နားလေးသူ တစ်ယောက်ရဲ့ ဒိုင်ယာရီ…။

black chawNovember 16, 20131min31461

ဒီပို့စ် မှာ ပါတဲ့ ခေါင်းစဉ်လေးတွေကို အရင်ဖေါ်ပြပေးလိုက်ပါတယ်…။
စိတ်ဝင်စားရာ ရွေးဖတ်ကြဖို့ပါ…။
၁။ နားစွန်နားဖျားရပ်ကွက်
၂။ ကဗျာ
၃။ သီချင်း
၄။ ဂျာနယ်
၅။ စာအုပ်
၆။ မှုခင်းသတင်းဆန်းများ
၇။ လွမ်းတတ်သူရဲ့ အလွမ်းမှတ်တမ်း
စသည်ဖြင့်ပေါ့…။
ရတဲ့အချိန်လေးတွေမှာ ရသလိုရေးထားတာပါ…။
ဓါတ်ပုံလေးတွေပါ တင်ဦးမလို့ပါပဲ…။
အချိန်က လုံးဝ မရတော့တာမို့ စိတ်လျှော့လိုက်ပါတယ်…။
ဆိုတော့…
ဒီပို့စ်ထဲပါတဲ့ ကျွန်တော့်အရေးအသား အယူအဆတွေထဲမှာ အမှားပါခဲ့ရင်
ကြိုတောင်းပန်ထားလိုက်ပါတယ်ဗျာ…။

နားစွန်နားဖျား ရပ်ကွက်…။

မိုးစက်ဝိုင် တစ်ယောက် မည်သည့်ဆုကိုမျှ ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ပဲ ရန်ကုန်ပြန်ရောက်လာ…။
တချို့တချို့တွေ လည်း လေဆိပ်အထိ ဆင်းကြိုကြဆိုလား…။
ဦးဘလက်တော့ မအားလို့ ဆင်းမကြိုနိုင်လိုက်ဘူး မိုးစက်လေးရေ…။ ခွင့်လွှတ်တော့ကွယ်…။
People Choice Award ဆု ဘာလို့ မရတာလဲဆိုတာကို Complaint တက်ဦးမလို့ ဆိုလား…။
တော်ပါတော့ ကျောင်းအစ်မရယ်…။
( အဲဒီဆုကရော ခင်ဗျားလေးရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်များ မြှင့်တင်ပေးနိုင်မှာ မို့တဲ့လဲကွယ်…။)

အိုးလေး လှုပ်ပါဟေ့ ရေအိုးလေး လှုပ်ပါဟေ့
ဆိုတဲ့ တောဂေါ်လီ သီချင်းနဲ့ တောပရိသတ်ရော မြို့ပရိသတ်ကိုပါ
ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်နိုင်ခဲ့တဲ့ HIPHOP အဆိုကျော်…၊
အာဒံ၊ ဧဝ၊ ဒသ ဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသားအဖြစ် ပရိသတ် လက်ခံခဲ့တဲ့
ခိုင်ဇာတို့ အကြိုက် စိုင်းစိုင်း…။
ဟုတ်ပါတယ် အဲဒီ ကိုရွှေစိုင်းစိုင်းခမ်းလှိုင်က
မြန်မာပရိသတ် ကြိုက်နှစ်သက်ခဲ့တဲ့ PEE MAK သရဲကားမင်းသမီးလေးနဲ့
တွဲပြီး ရုပ်ရှင်ရိုက်ဦးမယ်ဆိုလား…။
(ဟေးဟေး…ယိုးဒယားမင်းသမီးလေးနဲ့…Love Scence တွေမှာ ကျန်မနေစေနဲ့ စိုင်းစိုင်းရေ…။
နှုတ်ခမ်းခြင်းတေ့နမ်းတဲ့အခန်းမျိုးတွေများ ပါလာခဲ့ရင် အဆင်ပြေအောင်
အခုကတည်းက လေ့ကျင့်ထားဗျ…။)

ဘလက်ချောကြီးကလည်း အဆင်ပြေရင် စိုးမြတ်သူဇာကြီးနဲ့ တစ်ကားလောက်တော့
တွဲရိုက်ချင်တယ်ဆိုလား…။
(အော် ချစ်ရပါသော အိုဘယ့် မကြီးစိုး ငဲ့…။)

ဝတ်မှုံရွှေရည်လေးကတဲ့… အချစ်ရေးနဲ့ပတ်သက်လို့တဲ့…
မူးလို့တောင် ရှူစရာမရှိပါဘူးတဲ့…။
(အိုကွယ်…ရှူစရာမရှိရင် ဘလက်ကြီးကို ရှူ…ထ…လိုက်…စမ်း…ဗါ…။
စိတ်လွတ်လက်လွတ်…၊ စိတ်ရှိလက်ရှိ…ဟေးဟေး…ရှူ…လိုက်…ပါ…။)

ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း အကယ်ဒမီဇင်ဝိုင်းရဲ့သားတော်မောင်
ကျော်ကျော် ခေါ် အကယ်ဒမီမင်းမော်ကွန်းတစ်ယောက်လည်း
ဇနီးဖြစ်တဲ့ ဇာဇာ ခေါ် ဇာဇာလှိုင် က စိတ်ကောက်နေလို့ဆိုလား
ချော့နေရပါတယ်တဲ့…။
(စိတ်ကောက်အောင် မာဆတ်တွေ သွားလားမှ မသိတာ…။ လူဆိုး…။)

နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ မိုးစက်ဝိုင် နဲ့ ထားထက်ထက်တို့ ရဲ့
Two Piece ဖက်ရှင်တွေကို သဘောကျသူတွေအနေနဲ့
နန်းဆုရတီစိုးရဲ့ Two Piece နဲ့ စွဲမက်ဖွက် ခန္ဓာကိုယ်အလှကို
အလန်းဇယား ၂ မှာ အားပါးတရ ရှုစားနိုင်ပါတယ် ဆိုလား…။
ကွယ် ပြောရင်းနဲ့ ရင်ထဲက ဖိုးသိုးဖတ်သပ် ဖိုးသိုးဖတ်သပ်…။
(ဟေးဟေး…

မြင်ယောင်တယ် Two Piece ဝတ်မယ့် Body လေး
ပြေးလိုက်တော့ မင်းဆံပင်ဖွာကျဲ အရိုင်းမလေးလား…

ဘာရယ် မဟုတ်ပါဘူးဗျာ…ကိုသန်းနိုင် သီချင်းလေး သတိရလို့ ညီးမိတာပါ…။
နန်းဆုလေးက လည်း သူ့ Body ကို International Body အဆင့်မီတယ်ဆိုလား…
ပြောထားသေးတယ်ဆိုတော့ ကြည့်ဖြစ်အောင်ကို ကြည့်ဦးမှလို့…
ဘလက်ချောကြီးက အံတကြိတ်ကြိတ်နဲ့ ပြောနေတယ်ဆိုလား…။
ဘာလို့ အံကြိတ်လဲ ဆိုတာ လူချင်းတွေ့မှ မေးကြည့်ကြပေတော့ဗျာ…။

မိုးယုစံလေးကလည်း ကိုဖိုးလပြည့် ကို
(သူ့ မူရင်းအရေးအသားကိုက ကိုပါတာဗျာ…။ အဲဒီအတိုင်းသာ သီးခံဖတ်)
ကျေးဇူးတင်ပါတယ် ဆိုလား…
ကိုဖိုးလပြည့်ကတဲ့ မိုးယုစံနဲ့တဲ့ ဘာဆိုဘာမှ မဟုတ်ပါဘူးတဲ့ဆိုပြီး
Facebook ပေါ်ကနေပြီး ဖြေရှင်းပေးခဲ့လို့ဆိုလား…
(ဘယ်တုန်းက ဘယ်သူတွေက ဘယ်လို စွတ်စွဲလို့ ဖြေရှင်းရတယ်မသိ…။)

လောလောဆယ် အာဘွား အမည်ရ စီးရီးထွက်ထားတဲ့
သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းတစ်ယောက်
လာမယ့် ဖေဖေါ်ဝါရီလရဲ့ ချစ်သူများနေ့မှာ ကိုဥက္ကာမြင့်ကြူ ဆိုတဲ့ သတို့သားနဲ့
လက်ထပ်ကြတော့မယ်ဆိုလား…။
(ခိုးခိုးပြီး အာဘွားပေးနေကြရာကနေ တရားဝင် အာဘွားပေးခွင့် လိုင်စင်ယူကြတော့မယ်ပေါ့…။)

ရုပ်ရှင်မင်းသား နိုင်းနိုင်းရဲ့ ကတော် စန္ဒီချိုလေးမှာ စတုတ္ထမြောက် ကိုယ်ဝန်လွယ်ထားရပြီ ဆိုလား…။
(ဒါတောင် စန္ဒီချိုလေးက အမေရိကားမှာ နေတာနော်…။)

ဒီနှစ်အကယ်ဒမီပွဲမှာ ချောရတနာတစ်ယောက်ကတော့ အကယ်ဒမီ တစ်နေရာ
သေချာနေပြီဆိုလား…။
“ဥ” နဲ့တဲ့…။
ချောရတနာ မှာလည်း ဥ ရှိနေပြီဆိုလား…။ (ကိုယ်ဝန်ကိုပြောတာပါ ဟီး…)
(အောင်မယ် ရများရလို့ကတော့ ဂျာနယ်တွေက
ချောရတနာတစ်ယောက် ဥ နဲ့ ရတဲ့ အကယ်ဒမီကို ဥ ပိုက်ပြီး
တက်ယူတယ်လို့ ရေးကြဦးမှာ မြင်ယောင်သေး…ဟေးဟေး…။)

ကားအက်ဆီးဒင့် ဖြစ်ခဲ့တဲ့ အဆိုတော်လေး ကိုဆိုတေး တစ်ယောက်နေကောင်းသွားပြီဆိုလား…
ကိုဆိုတေး အနေနဲ့ ဘာတွေများ ပြောမလဲဆိုတာ ပရိသတ်က စောင့်မျှော်နေကြတယ်ဆိုလား…
(ဟဲ့…အဆိုတော်ကို ဘာတွေများဆိုမလဲ စိတ်မဝင်စားပဲ ဘာတွေများပြောမလဲ
စိတ်ဝင်စားရတယ်လို့…နေမကောင်းပါဘူးဆို ကောင်လေးက…ဇွတ်…။)

အမေရိကန်သမ္မတ အိုဘားမားရေးဆွဲတဲ့ ကျန်းမာရေးဥပဒေကို ထောက်ခံတဲ့အနေနဲ့ တဲ့…
သရုပ်ဆောင်မင်းသမီး နီနာဒိုဘရက်က အပေါ်ပိုင်းဝတ်လစ်စလစ်နဲ့ ဖွင့်လှစ်ပြသသွားပါသတဲ့…။
( ကွယ် မျက်စိရှက်စရာတွေ…။)
အောင်မယ်…ရင်သား နှစ်မွှာ ကြားထဲမှာတောင်
Get Covered စာတန်းထိုးထားလိုက်သေးဟေးဟေး…။
မကြည့်ရဲ ကြည့်ရဲနဲ့ သတ္တိမွေးပြီးကြည့်လိုက်လို့ မြင်လိုက်ရတာပါ…။
ဒါမျိုးဆို ဘလက်ကြီးက ဝါသနာပါလှတယ် မဟုတ်ဘူးရယ်…။
(အဲဒါနဲ့ပဲ ဘလက်ကြီးတစ်ယောက် အစိုးရက တိုးကောက်တော့မယ့် မီတာခ တွေကို
ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ အင်း…ဘယ်မင်းသမီးကများ အပေါ်ပိုင်း ဝတ်လစ်စလစ်နဲ့
ပွဲထွက်လာလေမလဲပေါ့…။
ဝတ်မှုံရွှေရည်လား…၊ ရွှေမှုံရတီလား၊ သဉ္ဖာဝင့်ကျော်လား၊ သဉ္ဖာနွယ်ဝင်းလား…၊
ပြည်သူ့အတွက်ပဲ သာမီးလေးတို့ရယ်…။
သာမီးလေးတို့ ရှေ့ကနေ ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ပါ…။
ဦးဘလက်ကြီးတို့ကလည်း ရှေ့ကနေပဲ ရဲရဲဝင့်ဝင့် စောင့်ကြည့်ပေးမလို့ ပါ…။
နှာဗူးကြီး…။)

မြန်မာပြည်ရဲ့ တစ်ဦးချင်းဝင်ငွေဟာတဲ့ ကမ္ဘာ့အဆင့်မှာ ၂၀၅ ဆိုလား…။
ကွယ်…ဘိတ်ဆုံးမဟုတ်ပြီးတာပဲပေါ့…။
(ရှေ့မှာ နိုင်ငံပေါင်း ၂၀၄ နိုင်ငံပဲ ရှိနေသေးတဲ့ဟာကို…။
ကိုယ့်နောက်မှာ ဆိုမာလီတို့ အာဖဂန်တို့ ရှိနေသေးတာပဲ အေးဆေးအေးဆေး…။
သခင်မျိုးဟေ့ ဒို ဘာမန်…။)

ဒီတစ်ပတ် နားစွန်နားဖျားရပ်ကွက် ကတော့ ဒီလောက်ပါပဲကွယ်…။

ကဗျာ…။

ကျွန်တော်တို့ရွာမှာ ကဗျာ က အားကောင်းလွန်းပါတယ်…။
သီးသန့် ကိုယ်ပိုင်ပို့စ်နဲ့ ကဗျာတွေ တင်နေသူတွေရှိသလို စုပေါင်းအားနဲ့
ကဗျာတွေတင်ပြီး အကောင်းဆုံးကဗျာ ရွေးခြယ်မှုကလည်း ရှိနေပြန်ရော…။
ဆိုတော့…လက်ရှိ ကျွန်တော်တို့ ရွာရဲ့ အားအကောင်းဆုံးက
ကဗျာလို့တောင် ပြောလို့ရနေပါပြီ…။
ထုံးစံအတိုင်း ကျွန်တော့်ပို့စ်မှာ ကျွန်တော်ခံစားလို့ရတဲ့
နှစ်ချို့ဝိုင်လို ကြာလေဟောင်းလေ ကောင်းလေဆိုတဲ့
ကဗျာလေးတချို့ကို တင်ပြပေးချင်တာပါ…။
ကဲ ၁၉၉၃ နိုဝင်္ဘာလထုတ် ရတနာသစ်မဂ္ဂဇင်းထဲက ဆရာ ညွန့်ဝေ(ကသာ) ရဲ့
လက်ရာ ကဗျာလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ…။
အခု ၂၀၁၃ နိုဝင်ဘာလရောက်နေပြီဆိုတော့ လွန်ခဲ့တဲ့ အနှစ် ၂ဝ တိတိက ကဗျာပေါ့…။
ဒီနေ့ ခေတ် နဲ့ ကိုက်ညီနေပါသလား…။
ညီငယ် ညီမငယ်များ အတွက်ရည်ရွယ်တာပါဗျာ…။

သူခိုးဖမ်းပွဲ
သန်းခေါင်ယံမှာ
အိပ်ယာမှနိုး
“သူခိုး…သူခိုး”
ညာသံပျိုး၍
ရွာရိုးလှုပ်လှုပ်
အုတ်အုတ်သဲသဲ သူခိုးဖမ်းပွဲ…။

ဝိုင်းလိုက်မနှေး
ပြေးလွတ်နိုင်ရိုး
ခိုးထုပ်ခိုးထည်
ထဘီ နှစ်ကွင်း
အင်္ကျ ီ နှင့် ပုဆိုး
သူခိုးခမျာ
မျက်နှာ ဇီးရွက်
လက်ပြန်နှောင်တုပ် လူအုပ်အလယ်…။

“မအေ…သူခိုး
ဆိုးချင်ဦးဟ
ခိုးဦးဟ” ဟု
နှုတ်မှကျိန်တွယ်
ဘယ်ပြန်ညာပြန်
နားပန်ကျင်းသူ
ဗိုက်ဆူဆူ
သူအကဲဆုံး ဘယ်သူတုန်း
ပြည်သူပိုင်တွေ အလွဲသုံး
ရာထူးပြုတ်သည့် ဦးငွေဘုန်း
တိုက်နှင့် တာနှင့် လူတစ်လုံး…။ ။

ဒီကဗျာလေး နဲ့ ပတ်သက်ပြီး ၁၉၉၄ ခု ဇန္နဝါရီလထုတ် ဟန်သစ်မဂ္ဂဇင်းထဲမှာပါခဲ့တဲ့
ဆရာ မောင်သွေးချွန်ရဲ့ မှတ်ချက်လေး ဖတ်ကြည့်ပေးကြပါဦး…။

