ဖဲကြွေးနဲ့ ဟင်းစပ် လဲလှယ်ခြင်းးးးးး၊ KZ’s ထမင်းဆိုင်

ဇီဇီNovember 18, 20136min58248

ခွိ။
ဒီတပတ်တော့ ဖဲဝိတ်ဇာ လေးလေးကြည် (Le Le Kyi) ကို အနိုင်ကျင့်ထားတယ်။
ဟင်းစပ်မပေးရင် ဖဲကြွေးမဆပ်ဖူးဆိုပြီးးးးး

အဲလာနဲ့ သူလာပြီး ဟင်းချက် ပေးရရော…….
အဟေးဟေးးးးးး

အဲ။ ဒီ နံမည်နဲ့ ဖဲကြွေးကိစ္စတွေက ရွာထဲ ပုံမှန်ဝင်တဲ့သူတွေတော့ သိမှာပါနော့။
မသိတဲ့သူက သိတဲ့သူတွေ မေးလိုက်ပါ။ အဟိဟိ။  :mrgreenn:
အပျိုဂျီးဆိုတော့ကာ အပြောအဆို ပြတ်တောင်းတောင်းလေးကို သည်းခံပါ။
တရုတ်မင်းသမီးလေးစပ်တဲ့ တောစာကို အားပေးကြပါဦးးးးး

~~~~~~~~~~~~~~~~~~

 မနက်စာ ကို ကြိုက်နှစ်သက်ရာ အပြင်မှာစားပါ။ နေ ့လည်စာ နဲ ့ ညစာပေါင်းစားမယ်။ တစ်ပတ်စာ ပုစွန်ငပိချက်နဲ ့ တို ့စရာ ပြင်ပေးမယ်။

>>> ပုစွန် ငပိချက် ချက်ဖို ့အတွက်….

ပုစွန် အကောင် လေးတွေကိုခေါင်းဖြုတ် အခွံခွါ. ဆားနယ်ပြီးဆုံနဲ ့မညက်တညက်ထောင်းမယ်. ငရုတ်သီးစိမ်း လေးတွေကိုလဲ အညှာဖြုတ်ပြီးထောင်းမယ်.ကြက်သွန် ဖြူ နီ ပါ တခါတည်းရောထောင်းလိုက်မယ်။မန်ကျည်းသီးမှည့် ကို အရည်ဖျော် ပြီးအစေ့တွေ စစ်ထားမယ်။ ငပိရည် ကျိုရင် နနွင်းမှုန် ့နဲနဲ ထည့်ပါ။ နနွင်းမှုန် ့က အနံ ့သတ်ပေးတယ်။ ကျိုပြီးရင် အရိုးတွေကိုဇကာလေးနဲ ့စစ်ထုတ်ပလိုက်ပါ။ထောင်းထားတဲ့ ပုစွန်ရယ် ငရုတ်သီးစိမ်းရယ် ဒယ်အိုးထဲမှာ ဆီနည်းနည်းရယ်နဲ ့ လှိမ့်မယ်။ နွမ်းသွားရင် ငပိရည် လောင်းထည့်  မန်ကျည်းသီးရည် လောင်းထည့် မယ်။ ဆူပွက်လာပြီး အရည်နဲနဲခမ်းသွားရင်ရပြီ။

>>>တို ံစရာအတွက်ကတော့.

.ပေါက်ပန်းဖြုပွင့်ပြုတ်..

မျှစ်ပြုတ်.

.မှိုနတို.

.ခတက်ချဉ်

..ရုံးပတီသီးပြုတ်

.ခရမ်းသီးသေးသေးလေးတွေပြုတ်.

.သပွတ်ညွှန် ့ပြုတ်

.ကြက်ဟင်းခါးညွှန် ့ပြုတ်.

မုန်ညင်းဖူးပြုတ်…စားလို ့ရသမျှအရွက်တွေ အကုန်သာပြုတ်ပါလေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

တနင်္လာ နေ ့မှာ စားစရာ

 

ငါးပုဏ္ဍား ကြော်.ပိန်းဥဟင်းချိုရယ်. မန်ကျည်းသီးစိမ်းထောင်းကြော်

ငါးပုဏ္ဍား ဗိုက်ပူ အကောင်ကြီးတွေကို ဒီအတိုင်းပဲ ဆားနနွင်း မှုန် ့ နဲ ့ကြော်မယ်. ရေဆေး နှုတ်ခမ်းမွှေးဖြတ်ပြီး တော့ တစ်ဖတ် ၂ချက်လောက်တော့ မွှန်းပါမယ်။ တော်ကြာ ရေမဆေးပဲ ဒီတို်င်းချက်တယ် ထင်နေဦးမယ်။

မန်ကျည်းသီးစိမ်း တွေကိုအခွံခြစ် ထက်ခြမ်းခွဲ အစေ့ထုတ်ရေဆေးပြီးထောင်းပါမယ်။ ပုစွန် အကောင် လေးတွေကိုခေါင်းဖြုတ် အခွံခွါပြီး ဒါးနဲ ့နုတ်နုတ်စင်းပါမယ်။ တစ်ဝက်ကို ပိန်းဥဟင်းအတွက်ချန်ထားမယ်။ ကြက်သွန်ဖြူရယ်. ပုစွန်ရယ်ကို အရင်ကြော်မယ် ပြီးရင် မန်ကျည်းသီးစိမ်းထည့့်ပါမယ်။ ငရုတ်သီးစိမ်း ရယ် ငပိနဲနဲရယ်ထည့်မွှေပြီး ခြောက်သွားရင် ရပါပြီ။

ပိန်းဥဟင်းချို ချက်နည်း၂မျိုး ရှိတယ်။ ပြုတ်ပြီးချက်တာနဲ ့ အစိမ်းချက်တာ။ ပြုတ်ပြီးမှချက်ရင် ပိန်းဥ တွေ အခွံခွါရင်းပျောက်သွားတတ်တယ်။ ပါးစပ်ထဲ ရောက်ကုန်တာပါ။ အဲဒီတော့ အစိမ်းပဲချက်တော့မယ်။ ပိန်းဥ တွေကိုအခွံခွါ ရေဆေးထက်ခြမ်းခွဲမယ်။ စောစော ကချန်ထားတဲ့ ပုစွန်ကို ကြက်သွန်ဖြူ နီ နဲ ့ဆီသတ်မယ်.ကြက်သွန်နံ ့ သင်းလာရင် ပိန်းဥ တွေ ရောထည့် မွှေပြီး ရေအနေတော်ထည့် ဆားထည့်။ ပိန်းဥ တွေကျက်ရင်ရပါပြီ။

မိုးတွေသည်းသည်းမဲမဲ ရွာတဲ့နေ ့မှာ မန်ကျည်းသီးစိမ်းထောင်းကြော်ရယ်. ပိန်းဥဟင်းချိုရယ်. ငါးကြော်လေးကိုက်ရင်း ခြံထဲက အုန်းအွမ် ဂီတသံစဉ် နားဆင်ခဲ့ရတဲ့ ဘဝ ပြန်မရတော့ပါလား။

