မာယာများတဲ့ ကြောင်ကြီး / အဟိ

alinsettNovember 17, 20131min24019

အဟိ ။

 

:kwi:

 

********************

 

တစ်ခါဒုန်းဂ ပေါ့ ဗျာာာာ

 

ကြောင်ဂျီးဒဂေါင်ဟာာာ

 

ကြွက်ကလေး ဒဂေါင်ကို . . .

စားချင်လွန်းလို ့လိုက်ဖမ်းပါလေရော. . .။

 

ကြွက်ကလေးက ပြေးးးး

ကြောင်ဂျီးက လိုက်. . .နဲ့ ဝရုန်းသုန်းကားဂျီးပေါ့ . . . ။

 

ကြောင်ဂျီးဂ လျှာဂျီး တန်းလန်းထွက်

သွားဂျီးကို ဖြီးးးလို ့ ။ လက်သည်းဂျီးတွေကိုလည်း ဖြန့်ကားပြီး ကြွက်ကလေးကို ခုန်ခုန်အုပ်တာပေါ့ ။

 

မိလိုက်လို ့ကတော့ ဒဂျွတ်ဂျွတ် ဝါးစားမှာ သေချာသပေါ့ ။

 

ကြွက်ကလေးကလည်းးးး

အပြေးတော့ သန်သားဗျ ။

 

ကြောင်ဂျီးရဲ ့လက်ထဲကနေ ပွတ်ကာင်္သီကာနဲ ့ သေမယ့်ဘေး လွတ်အောင်ပြေး ပြီး အသက်လုပွဲ နွှဲနေတယ် ။

 

ပြေးရင်းးးလိုက်ရင်းးး လိုက်ရင်းးးပြေးရင်းးးနဲ့ . . . .

တစ်နေရာ အရောက်မှာတော့. . . .

 

ကြွက်တွင်းတစ်တွင်းကို တွေ့လိုက်တယ်။

 

ကြောင်ဂျီး ခုန် အအုပ်မှာပဲ. . .

အဲဒီ ကြွက်တွင်းထဲကို ပလွတ်ခနဲ ဝင်ပစ်လိုက်ပါလေရော ။

 

ကြောင်ဂျီးကတော့. . .

ကြွက်တွင်းဝမှာ. . .

ဒေါသပုန်ထပြီး . . .

ကျန်ခဲ့လေရဲ ့ ။

 

ကြွင်းတွင်းထဲ ရောက်သွားတဲ့ ကြွက်ကလေးလည်း အခုမှပဲ သက်ပြင်းချနိုင်တော့တယ်လေ ။

 

ကြောင်ဂျီးလက်က လွတ်မြောက်ပြီကိုးးး

 

ဒါပေမယ်. . . . . . . .

 

************

 

ဟောဟဲ ဟာဟဲ . . . . .

အမောဖြေ နေတုန်းမှာ. . .

ကြွက်တွင်း ဝ ကနေ . . .အသံကြီးတစ်ခု ကြားလိုက်ရတယ် ။

 

” အောက် အီးအီးးးးးးးအွတ် ”

 

ဆိုတဲ့ ကြက်ဖတွန်သံကြီး . . .

 

ကြွက်ကလေး. . .

အရမ်းးး အံ့ဩသွားတယ်။

 

ခုဏ . . .

ကြွက်ကလေး ဝင်လာတုန်းက ကြွက်တွင်းဝမှာ . . .

ဘာ ကြက်ဖမှ မတွေ့ခဲ့ဘူး ။

အခုတော့ ကြက်ဖတွန်သံကြီးက ဒီကြွက်တွင်းအဝ ထဲ ကပ်ပြီး တွန်ထည့်လိုက်သလိုပဲ ။

 

တစ်ခုခုတော့ ထူးခြားပြီ ။

ပုံမှန်တော့ မဟုတ်တော့ဘူး ။ ဘာများပါလိမ့် ဆိုပြီး . . .

ကြွက်ကလေး က

အရမ်း စိတ်ဝင်စားသွားတယ် ။

 

အဲဒါနဲ ့. . . . .

ကြွက်ကလေးက. . .ကြွက်တွင်းအဝကို ပြန်ထွက်ပြီး. . .

အကြည့်. . . .

 

တွင်းဝမှာ ကြွက်ကလေး ခေါင်းပြူလာတာနဲ ့. . .

 

ကြွက်တွင်း အပြင်ဘက်မှာ အောက်အီးအီးအွတ် လို ့အော်ရင်း အသင့်စောင့်နေတဲ့ ကြောင်ဂျီးဟာ. . .

ကြွက်ကလေးကို လှမ်းဆွဲပြီး တဂျွတ်ဂျွတ် ဝါးစားပစ်လိုက်ပါလေရော ။

 

ကြောင်ဂျီးဟာ ကြွက်ကလေးကို ဝါးစားပြီး နှုတ်ခမ်းကို လျှာဂျီးနဲ ့သပ်လိုက်တယ် ။

 

ပြီးတော့ . . . . .

အားရကျေနပ်တဲ့ ကြောင်ပြုံးဂျီး ပြုံး ပြီး းး စကားတစ်ခွန်းကို အသံကျယ်ကျယ်နဲ ့ ပြောလိုက်တယ် ။

 

” ဘာသာခြား စကားတစ်ခွန်းတတ်ထားတာ

အတော် အဆင်ပြေသကိုးးး ”

 

************************

 

 

((( ဖတ်ခဲ့ဖူးတဲ့ ဟာသလေးတစ်ပုဒ်ကို ပြန်ရေးပြခြင်းပါ ။

ဒီ ဟာသထဲက ကြောင်ဂျီးနဲ ့ ဂဇွက်ယွာသားအုကြောင်ဂျီး. . .