သူခိုးဖမ်းပွဲကို မြင်လာထင်လာအောင် အသံတွေပါ ကြားလာအောင်
ဖွဲ့ဆိုသွားနိုင်တဲ့ ကဗျာတစ်ပုဒ်ပါပဲ…။ ရွာသားတွေက
“ထဘီ နှစ်ကွင်း၊ အင်္ကျ ီ နှင့် ပုဆိုး” ခိုးတဲ့ အညတရ သူခိုးကို
ဖမ်းမိခဲ့သလို ကဗျာဆရာကတော့
“ပြည်သူပိုင်တွေ အလွဲသုံး၊ ရာထူးပြုတ်သည့် ဦးငွေဘုန်း၊ တိုက်နှင့်တာနှင့် လူတစ်လုံး” ကို
အမိဖမ်းပြခဲ့ပါတယ်…။

ဒီနေ့ခေတ်နဲ့လည်းကိုက်နေလို့ရယ်…
ကဗျာသမား ညီငယ် ညီမငယ်လေးတွေကိုလည်း ဖတ်စေချင်လို့ရယ်…
မောင်သွေးချွန်လို ဆရာတစ်ယောက်ပေးတဲ့ မှတ်ချက်လေးကိုလည်း လေ့လာစေချင်လို့ရယ်…
ပို့စ်ထဲ ထည့်ရေးလိုက်တာပါဗျာ…။
အဆင်ပြေရင် လက်ခုတ်သံလေး ကြားချင်ပါတယ်ပေါ့…။

သီချင်း…။

မဆလခေတ် ၁၉၈၅ လောက်က ပေါ်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်အကြောင်း ပြောဦးမယ်ဗျာ…။
စောဘွဲ့မှူးရေးပြီး လွှမ်းမိုးဆိုခဲ့တာပါ…။
အရှေ့ရန်ကုန် အနောက်ရန်ကုန် လို့ အမည်ရပါတယ်…။
သျှီ သို့ သစ်ခုတ်သမားရဲ့ လွမ်းခြင်း စီးရီးစ် ထဲကပေါ့…။
အချစ်သီချင်း ရိုးရိုးလေး တစ်ပုဒ်ပဲ ဆိုပါစို့…။
အရှေ့ဂျာမနီ နဲ့ အနောက်ဂျာမနီ မပေါင်းစည်းခင်…
ဘာလင်တံတိုင်းကြီး နဲ့ ခြားထားသလို
ကောင်မလေးနဲ့ သူနဲ့ကြားမှာလည်း ပကာသန တံတိုင်းကြီးနဲ့
ခြားထားတဲ့ အရှေ့ရန်ကုန် အနောက်ရန်ကုန်
ဆိုပြီး ချွဲတဲ့ သီချင်းပေါ့…။
အဆာပလာလေးတွေလည်း ပါတာပေါ့…။
စာသားတွေက ဒီမှာဗျာ…ရော့…ဖတ်ကြည့်…။

မဟာရန်ကုန်အရှေ့ပိုင်းမှာ နေထိုင်ကြီးပျင်းတဲ့ ချစ်သူထံ
မဟာရန်ကုန်အနောက်ပိုင်းက တို့ မသွားနိုင်ပါ…။
ပလေဒီယံ ရုံကို အတူသွားရင် ၂ ကျပ်ခွဲတန်းပဲ ပြနိုင်သူမို့
ဗီဒီယို ကိုယ်ပိုင်ဝယ်မထားနိုင်
မာစီဒီးကားစီးတဲ့ ပေါင်မုန့် စီးကရက်သောက်တဲ့
ချောကလက်ကြိုက်တဲ့ မင်းတို့အိမ်နဲ့…
မဟာအုတ်တံတိုင်းပိုင်းခြားနေပါပေါ့..
အရှေ့ဘာလင်… အနောက်ဘာလင်လို…
ပကာသနတံတိုင်း ပိုင်းခြားနေပါတဲ့…
အရှေ့ရန်ကုန်…အနောက်ရန်ကုန်…။
တော်ရာမှာသာ နေတော့မယ် ပျော်ရာအရပ်ကမီးလိုပူ
အပူခံနိုင်အောင် တို့အသည်းမှာ အအေးခန်းမပါပါ…
ဆိုဖာထူထူမှာ ကျားသစ်ရေ ကျောက်စိမ်းခွက်နဲ့ ဆေးလိပ်ပြာခြွေတဲ့
ရွှေအိမ်စံနိုင်သူအချစ်ကလေးနဲ့
မိုးတွင်းဘက်ကျ မိုးယို ဆောင်းတွင်းဘက်သိတ်ချမ်းတယ်
ဝါးနဲ့ ဆောက်တဲ့ ကျွန်တော့်ရဲ့အိမ်ကြောင့်
မဟာအုတ်တံတိုင်းပိုင်းခြားနေပါပေါ့…
အရှေ့ဘာလင်..အနောက်ဘာလင်လို…
ပကာသနတံတိုင်း ပိုင်းခြားနေပါတဲ့…
အရှေ့ရန်ကုန်…အနောက်ရန်ကုန်..။

သီချင်းက ခေတ်ကို ပြောပြနေပါတယ်ဗျာ…။
သူက ရုပ်ရှင်ရုံသွားရင်တောင် ၂ ကျပ်ခွဲတန်းပဲ ပြနိုင်တဲ့သူပါတဲ့…
မဆလ ခေတ်က ပြောပါတယ်…။
အခုများကျတော့ ပိုက်ဆံ ၂၀၀ လာက် အိတ်ထဲထည့်သွားရင်…
ဘတ်စ်ကားခတောင် ရပါ့မလားမသိ…။
ရုပ်ရှင်ကြည့်ဖို့တော့ အိပ်မက်တောင်မမက်လေနဲ့…။
ငွေတန်ဘိုးတွေ ကျလာတယ်ဆိုတာ ထင်းထင်းကြီး မြင်နိုင်ပါတယ်…။
နောက်…။
သူက ဗီဒီယို ကိုယ်ပိုင် ဝယ်မထားနိုင်သူတဲ့…။
မဆလခေတ် ဆင်းရဲသားများ…အပေါ်စက်အောက်စက်မပြောနဲ့…။
ကက်ဆက်တောင် အိမ်တိုင်းမှာမရှိ…။
နည်းနည်း အဆင်ပြေတဲ့ မိသားစုလောက်မှာသာ ကက်ဆက်ရှိတာပါ…။
တီဗီတွေ အောက်စက်ဗီဒီယိုတွေရှိတဲ့ လူတန်းစားကတော့…
အထက်တန်းလွှာပေါ့ဗျာ…။
ဟော…
ဒီဘက်ခေတ်ကျတော့ အိမ်တိုင်းမှာ အနည်းဆုံး တီဗီတစ်လုံးတော့ရှိရဲ့…။
ကြီးတာ သေးတာပဲ ကွာမယ်…။
တရုတ်လုပ်တွေ ဂျပန်လုပ်တွေပဲကွာမယ်…။
တချို့ ဆင်းရဲသားအိမ်မှာတောင် တီဗီ ၂ လုံးရှိရဲ့…။
တစ်လုံးက မြဝတီ…၊ တစ်လုံးက MRTV 4 ကြည့်ဖို့တဲ့…။
ဒါတွေက သိသာထင်ရှားတဲ့ တိုးတက်မှုပေါ့…။
လွှမ်းမိုးသီချင်းထဲက ဆင်းရဲသားကတော့ ဗီဒီယို ကိုယ်ပိုင်ဝယ်မထားနိုင်တဲ့
မဆလခေတ် ဆင်းရဲသားဗျ…။
ဒီနေ့ခေတ် ဆင်းရဲသားကျွန်တော်က…
မဆလခေတ်ဆင်းရဲသား လွှမ်းမိုး သီချင်းကို ပြန်နားထောင်ပြီး…
ဝမ်းနည်းရမလိုလို ဝမ်းပဲ သာရမလိုလို…။
ရူးကြောင်မူးကြောင်နဲ့ သီချင်းနားထောင်ပြီး တွေးမိတဲ့ ဂေါက်တောက်တောက်အတွေးဗျ…။
သီချင်းထဲပါတဲ့ လွှမ်းမိုးရဲ့ ချစ်သူကို ကြည့်ကြဦးစို့ရဲ့…။
မာစီဒီးကား စီးနိုင်တဲ့သူဗျာ…။
မာစီးဒီးကား ကတော့ ဟိုတုန်းကလည်း သူဌေးစီးကားပဲ…။
ဒီနေ့ခေတ်မှာလည်း သူဌေးစီးကားပဲ…။
မပြောင်းလဲဘူးလို့ ပြောလို့ရတယ်ပေါ့…။
နောက်… ေပါင်မုန့် စီးကရက်သောက်တဲ့…။
မဆလခေတ်က ပေါင်မုန့် တို့ စီးကရက်တို့ဆိုတာ…
သူဌေး သုံး ပစ္စည်းတွေပေါ့…။
မဆလခေတ် ဆင်းရဲသားတွေဟာ
ပေါင်မုန့် စားဖို့ စီးကရက်သောက်ဖို့ဆိုတာ
အလှမ်းဝေးလွန်းလှတယ်ပေါ့…။
ဒီနေ့ခေတ် ဆင်းရဲသားတွေကျတော့
ပေါင်မုန့်များ Good Morning စားမလား…။
Garden စားမလား…။ ကြိုက်ရာရွေး…ဈေးနှုန်းကလည်း အေးဆေး…။
ဟေးဟေး…။
သီချင်းထဲမပါပေမယ့် ကြုံလို့ထည့်ပြောချင်သေးတာက…
နက်စ်ကော်ဖီ ကိစ္စဗျ…။
မဆလခေတ်က နက်စ်ကော်ဖီဆိုတာ တော်ရုံ သောက်နိုင်ကြတာမဟုတ်ပါဘူး…။
တော်ရုံ လဖက်ရည်ဆိုင်တွေမှာလည်း မရနိုင်ပါဘူး…။
အိုဗာတင်းတွေ မိုင်လိုတွေကတော့ ပိုဝေးသေးတာပေါ့…။
ဟော ဒီနေ့ခေတ်မှာတော့ ပိုက်ဆံ တစ်ရာလောက်ရှိရင်…
နက်စ်ကော်ဖီသောက်မလား၊ မိုင်လိုလား၊ အိုဗာတင်းလား
အကုန်ရတယ်…။ လမ်းထိတ်က ကွမ်းယာဆိုင်မှာကို လွယ်လွယ် ဝယ်လို့ရတယ်…။
အဲဒီအကြောင်း ဆရာနေဝင်းမြင့်ကြီးက နတ်ကော်ဖီ ဆိုတဲ့ ဝတ္ထုလေး ရေးခဲ့သေးတာပေါ့…။
နက်စ်ကော်ဖီ ကို စွဲလမ်းပြီး သေသွားတဲ့
မဆလခေတ်ရဲ့ ဆင်းရဲသားတစ်ယောက်အကြောင်းရေးထားတာလေ…။
မင်းသားနာမည်က ချန်ထွန်းအောင် ဆိုလား မှတ်မိနေပါသေးတယ်…။
ဒီနေ့ခေတ်မှာတော့ နက်စ်ကော်ဖီဆိုတာ တောရွာတစ်ရွာက
ကွမ်းယာဆိုင်တစ်ဆိုင်မှာတောင် တစ်ရာလောက်ပေးရင်
ဝယ်သောက်လို့ ရနိုင်ပါပြီဗျာ…။
ခေတ် နော်…။ သိတ်ကြောက်ဖို့ ကောင်းတဲ့ ခေတ်…။
အဲဒီဝတ္ထုဖတ်ပြီး မဆလခေတ်ကို ကျွန်တော် ပိုမုန်းသွားမိတယ်ဗျာ…။
သူတို့ ပြောသလို နောက်ကြောင်းတော့ ပြန်မလှည့်ပါရစေနဲ့…။
မဆလခေတ်က စီးကရက်ဆိုတာ သူဌေး သုံး ပစ္စည်းဗျ…။
ကျွန်တော်တို့ ဆင်းရဲသားတွေခဗျာတော့…
ခွဲတမ်းထဲမှာ ဒူးယားတစ်ဗူးကို ၂ အိမ်ထောင်နှုန်းနဲ့ပေးလို့…
ခွဲတမ်းပစ္စည်းလာကောက်တဲ့ မိန်းမကြီးတွေလက်ထဲ…
အမြတ်ငွေ အကြွေတချို့နဲ့ လဲခဲ့ရတဲ့ဘဝတွေ…။
ပြီးမှ ကိုးငါးလုံးတို့၊ ကျားပျံမကောက်တို့၊ မသိန်းတင်တို့ နဲ့
ခံတွင်းချင်တာကို ဖြေဖျောက်ပေါ့…။
စီးကရက်တောင် နပ်မမှန်တဲ့ မဆလခေတ်ဆင်းရဲသားဘဝကို
ကျွန်တော်တို့ ဖြတ်သန်းခဲ့ဘူးတာ ဒီသီချင်းလေးက သတိပေးနေလေရဲ့..။
ဟော…ဒီနေ့ခေတ် ဆင်းရဲသားတွေကိုကြည့်လိုက်ဦး ကျောင်းဒကာတို့ရေ…။
စီးကရက်များတော့ Vသောက်မလား၊ Red Ruby သောက်မလား…။
London တောင်ပြန်ပေါ်နေပြီဆိုလား…။
ဗူးလိုက်တောင် အိတ်ထဲထည့်သောက်နေကြတဲ့ခေတ်ကိုးဗျ…။
ပိုက်ဆံလေး နည်းနည်းရွှင်ရင် Marlboro တွေ Mild 7 တွေနဲ့တောင်
ညိမ့်လို့ရသေး…။
ဟိုခေတ်တုန်းက ဒိတ်ဒိတ်ကျဲ 555 က ဒီခေတ်တော့..
ဖီးလ်သိတ်မလာကြတော့ဘူးဆိုလား…။
ကျွန်တော်ကတော့ ဒီသီချင်းလေးထဲက
ခေတ်ဆိုး စံနစ်ဆိုး မဆလခေတ် ရဲ့ နိမ့်ကျတဲ့ ဆင်းရဲသားတွေရဲ့ ဘဝထက်
ဒီနေ့ခေတ် ဆင်းရဲသားတွေရဲ့ ဘဝက နည်းနည်းလေးများ
ပိုမြင့်လာသလားလို့…
လွှမ်းမိုးသီချင်းလေးနားထောင်ပြီး
ချဲ့ကားတွေးနေမိတာလေး ရေးမိတာပါဗျာ…။
အတွေး လွဲ အမြင်လွဲသွားရင်လည်း ခွင့်လွှတ်ပေ့ါ…။

ဂျာနယ်….။

သူရိယ အလင်း ဆိုတဲ့ ဂျာနယ်ကို FB မှာ ဆရာသွန်း (သွန်းနေစိုး) ညွှန်းလို့ ကျွန်တော် ဖတ်ဖြစ်ပါတယ်…။
အကြောက်တရားလွှမ်းမိုးတဲ့ ခေတ်ထဲမှာ လူဖြစ်လာရသူ တစ်ယောက်အနေနဲ့ မှတ်ချက်ပေးရရင်…
ရဲရင့်လွန်းတယ်ပေါ့ဗျာ…။ ပွင့်လင်းလွန်းတယ် ပေါ့ဗျာ…။
သူ့ကျတော့လည်း အကြောက်တရားကင်းလွန်းလို့ ကြက်သီးတွေတောင်ထမိပါရဲ့…။
ရေးရဲတဲ့ သတ္တိကိုတော့ အသိအမှတ်ပြုကို ပြုသင့်ပါတယ်…။
လက်ထဲကိုင်ဖတ်ရုံဖတ်နေတဲ့ ကျွန်တော်တောင် ဟိုကြည့်သည်ကြည့်…။
မတော် ညီလေး ခဏလိုက်ခဲ့ကွာဆိုပြီး ဆွဲခေါ်သွားမှဖြင့်…။