~~~~~~~~~~~~~~~~~~~~~~~~~~

အင်္ဂါနေ ့အတွက်ကတော့

 

ငါးရံ  ့အသားလွှာ ဂျင်း ကြော် ရယ်..မျှစ်ချဉ်ပေါင်ဟင်း ရယ်. ငရုတ်သီးဆားထောင်း

ငါးရံ့တွေကိုအကြေးခွွံခွာပြီးရင် ပြာ ဒါမှမဟုတ် မန်ကျည်းသီးမှည့်နဲ ့နယ်ပြီးဆေးမယ်။ ပြီးရင် ကျောရိုးဟိုဘက်ဒီဘက် တလျှောက် ကပ်ပြီးအသားခွါမယ်။ အလွှာပါးလေးတွေဖြစ်အောင်ပြန်လှီးပါမယ်။ ဆား နနွင်းမှုန်. ငံပြာရည် နဲနဲထည့်နယ်မယ်။ဂျင်းရယ် ကြက်သွန်ဖြူနီရယ်ပါးပါးလှီးပြီးကြော်မယ်။ ပြီးရင် ငါးအသားလွှာတွေထည့်ကြော်မယ်.

မျှစ်နုနုလေးတွေ ကို အပ်နဲ ့ အချောင်းလေးတွေဖြစ်အောင်ခြစ်ပြီး ပြုတ်ပါမယ်။ အနေတော် အပိုင်းလေးတွေဖြတ်ပြီးရေစစ်ထားပါမယ်။မိုးရာသီဆိုရင် ချဉ်ပေါင်တွေ အရမ်းနုပြီး ပေါတယ်။ စိုက်တဲ့ခြံမှာသွားဝယ်ရင် အများကြီးလည်းရတယ်။ချဉ်ပေါင်ရွက်နုနုလေးတွေကို သင် ရေဆေး အိုးထဲထည့်ပြီးမီးဖိုပေါ်မှာကြေအောင်မွှေမယ်။ ငပိနဲနဲရယ်. ပုစွန်ရယ်. ကြက်သွန်ဖြူ နီ. မျှစ်ပြုတ်. ငရုတ်သီးစိမ်းရယ် နနွင်းမှုန် ့ ရယ်ရောထည့်မွှေမယ်။ ရေအနေတော်ထည့်။ ဆူပွက်လာပြီး ရေနဲနဲခမ်းသွားရင် ပုစွန် အရသာနဲ ့ချိုနေတဲ့ မျှစ်ချဉ်ပေါင်ဟင်း တစ်ခွက်ရပြီပေါ့။မကြာခဏ စားဖြစ်ခဲ့တဲ့ဟင်းတစ်ခွက်ပေါ့. ချဉ်ပေါင်ဟင်းအမြဲချက်ရင် မေမေ ပြောတဲ့ စကားလေးမှတ်မိနေသေးတယ်။ “ရွှေချဉ်ပေါင် တုံး ခါမှ မောင်ဘုန်းပြန်လာမယ်” တဲ့။ အခုတော့ဖြင့်ပြောင်းပြန် ” ရွှေချဉ်ပေါင် ဟင်း ချက်စားဖို ့ မယ်ဘုန်း ပြန်လာမယ်”…..

