပေး
    နိုင်မယ်။ဒါဆို အင်မတန် ကိုအဆင်ပြေမှာပါ။
    ဆိုဒ်အကြောင်း သိပ်မသိပေမဲ့ သိသလောက် ကျတော်သဘောထားကို တင်ပြတာပါ။
    ကျတော်ကတော့ သဂျီးအစား ချူပ်ကြီး လို့ပဲခေါ်ချင်ပါတယ်
    ချူပ်ကြီး ခင်ဗျားးး :mrgreen:

    • alinsett

      November 16, 2013 at 1:18 pm

      ကျွန်တော်လည်း
      ပွိုင် ့ရရေး မရရေးကိုသိပ်စိတ်မဝင်စားခဲ့ပါဘူး။

      အခုလို ပွိုင့် ခုနှစ်သောင်း မကျော်ခင်ကပေါ့

      :kwi:

      • TNA

        November 17, 2013 at 5:09 pm

        အင်တာနက်လိုင်းမြန်ရင် ဝင်ရလွယ်ပါတယ်။ သဂျီးနဲ့ဆိုင်ဘူးထင်တယ်။ အခုကျွန်မအင်တာနက် လိုင်း ပြောင်းလိုက်တာမယ် ရွာလည်လမ်း ကိုဖလမ်းဖလမ်းထပြေးလို့ရနေတယ်။ အရင်လိုင်းဟောင်း တုန်းက တနေ့နေလို့ပိုစ့်တပုဒ်မပွင့်ဘူး။ တနှစ်လောင်တောင်အဆက်ပြတ် သွားတယ်မှတ်တယ်။ ဝင်ရခက်တာနဲ့လှည့်ကို မကြည့်ဖြစ်တော့တာ။ နောင် အခုနောင်ပိုင်းလိုင်းအသစ်ပြောင်းလိုက်တော့ အရမ်းကိုလွယ်ကူစွာဝင်လို့ရတာနဲ့ မိုးလင်းတာနဲ့ရွာထဲရောက်နေတော့တာပဲဆိုတော့ကားးးးးးးးးးးးးးးးး သဂျီးနှင့်မဆိုင်ဘူးထင်ပါတယ်။ လိုဂိုကတော့ တည်ထောင်သူသဂျီး သဘောကျရင်ပြီးတာပဲမို့ ဒီအမွှေးကျွတ်ဒေါင်းလဲချစ် ရတော့မယ်ထင်ပါ့ :mrgreen: အရင် မန်းဂေဇက်ကနေ မြန်းဂေဇက်လို့ ခေါ်ရတော့မယ် ထင်ဘာ့။ အဲလိုကျလဲမလှတော့ အရှည်ပဲ မြန်မာ့ဂေဇက်လို့ပဲ ရေသောက်ခေါ်ပါတော့မယ်။ ပုံတော့ကြည့်တော့ဘာဘူး။ 😀

  • Khant Khant

    November 16, 2013 at 10:49 am

    ကျတော် လူပြိန်းတွက်နည်းနဲ့တွက်ပြပါရစေ။
    ကျတော် ဒီဆိုဒ်ထဲ တရက်ကို လော့အင်ဝင်ဖို့
    ပျမ်းမျှ တနာရီ အချိန်ပေးရပါတယ်။ဒီလိုပေးရလို့

    MPT ကို ၁၂ဝ ကျပ်ပေးရပါတယ်။
    ဒီတော့ တလကို ၃၆၀ဝ က ဘာမှမလုပ်ရပဲကုန်တာပါ။
    နောက် ဘဝရဲ့ပြန်မရနိုင်တဲ့အချိန်တနာရီအလဟသဆုံးပါတယ်။
    တလဆိုရင် တရက်ကျော် အလဟသ အဝိုင်လည်တာနဲ့
    အချိန်ကုန်ပါတယ်။
    ဒီတော့ မန်ဘာတွေအနေနဲ့
    တလ ၁၀၀ဝ = MPT 3600 + တရက်ကျော်အဝိုင်းလည်း
    ဝိုင်းဝန်းလိုက်ရင် မန်ဘာတွေဘက်ကပိုမြတ်ပါကြောင်း

    မီတာခ တိုးမကောက်ချင်တဲ့

    မြန်းကဇက်လျှပ်စစ်ဝန်ကြီး :mrgreen:

  • ခင် ခ

    November 16, 2013 at 2:17 pm

    ဪ သဂျီးလည်း မြို့ ပြောင်းပြီးမှ ခေါင်းကုတ်နေရပြီနဲ့တူတယ်။
    ဒါဆိုလဲ သဂျီးက သဂျီးဘဲပေါ့ဗျာ။

  • ဦးကြောင်ကြီး

    November 17, 2013 at 11:53 am

    သဂျီးလို့ မခေါ်နဲ့ဒေါ့ကွ.. သူဂ အဆင့်မြင့်သွားပီ.. ရှိတ်စော်ဘွားဂျီးလို့ ခေါ်ချင်ခေါ် အဲလိုမှမဟုတ် မူလာဂျီးလို့ခေါ်ရတယ်..