သတ္တိက အဲဒီလို…။
ကျွန်တော် ကတော့ အသိအမှတ်ပြုပါတယ်…။
ပြီးတော့မှ ရေးသင့်တယ် မရေးသင့်ဘူးဆိုတာက သီးခြားကိစ္စပါ…။
စာနယ်ဇင်းကျင့်ဝတ်နဲ့ ညီတယ် မညီဘူးဆိုတာကလည်း ကျွန်တော်တို့ အလုပ်မဟုတ်ပါ…။
ဒါကတော့ လူကြီးတွေ လုပ်ရမယ့် အလုပ်မို့ မပွားတော့ဘူးဗျာ…။
ဖတ်လို့ကောင်းတယ် ဆိုတာကိုတော့ ဝန်ခံရပါမယ်…။
ကျွန်တော် ဖတ်မိတဲ့ သူရိယအလင်း ဂျာနယ်ထဲက ဆောင်းပါး ခေါင်းစဉ်တွေကိုလည်း ကြည့်လိုက်ဦး…။
“ကျားဆိုတာ တစ်နေ့တော့ ကြောင်ဖြစ်သွားတာပဲ” တဲ့…။
“လပြည့်ည ပြီးရင် လကွယ်ညနဲ့ လမိုက်ည လာစမြဲပဲ” တဲ့…။
“ရုရှားမယ်စကြဝဠာပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ် ရွေးချယ်မှု နောက်ကွယ်က
ခရိုနီကြီးများ၏ အရှုပ်တော်ပုံ” တဲ့…။
“မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် (သို့မဟုတ်)
ရွှေပေါ်မြတင် ညီလေးများထံသို့ ပေးစာ” တဲ့…။
“သမ္မတ ထံသို့ အိတ်ဖွင့်ပေးစာ” တဲ့…။

ကျွန်တော့်မှာ အထူးအဆန်းကြီးတွေဖြစ်…တအံ့တဩကြီးတွေဖြစ်လို့…။
မအံ့ဩပဲ နေနိုင်မလားဗျာ…။
စစ်သူရဲ ဗလမင်းထင်ရဲ့ သတ္တိကိုလည်း ဖတ်ကြည့်ကြပါဦး…။

“ကျုပ်ကလည်း ဂရုမစိုက်ဘူး။ လူထုအတွက်ပဲ သေချင်သေပါစေ။ ကျုပ်နောက်မှာ လူထုရှိတယ်။
ဆင်းရဲသားပြည်သူတွေရှိတယ်။ ၈၈ ထောင်ထွက်တွေ အားလုံးရှိတယ်။
တပ်မတော်ထဲက မှန်ကန်တဲ့ တပ်မတော်သားတွေ အရာရှိတွေ ရှိတယ်။
ခင်ဗျားတို့ ကျုပ်တို့ အကျိုးကို ထိပါးလာခဲ့ရင်တော့ ဝက်သားဟင်းနဲ့ ချဉ်ပေါင်ဟင်းခွက်ရော
ချဉ်ပေါင်ကြော်ရော အဆင်သင့်ကိုင်ပြီးစောင့်တယ်။
ဒီနေရာမှာ စစ်သူရဲ ဗလမင်းထင် ဆိုတဲ့ ကောင်က ခရိုနီ အားလုံးကို အတိအလင်းသတိပေးလိုက်မယ်။
ကျုပ်ပြည်သူအတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ကျုပ်စာကို ဖေါ်ပြပေးနေတဲ့
သူရိယအလင်း ဂျာနယ်ကို ထိပါး စော်ကား လုပ်ကြံလာမယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့
ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ်ဆိုတာ ရယ် ခင်ဗျားတို့အားလုံး
နောင်တကြီးစွာရသွားစေရမယ် ဆိုတာတော့ ပြတ်ပြတ်သားသား ပြောထားလိုက်မယ်”

အဲဒါလေးတွေ ဖတ်ပြီး ကိုသွန်း (သွန်းနေစိုး) က ညွှန်းတာထင်ပါရဲ့…။
ကျွန်တော်ကလည်း ရှာဖတ်မိတယ်ပေါ့ဗျာ…။
ဂျာနယ်ဖတ်ပြီး ကိုသွန်း (သွန်းနေစိုး) FB က ပို့စ်မှာ ကွန်းမန့်လေးတောင် သွားကညော့လိုက်မိသေး…။
ငြိမ်ခံနေလိမ့်မယ်တော့ မထင်ဘူးဗျို့… ဆိုပြီးတော့ပေါ့…။
ရှေ့ဖြစ်ဟော ဆရာလိုလို ဘာလိုလိုပေါ့…။
ဟော ညလည်းကျရော…။
ဂျာနယ်တိုက် ထဲ ဝင်ပြီး ကွန်ပျူတာ တွေ ဖြုတ်သွားကြဆိုလား ကြားရတော့တာပဲဗျာ…။
သူရိယနေဝန်း ဂျာနယ်ရဲ့ စီအီးအို ဆရာနေဝန်းခေတ်မိုးဟိန်းဆိုသူကလည်း
သိတ်ပြီးခေသူတော့ ဟုတ်ဟန်မတူပါ…။
ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့နဲ့ တွဲရိုက်ထားတဲ့ ကိုမိုးဟိန်းရဲ့ ဓါတ်ပုံကို
ဂျာနယ်အဖုံးမှာ တွေ့လိုက်ရသကိုးဗျ…။
ပြီးတော့ကျတော့ ပြန်ထွက်လာတဲ့ သူရိယနေဝန်းထဲမှာ ရေးထားတာလေးလည်း
ဖတ်ကြည့်ကြဦး…။

သူရိယအလင်း ဂျာနယ်ကို ညသန်းခေါင်လာပြီး ကွန်ပျူတာတွေ မသွားတဲ့
အကောင် ၁ရ ယောက်စလုံးရဲ့ ဘဝတွေအားလုံး သေဆုံးသွားပြီဆိုတာ
ဘအုပ်က ပြောလိုက်မယ်။ သူတို့ ၁ရ ယောက် လုံး ဘဝတွေသာမကဘဲ
သူတို့ရဲ့ သား သမီး မြေးမြစ်အထိ ဂဠုန်ဦးစောမိသားစု ဘဝလိုပဲ
လူတောထဲဝင်တိုးလို့ မရတော့ဘူးဆိုတာ မြဲမြဲသာ မှတ်ထားကြပေတော့။

ဟေးဟေး…မင်းသိင်္ခ ဝတ္ထုတွေထဲက လူစွမ်းကောင်းတွေ
အပြင်ကိုရောက်လာတာများလား…။
အင်း…ပွဲကတော့ ကြည့်ကောင်းပြီပေါ့ဗျာ…။
ရေးတဲ့လူကလည်း ရေးခဲ့တယ်…။
တုန့်ပြန်တဲ့လူကလည်း တုန့်ပြန်တယ်…။
ကြားထဲက ကျွန်တော်တို့က ဘယ်သူမှန်တယ်ဆိုတာ ပြောရခက်ကြီးဖြစ်နေပြန်ရောဗျာ…။
ကျွန်တော်တို့ကို အသိဉာဏ်ဖွင့်ပေးဖို့ တာဝန်ရှိတဲ့
ဂျာနယ်တွေဘက်ကလည်း သူရိယအလင်း ကိစ္စမှာ ငြိမ်သက်လွန်းနေတယ်လို့ ထင်မိတယ်…။

ရေးတဲ့သူ (သူရိယအလင်း) က ဘာမှားသလဲ…တုန့်ပြန်တဲ့သူက ဘာမှားသလဲ စသည်ဖြင့်…။
ကျွန်တော်တို့ မှာ ကိုးကားစရာ မရှိ…။
ဟယ်…ဘာပဲ ဖြစ်ဖြစ် ကိုယ်မြင်တာကိုယ်ရေးကြည့်တာ ပဲ ကောင်းပါတယ်ပေါ့…။
ကျွန်တော့် အနေနဲ့ကတော့ ဂျာနယ်တွေများပြီး ဖတ်စရာရှားနေတဲ့ ခေတ်ကြီးထဲမှာ
ဖတ်စရာတွေပါတဲ့ သူရိယနေဝန်းဂျာနယ် ဆက်လက်ရှိနေတာကို ကြိုဆိုပါတယ်…။

( သူရိယ အလင်း ကရပ်သွားပြီး အခု သူရိယနေဝန်း ဆိုပြီး ပြန်ထွက်နေပါတယ်)
ရေရှည်လည်း တည်တံ့စေချင်ပါတယ်…။
ကျော်ဟိန်းကြီးရဲ့ အကြွေး ဗီဒီယို ဇာတ်ကားနဲ့ ပဲ ဥပမာပေးပါရစေတော့…။
အကြွေးဇာတ်ကားမှာ ကျော်သူက အောင်ဗလ ဆိုတဲ့ မင်းသားနေရာက…။
ကျော်ဟိန်းက ဂျပန်အလိုတော်ရိ ဘဒင်ဆိုတဲ့ ဗီလိန်နေရာက…။
ဘယ်လောက်အထိ ဗီလိန်ကျလိုက်သလဲဆို ကျော်ဟိန်းရဲ့ ဖိနှိတ်ရက်စက်မှုအောက်မှာ
တစ်ရွာလုံးဟာ ဗြောင်းဆန်လို့…မျက်ရည်နဲ့ မျက်ခွက်တွေ ဖြစ်လို့…။
ကျော်သူ့ အမေကိုသတ်…။ (အဖေကိုတောင် သတ်လိုက်သေးလားမသိ)
ကျော်သူ့ ခဗျာ ကျော်ဟိန်းကြီးရဲ့
ဟောဒီလို ပစ်တတ်ဖို့ ဆယ်နှစ်ဆယ်နှစ် ဆိုပြီး သောက်မြင်ကတ်စရာ မျက်နှာကြီးနဲ့ ရိတာကို
သနားစဖွယ် ခံရသေး…။ (ကန်တော့ နော် ဦးဇင်းကျော်ဟိန်း…။)
ဘယ်ကလိမ့်ဦးမလဲ…။
ကျော်ဟိန်းကြီးက ကျော်သူ့ ရည်းစား ဇင်မာဦးကြီး ကို ခြေတော်တင်…သိမ်းပိုက်…။
(အောင်မယ် ဇင်မာဦးကြီးက ခြေတော်မတင်ခင်တော့
ကျော်ဟိန်းကြီးပုခုံးကို ဓါးမကြီးနဲ့တောင် ခုတ်ထ
လိုက်သေး)
လင်ရယ်မယားရယ် ဖြစ်လာကြတော့ ချစ်လာကြတာပေါ့…ဆိုတဲ့စကားအတိုင်း…
နောက်တော့လည်း ကျော်ဟိန်းကြီးနဲ့ ဇင်မာဦးကြီးတို့ ညားကြလေသတည်းပေါ့…။
ကျော်သူ့ခင်ဗျာ
အမေလည်းသေ ရည်းစားလည်းဆုံး…။
နောက်တော့လည်း ဇင်မာဦးကြီးက ကျော်ဟိန်းကြီးကို အစ်ကိုကြီး အစ်ကိုကြီးနဲ့ ပါးစပ်က မချတော့ဘူး…။
ဟေးဟေး…မိန်းမတွေများ မပြောချင်ဘူး…။
အဲဒါနဲ့ ကလေးတစ်ယောက်ရ…။
ခေတ်တွေပြောင်းလာတော့ ဘဒင်ကြီးက လိမ္မာသွားတယ်ပေါ့…။
အဲဒီမှာ ကျော်ဟိန်းက မင်းသားဖြစ်ပြီး ကျော်သူက ဗီလိန်ဖြစ်တော့တာပဲဗျို့…။
အဲဒီအချိန်ကျတော့မှ ကျော်သူက သေနတ်ပစ် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်…။
ကျော်ဟိန်းကြီးကို သွားစိန်ခေါ်ပေါ့…။
ကျော်ဟိန်းကြီးကလည်း သားလေး ရှင်ပြုပြီးမှ ပစ်ကြရအောင်ပေါ့…။
အောင်မယ် အဲဒီဇာတ်ကားရှာလို့ရရင် ပြန်ကြည့်ကြည့်ဗျ…။
အဲဒီအချိန်ကျတော့ ကျော်ဟိန်းကြီးက သနားစရာ အဘိုးကြီးဖြစ်နေပါရောလား…။
ပရိသတ်ကလည်း သနားတော်မူကြသတဲ့…။
ကျွန်တော်လည်း ပါခဲ့ပါတယ်ဗျာ…။
ကျော်သူကလည်း ဇာတ်ညွှန်းအလိုတော်အရ သေနတ်တစ်လက်နဲ့
ပစ်မယ်တကဲကဲပေါ့…။
ဇာတ်သိမ်းခါနီးလေ ကျော်သူက ဗီလိန်ဘက်ရောက်ရောက်သွားလေ…။
အဲဒါ ဇာတ်ရဲ့ အထွဋ်အထိပ်ဗျ…။
ဒီလောက်မိုက်ရိုင်းရက်စက်ယုတ်မာခဲ့တဲ့ ကျော်ဟိန်းကြီးက သနားစရာ ဖြစ်ပြီး…
အမေအသတ်ခံရ…ရည်းဇား ခြေတော်တင် သိမ်းပိုက်ခံခဲ့ရတဲ့ ကျော်သူကြီးက
ပရိသတ်အမြင်မှာ ဗီလိန်တစ်ပိုင်းဖြစ်ခဲ့ရ…။
အဲဒီကားနဲ့ ကျော်ဟိန်းကြီးက ကျော်သူကို အလဲထိုးခဲ့တယ်ရယ်လို့ အဲဒီခေတ်က စာနယ်ဇင်းတွေက
ရေးခဲ့ကြသေးတာပေါ့…။
ပြောချင်တာက ဆရာတို့ကို အကြွေးထဲက ကျော်သူလို မဖြစ်စေချင်ပါဘူး…။
အဲဒီလို မဖြစ်ဖို့ လိုတယ်နော် ဆရာတို့ရေ…။
Strategy တော့လိုမယ်ထင်တယ်ဗျာ…။
အမှန်တကယ်လိုအပ်သော သတ္တိ က ဆရာတို့ဆီမှာရှိနေပြီမို့…
Strategy လေးပဲ လိုတော့တာပါ…။
ဆရာတို့က အမှန်ကိုရေးပေမယ့် အရေးမှန် စေချင်မိပါတယ်…။
အရမ်းကြီး စိန်ခေါ်တဲ့ အသုံးအနှုန်းတွေ လျှော့စေချင်ပါတယ်…။
အညှိုးအတေးကြီးတဲ့ အသုံးအနှုန်းတွေ လျှော့စေချင်ပါတယ်…။
ရန်လိုတဲ့ အသုံးအနှုန်းတွေ လျှော့ကြည့်စေချင်ပါတယ်…။
ဒဲ့ဒိုးဆန်တဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို နည်းနည်းလေး လျှော့ကြည့်စေချင်ပါတယ်…။
မှန်ကန်တဲ့ စာနယ်ဇင်း လမ်းကြောင်းပေါ်မှာ မှန်ကန်တဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီ
အမှန်ကိုရေးပြီး အရေးမှန်သော ဂျာနယ်တစ်စောင်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျ…။
ဆရာလုပ်သလိုဖြစ်သွားရင်လည်း ညီတော်လေး ဘလက်ချော အမိုက်အမဲကို
သည်းခံခွင့်လွှတ်ပေးဖို့ ကြိုတောင်းပန်လိုက်ပါတယ် ဗျာ…။
အချုပ်အနေနဲ့ ပြောရရင် သူရိယနေဝန်းဂျာနယ်ကို ကြိုဆိုပါတယ်ဗျာ…။

စာအုပ်…။

ဆရာပါရဂူ ရဲ့ မာနဝပုံရိပ် စာအုပ်ကို စာပေမိတ်ဆွေတစ်ယောက်ညွှန်းလို့ ဖတ်ဖြစ်ပါတယ်…။
ဆောင်းပါး အတိုလေးတွေ ပေါင်းချုပ်ထားတာပါ…။
ဆရာက သူနဲ့ ကြုံတွေ့ဆက်ဆံခဲ့ဘူးသူတွေရဲ့ အကြောင်းကို အတ္ထုပတ္တိပုံစံမျိုးမဟုတ်ပဲ
ပန်းချီပုံကြမ်း ရေးဆွဲသလို ရေးပြထားတာပါ…။
ပေါ့ပေါ့ပါးပါး နဲ့ ဖတ်လို့ အလွန်ကောင်းပါတယ်…။
မှတ်သားစရာ ဗဟုသုတရစရာလေးတွေလည်း ပါပါတယ်…။
ဥပမာ – မရဏညောင်စောင်းဝယ် ဆိုတဲ့ ဆောင်းပါးမှာ..