ငရုတ်သီးခြောက်တွေကို နဲနဲ တူးအောင်လှော်မယ်။ အညှာချွေပြီး ဆုံနဲ ့ထောင်း။ ကြက်သွန်ဖြူ နီ ဆားထည့် ထောင်း။ ပြီးရင် ပန်းကန်ထဲထည့်ဆီဆမ်းမယ်။ ငရုတ်သီးကို မလှော်ပဲအစိမ်းထောင်းလေးတာ ပိုကြိုက်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဟူးနေ့အတွက်

 

ငါးမွေထိုး ကင် အစပ်ကြော်..ပဲနီလေး ဘဲဥချဉ်ဟင်း. ဗူးရွက်ကြော်

ငါးမွေထိုးတွေကို အကောင် လိုက် တံစို ့ထိုးပြီးမီးခဲအေးအေးနဲ ့ကင်ပါမယ်။ပြီးရင် အသားခွါမယ်။ ကြက်သွန်ဖြူ နီ နဲ ့ငရုတ်သီးခြောက်ကိုကြော်မယ်။အသားလွှာတွေထည့်။ ငံပြာရည်နဲနဲထည့်မယ်။

ပဲနီလေးပြုတ်တာ နဲနဲတော့ အလုပ်ရှုပ်တယ်။ မပြောပြတော့ဘူးပြုတ်ပြီးသားဈေးမှာအလွယ်တကူဝယ်လို ့ရတယ်။ အဲဒီတော့ဈေးကဝယ်လိုက်မယ်။ ဘဲဥပြုတ်. အခွံခွါ. ထက်ခြမ်းခွဲ ပြီးကြော်။ဆီစစ်ထားမယ်။ကြက်သွန်ဖြူ နီ နဲ ့ထောင်းထားတဲ့ ငရုတ်သီး ကိုဆီသတ်မယ်။ ပဲနီလေးပြုတ်ထည့်မွှေမယ်။ နှံ ့သွားရင် ဘဲဥကြော်ထားတာတွေထည့် မယ်။ မမွှေတော့ဘူး။ မန်ကျည်းမှည့်ရည် ရယ် ရေနဲနဲထည့်ပါ။ဟင်းရည်ဆူပွက်လာပြီး အရည်နဲနဲခမ်းသွားရင် မဆလာအုပ်ပြီးစားလို ့ရပြီ။

ဪ..ပဲနီလေးဆိုတာ….ရန်ကုန် ပဲကတီပါလို ့ခေါ်တဲ့ ပဲကိုပြောတာပါ။ဒေသအခေါ်အဝေါ်တွေ နဲနဲတော့ ကွဲတယ်။ အိမ်က မောင်လေး ပေါ့ ရန်ကုန် ရောက်စ ဈေးထဲမှာ အာဝါး သီး လိုက်ရှာတာ ဈေးသယ်တွေ ဝိုင်းဟားတာခံခဲ ့ရသည်ပေါ  ့။ သူတို ့က ကုလားအော် သီးလို ့ ခေါ်တာကိုး။

ဗူးရွက်တွေကိုအကြောသင်. အနေတော်လှီးဖြတ်ပြီး ဆေးကြောသန် ့စင်မယ်။ ကြက်သွန်ဖြူနီ ဒါးပြားရိုက် ပြီးဆီသတ်။ ဗုူးရွက်ထည့်လုံးမယ်။ ရေနဲနဲထည့်။ဗူးရွက်တွေ နူးပြီးအရည်နဲနဲ ပဲကျန်ရင် ဘဲဥ ၁ လုံးဖေါက်ထည့် မယ်။ ဟင်းရည်နဲနဲ နဲ ့ချက်တာကို ကျမ တို ့ဒေသ အခေါ်အဝေါ်က အရည်စပ်စပ် လို ့ပြောတယ်။

မှတ်မိသေးတယ် သူငယ်ချင်း တစ်ယောက်ချက်တဲ့ ဗူးရွက်ဟင်း။ သူ ့အမေ က “သားရယ် ဗူးရွက်ကို အရည်စပ်စပ် နဲ ့ချက်ထားနော်” လို ့မှာခဲ ့တာကို သူက ငရုတ်စိမ်းတွေထောင်းထည့် ပလိုက်ရော။ စပ်မှစပ်…မှတ်ကရော..နောက်ရက်တွေ ဟင်းချက်စရာ လိုတော့ဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြာသပတေး နေ ့

 