  • Don Juan Ronald

    November 17, 2013 at 11:02 pm

    အရေးပိုင်မင်းကြီး ၊ ဆို ဘယ်လိုနေမလဲ ?

  • Wow

    November 18, 2013 at 8:29 am

    လိုဂိုကတော့ ကဒေါင်းကို နောက်ကရိုက်တဲ့ပုံ မဟုတ်ပီးတာပဲတဲ့… ဗိုလ်ကေဇီပေါတာ.. :mrgreen:

  • KZ

    November 18, 2013 at 8:42 am

    တယ်ခက်သကိုးကွဲ့။
    ဘာတွေ ခက်ခဲ ချေးများနေကြတုန်းးးး
    လိုဂို ပြောင်းရင် မဝင်ချင်ကြတော့ဘူးလားးးး
    နာမည်ပြောင်းရင် မလာချင်ကြတော့ဘူးလားးးး
    နောက်လင်ရရ၊ နောက် ယောက်ကျား ရရ သိပ် အရေးမပါပါဘူးးး
    အရေးကြီးတာ ဝင်ရလွယ်ပြီး ကိုယ်ရေးချင်တာရေးဖို့ပဲ မဟုတ်ပါလားးးးး
    :boss:

    ပစ်ညှပ်တွေကို သိပ်သိပ် အရေးထားကြတာပဲ။
    ခုခိ ခုခိ။
    😀
    စိတ်ဆိုးနဲ့နော် နီကိုလပ်။
    လူရင်းလို့ သဘောထားလို့ ရေးချင်ရာရေးတာ။

    :chit:

    • Wow

      November 18, 2013 at 9:43 am

      အိုက်စကရင်ခံကျိတာပေါ့အေ… ဂယ်ကတော့ အရင်လင်နဲ့ရတဲ့သားကော ခုယောက်ကျားနဲ့ရတဲ့သားပါ ချစ်ရတာပါပဲ :mrgreen:

      • KZ

        November 18, 2013 at 10:50 am

        အဲဒီ အိုင်စကလင်တွေကိုက ခက်တာပဲ။
        ဘာလို့ လဲကွယ်။

        လာချင်လာပေါ့။
        မလာချင်မလာနဲ့ပေါ့။
        ရေးချင်ရေးပေါ့။
        မရေးချင်မရေးနဲ့ပေါ့။
        ဟိုလူကြောင့် ဒီလူကြောင့် ဟိုပုံကြောင့် ဒီ ပုံကြောင့်နဲ့ ဆိုင်သလားးးး
        ပြောချင်းပြော ကွန်နက်ရှင်ကြောင့်ပဲ ပြောပေါ့။ ကိုယ့်ဟာကိုယ် အလုပ်များတယ်ပြော ပြောပေါ့။

        အယ်။
        အဟိ။
        ဘူ့ကိုမှ ပြောတာဟုတ်ဘူးနော်။
        ကိုယ့်ကိုယ်ကို ဆုံးမနေတာပါ။
        😀

        • လုံမလေးမွန်မွန်

          November 18, 2013 at 1:07 pm

          ဟုတ်ဝူး..ဟုတ်ဝူး..အခုလူတွေက ဘာတွေရေးမှန်းမသိ..ဘာတွေမန့်ကြမှန်းမသိလို့..မလာချင်တော့တာ.. ခွိခွိ… :mrgreen:

    • nicolus agral

      November 18, 2013 at 10:44 am

      အဲလိုပြောကြေးဆိုရင်
      ကြေးအိုးသွားစားတယ်ဗျာ
      အရသာရှိတာချင်းတူမယ်
      ဈေးနှုန်းချင်းလည်းမကွာဘူးဆိုရင်
      ဆိုင်အခင်းအကျင်း ပြင်ဆင်ပုံမကောင်းတဲ့ဆိုင်နဲ့ အပြင်အဆင်မကောင်းတဲ့ဆိုင် ဘယ်ဟာစားချင်လဲ မကြီး
      (မြင်သာထင်သာတဲ့ဥပမာ – တွေ့မရှောင် မကြီးခိုင်)
      အာဟိ

      ဒါနဲ့မန်းလေးလာဦးမှာလား
      ဘယ်တော့လဲ

      • KZ

        November 18, 2013 at 10:55 am

        အဲလာဆို မကြီးနဲ့ တစ်ရက်လောက် မုန့်လိုက်စားးးး
        (အဲလေ)
        မကြီးကို တစ်ရက်လောက် မုန့်လိုက်ကျွေးရင် သိလိမ့်မယ်။ :mrgreenn:

        မျက်လုံးနဲ့ (ဆိုင် အပြင်အဆင်နဲ့) စားတဲ့သူမဟုတ်
        နားနဲ့ (သူများ ကောင်းတယ် အပြောနဲ့) စားတဲ့သူမဟုတ်။