ဒေါင်းနွယ်ဆွေနှင့် မိမိ မေးတစ်ခွန်း ပြောတစ်ခွန်းလောက်သာ ဖြစ်နေရခြင်း၏
အခြားအကြောင်းတစ်ရပ်လည်းရှိသည်။ ထိုအကြောင်းမှ ဒဂုန်တာရာနှင့် ပတ်သက်သည်။
ဒေါင်းနွယ်ဆွေ သည် သူ၏ စာပေသက်တမ်းတစ်လျှောက် ဒဂုန်တာရာကို ဆန့်ကျင်လာခဲ့သူ ဖြစ်သည်။
သူ့အကြောင်းနှင့် သူ ဆန့်ကျင်ခြင်း ဖြစ်ပေလိမ့်မည်။ တိုက်ခိုက်ခြင်း ဖြစ်ပေလိမ့်မည်။
မိမိမှ ဒဂုန်တာရာ နှင့် အတွဲများသူ ဖြစ်၍ ဒေါင်းနွယ်ဆွေ၏ ဒဂုန်တာရာ ဆန့်ကျင်ရေးသည်
မိမိဘက် ဆက်လာသလား မသိပေ။

ဟူ ၍ လည်းကောင်း…။
သေလုသေခင် ဖြစ်နေသော ဒေါင်းနွယ်ဆွေကို ဆရာပါရဂူ က သွားကြည့်ပုံကို

မိမိ ၏ စကားပြောသံကို ကြားလိုက်ရသောအခါ မှိန်းနေသော ဒေါင်းနွယ်ဆွေ သည်
မျက်လုံးဖွင့်ကြည့်သည်။ မိမိကို မြင်တွေ့သွားသည်ဖြစ်၍ သူ့အနားသို့ လက်ပြပြီးခေါ်သည်။
ခုတင်ဘေး မိမိကပ်သွားသည်။ ဆီကုန်ခမ်းနေပြီဖြစ်သော မီးတောက်သည် ဝင်းကနဲ ထတောက်သည်။
မျက်လုံးကျယ်လာသည်။ နှုတ်ခမ်းမွှေးထောင်လာသည်။
“ကျွန်တော် ဒဂုန်တာရာကို သိတ်တွေ့ချင်နေတယ်။ မသေခင် သူနဲ့တွေ့ပြီး စကားပြောသွားချင်တယ်။
ဒဂုန်တာရာကို ခေါ်ပေးပါ။”
ကျွန်တော် အကြီးအကျယ် စိတ်မကောင်းဖြစ်သွားသည်။ ကဗျာဆရာ၊ စာရေးဆရာ
သက်တမ်းတစ်လျှောက် ဒဂုန်တာရာ ကို ဆန့်ကျင်လာခဲ့သော ဒေါင်းနွယ်ဆွေသည်
မရဏညောင်စောင်းဝယ် သဘောထား ပြောင်းလဲသွားပြီ။
“ကျွန်တော် ဒဂုန်တာရာကို ခေါ်လာခဲ့ပါ့မယ်”

ဟူ၍ လည်းကောင်း ရေးသားထားတာတွေကို ဖတ်ရသည်။
ကျွန်တော့်အတွက်တော့ အထူးအဆန်း ကြီးတွေ ဖြစ်ပါသည်။
ဒဂုန်တာရာကို မသေခင်တွေ့ချင်စိတ်ဖြစ်ခဲ့လေသော ဒေါင်းနွယ်ဆွေတစ်ယောက်
ဒဂုန်တာရာ နှင့် တွေ့ခွင့်ရမသွားခဲ့ရှာပါ…။
အဲဒါမျိုးလေးတွေ ပါလာတော့ ကျွန်တော် စာအုပ်ကို လက်ကမချနိုင်အောင် ဖြစ်ရပါသည်…။
အောင်ပြည့်၊ ထီလာစစ်သူ၊ ခင်နှင်းယု၊ ကျော်အောင်၊ သခင်ထွန်းအုပ်၊ မင်းရှင်နောင်၊ ဒဂုန်ဦးထွန်းမြင့်၊
သိန်းဖေမြင့်၊ ဂျာနယ်ကျော်မိသားစု စသည်ဖြင့် သူလက်လှမ်းမီသလောက် သူမြင်တွေ့သလောက်
ရှည်ရှည်ဝေးဝေးကြီးတွေ မဟုတ်ပဲ တိုတို နဲ့ ထိထိမိမိ တင်ပြထားတာလေးတွေ ပါပါတယ်…။
နောက် ဒီစာအုပ်ထဲက ရန်ကုန်ရောက် ဟိမဝန္တာယောဂီ ဆိုသည့် ဆောင်းပါးလေးအကြောင်း
ပြောပြချင်ပါသေးသည်။
ရန်ကုန်မြို့ကို ရောက်ရှိလာသော ဟိန္ဒူယောဂီကြီးတစ်ပါး နှင့် ဆရာပါရဂူ တို့ အင်တာဗျူးပုံစံ
စကားပြောကြပါသတဲ့…။ အမေးအဖြေလေး တစ်ခုကို ဖေါ်ပြပေးပါရစေ…။

မေး။ ။ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်၊ ဟိန္ဒူ ဘာသာမှာ မောက္ခ ဆိုတာ ရှိပါတယ်။
နိဗ္ဗာန်သို့မဟုတ် မောက္ခ နဲ့ ပတ်သက်ပြီး ယောဂီကြီး ဘယ်လိုသဘောရပါသလဲ။
ဖြေ။ ။ ကျုပ်သဘောကတော့ အများနဲ့ တူချင်မှတူမယ်။ ရှိရှိသမျှ အရာဝတ္ထုဟာ အနိစ္စ ဖြစ်တယ်
လို့ဆိုရင် ချွင်းချက် မရှိဘူး။ နိစ္စဖြစ်တဲ့ အရာရယ်လို့ မရှိရဘူး။ မောက္ခ သို့မဟုတ် နိဗ္ဗာန်ဆိုတာလည်း
အနိစ္စပဲ။ တစ်စုံတစ်ခုသော အချိန်အတိုင်းအတာအထိ ငြိမ်းအေးမှု၊ လွတ်မြောက်မှု ရှိနေလိမ့်မယ်။
ဒါပေမယ့် အဲဒီအချိန်အပိုင်းအခြားက ကျော်လွန်သွားရင်တော့ ယခင်အခြေအနေပြန်ရောက်လာမှာပဲ။
ကျုပ်အယူအဆဟာ အစဉ်အလာနဲ့တော့ မတူဘူး။ ကျုပ် ဟိန္ဒူဘာသာ အစဉ်အလာနဲ့တောင် မတူဘူး။
အဲဒီအတွက် ကျုပ်ကို တော်လှန်ရေးသမားလို့ ဆိုချင်ဆိုနိုင်ပါတယ်။ ဗုဒ္ဓ လည်းပဲ အချက်အလက်ပေါင်း
အတော်များများမှာ တော်လှန်ခဲ့တဲ့ ပုဂ္ဂိုလ်မြတ်တစ်ဦး ဖြစ်ပါတယ်။ ကျုပ်တော့ ဘယ်အရာမဆို
ကိုယ့် အတွေးအခေါ် ကိုယ့် စူးစမ်းလေ့လာချက်နဲ့ ကိုက်ညီမှ လက်ခံတယ်။

အဲဒီလို ငြင်းခုန်ဆွေးနွေးစရာ ကိစ္စလေး တချို့လည်း ပါဝင်တယ်ပေါ့ဗျာ…။
ကျွန်တော် ကတော့ ဟိမဝန္တာ ယောဂီကြီးရဲ့
နိဗ္ဗာန်ဆိုတာ အနိစ္စ ပဲ ဆိုတဲ့ အယူအဆလေးကို သဘောတူ လက်ခံချင်နေမိတယ်…။
အဲဒါလေး တင်ပြချင်လို့လည်း ဒီစာအုပ်အကြောင်းရေးရတာကိုးဗျ…။
ကျွန်တော့်ထက် လေ့လာမှု အားပိုကောင်းတဲ့ ခင်ဗျားတို့ရဲ့ အမြင်ကိုလည်း သိချင်မိတယ်…။
နိဗ္ဗာန်က နိစ္စလား၊ အနိစ္စ လား…။
ဘာလို့ နိစ္စပြီး ဘာလို့ အနိစ္စ ရတာလဲ…။

ဟေးဟေး…ပေါ့ပေါ့ပါးပါး ဖြေကြည့်ကြပါဦးလို့…။

မှုခင်း သတင်း အဆန်းများ…။

ဆန်းမဆန်း ဟောဒီမှာသာ ကြည့်ပေတော့ ဗျို့…။
မြောက်ဥက္ကလာ မှာတဲ့ EPC သွယ်တန်းထားတဲ့ ဓါတ်ကြိုးကတဲ့…
လမ်းလျှောက်လာတဲ့ မိခင်ဖြစ်သူနဲ့ ၂ နှစ်အရွယ်သမီးလေးတို့အပေါ်
ပြတ်ကျလို့တဲ့ ဆေးရုံပို့လိုက်ရပါရောလားဗျာ…။
ကဲ…အဲဒါကျတော့ ဘယ်သူ့ကို သွားတရားစွဲမလဲ…။
မတော် သေသွားရင် ဘယ်သူ့ဆီက နစ်နာကြေးသွားတောင်းမလဲ…။
မီတာခ တိုးကောက်တာလည်းကောက်ပေါ့…
အများပြည်သူသွားလာနေတဲ့ လမ်းပေါ်က ဓါတ်ကြိုးတွေ ခိုင်ခိုင်မာမာ
ဖြစ်ဖို့လည်း လုပ်ကြဖို့ လျှပ်စစ်ဝန်ကြီးဌာနကို တိုက်တွန်းလိုက်ရပါသည်ပေါ့ခင်ဗျာ…။

ဒီတစ်မှုကတော့ ပြည်သူ့ရဲတွေ ကျူးလွန်တဲ့ အမှုခင်ဗျ…။
မြောင်းမြမှာတဲ့ ဦးကျော်ဝေ (၇၄) နှစ် အသတ်ခံခဲ့ရသတဲ့။
ရဲက ၁၃ နှစ်အရွယ်ကလေးငယ်နဲ့ ဖခင်ဖြစ်သူကို သံသယတရားခံအဖြစ်
ဖမ်းဆီးပြီး ၃၀၂ နဲ့ အမှုဖွင့်သတဲ့…။
ကလေးငယ်ဆီက ဖြောင့်ချက်ကိုရဖို့ ကြိုးစားတဲ့ နည်းလမ်းတွေကတော့…
ကြည့်ခဲ့ဘူးတဲ့ သီဟတင်စိုး ဗီဒီယိုကားထဲက ဖက်ဆစ်ကင်ပေတိုင်တွေလို့တောင်
ထင်ရပေါ့…။
မူရင်းလေး နည်းနည်းမြည်းကြည့် အင့်..။

“သားကိုဖမ်းပြီး လေးငါးရက်လောက် ထမင်းမကျွေး ရေမတိုက်ဘဲထားတယ်။
သားက ရေသောက်ချင်လို့ မေးတော့ ရေတော့မရှိဘူး ကွမ်းတံတွေးပဲ ရှိတယ်
ဆိုတော့ သားလည်း ရေဆာတာနဲ့ ငုံထားရတယ်။ အဲဒါကို ရဲမဟုတ်တဲ့
အန်းကူ ဆိုတဲ့လူက ငုံမထားနဲ့ မျိုချဆိုလို့ မျိုချရတယ်။ ထမင်းစကျွေးတော့လည်း
လက်ထိပ်နောက်ပြန်ခတ်ပြီး မြေကြီးမှာ ထမင်းပုံထားတော့ ကုန်းပြီး ခွေးလို စားခဲ့ရတယ်။
နှိပ်စက်တာကတော့ တစ်လလောက် နေ့ရောညရော နှိပ်စက်ခဲ့တယ်။”
အဖမ်းခံခဲ့ရချိန်မှ စတင်၍ ဖြောင့်ချက်ပေးရန် အတွက် ကလေးငယ်ကို အပြင်လူနှစ်ဦးမှ
နားသွေးထွက်သည်အထိ ရိုက်နှက်ခြင်း၊ စခန်းမှူးက လက်သည်းခွံကျွတ်ထွက်သည်အထိ
မီးဖြင့် အချိန်ကြာမြင့်စွာကပ်ထားခြင်း၊ မျက်ခုံးမွှေးအား မီးရှို့ခြင်း၊ ရဲဝန်ထမ်းများမှ ဘောပင်ဖြင့်
နံကြားအား အချက်ပေါင်းများစွာထိုးခြင်း၊ ညဉ့်နက်ချိန်တွင် သင်္ချု ိင်းကုန်းအားခေါ်ဆောင်သွားပြီး
သေဆုံးသူ၏အင်္ကျ ီများကို ဝတ်ခိုင်းခြင်း၊ စသည့်နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့သောကြောင့်
ကိုယ်လက်များ ချိနဲ့ခဲ့ရကြောင်း ကလေးငယ်က ဆက်ပြောသည်။ (မြို့တော်သတင်း)

ဖက်ဆစ် ကင်ပေတိုင်ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ မဟုတ်ပါဘူးဗျာ…။
မြောင်းမြမြို့ ရဲစခန်းထဲက တရားခံဖြောင့်ချက်တောင်းနည်းတွေပါ…။
ကလေးက လူသတ်သမား ဖြစ်ရင်တောင် ဒီလို နှိပ်စက် ခံရဖို့ သင့်တော်ပါ့မလား…။
ကဲ ဒီကိစ္စမျိုးတွေကို ဘယ်လို ဖြေရှင်းမလဲ…။
ကျွန်တော်တို့ကတော့ စောင့်ကြည့်တာပဲ တတ်နိုင်တာဆိုတော့…
စောင့်ကြည့်ကြတာပေါ့ကွယ်…။

ဒီတစ်မှုကတော့ တပ်မတော် အရာရှိတစ်ဦး ကျူးလွန်တဲ့ လုယက်မှုခင်ဗျ…။
ဘာများထူးဆန်းပါသလဲ…။ တပ်မတော်အရာရှိလည်း လူသားတစ်ဦးပေပဲ…။
ဟိုတုန်းကဆို အစိုးရဝန်ထမ်းတွေ ဥပဒေချိုးဖေါက်တယ်ဆိုတာမျိုးတွေကို
ရုပ်ရှင်တွေ ဝတ္ထုတွေထဲတောင် ထည့်ရေးလို့မရခဲ့ပါဘူး…။
အခုကတော့ ပွင့်လင်းမြင်သာခေတ်ကြီးမို့ ဒီလိုအမှုမျိုးတွေ
သတင်းစာထဲတောင် ပါခွင့်ရခဲ့တယ်ဆိုပါတော့…။
ကျွန်တော်တို့ ပြည်သူလူထုကလည်း နားလည်မှု အပြည့်ရှိပြီးသားပါ…။
ဗိုလ်ကြီးတစ်ယောက် လုယက်မှုကျူးလွန်တာ တပ်မတော်နဲ့ မဆိုင်ပါဘူး…။
အပြစ်ကျူးလွန်သူကို ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူဖို့ပဲလိုတာပါ…။
ဥပဒေ ချိုးဖေါက်သူကို တပ်မတော်က အကာအကွယ်မပေးဖို့သာ လိုတာပါ…။
ခြေမမကောင်း ခြေမ လက်မ မကောင်း လက်မပေါ့ကွယ်…။

ဟေးဟေး…။

အောက်တိုဘာ ၂၁ရက်နေ့ကတဲ့ (ဘလက်ချောကြီး မွေးနေ့ကပေါ့)
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကြီးကတဲ့
အရွယ်မရောက်သေးသူတွေကို ကျူးလွန်တဲ့
မုဒိမ်းသမားတွေ အပေါ် ချမှတ်တဲ့ ပြစ်မှုပြစ်ဒဏ်နဲ့ ပတ်သက်ပြီး
လွှတ်တော်တွင်းဆွေးနွေးဖို့ တင်ပြခဲ့ပါသတဲ့…။
အဲဒါ…
လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးကပဲ ထောက်ခံပြီး ၃၃၁ ဦးက
ကန့်ကွက်ခဲ့ကြလို့ ဆွေးကို မဆွေးနွေးလိုက်ရဘူးတဲ့ ကျောင်းဒကာကြီးတို့ရေ…။
ကဲ…ကြည့်…။
လွှတ်တော်ကိုယ်စားလှယ်တွေ စိတ်မဝင်စားဘူးဆိုတဲ့
မုဒိမ်းမှုတွေ အကြောင်းနည်းနည်းပြောကြည့်ကြရအောင်ပါကွယ်…။
အခုတလော မုဒိန်းမှုတွေ ခေတ်စားနေပါတယ်…။
မုဒိန်းအကျင့်ခံရတဲ့ မိန်းကလေးတွေရဲ့ အသက်အရွယ်တွေကတော့
စိတ်ဝင်စားစရာကောင်းတာအမှန်ပါပဲ…။
ကြားမိသလောက် ပြန်ပြောရရင်
(၃) နှစ် သမီး၊ (၆) နှစ်သမီး၊ (၇) နှစ်သမီး၊ (၁၁) နှစ်သမီး၊ (၁၂) နှစ်သမီး၊
(၁၃) နှစ် သမီး၊ (၁၄) နှစ်သမီး၊ (၁၇) နှစ်သမီး၊ အသက် (၄၀) အရွယ် ရှိ အမျိုးသမီး၊
အသက် (၅၀) အရွယ် စိတ်ဝေဒနာရှင်အမျိုးသမီး
စသည်ဖြင့်အရွယ်စုံ ပါဝင်နေပါသည်။
၃ နှစ်သမီး လေးကို မုဒိန်းကျင့်တယ်ဆိုတာကြီးကတော့ တော်တော် ဆိုးရွားလှပါသည်။
အံ့ဩစရာကောင်းတာက သမီးအရင်းကို အဖေအရင်းက မုဒိန်းကျင့် သည်တဲ့…။
အိုဘယ့် မုဒိန်းမှု…။
စိတ်ထွက်ပေါက်ရှာစရာ ဒီလောက်ပဲရှားနေပြီတဲ့လား…။
ဂျာနယ်ထဲပါလာတဲ့ မုဒိန်းမှုတွေကို ကျွန်တော် လေ့လာကြည့်မိပါသည်…။
နံနက်ခင်းထဲက ကိုအောင်နိုင်စန်း ဆောင်းပါးထဲက မူရင်းအတိုင်း ပြန်ရေးတင်လိုက်ပါတယ်ဗျာ…။
ခွင့်ပြုပါ ကိုအောင်နိုင်စန်းရေ…။