ငါးကြင်းဖြူ ငရုတ်သီးစိမ်းကြော်..ပဲတီစိမ်း ဟင်းရည်..သရက်သီးစိမ်းထောင်း။

ငါးကြင်းဖြူ ကို အနေတော် အတုံးကလေး တွေလှီးပြီး ဆား.နနွင်းမှုန် ့.ဂျင်းထောင်းရည် တို ့နဲ ့နယ် ပါမယ်။ ပြီးရင်ကြော်ပါမယ်။ ငရုပ်သီးစိမ်းတွေ ကိုအညှာဖြုတ်ပြီးထောင်းမယ်။ ကြက်သွန်ဖြူနီထောင်းထားတာကိုဆီသတ်မယ်။ပြီးရင်ငရုပ်သီးစိမ်းထောင်းထားတာထည့်ပြီးကြော်မယ်။ ငရုပ်သီးစိမ်းနွမ်းသွားရင် ငါးကြော်တွေ ထည့်ပြီးရောမွှေမယ်။ ဟပ်ချိုး…ဟပ်ချီးးးး….အင်းးအရမ်းမွှန်တယ်..။

“ပဲတီကို အပင်ဖေါက်ထားပါ..အညှောက်ထွက်လာပြီ” အဲဒီ ပဲကိုချက်စားမယ်။ တောမှာဆိုတော့ အဆင်သင့် ဘာမှ မရဘူး။ အားလုံးကိုယ့် အားကိုယ်ကိုးပဲ။ ပဲတီစိမ်းကိုလှော်ပါမယ်။ ပြီးရင် ဇကောထဲ ထည့် စဉ်းနှီးတုန်းပေါ်တင် ပြီး ပုလင်းနဲ ့ နဲနဲစီ ကြိတ်ပါမယ်။၂ခြမ်းကွဲသွားပြီးအချွံကျွတ်သွားရင် ဇကောနဲ ့ပြာထုတ် ပလိုက်မယ်..ရိုးရာ ပဲတီစိမ်း အချွံချွတ်နည်းပေါ့။ကြိတ်လိုက် ကောက်စားလိုက်နဲ ့ဟင်းချက်ဖို ့မလောက်တော့ဘူး။ရေများများရောရမယ်။ ပဲတီစိမ်းကိုရေများများနဲ ့ပြုတ်မယ်။အမြှုပ်တွေ နဲ ့ပွထလာပြီး ဝေကျတတ်တဲ့အတွက် အဖုံးနဲနဲ ဟပြီးစောင့်ကြည့်ရမယ်။ ပဲနူးသွားရင် ကြက်သွန်ဖြူနီ.ဂျင်း ဆီသတ်ထားတာထည့်မယ်..အပေါ့အငန် ကတော့ မီးအကြိုက် ချိုပေါ့..သကြားနဲ ့ ဟင်းခတ်မှုန် ့မပါ ဘဲနဲ ့ကို ပဲ အရသာကချိုတယ်။ ပဲကြာဇံ ကြိုက်ရင် ရေဆေးပြီး မီးဖိုပေါ်ကမချခင်ထည့်လိုက်မယ်။

သရက်သီးစီမ်းကို အချောင်းကလေးတွေ ဖြစ်သွားအောင ်ဂျစ် နဲ ့ ခြစ်မယ်။ ပြီးရင်ထုံးရည်နဲ ့စိမ်ထားမယ်။ ငပိနဲနဲ ကို မီးကင်။ ငရုပ်သီးစိမ်းရယ် ပုစွန်ခြောက်ရယ်. ကြက်သွန်နီ လှီးထားတာကို ရောထောင်းမယ်။ဆားနဲနဲထည့် ရင် အချဉ်အရသာ ပိုရတယ်။ ပြီးရင် ရေစစ်ထားတဲ့ သရက်သီးစိမ်းတွေ ရောထည့်ထောင်းမယ်။ ညက်အောင်မထောင်းပါ။ အထက်အောက်နှံ ့ပြီး အရသာဝင်သွားရင်ရပြီ။ သရက်သီးစိမ်းနဲ ့ငပိနံ ့ရရင် သွားရည်ကထိမ်းမရဘူးးး။ ဟော….ပန်းကန်ထဲကျသွားပြီ။ ဆားလျှော့ထည့်လိုက်မယ်…အဟိ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

သောကြာနေ ့ အတွက်ကတော့

 