မည်သို ့မည်ပုံမျှ သက်ဆိုင်ခြင်း မရှိပါကြောင်းးးး )))

 

:kwi:

 

:kwi:

 

လေးစားစွာဖြင့် . . .

 

ဒညင်းဝက်

အဲလေ. . .

 

alinsett

 

 

 

 

 

 

 

 

19 comments

  • ဦးကြောင်ကြီး

    November 17, 2013 at 11:56 am

    ပြာသိုလရောက်ပြီကွ… ကြွက်သား စားစရာလား.. ငှီးလျောင်းငှီးလျောင်း…

    • အဘ ဘုတ်ကလုံ

      November 17, 2013 at 12:04 pm

      ဒူးချောင်တဲ့ အူးကြောင် မြန်မာပြည် ဒီမိုကရေစီအတွက် ဂေဇက်မှ စွမ်းစွမ်းတမံ အာဏာရှင်စနစ်ကို မီးတုတ်ရှိူ့ခဲ့သောကြောင့် သမဒ ဝံဂျီးများက အမေရိကား အဆင်းဘီးမပါတဲ့ လေယင်ဗျံအပြန်လက်မှတ်နှင့်တကွ၊ ကြောင်ဘောင်သစ်ပါတီ တည်ထောင်ပြီး ဘယ်အစိုးရတက်တက် ဘုကလန့်တိုက်ရန် တာဝန်ပေးလိုက်ကြောင်း မြေအောက် ကြွက်သတင်းအရသိရသည်။

    • alinsett

      November 17, 2013 at 4:51 pm

      ကြွက်သားမစား ရင်
      ဇာတ်တူသားတော့ မစားသင့်ပါဘူး အုကျောင်ရယ်

      :kwi:

  • TNA

    November 17, 2013 at 12:04 pm

    အူးကြောင်တို့မာယာများချက်ကတော့ ပြောကိုပြောချင်ဘာဘူး တကတဲတော့ :mrgreen:

    • alinsett

      November 17, 2013 at 4:54 pm

      ေြကြာင်တကာ့ကြောင်ထဲမှာတော့
      ဒီကြောင်က အတော်မာယာများသကိုး တီသဲရဲ့

      ဟာသထဲဂ ကြောင်ကိုပြောတာပါ

      :kwi:

  • Ma Ma

    November 17, 2013 at 9:53 pm

    ဟာသထဲကကြောင်က တူတယ်နော်…
    အပြင်က ကြောင်တွေနဲ့လို့ ပြောတာ။
    ရွာထဲက ကြောင် လို့ ပြောတာ မဟုတ်ဘူး။ :kwi:

    • alinsett

      November 18, 2013 at 7:35 am

      ကျွန်တော်တို ့ရွာထဲက ကြောင်ကြီးက
      ပြာသိုလ ဆို ကြွက်သားမစားချင်ဘူး ဆိုပဲ
      :kwi:

  • Don Juan Ronald

    November 17, 2013 at 11:17 pm

    လက်စသတ်တော့ ၊ အာစရိ ကြောင်ကြီး က မူရကီး စကား လဲ ပြော တတ် သာ ကိုး ~~~~

  • KZ

    November 18, 2013 at 8:55 am

    ကြောင်တို့ရဲ့ မာယာတွေဟာရေးးးးမကုန်ပါဘူးးးး
    အာကာကို လွှာပုံပြုလို့
    မေယုကိုတဲ့ စုတ်တံချီ။

    :kwi:

    • alinsett

      November 19, 2013 at 12:51 pm

      ကြောင် တို ့မာယာ သဲကိုးဖျာ ပေါ့နော်

      :kwi:

    • alinsett

      November 19, 2013 at 12:53 pm

      ဟာသလေးက်ို သဘောကျသွားဒယ်ပေါ့နော်
      🙂

  • nozomi

    November 19, 2013 at 12:24 pm

    ခေါင်းစဉ်ကို ဖျတ်ခနဲ ကြည့်လိုက်မိတာ

    မယားများတဲ့ ကြောင်ကြီး ဖြစ်နေလို့…

    • alinsett

      November 19, 2013 at 12:49 pm

      🙂

      ကြောင်ဆိုတော့လဲ
      အဲ့လို ဖြစ်နိုင်ဘာဒယ်

      🙂

  • Alinsett @ Maung Thura

    May 11, 2015 at 3:52 pm

    ဒီကြောင်တစ်ယောက် ဘယ်နားသွား မာယာများနေပြန်လဲ မသိ

    :mrgreen:

    • Ma Ma

      May 11, 2015 at 4:30 pm

      ဟုတ်ပ့ါ။
      ရွာထဲမှာ ကြောင်သံ (ကြောင်ကြီးအသံ)၊ ကြွက်သံ (ဘွပုအသံ) ပျောက်နေလို့ တိ်တ်ဆိတ်ခြောက်ကပ်နေသလိုပဲ။ 🙁

      • သင့်အေးရိပ်

        July 6, 2017 at 5:11 pm

        ဦးကြောင်ကို လွမ်းနေမိပြီ။
        😆

  • padonmar

    July 6, 2017 at 8:56 pm

    ကျန်းမာရေးမှ ကောင်းပါလေစ။

Leave a Reply