အမှုတစ်ခုမှာ အဖေအရင်းဖြစ်သူက သမီးအကြီးမလေးကို ၆ နှစ်သမီး အရွယ်ကပဲ
မယားပြုပြီး ဆက်ဆံနေတာ ၈ နှစ်အရွယ်တိုင်နေပြီတဲ့။ အဲဒီအချိန်မှာ အစ်မဖြစ်သူ ဖျက်ဆီးခံရတုန်းက
၄ နှစ်သမီးသာရှိသေးတဲ့ သူ့ညီမလေးဟာလည်း ၆ နှစ်သမီးဖြစ်လာပြီပေါ့။
အဲဒီတော့ တစ်ခါ အဲဒီအငယ်မ ၆ နှစ်သမီးလေးကိုပါ ဒီလူဟာ ထပ်ပြီး အဲဒီအမှုမျိုးလုပ်ပြန်ရောတဲ့။
ဒီတစ်ကြိမ်မှာတော့ အငယ်မလေးက ငိုယို ငြင်းဆန်ပြီး အော်ဟစ်၊ ဟိုတိုင် သည်တော လုပ်တော့
အဖေရဲ့ အရင်က အမှုဟောင်းတွေပါ ပေါ်ကုန်ရောတဲ့။

ကဲ အဖေအရင်းခေါက်ခေါက်ကြီးကနော်…။
သမီးတွေကလည်း အရွယ်ရောက်လို့ ဖွံ့ဖွံ့ထွားထွားတွေ မို့ မကြံကောင်းမစည်ရာ
ကြံစည်မိတယ်ဆို ထားလိုက်ဦး…။
အခုတော့ ၆ နှစ်အရွယ် ဘာဆိုဘာမှ မဘာသေးတဲ့ ကလေးမလေးတွေကို
ကျင့်ကြံတဲ့ ဖအေလူယုတ်မာမျိုးကို ဘယ်လို ယုံကြည်မှုမျိုးနဲ့ လူ့လောကထဲ
ဆက်နေခွင့်ပေးသင့်ပါသလဲ…။

မပြီးသေးဘူးဗျ…။ ရှိသေးတယ် နောက်တစ်မျိုး…။
သန်လျင်မြို့နယ်မှာတဲ့…အသက် ၄၆နှစ်ရှိ အမျိုးသားတစ်ဦးကတဲ့…
မိန်းကလေးတစ်ယောက်ကိုတဲ့…အသက် ၁၂ နှစ်အရွယ်ကတည်းကတဲ့…
အသက် ၂၁ နှစ်အရွယ်အထိတဲ့…တစ်လလျှင် နှစ်ကြိမ်းနှုန်းခန့်နှင့်တဲ့…
သားမယားအဖြစ်ပြုကျင့်ခဲ့ပါတယ်တဲ့…။ (ဘုရား…ဘုရား…)
တစ်လ ၂ ကြိမ် တစ်နှစ် ၂၄ ကြိမ်…၁ဝနှစ် အကြိမ် ၂၄၀…။
အဲဒီလောက်အရေအတွက်ရှိမှ ပေါ်လာတဲ့ မုဒိမ်းမှု…။
ပါးစပ် ဆယ်ပေါက်ရှိရင်တောင် ပြောစရာစကားမရှိပါဘူးဆိုတဲ့…
ကိုးရီးယားကား ဒိုင်ယာလော့ခ်ကို ပဲ ညည်းတွားရတော့မှာပဲ…။
ကျွန်တော်တို့ မုဒိမ်းမှုတွေကို ဘယ်လိုတားဆီးကြမလဲ…။
ဒါ အရေးတကြီးဆွေးနွေး အဖြေရှာရမယ့် ကိစ္စ မဟုတ်ဘူးလား…။
လွှတ်တော်ကို အားကိုးနေလို့ မရတော့ပါဘူး…။
ဟေးဟေး ဟိုစကားလေး သွားသတိရမိတယ်…။
ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ…တဲ့…။
အနှိပ်ခန်းတွေ ကာရာအိုကေခန်းတွေမှာ ရေးထားဆိုလား…။
နိုဇိုးမိကြီး ပြန်ပြောတာကြားဖူးတာပဲ…။ သူက အဲဒီဘက် ခဏခဏရောက်ဆိုလား
နားစွန်နားဖျားကြားဖူးတာပါ…။
ဘလက်ကြီးကတော့ မရောက်ဖူးလို့ သိဘူးတဲ့ဗျ…။ (သိတ်ရိုးတဲ့..လူကြီး…။)
ဆန္ဒရှိတာလည်း ရှိကြတာပေါ့ဗျာ…။
သိက္ခာလေးနဲ့ ထိန်းကြပေါ့…။

အဲ…အဲ…နဂိုကတည်းက သိက္ခာမရှိသူတွေက မုဒိမ်းမှုတွေကျူးလွန်နေတာဆိုရင်တော့…
ကိုယ်ဘာများတတ်နိုင်ဦးမှာလဲကွယ်…။
ဟော တွေ့ပြန်ပြီ…မုဒိမ်းမှု…။ အဲ…အဲ သူ့ကျတော့ အဓမ္မ မှုတဲ့…။
တရားဝင်ထုတ်ဝေနေသော New Watch ဂျာနယ်ထဲပါတဲ့ သတင်းနော် ကျောင်းဒကာကြီးတို့…။

ကချင်ဒေသ စစ်ပွဲ ၂ နှစ်အတွင်း တပ်မတော်မှ အရာရှိများအပါအဝင်
တပ်မတော်သားများ မုဒိမ်းမှု ၁၀၆ မှု၊ ကျူးလွန်ခဲ့ပြီး ကချင်အမျိုးသမီး ဦးရေ ၁၀ဝ ကျော်
မုဒိမ်းကျင့်ခံခဲ့ရကြောင်း

…တဲ့…။
သွားလေသူ ဆရာမောင်တည်ငြိမ်စကားနဲ့ပဲ ညည်းရတော့မှာပဲ…။
တော်ရှာပါတယ် အေ့…တော်…ရေ့…။

လွမ်းတတ်သူရဲ့ အလွမ်းမှတ်တမ်း…။

ဒီနေ့ နိုဝင်္ဘာလ ၁၄ ရက်နေ့မှာ ကျွန်တော့်အစ်မကြီးဆုံးပါးသွားတာ
၂ လပြည့်ပါတယ်…။
အစ်မဆိုပေမယ့် အမေလိုကောင်းခဲ့တဲ့ အစ်မမျိုးပါ…။
အစ်မကြီးအတွက် ၂လပြည့် အနေနဲ့ လှည်းတန်းက ဝေဠုဝန် ဘုန်းကြီးကျောင်းကို
ဆွမ်းချိုင့်ပို့ ပေးခဲ့ပါတယ်…။
ကျောင်းထိုင်ဘုန်းကြီးက အစ်မကြီးနာမည်ခေါ်ပြီး အမျှအတမ်းပေးဝေပါတယ်…။
အစ်မကြီးရောက်ရာ ဘဝက သာဓုခေါ်ဆိုနိုင်ပါစေ…။
အစ်မကြီးက ရင်သားကင်ဆာ နဲ့ ဆုံးတာပါ…။
ဘယ်သူ့မှ မသိအောင် မြန်မာဆရာနဲ့ ကြိတ်ကုနေပြီး..
ကင်ဆာ နောက်ဆုံးအဆင့်ရောက်တော့မှ ကျွန်တော်တို့ သိခဲ့ရတာပါ…။
ရွာထဲက ဆရာဝန်တစ်ယောက်ဖြစ်တဲ့ AKKO နဲ့ ဆုံခဲ့ဘူးပါတယ်…။
AKKO က တောင် ကင်ဆာဝေဒနာရှင်နဲ့ မတူဘူးနော်လို့ မှတ်ချက်ပေးခဲ့သေးတာကို
မှတ်မိနေပါသေးတယ်…။
တတ်နိုင်သလောက် ကူညီပေးခဲ့တဲ့ ကို AKKO ကို ကျေးဇူးတင်ကြောင်း…
လေးလေးစားစားပြောချင်ပါတယ်…။

ဟုတ်ကဲ့ ဒီစာရိုက်နေရင်း အစ်မကြီးကို ကျွန်တော်လွမ်းနေမိပါတယ်…။
ကင်ဆာ နဲ့ပဲ ဆုံးသွားတဲ့ ကျွန်တော့် မိတ်ဆွေတစ်ယောက်ကတော့…
အားကစားဆောင်းပါးရှင် ဆရာဖေသိန်းပါ…။
မိတ်ဆွေဆိုတာထက် ပရိသတ်နဲ့ အနုပညာရှင်တစ်ယောက် ဆက်ဆံရေးမျိုး
လို့ပဲ ခေါင်းစဉ်တတ်ရမှာပါ…။
၁၉၉၈ ခုနှစ်လောက်က စရင်းနှီးခဲ့တာ ဖြစ်ပေမယ့်
ဆရာကွယ်လွန်သွားချိန်အထိ တစ်ယောက်နဲ့ တစ်ယောက်မမြင်ဘူးလိုက်ပါဘူး…။
မမြင်ဘူးပေမယ့် ဘောလုံးပွဲတွေနဲ့ပတ်သက်ပြီး နာရီနဲ့ ချီကြာအောင်…
စကားပြောခဲ့ဆွေးနွေးခဲ့ကြဘူးလေတော့ ကျွန်တော်နဲ့ ဆရာ့အကြားမှာ
နက်ရှိင်းနွေးထွေးတဲ့ ဆက်ဆံရေးရှိနေခဲ့တာသေချာပါတယ်…။
ကို N ကြယ်မင်း ကိုသက်သေထား ပြောရတော့မှာပဲ…။
ဆရာတို့ အပတ်စဉ်ပြောကြတဲ့ ဒိုင်ယာလော့ထဲမှာ
တစ်ခါတစ်လေ ကိုရဲ ရဲ့ အမြင်က ဒီလိုဗျလို့ ဆရာထည့်ထည့် ပြောတတ်တာလေး..
အခု ကျွန်တော် လွမ်းနေပါတယ် ဆရာ…။
မကွယ်လွန်မီ တစ်ပတ်လောက်က ဆရာ Nကြယ်မင်း နဲ့ ဖုန်းပြောဖြစ်တော့…
ဆရာ နေမကောင်းတဲ့အကြောင်း…
နောက်ဆုံးအချိန်ရောက်နေပြီ ဖြစ်တဲ့အကြောင်း…
သွားတွေ့သင့်တယ်ဆိုတဲ့ အကြောင်း…

ကျွန်တော့်ကို ပြောပါတယ်…။
ကျွန်တော် နဲ့ ဆရာ့အိမ်နဲ့က နီးပါတယ်…။
ဒါနဲ့ ဆရာ့အိမ်ဖုန်းကို ဆက်ပြီး လာတွေ့ချင်ပါတယ်..
တွေ့ခွင့်ပြုပါလို့ ခွင့်တောင်းလိုက်ပါတယ်…။
ဖုန်းကိုင်တာက ဆရာ့သမီးလို့ထင်ပါတယ်…။
ဘယ်သူလို့ ပြောလိုက်ရမလဲလို့မေးပါတယ်…။
ကျွန်တော်က နာမည်ပြောပြတဲ့အခါ ဆရာက လာတွေ့ပါလို့ ပြောတယ်လို့
ဆိုပါတယ်…။
ဖုန်းဆက် တွေ့ခွင့်တောင်းပြီးကာမှ အစ်မကြီးဆုံးပြီးကာစ…
အစ်မကြီးမဆုံးခင်က အစ်မကြီးနဲ့နေ နေတဲ့ ကျွန်တော့်အဖေနဲ့ အမေကို
ကျွန်တော်တို့ မောင်နှမတွေနဲ့ နေဖို့ နေရာချဖို့ ကိစ္စတွေနဲ့ ဆရာ့ဆီမရောက်ဖြစ်ခဲ့ပါဘူး…။
တစ်ညနေခင်း ကိုမျိုးသန့် Facebook က သတင်းတစ်ခုတင်လာပါတယ်…။
ဆရာဖေသိန်း ဆုံးပြီတဲ့…။
ဘာတတ်နိုင်ပါသလဲ…။
ကျွန်တော်က နေပြည်တော်အသွား အမြန်လမ်းပေါ်ရောက်နေပါပြီ…။
ဆရာ့ နောက်ဆုံးခရီးကိုတောင် လိုက်မပို့ခဲ့နိုင်တော့ပါဘူး…။
ကျွန်တော့်ရဲ့ ပေါ့လျော့မှုကြောင့် ဆရာနဲ့ တွေ့ခွင့်မရလိုက်တဲ့ အတွက်
ကျွန်တော့် ကို ခွင့်မလွှတ်ပါနဲ့ ဆရာရေ…။
ဆရာနဲ့ ကို N ကြယ်မင်းတို့ရဲ့ အိုလံပစ်ဂျာနယ်ထဲက
ဒိုင်ယာလော့ အစီအစဉ်ကို အခု ကိုဟိန်းသန့် နဲ့ ကို N ကြယ်မင်းတို့ ဆက်လုပ်နေကြပါပြီ…။
ကို N ကြယ်မင်း အမေးနဲ့ ဆရာ့အဖြေတွေနဲ့ အသားကျနေတဲ့ ကျွန်တော့်အတွက်တော့..
ကို N ကြယ်မင်း အမေး ကိုဟိန်းသန့် အဖြေတွေနဲ့ အသားကျဖို့ အချိန်တစ်ခုယူရဦးမှာပါ…။
ပြီးခဲ့တဲ့ တနင်္ဂနွေ မန်ယူက အာဆင်နယ်ကို နိုင်လိုက်တော့ ဆရာ့ကို ပြင်းပြင်းပြပြ သတိရနေမိပါတယ်…။
ဘောလုံးပွဲကောင်းတစ်ပွဲကို ဆရာကြည့်စေချင်တဲ့ စိတ် ကျွန်တော့်မှာ ဖြစ်နေမိတယ်…။
သေချာပါတယ်ဆရာ…။
မန်ယူ ပွဲတွေ ကြည့်တိုင်း ဆရာ့ကို သတိရနေတော့မှာပါ…။
ဆရာဖေသိန်း ကောင်းရာသုဂတိလားပါစေ…။

ချစ်ခင်လေးစားတဲ့…
ကိုရဲ (ဘလက်ချော)။

61 comments

  • sorrow weaver

    November 16, 2013 at 12:12 pm

    ဦးဘလက်ကြီးက မျက်စိကြီးနားကြီးပါပေ့ဗျာ….နန်းဆု = ကြွားစိန်မ..အဟိဟိ ..ဝိုင်းစု ..အသဲခွဲမကြီး…လူရက်စက်မကြီး..နှာတိုလေးကို အနှစ်နှစ်အလလ အားပေးလာတဲ့ ကချင်နုထွားကြီးမျက်နှာမှမထောက် ..အဟင့်ဟင့်….