ငါးဖယ်လုံးဆီပြန်..သခွားသီးသုပ်..ဒန် ့ဒလွန်သီးဟင်းခါး

ငါးဖယ်သားတွေကို ဆားရယ် ကြက်သွန်ဖြူ ဂျင်းထောင်းရည် ညှစ်ထည့် ပြီးသမအောင်နယ်မယ်။ ပြီးရင် ဆုံနဲ ့စီးသွားအောင်ထောင်းမယ်. အဆုပ်လေးတွေ လုပ်ပြီးကြော်ပါမယ်။ဆီစစ်ထားမယ်။ ကြက်သွန်ဖြူနီ နဲ ့ထောင်းထားတဲ့ ငရုပ်သီးကိုဆီသတ်မယ်။ ငရုပ်သီးနွမ်းသွားရင် ဆီစစ်ထားတဲ့ ငါးဆုပ်လုံးတွေထည့်မွှေမယ်။ မန်ကျည်းရည်ရယ် ရေနဲနဲထည့်မယ်။ရေခမ်းပြီး ဆီပြန်လာရင် နံနံပင် အုပ်ပြီးချလိုက်တော့မယ်။ ချဉ်ငံစပ် အရသာကြိုက်သူများအတွက်ကတော့ ငပိနဲနဲ ရယ်..ငရုပ်သီးစိမ်းရယ်ထည့်မယ်…အွန် ့…ငပိကပါလာပြန်ပြီ။ဧရာဝတီသူရဲ့ လက်ရာဆိုတော့ ငပိ နဲ ့ကို လွတ်မှာ ဟုတ်ပါဘူး။

သခွားသီးအလုံးကြီးကြီး ကို ထက်ခြမ်းခွဲ. ဂျစ်နဲ ့ခြစ်။အခွံချွတ်ထားတဲ့ ပုစွန်တွေ ကို ဒါးနဲ ့ကြိတ်မယ်။ ပြီးရင်လှော် လိုက်မယ်။ငပိ မီးကင်ရယ်. ငရုပ်သီးစိမ်း လှီးထားတာရယ်. စောစောက ပုစွန်လှော်ရယ်. ကြက်သွန်နီ ပါးပါးလှီးထားတာရယ် သခွားသီးခြစ်ထဲ ထည့်လို ့ ရောသမမွှေလိုက်ရင်. သခွားသီးသုပ်စပ်စပ်လေးရပြီပေါ့။

ဒန် ့ဒလွန်သီး ကို မီးဖုတ်မယ်..အသားတွေကို ဇွန်းနဲ ့ခြစ်ယူမယ်။အိုးထဲမှာ ငပိနဲနဲ ရယ်.ပုစွန်ရယ်. ရေအနေတော်ထည့်ပြီးဆူအောင်တည်မယ်။ ဆူပြီးပွက်လာရင် ဒန် ့ဒလွန်သီး အသားတွေ ထည့်. ၅မိနစ်လောက်ထားမယ်။ မီးဖိုပေါ်ကချခါနီး မှာ ငရုပ်ကောင်းလှော်ကို ကြက်သွန်ဖြူနဲ ့ မညက်တညက်ထောင်းထည့်လိုက်ရင်..ဒန် ့ဒလွန်သီး ဟင်းခါး အရည်သောက် တခွက်ရပြီပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စနေ နေ ့မှာ

ငါးသလောက်ဥကြော်..သင်္ဘောသီး စိမ်းချဉ်ရည်ဟင်း. ပုစွန်အစိမ်းသုပ်.

ငါးသလောက်ဥကို ဂျင်း ကြက်သွန်ဖြူနီတွေ နိုင်းချင်းနဲ ့ကြော်မယ်.

ပုစွန်အစိမ်းကို အခွံချွတ် ချေပြီး သံပုရာရည် စိမ်ထားမည်။ ပုစွန်တွေ ကျက်သွားပြီး ရဲလာရင်ဆယ်လိုက်မယ်။ကြက်သွန်နီပါးပါးလှီး. ရေဆေးပြီးစစ်ထားမယ်။ ငပိ မီးကင်။ ငရုပ်သီးစိမ်း ရိတ်ရိတ်လှီး။ ပြီးရင် ပုစွန်ထဲ ရောထည့်မွှေ။ ရှလွတ်…အချဉ်သံကြားရင် သားရည် က ကျပါလေရော။

သင်္ဘောသီးစိမ်းကို အခွံခွါ အတုံးလေးတွေလှီး..ရေဆေးပြီးစစ်ထားမယ်။ နနွင်းမှုန် ့.ဆား.ထည့်ပြီး နယ်မယ်။ဒီတစ်ခါတော့ ငပိထည့်တော့ဘူးနော်။ သင်္ဘောသီးက အချိုအရသာရှိတယ်။အခွံချွတ်ထားတဲ့ ပုစွန်လှော်ရယ်. ကြက်သွန်ဖြုနီရယ်ထည့်။ဆီ နဲနဲ ထည့်ပြီး လုံးချက် ချက်မယ်။ သင်္ဘောသီးတွေ နွမ်းသွားရင် မန်ကျည်းမှည့်ဖျော်ရည်ထည့်။ ရေနဲနဲထပ်ထည့်။ ဟင်းရည် ပွက်ပွက်ဆူပြီး လိုသလောက်အနေအထားမှာ မဆလာ အုပ်ပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

တနင်္ဂနွေ…

 

ပျင်းတယ်…ဒီနေ ့ဘာမှ မချက်တော့ဘူး ဆိုင်ပိတ်ပြီးလျှောက်လည်ရမယ်…ဟောလီးဒေး.. မဖြစ်သေးပါဘူး

ဟိုဘက်အခန်း က စားဖိုမှူးကို ပဲစီစဉ်ခိုင်းလိုက်တော့မယ်….”စားဖိုမှူး အန်တီ ယဉ်မေသောင်း…ဟင်းလာချက် ချည် ဒီနေ  ့စာအတွက်” ဟီးးး လစ်ပြီနော်..