        ကိုယ်တကယ် ကြိုက်ပြီး အရသာရှိတဲ့ ဆိုင် ဆို ချောင်းဘေး မြောင်းဘေး တဲပုတ်စုတ် နေရာမရွေး နယ်မရွေး အချိန်မရွေး စားပါတယ်ကွယ်။

        အစားအသောက် ဆို တွေ့မရှောင်
        :mrgreen:

        • nicolus agral

          November 18, 2013 at 5:41 pm

          မန်းလေးရောက်ရင်ပြောသီးလေ

          မုန့်စားနည်းသင်တန်းတက်မလို့

  • Tristan

    November 18, 2013 at 11:37 am

    လှတပတ ဒေါင်းရုပ် ဆမ်ပယ်တွေ ပေါမှပေါ ကို ….
    ငိငိ

    ကျော် တောင် တကောင်ဖမ်းမိထားသေး…

  • မောင်ဘလိူင်

    November 18, 2013 at 1:32 pm

    ဟိုတုန်းက စဝ်ရန်နိုင် ဝတ္ထုတွေထဲကလို ဘချုပ် သာ ခေါ်လိုက်ပေါ့။ အဟိ။

    😀

  • padonmar

    November 18, 2013 at 8:33 pm

    သဂျီးလို့ပဲ ဆက်၍ခေါ်မည်ခိုင်….. 😀

  • Lay Pai

    November 19, 2013 at 12:48 pm

    သဂျီး ဆိုတော့ ခုခေတ် အခေါ်အရဆိုရင် အုပ်ချုပ်ရေးမှူး ပဲ။
    ဖုန်းကဒ်တွေ တစ်လ ဘယ်နှစ်ကဒ် ဘုန်းလဲ သဂျီး။ ဟီဟိ။

    • kai

      November 21, 2013 at 2:51 pm

      ဘုန်းကဒ်လို့နာမယ်ပေးသည်.. ပိုင်..။

  • koyinmaung

    November 20, 2013 at 7:01 pm

    ရွာနာမည်တောင်ပြောင်းသွားပါလား..အင်တာနက် လိုင်းအဖြတ်ခံထားရလို့
    ရွာနဲ့အဆက်ပြတ်ပြီးမသိလိုက်ရပါလားနော်….
    အေးလေ ဘာဘဲဖြစ်ဖြစ် ကိုယ်နေခဲ့တဲ့ရွာကိုယ့်ရွာဘဲပေါ့….ဟုတ်ဘူးလားသဂျီးရဲ့…
    အယင်ဒေါင်းရုပ်လေးတော့ လွမ်းမိသား….
    သဂျီးလို့ခေါ်တာအသားကျနေလို့သဂျီးလို့ဘဲခေါ်မယ်ဗျို့………

  • မဟာရာဇာ အံစာတုံး

    November 21, 2013 at 11:13 am

    သဂျီး (ခ) မြို့ပိုင်မင်းဂျီး ပါးစပ်က
    ဘာဒွေဘဲ ထွက်ထွက်
    သူ့လက်က ဘာဒွေဘဲ ရေးရေး
    သူသည် … (သို့မဟုတ်) .. သဂျီး ခေါ် မြို့ပိုင်မင်းဂျီးသည်
    မြန်မာတစ်ယောက် ဖြစ်သည်ဟု သိပါရန် …..
    ဒရန်တန့်တန် ။။။

  • Swal Taw Ywet

    November 21, 2013 at 1:26 pm

    တို့ကတော့ တို့ကတော့….
    တို့ကတော့ မိန်းမ မရ ရင် ဘုန်းကြီးဝတ်မယ်…
    အယ်….ဘာမှလဲမဆိုင်ဘူးးးး။
    ရွာထဲဝင်လို့မရရင်……ဖွဘုတ်ဘဲဖွင့်ထားလိုက်တော့တာပါဗျို့။
    With respect,
    Swal Taw Ywet.

  • Mr. MarGa

    November 21, 2013 at 3:11 pm

    အင်း…
    သဂျီးက ဆာဗာချဲ့ရင်
    ရွှေပြည်ကြီးက လိုင်းမကောင်း
    သဂျီးဆာဗာ လက်ဆော့ခံရရင်
    ရွှေပြည်ကြီးက လိုင်းကောင်းနေပြီ
    ဒီလို သံသရာ လည်နေမှတော့
    လေးတယ်ဆိုတာ ဆန်းပါဘု
    ဒါပေမင့် ခုနောက်ပိုင်းတော့ မြန်လာတာကို တွေ့ရပါကြောင်းးးးး

  • မဖြစ်နိုင်လောက်တာကိုဇွတ်ပြောရရင် ning site လေးတွေလိုလှတပတနဲ့ မန့်လို့ရရင်ကောင်းမယ်(သို့)လူတိုင်းကိုအက်ဒစ်လုပ်ခွင့်ပေးသင့်တယ်
    ခွဲခြားခွဲခြားဆိုတာ အဲ့ကစတာပဲ…

Leave a Reply