    • black chaw

      November 19, 2013 at 2:00 pm

      @ sorrow weaver ;
      မည်သို့ပင် ဆိုစေကာမူ ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ
      ကျေးဇူး…အထူးပါ ညီလေးရေ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreenn:

  • kai

    November 16, 2013 at 6:06 pm

    တော်တော့်ကို ..ပြောင်မြောက်တဲ့လက်ရာပါဗျာ…။ ဖတ်ရတာ.. ပူလိုက်အေးလိုက်..ပြိုလိုက်..ငိုလိုက်နဲ့..။
    ” ဂျာနယ် “ရေးချက် ..ဘယ်လိုကြိုက်မှန်းကိုမသိ..။
    ရက်နဲနဲသာစောရင်.. ပုံနှိပ်သတင်းစာထဲထည့်တယ်..။ :mrgreen:

    ဆိုတော့…
    လောလောဆယ်..အပေါ်တက်ကပ်ထားဦးမယ်..။

    • black chaw

      November 19, 2013 at 2:05 pm

      @ kai ;
      အလွန်အကျူးမြှောက်ပင့်ပြောဆိုသွားတယ်လို့ ခံစားရပါတယ် သူကြီးရေ…။
      သို့သော်လည်းတဲ့ ပုထုဇဉ် လူသားမို့ အမောပြေ ကျေနပ်ရပါကြောင်း…။
      ဒီပို့စ်ထဲ…
      သူကြီးဖြေစေချင်တဲ့ မေးခွန်းလေး…
      ဖြေကြည့်ဖို့ တောင်းဆိုပါတယ်ဗျာ…။
      နိဗ္ဗာန် က နိစ္စလား…အနိစ္စလား…။
      နိဗ္ဗာန် က ရောက်ပြီးရင် ဘယ်တော့မှ ပြန်မထွက်ရတော့ဘူးတဲ့လား…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreenn:

  • alinsett

    November 16, 2013 at 8:59 pm

    အဲဒီလို… .
    မုဒိမ်းမှုတွေကို…
    ဖမ်းမိတာနဲ ့.. ကျူးလွန်သူကို.. ခုတ်ဖြတ်ပစ်ရမှာ..။

    အဲဒီပြစ်ဒဏ်မျိုးမှ….
    နောက်ထပ်..လူယုတ်မာတွေ.. ထပ် မကျူးလွန်ရဲတော့မှာ..။

    —————-
    အကြောင်းအရာစုံတဲ ့… ပိုစ့်ကြီးကို….
    နောက်တစ်ခေါက်တော့.. သေချာအချိန်ယူပြီး.ပြန်ဖတ်ပါဦးမယ်..ဗျို ့..။

    ကဗျာလေးတွေကိုလည်း.. သေချာပြန်ဖတ်ပြီး.ခံစားကြည့်ပါဦးမယ်…

    • Tristan

      November 16, 2013 at 9:38 pm

      တိန်. ဒညက်ဝင်းရဲ့.
      လူသတ် အလောင်းဖျောက် ထောင်၈-၁ဝ နှစ်.
      မုဒိန်းကျင့် လွှတ်ပေး ပြန်တိုင် အမှုပေါ် သေဒဏ် သို့ ခုတ်ဖြတ်. ဆိုတာမိုးလုပ်လိုက်ရင်.
      မုဒိန်းကောင်တိုင်း. ဒါးသိုင်းက ကုန်တော့မှာမို့. အဲ့အုပဒေကိုမထောက်ခံကြဘူး. ရယ်လို့
      ကြားဖူးတာရယ်လေ.

      ပြန်လာပါ့မယ်ဘဘဘလက် ရေ.

    • black chaw

      November 19, 2013 at 2:09 pm

      @ alinsett ;
      ကွန်းမန့်လေးအတွက်ကျေးဇူးပါ…
      အောင်လင်းဆက်ရေ…။
      ချစ်သုဝေလေးကို
      အပြင်မှာ ပိုင်ဆိုင်ခွင့်မရတောင်
      အိပ်မက်ထဲမှာပိုင်ဆိုင်ခွင့်ရပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreenn:

  • Foreign Resident

    November 17, 2013 at 3:20 am

    ” တစ်ခါတစ်လေ ကိုရဲ ရဲ့ အမြင်က ဒီလိုဗျလို့ ဆရာထည့်ထည့် ပြောတတ်တာလေး ”
    ကို Black ကြီး ၊
    ဘောလုံးပွဲတွေကို ကျွမ်းကျင်ကြောင်း အခုမှ သိရတော့တယ် ။

    • black chaw

      November 19, 2013 at 2:17 pm

      @ Foreign Resident ;
      ကျွမ်းကျင်တယ်တော့ မဟုတ်ပါဘူး FR ကြီးရယ်…။
      ကျွန်တော် highlight လုပ်ချင်တာက ဆရာဖေသိန်းနဲ့
      ကျွန်တော့် ကြားက အပြန်အလှန်လေးစားမှုနဲ့
      နက်ရှိုင်းနွေးထွေးတဲ့ ခင်မင်မှုကိုပါ…။
      မည်သို့ပင်ဆိုစေကာမူ
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ
      အထူးကျေးဇူးပါဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreenn:

  • ဝင့်ပြုံးမြင့်

    November 17, 2013 at 7:45 am

    ကိုဘလက်
    အဲဒီသတင်းတွေ ကျမ အကုန်နီးပါး ဖတ်ရပါတယ်။ တစ်ရက်ကို သတင်းစာ ၃စောင်ဝယ်ဖတ်နေတော့ ဖတ်ပြီးရင် ချာလည်ချာလည် မူးသွားရော။ သူရိယနေဝန်း ကတော့ ဝယ်လို့ကို မရတာ။ အရမ်းရောင်းကောင်းနေသတဲ့။ ကိုဘလက် ပြောသလို—
    ((Strategy တော့လိုမယ်ထင်တယ်ဗျာ…။
    အမှန်တကယ်လိုအပ်သော သတ္တိ က ဆရာတို့ဆီမှာရှိနေပြီမို့…
    Strategy လေးပဲ လိုတော့တာပါ…။
    ဆရာတို့က အမှန်ကိုရေးပေမယ့် အရေးမှန် စေချင်မိပါတယ်…။
    အရမ်းကြီး စိန်ခေါ်တဲ့ အသုံးအနှုန်းတွေ လျှော့စေချင်ပါတယ်…။
    အညှိုးအတေးကြီးတဲ့ အသုံးအနှုန်းတွေ လျှော့စေချင်ပါတယ်…။
    ရန်လိုတဲ့ အသုံးအနှုန်းတွေ လျှော့ကြည့်စေချင်ပါတယ်…။
    ဒဲ့ဒိုးဆန်တဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို နည်းနည်းလေး လျှော့ကြည့်စေချင်ပါတယ်…။))
    အဲဒါလေးကတော့ သူတို့ strategy သုံးတယ်ထင်တာပဲ။ ဒါကြောင့် ရောင်းမလောက်။ ရေးပုံကတော့လေ ဟို သူခိုးပြေးမှ ထိုးကွင်းထ အဲလို မှုတ်ဖူးလား ဟီး ။
    —-
    သမီးကို အဖေက အဓမ္မကျင့်တဲ့ကိစ္စတွေကလည်း စိတ်ပျက်စရာ။ သတင်းစာထဲမပါတာတွေက အများကြီး။ အဲဒါ တွေ ဘယ်လိုလုပ်ကြမတုန်း။ ငါးပါးသီလထဲမှာ သူတစ်ပါးသားသမီး မဖျက်စီးရ ဆိုတာ ပါတယ်။ အဲဒီတော့ ကိုယ့်သားသမီး ကိုယ်ပြန်ဖျက်စီးလို့ ရသွားတာပေါ့။ အဲလို ဟုတ်ဖူးလား ဟီး ၊
    စိတ်မဆိုးပါနဲ့ ကိုဘလက်ရေ ၊ ခင်လို့နောက်တာပါ။

    • black chaw

      November 20, 2013 at 3:05 pm

      @ ဝင့်ပြုံးမြင့် ;
      ဟုတ်ပါတယ် ဆရာမရေ…။
      သတင်းတွေအားလုံးက လတ်လတ်ဆတ်ဆတ် မဟုတ်တော့ပါဘူး…။
      သတင်းလတ်ဆတ်မှုကို ဦးစားမပေးတဲ့ စတိုင်နဲ့ ရေးထားတာပါဗျာ…။
      ဖတ်လို့ အဆင်မပြေဘူးဆိုရင် ခွင့်လွှတ်ပါဗျ…။

      အဲဒါလေးကတော့ သူတို့ strategy သုံးတယ်ထင်တာပဲ။ ဒါကြောင့် ရောင်းမလောက်။

      ကျွန်တော် သုံးစေချင်တဲ့ strategy ဆိုတာ
      ဂျာနယ် ရောင်းမလောက်ဖြစ်စေတဲ့ ဟာမျိုးကို မဆိုလိုပါဘူးခင်ဗျာ…။
      ဂျာနယ်ဖတ်ပြည်သူတွေရဲ့ မေတ္တာကို ရရှိစေနိုင်သော…၊
      ဘဝတူ ဂျာနယ်တွေရဲ့ ထောက်ခံမှု ကို ရရှိစေနိုင်သော…၊
      ဆိုတာတွေကို ရည်ရွယ်ပါတယ်ခင်ဗျာ….။
      ကွန်းမန့်ထဲမှာ ကျွန်တော့်ကို ခင်လို့ နောက်သွားတာကို…
      ကျွန်တော်က စိတ်ဆိုးစရာလား ဆရာမရေ…။
      ဆရာမရဲ့ ပျော်ပျော်ရွှင်ရွှင် ရေးသွားတဲ့
      ဒီကွန်းမန့်လေးအတွက် ကျွန်တော် အထူးဂုဏ်ယူပါတယ်ဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • surmi

    November 17, 2013 at 8:52 am

    အ​ပေါ်က သဂျီးမင်​း​ပြောသလိုပါပဲဗျာ…
    အထူးဖြည်​့စရာမလို​အောင်​ပြည်​့စုံလွန်​း​နေပါတယ်​…
    အိုဘယ်​့ပါရမီ!!

    ဒါနဲ့…ဟိုဂျာနယ်​က ၆၀ဝ တဲ့​နော်​…

    ​လော​လောဆယ်​​တော့ ဒီပို့စ်​ကို FB ​ပေါ်တင်​လိုက်​ဦးမယ်​ဗျာ….

    • black chaw

      November 19, 2013 at 2:36 pm

      @ surmi ;
      အဲဒီလောက်လည်း မဟုတ်သေးပါဘူး ကိုဆာမိရေ…။
      အိုဘယ့် ပါရမီ တွေ ဘာတွေ ရေရွတ်ရလောက်အောင်လည်း
      ဟုတ်သေးပါဘူးဗျာ…။
      ဘာပဲ ဖြစ်ဖြစ် ကျွန်တော့်ကို ပုံမှန် အားပေးတတ်တဲ့
      ကိုဆာမိကို ကျေးဇူးအထူးပါ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreenn:

  • TNA

    November 17, 2013 at 12:11 pm

    တခါထဲသတင်းစုံသွားသမို့ ကျေးဇူးပါ အူးဘလက်ရေ

    • black chaw

      November 19, 2013 at 2:41 pm

      @ TNA ;
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ မသည်းနုအေးရေ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreenn:

  • aye.kk

    November 17, 2013 at 4:04 pm

    မဖတ်ရတာကြာပြီမို.ကျေးဇူးပါ။

    • black chaw

      November 19, 2013 at 3:08 pm

      @ aye.kk ;
      မမြင်ရတာ အတော်တောင်ကြာနေပြီနော် အစ်မ အေးကေကေရေ…။
      နေလို့ ထိုင်လို့ ကောင်းရဲ့လား ခင်ဗျာ…။
      အချိန်ရရင် ပို့စ်လေးတွေ တင်ပေးပါဦးလို့ တောင်းဆိုပါရစေ အစ်မရေ…။
      ကွန်းမန့်လေးအတွက်လည်း ကျေးဇူးပါ ဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreenn:

  • ဦးဦးပါလေရာ

    November 17, 2013 at 4:48 pm

    နားပါး မျက်စေ့လျှင်သူတစ်ယောက်ရဲ့ ဒိုင်ယာယီ လို့ အမည်ပြောင်းတပ်ချင်တယ် ကိုချောရေ-

    -မြန်မာပြည်ရဲ့ တစ်ဦးချင်းဝင်ငွေဟာတဲ့ ကမ္ဘာ့အဆင့်မှာ ၂၀၅ ဆိုလား…။
    ကွယ်…ဘိတ်ဆုံးမဟုတ်ပြီးတာပဲပေါ့…။

    -အဲဒါတောင် နိုင်ငံ့ဝင်ငွေရဲ့ ၉၀%လောက်ကို ရထားတဲ့ ၁%သော ပြည်သူအထက်က သီးခြားပြည်သူကြီးများရဲ့ ဝင်ငွေကိုပါ ရောတွက်ထားတာပါ ကိုချောရေ…။

    -သူခိုးဖမ်းပွဲ ကဗျာလေးရေးတဲ့ ဆရာညွန့်ဝေကသာတစ်ယောက် ဒီခေတ်မှာများဆိုရင် ဘယ်လို သူခိုးဖမ်းပြလေလိမ့်မလဲလို့လဲ အတွေးပွားမိပါရဲ့…..

    -ခေတ်ဟောင်းဆင်းရဲသားကတော့ မပြည့်စုံလို့ ဆင်းရဲတာပါ
    -ခေတ်သစ်ဆင်းရဲသားကတော့ မချမ်းသာလို့ ဆင်းရဲတာလို့ပဲ ပြောပါရစေတော့….

    -သူရိယအလင်း တို့ သူရိယနေဝန်း တို့ ကတော့ ကျုပ်တို့လဲ ဉာဏ်မမီလို့ စောင့်ကြည့်ဖို့သာ တတ်နိုင်ပါတော့တယ်။ နေထွက်တဲ့အခါ လကွယ်မယ် ဆိုတာကိုလဲ အတိတ်မကောက်ရဲပါဘူး..။
    – နေကိုလဲ နေ မို့လို့ ကြောက်ပါကြောင်း…။ လကို လဲ လမို့လို့ ကြောက်ပါကြောင်း…။ အခုတစ်လော ပါလေရာတစ်ယောက် ချွတ်ချွတ်မည်ရင်ကို အရမ်းအရမ်းကြောက်တတ်နေပါကြောင်း….။

    -နိဗ္ဗာန်ဟာ အနိစ္စလား နိစ္စ လား ဆိုတာကတော့ နိဗ္ဗာန်ဆိုတာဘာလဲ-ဆိုတာ အရင်သိအောင်လုပ်ရဦးမယ် ထင်ပါရဲ့ ကိုချောရေ…။ သူ့နိဗ္ဗာန်နဲ့ ကိုယ့်နိဗ္ဗာန်ကလဲ တူချင်မှတူဦးမှာမဟုတ်လား….။

    -သန့်ရှင်းတဲ့ ရဲတပ်ဖွဲ့နဲ့ သန့်ရှင်းတဲ့ စစ်တပ် ဖြစ်လာဖို့တော့ အရင်ဆုံး သန့်ရှင်းတဲ့အစိုးရ ရှိဖို့လိုပါတယ် ကိုချောရေ…။ ၂၀၁၅ လဲ နီးလာပြီဆိုတော့ ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကြိုစဉ်းစားထားသင့်ပါပြီ…။

    -ကိုချောက မရှိတော့တဲ့သူတွေကို လွမ်းမိတာလေးရေးပြတော့..
    တစ်ခါတစ်လေမှာဖြင့် ရှိသေးလျှက်နဲ့ မမြင်ရ မဆုံရတာကြာလို့ လွမ်းမိတာလေးတွေလဲ ရှိတတ်ကြောင်းလေး ဖြည့်ပြောပါရစေနော….