ကဲ တနင်္ဂနွေ အတွက်ကတော့

ငါးခူရဲယိုရွက်ကြော်. မုန်လာပင်ချဉ်ရည်ဟင်း. ဗုံလုံသီး အစာသွပ်.

ငါးခူတွေကို ဆူးတောင်တွေခုတ် ဗိုက်ဖေါက်ပြီးရင် ပြာနဲ ့နယ်မယ်.အချွဲတွေ ကုန်သွားအောင်။ အမဲရောင်ကနေ အဖြူရောင်ပြောင်းသွားရော။ အသားဖြူချင်သောသူများ ပြာလိမ်းသင့်သည်။ ရေဆေးထားတဲ့ ငါးခူတွေကို ကျောကနေ နှစ်ခြမ်းခွဲပြီး အသားလွှာထုတ်မယ်. လွှာထားတဲ့ အသားတွေကို ပါးပါးလှီးပြီး.ဆား နနွင်းမှုန် ့. ငံပြာရည် နဲနဲ ရယ် နယ်ထားမယ်. ခေါင်းနဲ ့အလယ်ရိုးကိုတော့ မုန်လာချဉ်ဟင်းအတွက်ချန်ထားမယ်။ရဲယိုရွက်ကို ပါးပါးလှီးမယ်။ ကြက်သွန်ဖြူနီနဲ ့ထောင်းထားတဲ့ငရုပ်သီးကိုဆီသတ်မယ်။ အသားလွှာတွေထည့်ပြီး နှံ ့အောင်မွှေမယ်။ရဲယိုရွက်တွေထည့်မွှေပြီး ခဏအဖုံးအုပ်ထားမယ်။ အသားတွေကျက်သွားပြီး ရဲယိုရွက်တွေနွမ်းသွားရင်မီးဖိုပေါ်ကချလိုက်တော့မယ်။

မုန်လာပင်ပေါက်တွေကို အမြစ်ဖြတ်.ရေဆေးပြီး ၂ပိုင်း ဖြတ်မယ်။ ဆား. နနွင်းမှုန် ့. ငပိ. ကြက်သွန်နီလှီးထားတာတွေ မုန်လာနဲ ့ရောနယ်မယ်။ ငါးရိုးတွေကို ငရုပ်သီးနဲ ့ဆီသတ်မယ်. မုန်လာပင်နယ်ထားတာတွေရောထည့်မွှေမယ်..မန်ကျည်းရည်လောင်း ရေထပ်ထည့်ပြီး အုပ်ထားမယ်။ ဟင်းရည်တွေဆူပွက်ပြီး  အရည်နဲနဲခမ်းရင်ရပါပြီ။

ဗုံလုံသီးတွေကို အခွံခြစ်။ အလယ်အူတိုင် နဲ ့အစေ့တွေ ထုတ်။ ရေဆေး ပြီး အနေတော် အတုံး လေးတွေ ရအောင်လှီးထားမယ်။ကြက်သွန်နီရယ် ပုစွန်ရယ်ထောင်းပြီး အစာသွပ်ပါမယ်။ အိုးထဲ အစာသွပ်ထားတဲ့ ဗုံလုံသီး တွကိုစီထည့်မယ် ပြီး ရေနဲ ့ ဆီ ထည့်မယ်။ ဗုံလုံသီးတွေ နူးသွားပြီးဆီပြန်အောင်ထားမယ်။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

တောချက်ဟင်းတွေ မကြိုက်သူများအတွက်…

>>>>ဘောနပ်… ကိုကာကိုလာ ကြက်တောင်ပံကြော်

ကြက်တောင်ပံတွေကို ပဲငံပြာရည်အကြည် နဲ ့နှံ ့အောင် နယ်မယ်။၃ မိနစ်လောက်ထား ပြီး ဆီပူအိုးထဲမှာကြော်။ ၅ မိနစ်လောက်ကြာရင် တစ်ဖက်လှန်ပေးမယ်. ပဲငံပြာရည် ထပ်လောင်း မယ် အငံ အရသာအတွက်။ ဆားမသုံးဘဲ ပဲငံပြာရည် အကြည်ကိုပဲ သုံးမယ်. ပြီးရင် ကိုကာကိုလာ ဗူးဝက်လောက်လောင်းထည့်မယ်။ ၁၅ မိနစ်လောက်ထားပြီး အရည်ခမ်းသွားရင် အနံ ့ အရသာနဲ ့ပြည့်စုံသော ကိုကာကိုလာကြက်တောင်ပံကြော်ကိုစားလို ့ရပါပြီ။ အပြည့်အစုံကိုတော့ အောက်ကလင့်မှာရှင်းပြထားပါသည်။

“http://www.youtube.com/watch?gl=SG&hl=en-GB&v=tVfYnm81ywo”

 

The End !. 🙂

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တွေ့လားးးး
ဘယ်လောက်တော်တုန်းးးး
သူဟင်းစပ်ဖတ်နေရင်း အမေ့ကို သတိရလို့ ဖုန်းထဆက်ရသေးးးး

ဟင်းစပ် တည့်ချက်ကယ်!!!!

ဖတ်နေရင်း တခွိခွိရီရသေးးးး

:mrgreen:

 

48 comments

  • ဦးကြောင်ကြီး

    November 18, 2013 at 9:30 am

    လေးလေးကြည်
    ခွေးလေးချီ
    ကျွေးမွေးသည်
    သွေးဆေးမည်..။

    • lele kyi

      November 18, 2013 at 6:59 pm

      ကေဇီ ကြောင်သားဟင်း စားမလား။ ကြောင်ကြီးသတ်ပြီး ဂေဇက်ဝေမည်။ ဒူ.ဟူ..ဟူ..။

      • KZ

        November 19, 2013 at 8:22 am

        စားမယ်။
        နောက်ခါ ဟင်းစပ်ရင် ကြောင်သားကို မျိုးမျိုး စပ်ပေးပါ။
        ဦးကြောင်သားမှနော်

        :boss:

  • Wow

    November 18, 2013 at 9:36 am

    အပျိုကြီး ဟင်းစပ်တစ်ပတ်လုံး ကြိုက်မှကြိုက်.. စနေနေ့လားမသိ မနက်စာကို ကြိုက်ရာအပြင်မှာစား နေ့လည်နဲ့ညစာကို ပေါင်းစားမယ်.. အိုက်က စကြိုက်တာ ကိုယ်နဲ့ အကျင့်ခြင်းတူလို့ :mrgreen:

    • lele kyi

      November 18, 2013 at 6:26 pm

      Wow ရေ အမှန်တော့ တစ်မျိုးတည်းရေးနိုင်လို့ ကြိုပိတ်ပလိုက်တာ။ အိမ်မှာ ဆိုရင် မနက်စာ ကညစာထိခံဘူး။ ညစာ အတွက်ချန်လို့မရဘူး။ မေမေ ကပြောတယ် ကြောင်တွေတဲ့။ဖွက်ထားရင်လည်းလိုက်ရှာတာ။ 🙂

  • Tristan

    November 18, 2013 at 9:50 am

    ပုစွန် ငပိချက်
    ငါးပုဏ္ဍား
    ငါးရံ ့အသားလွှာ
    ငါးမွေထိုး
    ငါးကြင်းဖြူ
    ငါးဖယ်လုံးဆီပြန်..
    ငါးသလောက်ဥကြော်.
    ငါးခူရဲယိုရွက်ကြော်.

    တကျွန်းမှာ အလုပ်ကြမ်းနဲ့ ပြည်နှင်ဒဏ် ထိနေသူလို့ မပြောရဝူး …
    တပါတ်လုံးရေထဲကကို မတက်ဘူး

    ချဉ်ထှာ…

    :byae:

    • lele kyi

      November 18, 2013 at 6:37 pm

      ငါးထဲမှာဆိုရင် ရွှေငါးကို အကြိုက်ဆုံးရယ်။ ကြော်စားမယ်။စာရှိမိလုပ်စားမယ်။ ချက်စားမယ်။အဲ ငါးမပြတ်လပ်ရလေအောင် မှန်ဗုံးနဲ့မွေးထားမယ်။အလှကြည့်လို့လဲရတာပေါ့။ ဒချိ ဒချိ ကွိကွိ ။ ဂဇက်ထဲ က မျောက်အော်သံ ငှားသုံးထား သည်။ 🙂

      • Tristan

        November 18, 2013 at 6:45 pm

        ဒေါ်လေးကြည် စားမယ်ဆိုလို့ ..ကျော် … ရွှေငါးလေးတွေ တီကောင်ကျွေးပီး မွေးထားပါဒယ်ဗျာ….
        ..
        အာ..ဟိ

        • lele kyi

          November 18, 2013 at 6:55 pm

          တီကောင်များကြောက်မယ်ထင်ရင် မှားသွားမှာပေါ့။ ဗိုက်ဖေါက်ပလိုက်မှာပေါ့။ အဟိ
          ကဲဘာကျွေးချင်သေးတုန်။ ကြိုက်ရာသာကျွေး။အသားတိုးရင် ပိုကောင်းတယ်။ဟိ

  • TNA

    November 18, 2013 at 1:07 pm

    ဟင်းအဆန်းတွေပါတယ်တော့ ဝမ်းသာလိုက်တာ။ ငရံ့ကို ဘယ်လိုချက်စားရမှန်းမသိနေတုန်းဒီလိုလေး စားလို့ရတယ်ဆိုတာသိလိုက်ရလို့ ကျေးကျေးပါ လေးလေးကြည်နဲ့ချွေးမွှလေးရေ။ ဟင်းတွေကူးထားလိုက်ပဟေ့။