    • black chaw

      December 12, 2013 at 12:00 pm

      @ ဦးဦး ပါလေရာ ;
      ဒီရွာထဲမှာတော့ ကွန်းမန့် ပေးတဲ့ သူတွေထဲ
      ကိုပါကြီးကို အကြိုက်ဆုံးဆိုတာ လူသိရှင်ကြား ပြောခဲ့ပါတယ်ဗျာ…။
      ရွာအလှဆိုတာ ပို့စ် တွေ လှနေရုံနဲ့ မပြီးပါ…။
      ကွန်းမန့် ကောင်းကောင်းလေးတွေလည်း ရှိဖို့ လိုအပ်လှပါတယ်…။
      ဒေါင့်စေ့အောင် မြင်တတ်တွေးတတ်တဲ့
      ကိုပါကြီး ကွန်းမန့်လေးတွေကိုကြိုက်တဲ့…
      ဘလက်ချော…။

  • zaw min

    November 17, 2013 at 10:17 pm

    ဘယာကြော်ပါဗျို့…..အသုတ်စုံ ချဉ်၊ငံ၊စပ်ကို ရေနွေးကြမ်းပူပူလေးနဲ့မျည်းရသလို အလွန်အရသာရှိပါကြောင်း…
    ရန်ကုန်ရောက်OIC အကြောင်းလေးများထပ်လောင်း၍၎င်း၊မန္တလေးမှာနေ့ခင်းကြောင်တောင်ပြိုင်ကားသမားက ဆိုင်ကယ်စီးလာသူအား ဓါးရှည်ဖြင့်ခုတ်ပြီး၊အနီးရှိလူများကိုပါ စိန်ခေါ်ရဲတဲ့သူအကြောင်း….ထပ်လောင်းထပ်ပေါင်းလိုက်ရင်ဖြင့်…

    • black chaw

      November 20, 2013 at 3:09 pm

      @ zaw min ;
      အလွန်အရသာ ရှိတယ် ဆိုလို့ ဂုဏ်ယူမိပါတယ် ကိုဇော်မင်းရေ…။
      နောက်လည်း ကျွန်တော့်ပို့စ်တွေကို…
      ကြုံရင်အားပေးပါဦးနော့်…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • padonmar

    November 18, 2013 at 12:32 am

    သူရိယအလင်းကိစ္စ ..
    အဲသလိုပဲ ပြောချင်နေတာ၊စကားလုံးရှာမရလို့။
    ခုတော့ ကျေးကျေး။
    ….
    နိဗ္ဗာန် ဆိုတာ စာထဲတော့ သတ္တဝါတွေရဲ့ အတွင်းသန္တာန်မှာ မဟုတ် အပြင်မှာရှိတာဖြစ်ပြီး သူ့ရဲ့ ငြိမ်းအေးမှု သန္တိသုခဟာ နိဗ္ဗာန်မှန်ရင် ရှိကိုရှိရမှာ ဖြစ်တဲ့အတွက် နိစ္စ အမြဲရှိတယ်လို့ ဖတ်ဖူးမှတ်ဖူးပါတယ်။ဉာဏ်နဲ့ ဆင်ခြင်ကြည့်လို့ မမြင်နိုင်အောင် ဝေးပါတယ်တဲ့။
    ကိုယ်လည်း လိုက်မမီတော့ မငြင်းတာကောင်းပါတယ်။
    …..
    မုဒိန်းမှု ကျူးလွန်သူကို လူသတ်မှုအပြစ်ဒဏ်လောက်တော့ မပေးသင့်ပါ။
    ကားတိုက်ပြီး ဆေးရုံမပို့ဘဲ ထွက်ပြေးတဲ့ အမှုလောက်တော့ ပြစ်ဒဏ်ရှိသင့်ပါတယ်။
    (ကားတိုက်မိတဲ့ ကားသမားကို ဝိုင်းပြီး ဆွမ်းကြီးလောင်းတဲ့ ဘေးပတ်ဝန်းကျင်ကိုလည်း ပြစ်ဒဏ်တူတူ ချသင့်ပါတယ်။)

    • nicolus agral

      November 18, 2013 at 7:06 pm

      မုဒိန်းမှု ကျူးလွန်သူကို ဓာတုဗေဒနည်းနဲ့ သင်းကွတ်ပစ်လိုက်ပေါ့ (ကိုရီးယားစတိုင်)
      ထောင်ဒဏ် ၁ဝ နှစ်အထက်ပြစ်မှုတခုခု ကျူးလွန်စဉ်အတွင်း လူသတ်မှုကိုကျူးလွန်လျှင် သေဒဏ်ပါ
      ဒါပေမဲ့ သေဒဏ်က တကယ်မရှိလို့ တသက် ပဲချခံရသလိုဖြစ်နေတာ
      ပြီးရင်လွတ်ငြိမ်းခွင့်တွေနဲ့လွတ်လာရော
      ထောင်ဆိုတာ ငွေရှိရင် သာမာန်ခြံဝင်းထက် နဲနဲပိုမြင့်တဲ့ အုတ်တံတိုင်းတခုပါ
      တရားဥပဒေဆိုတာက အာပလာလို့ထင်စရာရှိတဲ့ ခပ်တုံးတုံစာအုပ်တခုလို့ထင်မြင်ပါကြောင်း
      တရားရုံးဆိုတာ အမှန်တရားကအနိုင်ရတာမဟုတ်ပဲ အနိုင်ရတဲ့သူကသာ အမှန်တရားဖြစ်ကြောင်း

      တခါကထောင်ထဲမှာနေခဲ့ဖူးတဲ့ Nicolus
      အခုတော့တခြားထောင်တခု ကျချင်နေတယ် (အိမ်ထောင်)

      • black chaw

        November 20, 2013 at 4:36 pm

        @ nicolus agral ;
        ကျဖူးတဲ့ ထောင်ကိုလည်း နောက်ဘယ်တော့မှ မကျပါစေနဲ့…။
        ကျချင်တဲ့ အိမ်ထောင်လည်း မြန်မြန် ကျပါစေ…လို့
        ဆုတောင်းပေးလိုက်ပါတယ်ဗျာ…။
        ချစ်ခင်လေးစားတဲ့…
        ဘလက်ချော…။
        :mrgreenn:

    • black chaw

      November 20, 2013 at 3:19 pm

      @ padonmar ;
      အော်…အစ်မရယ်…။
      အဲဒီ နိဗ္ဗာန် ကိစ္စကို ပို့စ်မတင်ခင် တစ်လလောက်ကတည်းက
      အပြင်မှာလည်း အစ်မကိုမေးခဲ့သေးတယ်လေဗျာ…။
      ငြင်းတယ်လို့ သဘောမထားစေချင်ပါဘူး…။
      ကိုယ်မြင်တဲ့ အမြင်ကို ပဲ ပြောစေချင်တာပါ…။
      ပြောပါဗျ…။
      အစ်မလိုလူက ဦးဆောင်ဆွေးနွေးမှ လှမယ့် ကိစ္စမျိုးပါခင်ဗျ..။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • padonmar

    November 18, 2013 at 12:37 am

    ဒီမယ်
    မေ့သွားလို့
    ဘာခုမှ ကိုရဲတွေဘာတွေလုပ်နေလဲ။
    ကိုဘလက်ခေါ်ရာက တပြားသားမှ မပြောင်းနိုင်ဘူး။ဒါဗျဲ။

  • KZ

    November 18, 2013 at 9:01 am

    နိုင်ငံတကာ အဆင့်မှီ ဘော်ဒီ ရှိလို့ နိုင်ငံတကာ အဆင့်မှီကားကြီး ရိုက်ရမယ် ဆိုရင်တော့ သရုပ်ဆောင်တာလည်း နိုင်ငံတကာ အဆင့်မှီပါစေလေ၊.
    ခွင့်ပြုတယ်။ ခွင့်လွှတ်တယ်။
    :chit:

    ကျန်တာတွေကတော့ ဖတ်သွားမှတ်သွားတယ်။
    နားလေးနေလို့ စာတွေဖတ်ပြီး ဒီလိုကို ဒိုင်ယာရီလို ရေးချလိုက်ရတာပေါ့နော်။
    :kwi:

    သီချင်း တွဲ ဆိုမယ်ဆိုရင်တော့ နားလေးနေလို့မရဘူးးးး
    အဟေးဟေးးးးးးး
    :mrgreen:

    • black chaw

      November 20, 2013 at 3:24 pm

      @ KZ ;
      သရုပ်ဆောင်တာ အရေးမကြီးဘူး…။
      နိုင်ငံတကာအဆင့်မီ ဘော်ဒီလေးက အရေးကြီးတယ်…။
      ဟေးဟေး…။
      နားလေးသူဆိုတာ ကြားချင်တာကိုကြားပြီး မကြားချင်တာကို
      မကြားချင်ယောင်ဆောင်တဲ့ သဘောပါဗျာ…။
      သီချင်းတွဲဆိုရမယ်…ဟက်လား…။
      ဟာဂျာ…ဟာဂျာ…။
      :mrgreen:

  • Tristan

    November 18, 2013 at 9:22 am

    အစိုးရက တိုးကောက်တော့မယ့် မီတာခ တွေကို
    ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ အင်း…ဘယ်မင်းသမီးကများ အပေါ်ပိုင်း ဝတ်လစ်စလစ်နဲ့
    ပွဲထွက်လာလေမလဲပေါ့…။
    ဝတ်မှုံရွှေရည်လား…၊ ရွှေမှုံရတီလား၊ သဉ္ဖာဝင့်ကျော်လား၊ သဉ္ဖာနွယ်ဝင်းလား…၊
    ပြည်သူ့အတွက်ပဲ သာမီးလေးတို့ရယ်…။

    စိတ်လျှော့ အူးလေး ..စိတ်လျှော့ …အူးလေး တို့ အရွယ်က …ထက်ထက်မိုးအူး အရွယ်ဝတ်…
    တား တို့က … ဝါဆိုမိုးအူး အရွယ်ဝတ်…
    တားတားတို့ တ-ဖို့ ထားပါအူး…ငိငိ…

    နန်းဆုလေးကိုတော့ ခွင့်လွှတ်ထားတယ်ဗျာ…
    သူတို့ အရွယ်တန်းမတော့ သူပဲ ရှားပါး အလွတ်ကျန်တာကလား …

    • black chaw

      November 20, 2013 at 4:25 pm

      @ Tristan ;
      မကြီးစိုး (စိုးမြတ်သူဇာ) တို့…
      မကြီးမိုး (တင်မိုးလွင်) တို့…
      လောက်ဆို ကိုယ်တို့ ဝတ်လို့ရပါသေးတယ် ဂီဂီရယ်…။
      ဘယ်နှယ့်
      ထက်ထက်မိုးဦးတဲ့…။
      ကလေးအမေကြီး…။ လင်ကြီးငုတ်တုတ်နဲ့…။
      ညွှန်းစရာရှားလို့ကွယ်…။
      ကိုယ်ကတော့ စိုး ကို ချစ်မလား မိုး ကို ချစ်မလား ပဲ…။
      နည်းနည်း မှ မလျှော့ဘူးနော်…။
      :mrgreen:

  • nozomi

    November 18, 2013 at 9:33 am

    အဲဒါကြောင့် ပြောတာ ကိုချောကတော့ ကိုချော ပါပဲ လို့

    တစ်ခု ပဲ ပြတ်တောင်း ပြတ်တောင်းတော့ မလုပ်ပါနဲ့
    ပုံမှန်လေး တင်ပါ ဧရာဝတီဘလက်ကြီး ရဲ့

    • black chaw

      November 20, 2013 at 3:26 pm

      @ nozomi ;
      အဲဒါကြောင့်ပြောတာ…။
      ကိုနိုကြီးကတော့ ကိုနိုကြီးပါပဲ…လို့…။
      ဆန္ဒကို သိက္ခာနဲ့ ထိန်းနော်…ကိုကို…။
      :mrgreen:

  • kyeemite

    November 18, 2013 at 9:35 am

    အပတ်တကုတ်အားထုတ်ထားမှုကိုတော့ ချီးကျူးလေးစားကြောင်းအရင်ပြောပါရစေဗျာ…
    နောက်သေချာတာက အဲဒီလိုရေးနည်းစတိုင်ကို ကျနော်မရေးတတ်တာတော့သေချာပါတယ်…
    သူရိယ အလင်း ဆိုတဲ့ ဂျာနယ်ကိုကျနော်လည်းဖတ်ဖြစ်လိုက်တယ်…ဟုတ်တယ်ကိုဘလက်ရေ..
    တကဲ့ရဲရဲတောက်စိန်ခေါ်မှုပါပဲ…အဲလိုဂျာနယ်မျိုး တစ်ခါမှမပေါ်ဖူးသေးတာတော့သေချာတယ်ဗျာ..
    နောက်..“ဒီနေရာမှာ စစ်သူရဲ ဗလမင်းထင် ဆိုတဲ့ ကောင်က ခရိုနီ အားလုံးကို အတိအလင်းသတိပေးလိုက်မယ်။
    ကျုပ်ပြည်သူအတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ကျုပ်စာကို ဖေါ်ပြပေးနေတဲ့
    သူရိယအလင်း ဂျာနယ်ကို ထိပါး စော်ကား လုပ်ကြံလာမယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့
    ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ်ဆိုတာ ရယ် ခင်ဗျားတို့အားလုံး
    နောင်တကြီးစွာရသွားစေရမယ် ဆိုတာတော့ ပြတ်ပြတ်သားသား ပြောထားလိုက်မယ်”
    ဆိုတာကြီးကတော့ တကဲ့ရန်ဖြစ်စိန်ခေါ်မှုမျိုးကြီးပဲ….ဂျာနယ်တွေက အဲဒီလိုလုပ်ခွင့်ရှိမရှိတော့
    ကျုပ်လည်းဉာဏ်မမှီပါဘူးဗျာ… 🙁

    • black chaw

      November 20, 2013 at 4:28 pm

      @ kyeemite ;
      အော်…ကိုမိုက်ရယ်…။
      ချီးကျူးချင်ကျူးပါ ကိုကိုရယ်…။ လေးစားတယ်တော့ မလုပ်လိုက်ပါနဲ့…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုမိုက်ရေ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreen:

  • Wow

    November 18, 2013 at 11:47 am

    နန်းဆုရဲ့ အတု မဟုတ်သော အင်ကို တယ်သဘောကျဂျသဂိုးးးးး :mrgreen:
    ကဗျာလေးလဲကြိုက်ပါအိ…
    သတင်းစာကိုလဲ ဗယာကျော်ပါ…

    • black chaw

      November 19, 2013 at 3:15 pm

      @ Wow ;
      ဝေါင်း…။
      လန့်သွားသလား မဝေါင်း…။
      ကွန်းမန့်လေး မြင်လိုက်လို့ ဝမ်သာသွားတဲ့ အသံပါ…။
      ဆိုတော့…ကျေးဇူးတင်ပါတယ်ဗျာ…။
      လေးစားချစ်ခင်တဲ့…
      ဘလက်ချော…။
      :mrgreenn:

  • လုံမလေးမွန်မွန်

    November 18, 2013 at 1:16 pm

    အူးလေးကို တစ်ခွန်းတည်းပြောလိုက်တယ်..
    စာနဲ့ လူနဲ့ လုံးဝမလိုက်ဘူး…

    ဟီး.. :mrgreen: ဘာလို့လဲ သိချင်ရင် မုန့်ကျွေးပါ… ပြောပြမယ်…

    • black chaw

      November 19, 2013 at 3:25 pm

      @ လုံမလေးမွန်မွန် ;
      အွန်…။
      ဘာ..ကြီး..တုန်း..။
      လူကြီးက မဲမဲကြီးနဲ့ ရေးတဲ့ ပို့စ်နဲ့ လုံးဝမလိုက်ဘူးလို့…
      ပြောရက်တယ်လားကွယ်…။
      လူကမဲပေမယ့်…နှလုံးသားက
      လှ…ပါ…တယ်…ကွယ်…။
      :mrgreen:

  • လုံမလေးမွန်မွန်

    November 18, 2013 at 3:22 pm

    နိဗ္ဗာန်က နိစ္စလား၊ အနိစ္စ လား…။
    ဘာလို့ နိစ္စပြီး ဘာလို့ အနိစ္စ ရတာလဲ…။

    အူးလေးရဲ့စာကိုဖတ်တော့ ရှင်ဥက္ကဌရဲ့ ကျောက်ကွင်းအရေးတော်ပုံထဲက စကားကို သွားသတိရတယ်… (အဲ့အကြောင်းလည်း အကြွေးကျန်နေတယ်..မသိချင်ယောင်ဆောင်နေမှ.. )

    အဘိဓမ္မာမှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ကို ပရမတ္ထတရား (မဖောက်မပြန် အမြဲမှန်သောတရား) ဆိုပြီး ပြောထားတယ်တဲ့… စိတ်ရော၊ စေတသိက်ရော၊ ရုပ်ရောက အချိန်တိုင်းဖောက်ပြန်နေတာ.. ပရမတ္ထလို့ ပြောလို့ရပါ့မလားတဲ့… လုံမတောင် နည်းနည်းတွေးသွားတယ်.. သေချာတွေးကြည့်တော့ လက်မခံဘူး… ပရမတ္ထဆိုတာ ရုပ်သည် အချိန်တိုင်းဖောက်ပြန်နေသည်ဆိုတဲ့ သဘောတရားက အမြဲမှန်နေတယ်လို့ ဆိုလိုတာလို့ပဲ လက်ခံတယ်…

    အခုလည်း ဘယ်အရာမှ မမြဲဘူးဆိုတဲ့ အနိစ္စကို နိဗ္ဗာန်နဲ့ လာပြောတယ်… တကယ်တော့ ပါဠိတွေကို ဘာသာပြန်တာ တယ်ရှုပ်တာပဲ… ထားပါ.. နိဗ္ဗာန်က အနိစ္စဆိုတော့ မမြဲဘူးပေါ့… မြဲမမြဲကလည်း ကိုယ်တိုင် နိဗ္ဗာန်မရောက်ဖူးတော့ ပြောရခက်ခက်ပဲ.. ဆိုတော့ ကိုယ့်ဘာသာကိုယ်တွေးထားတဲ့အတွေးလေးပဲ ပြောကြည့်မယ်ပေါ့နော်..

    သမီးသိထားသလိုကတော့ နိဗ္ဗာန်ဆိုတာ နိဝါနကလာတာ…တဏှာချုပ်ငြိမ်းခြင်းပေါ့…
    နိဗ္ဗာန်ကို အနိစ္စလို့ပြောမယ်ဆိုရင် တဏှာချုပ်ငြိမ်းခြင်းက အနိစ္စလား.. တဏှာဆိုတာ ချုပ်ပြီးရင်ပြန်ပေါ်တာလား… ဘုရားရှင် နဲ့ အရိယာသူတော်စင်တို့ရဲ့ တဏှာချုပ်ငြိမ်းခြင်းက အနိစ္စလား…

    အူးလေးရေ…သမီးကတော့ နိဗ္ဗာန်ဆိုတဲ့ တဏှာချုပ်ငြိမ်းခြင်းဟာ အမြဲတမ်းမှန်ကန်တယ်လို့ ထင်ပါတယ်… အနိစ္စလား နိစ္စလား ဆိုတာတော့ အနိစ္စ နဲ့ နိစ္စ ရဲ့ အဓိပ္ပာယ်ကို သေချာလေ့လာလိုက်ပါဦးမယ်နော်..

    တူမ
    မွန်မွန်

  • အရီးခင်

    November 18, 2013 at 4:50 pm

    ဟေ့ ကဘချော …. ကြားလား။ ကြားလား။ အော်ခေါ်နေတာ။
    မကြားဘူး ထင်ရဲ့။

    ဘယ်ကြားမလဲ …. ဟို ကလေးမ လေး တွေ ဆီ အာရုံပြု နေတော့တာကိုး။
    ခေါ်မကြား၊ အော်မကြား။
    မဆန်းပေါင်တော်။

    အစ်မကြီး ကောင်းရာသုဂတိလားပါစေ ဆုတောင်းပါတယ်။
    အားလုံးက ဧည့်သည် တွေချည်း မို့ ရှေ့ က သွားတာ နဲ့ နောက်က လိုက်ရတာ ဘဲ ကွာမှာပါ။

    ဟိုတလောက ဆုံးသွား တယ် သတင်းကြား လိုက် တဲ့ လူကြမ်းမဟုတ်တဲ့ ချစ်စရာ အကောင်းဆုံး လူကြမ်းကြီး (ဦး) အံ့ကျော် ဆုံးတာလဲ ကြားရတယ်။
    ဒီနေ့ Mr Bean (Rowan Atkinson) ဆုံး သွားပြီ ဆိုပြီး ထွက်နေတဲ့ သတင်းကတော့ ကောလဟာလ ဆိုတာပါဘဲ။

    ကြားပြီလား ကဘချော ရေ့။
    😛

    • black chaw

      November 19, 2013 at 3:36 pm

      @ အရီးခင် ;
      နားလေးပေမယ့် ကြားချင်တဲ့ အသံကိုတော့ ကြားတတ်ပါတယ် အစ်မရေ…။
      သိတ်ကြားတာပေါ့ခင်ဗျာ…။
      ကျွန်တော် က အစ်မအသံကို ကြားချင်လို့ နားစွင့်နေမိတာကိုးဗျ…။
      ဟိုးတုန်းက စိတ်ပါလက်ပါနဲ့ မုဒ် ထည့်ပြီးရေးခဲ့တဲ့
      အစ်မဒေါ်ခင်လတ်ရဲ့ ကွန်းမန့်တွေကို ကျွန်တော် လွမ်းနေပါတယ်…။
      အချိန်ရသလောက်လေး ရွာထဲဝင်ပြီး ရေးပေးသွားတဲ့ ကွန်းမန့်လေးအတွက်လည်း
      အကျေနပ်ကြီး ကျေနပ်နေပါတယ် ဆိုတဲ့ အကြောင်း…။
      ချစ်ခင်လေးစားတဲ့…
      ကဘချော…။
      :mrgreen:

  • Ma Ma

    November 18, 2013 at 4:57 pm

    (အမှန်ကိုရေးပြီး အရေးမှန်သော ဂျာနယ်တစ်စောင်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျ…။)
    ဘရာဗိုပါ စီဂျေ ဘလက်ကြီးးးးးးးးးးးးး 🙂
    အိမ်မက်ဆုံရာ က ဒိုင်တွေ ပြောသလို အတုခိုးပြီး ပြောချင်တယ်။
    အသံကာလာလေး လှပါတယ်။
    ကီး မှန်ဖို့ လိုပါတယ်။ :mrgreen:

    • black chaw

      December 12, 2013 at 11:50 am

      @ Ma Ma ;
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ မမရေ…။
      ကီးမှန်အောင် လည်း ကြိုးစားပါမယ် ခင်ဗျာ…။
      😀

  • အဘ့တကထိပ်ခေါင် အဘဆြာရဲစည်

    November 18, 2013 at 5:36 pm

    ဖတ်ဖို့ခက် ဝင်ဖို့မလွယ် ခရိုပြာ ဂဇက်ပြင်ကျယ်ဝယ် အသင်ဆြာရေးသားအပ်သော
    စာပေမြင်ကွင်းကျယ်အား လေ့လာစုတု အားကိုပြု၍ ဖတ်ရှုမှတ်ထင် တွေးတောဆင်ခြင်၍
    မှတ်သားသွားအပ်ပါသည်။

    နန်းဆုပိတ်သတ် အလုံးကြီးချစ်သူ

  • padonmar

    November 18, 2013 at 7:52 pm

    တခုစဉ်းစားမိလို့ ပြန်လာတာ၊
    လွှမ်းမိုးသီချင်းထဲက ပေါင်မုန့်စီးကရက်မဟုတ်ပဲ ပေါလ်မော စီးကရက်များ ဖြစ်နေလားမသိ။(Paul Maul Cigarette တခါက သန်လျင်ဖက်မှာ စက်ရုံလုပ်သေးတယ်)
    ပေါင်မုန့်က သိပ်မရှားခဲ့ဘူးဆိုတော့လေ။
    အဲဒီ သီချင်း ကောင်းကောင်းမကြားဖူးတော့ မှန်းဆကြည့်မိတာပါ။

    • black chaw

      November 19, 2013 at 2:31 pm

      @ padonmar ;
      သိတ်ဖြစ်နိုင်တာပေါ့ အစ်မရယ်…။
      ကျွန်တော် သေချာ ပြန်နားထောင်ကြည့်တော့လည်း
      ပေါမော လား ပေါင်မုန့်လား မကွဲပြားဘူးခင်ဗျ…။
      အစ်မပြောတဲ့ ပေါမော စီးကရက် ဆိုတာ ဖြစ်နိုင်ကြောင်း
      ထောက်ခံပါတယ်ဗျာ…။
      ပေါင်မုန့်ကတော့လေ…
      အစ်မတို့ အတွက် မရှားပေမယ့်
      ကျွန်တော်တို့လို စစ်တပ်ထဲက အခြားအဆင့် သားသမီးတွေအတွက်တော့
      ရှားကုန်တစ်ခုဖြစ်ခဲ့ပါတယ် အစ်မရေ…။
      ဘာပဲ ဖြစ်ဖြစ် စိတ်ဝင်တစား ဆွေးနွေးပေးတာ ကျေးဇူးပါ ဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreenn:

  • ရွှေတိုက်စိုး

    November 19, 2013 at 9:54 am

    ဒီလူကြီးနှယ့် ကော့မန် မပေးတော့ပါဘူးဆို ဇွတ်..
    ကျုပ်ဖြင့် ကိုရင့် ပို.စ်ဖတ်ရတာ… ဗိုလ်ချုပ်ဈေးထဲက အစုံသုပ်ကို ဈေးမမေးပဲ စားလိုက်မိသလိုပဲ…
    အစုံသုပ်ကလဲ စားလို.ကောင်း ဘယ်လောက်များပေးရမလဲဆိုတဲ့ အတွေးကလဲ ဝင် စားလိုက် စဉ်းစားလိုက် ဆက်စားလိုက် တွေးလိုက်နဲ… အရသာကိုရှိလို.ဗျို…
    ဒါနဲ. အသုပ်စားပြီး ချိုပေါ့ကျလေးလဲ တကျိုက်လောက် မော့အုံးမယ်ဗျို…

    ဘယ်လောက်ကျလဲ အစ်ကို………….. :hee: :haa:

    • black chaw

      December 12, 2013 at 12:02 pm

      @ ရွှေတိုက်စိုး ;
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ရွှေတိုက်ရေ…။
      ၂၇၀ဝ ကျပါတယ်ဗျာ…။
      ဟေး…ဟေး…။
      😀

  • amatmin

    November 19, 2013 at 1:51 pm

    သေချာကြီးကို ဖတ်သွားပါတယ်..အူးလေးကျောင်းဒကာရယ် ။

    ဒါနဲ့ သူရိယနေဝန်းဂယက်က မပီးသေးဘူးကိုး.။
    မြို့ထဲတောင် ပစ်စာလိုလိုဒွေ ဝေနေကြပီး.ကမ္ဘောဇက ဦးအောင်ကိုဝင်းတောင် အဆစ်ပါလာပီ ဆိုလား ရယ်.။
    ကိုဘလက်ပြောသလို မှန်တာတွေ ရေးနေပေမဲ့ အရေးမှန်ဖို့လည်း လိုတာမို့..
    မှန်တိုင်းရေးရင်း လူများကြိုက်အောင် ဖွနေရင်း..
    ဖွဲမီးလို တောက်ပီး ငြိမ်းသွားမှာ.ပျောက်သွားမှာကိုတော့ စိုးတယ်.။
    မတူတဲ့ အမြင်နဲ့ရေးတာမျိုးလည်း လိုသေးတာကိုး..။

    ဆရာပါရဂူရဲ့ စာအုပ်ညွန်းဖတ်မိတော့ ကိုယ့်တိုင်ရဲ့ ပတ်ဝန်းကျင်က.မာနတွေ.
    မနာလိုတာတွေကိုတောင် ပတ်လည်လိုက်တွေးမိသေး.။
    ကိုယ်တိုင်တောင် ခါတလေ မကင်း ဆို..
    ခုတောင် အူးလေးရဲ့စာစုံလေး ဖတ်နေရင်း.ငါ့ကျမရေးတတ်ရလေခြင်းလို့ စိတ်ထိခယှက်နေရတာဗျာ.။

    မှုခင်းသတင်းတွေကတော့ ဗျာ..ခုထက်ဆန်းတာတွေ ပိုပီး မကြား မသိ မမြင်ဖို့ပဲ ..မျှော်လင့်ကြတာပေါ့..။
    ဥပဒေတင်မက ဘာဆိုဘာမှမမြင်..တားဆီး ထိန်းချုပ်ရ အခက်ဆုံးက အဲ့စိတ်ဆိုလား လို့.။

    အလွမ်းမှတ်တမ်းကို ဖတ်ပီး အမကြီးက မိသားစုအပေါ်တာဝန်ကျေကြောင်း
    မောင်တယောက်အနေနဲ့ ကိုဘလက်ပြောပြတာကို နားထောင်ဖူးနေကြမို့.
    ကောင်းရာရောက်မှာ သေချာပါတယ်လို့..။
    နောက်ပီး ခုကာလ မန်ယူကျဉ်းထဲကြပ်ထဲရောက်နေချိန်မှာ..
    မန်ယူကို ချစ်တဲ့ပရိသတ်စစ်စစ်.. မရှိတော့တဲ့ဆရာဖေသိန်း ဘာပြောမလည်း တွေးမိတော့.
    စိတ်မကောင်းတာအမှန်ပဲ.။

    ဇဂါးမစပ်.မားဆတ်ဆိုလို့ပါ ။
    အူးဘလက်ကြီး သွားနေကျ ဂရန်းမီးရထားကြီး ဖျက်တော့မယ်ဆိုတော့..
    ဟိုမားဆတ်က ခေးမလေးဒွေ သနားစရာဗျာ့ နော့..။ 😛

    • black chaw

      December 12, 2013 at 12:12 pm

      @ amatmin ;
      စိတ်ဝင်တစား ပေးသွားတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ…။
      ဂရန်းမီးရထား ကြီးဖျက်တော့မယ်တဲ့လား…။
      အင်း…သင်္ခါရ…သင်္ခါရ…။
      😀

  • မဟာရာဇာ အံစာတုံး

    November 20, 2013 at 2:01 pm

    ကျုပ်တို့ ငယ်ငယ်တုန်းက …
    ဟို ….ကျော်ဟိန်းကြီးရဲ့ …
    ဆယ်နှစ် .. ဆယ်နှစ် … ဆိုတဲ့ စကားက
    သိပ်ကို ခေတ်စားခဲ့တာဗျ …။

    ကလေးချင်း ပြဇာတ်ခင်းတမ်း ကစားရင် …
    ဒီတော်ကီတွေက ထိပ်ဆုံးကပေါ့ …
    ဘာတဲ့ …
    လက်ညှိုးလေး တစ်ချက်ကွေးလိုက်ရင် ဘာဖစ်တွားမယ် .. ညာဖစ်တွားမယ် ..
    ဟား ဟား ခွေးလှေးခုန်လို့ ဖုန်မထ ပါဘူးကွယ် .. ဘာညာတွေပေါ့ဂျာ ..

    ပြောရင်း လွမ်းတောင် လွမ်းသွားပြီ … ဂစ်ဂစ်

    • black chaw

      December 12, 2013 at 12:15 pm

      @ အံစာတုံး ;
      လွမ်းစရာရှိရင် နာစရာနဲ့ ဖြေ…ညီလေးရေ…။
      တော်ကီတွေ မိုက်တယ်ဗျာ…။
      ကြိုက်တယ်ဗျာ…။
      😀

    • အာဂ

      November 23, 2013 at 4:33 pm

      အဲဒါကြော်ငြာဝင်တာ ယောက်ျားချင်းတော့ မဲပေးဘူးအေ..။

  • မောင်မိုဘိုင်(သလ္လာဝတီ)

    November 22, 2013 at 6:09 pm

    ဝင်ရောက်လေ့လာ ဖတ်ရှု့မှတ်သား အားပေးသွားပါတယ်ဗျာ….
    ရွာထဲမရောက်ဖြစ်တာလဲကြာဆိုတော့… ပို့စ်လေးတွေ ဘာလေးတွေ
    မဖတ်ရ အားမပေးရတာကို ကြာလေလှပါပြီ…….

  • koyinmaung

    November 22, 2013 at 6:45 pm

    ကျုပ်လဲဘလက်ချောကြီးရဲ့အစုံသုပ်ကို နည်းနည်းခြင်းမြည်းလိုက်
    အတွေးနယ်ချဲ့လိုက်နဲ့တော်တော့ကိုအရသာရှိသဗျို …
    ဲကျေးကျေးပါ ကိုဘလက်ကြီးရေ…………..

    • black chaw

      December 12, 2013 at 12:05 pm

      @ koyinmaung ;
      ကျေးကျေးပါ ကိုရင်မောင် ရေ…။
      နောက်လည်း အားပေးလှည့်ပါဦးခင်ဗျ…။
      😀

  • အာဂ

    November 23, 2013 at 4:31 pm

    ဂျာနယ်ဖိုး စာအုပ်ဖိုး အင်တာနတ်ဖိုး အချိန် လူ(စာရိုက်ရခြင်း) စတဲ့ စေတနာတွေနဲ့ ချပြသွားတာ ဖတ်ရတဲ့လူတောင် ရေးတဲ့လူ ဆြာဘလက်ကို အားနာမိသဗျ။ အရမ်းဖတ်လို့ကောင်းပါတယ်ဆိုတာထက် ပိုပြီးတော့ ကောင်းပါကြောင်း

    • black chaw

      December 12, 2013 at 11:55 am

      @ အာဂ ;
      ညီလေးလို မဂ္ဂဇင်းတစ်ခုရဲ့
      တာဝန်ခံအယ်ဒီတာ တစ်ယောက်က
      ချီးကျူးသွားတာကို…
      အလွန်ဂုဏ်ယူမိပါတယ်ဗျာ…။
      ကျေးဇူးပါ ဂ ရေ…။

    • black chaw

      December 12, 2013 at 12:07 pm

      @ နန်းတော်ရာသူ ;
      ကျေးဇူးပါ နန်းတော်ရာသူ ရေ…။
      နောက်လည်း အားပေးလှည့်ပါဗျ…။
      😀

Leave a Reply