    • lele kyi

      November 18, 2013 at 6:12 pm

      မမသဲ..ငါးရံ့ စွပ်ပြုတ် တို့။ ငါးရံ့ ဆန်ပြုတ်တို့။ ငါးရဲ့ဆန်လှော်ဟင်းတို့လည်းကောင်းတယ်။ နေမကောင်း ရင် မေမေ ကဆန်ပြုတ်လုပ်ပေးတယ်။ ဒါပေမဲ့ မသောက်ဘူးဆန်ပြုတ်ဆိုမုန်းလွန်းလို့။ ဟီးး။ အဘိုးအတွက် နေ့တိုင်းဆန်ပြုတ်ပြုတ်ရတာရယ်။ အာရုံဆွမ်းအတွက်ယာဂုကြိုရတာရယ်ကြောင့်။ ကြည့်ကိုမကြည့်ချင်ဘူး။ ဆောင်းရာသီဆိုရင် ငါးရံ့ကို အကွင်း ကွင်းလှီးပြီး ခရမ်းချဉ်သီးနဲ့ ဆီကျန်ရေကျန်ချက်။နံနံပင်အုပ်။ သရက်သီစိမ်းတို့စရာရယ် ။ ငံပြာရည်ချက်(ငရုပ်သီးကြော်)ရယ် ဂွတ်မှဂွတ်။ မေမေ့ကို ငရုပ်သီးလျှော့ထည့်ခိုင်းရတယ်။ဆောင်းတွင်းဆို နှုတ်ခမ်းတွေကွဲလွန်းလို့။

  • surmi

    November 18, 2013 at 2:17 pm

    စားရုံမက… ပါဆယ်​ပါဆွဲသွားပါ​ကြောင်​း..
    ငါးကြိုက်​သူ မလဲ့အားလည်​း ​ကျေးဇူးတင်​ရှိပါ​ကြောင်​း…
    ယခုလို …. အမြတ်​အစွန်​းမကြည်​့ပဲ အိပ်​စိုက်​​ရောင်​းချ​ပေး​သော
    ဆိုင်​ရှင်​ကြီးအားလည်​း ​ကျေးဇူးတင်​ရှိပါ​ကြောင်​း…

    • lele kyi

      November 18, 2013 at 6:49 pm

      ဦးဦးဆာ တို့အမျိုး လက်ချ်မီး ရဲ့ ငါးဟင်းချက် ဆြာနီကိုရဲရေးထာတာ သွားရည် ကျလွန်းလို့ အတုခိုးပြီလိုက်ချက်တာ အိမ်ကဘူ့မှ မစားဘူး။ စာအုပ်ထဲက ဟင်းချက်နည်းတွေနဲ့ အဆန်းထွင်ရင် အစ်ကို ကအားပေးတယ်။ အရူးဟင်းတဲ့။ ဂေဇက်ကတော့ပြောလောက်ဘူး။ 🙂

    • KZ

      November 19, 2013 at 8:23 am

      ဆိုင်ရှင်က အမြတ်ရပါတယ် ဆာဆာရေ။
      စားဖိုမှူးတွေက အိတ်စိုက်ကူကြတာပါ။

      🙂

  • kyeemite

    November 18, 2013 at 3:37 pm

    ငါးဖယ်လုံးဟင်းကလွဲလို့ ကျန်တဲ့ဟင်းတွေအကုန်ကြိုက်တယ်
    နေ့တိုင်းလာစားမယ်ဟေ့…ဒီနေ့တော့…
    ငါးပုဏ္ဍား ကြော်.ပိန်းဥဟင်းချိုရယ်. မန်ကျည်းသီးစိမ်းထောင်းကြော် နဲ့တစ်ပွဲပြင်ပေးပါ..
    😀

    • lele kyi

      November 18, 2013 at 6:52 pm

      ဦးမိုက်- မီးလည်း အဲ့ဒီ ဟင်းစပ်ကို အရမ်းကြိုက်။ ရှလော ရှလော နဲ့ ပိန်းဥဟင်းရည်လေး နဲ့မျှောချ။
      ဦးမိုက်ရဲ့ ကြိုက်မီး မဟုတ်တဲ့ မီး။ 🙂

  • အရီးခင်

    November 18, 2013 at 4:39 pm

    ငါး ဆို ဘာငါးဖြစ်ဖြစ် အလွန်ကြိုက်၍ ထမင်းဆိုင်ထဲ က တစ်ပါတ်လုံး မထွက်ဘဲ အဝ တီး နေပါမည်။
    လေးကျီ နဲ့ ကေဇီ စာဖိုမူး ကြီးများအား ကျေးဇူးအထူးတင်ပါကြောင်း ပဏာမ အစ ပြောပါသည်။
    ကိုယ့်ရဲ့ ချစ်တူမ လေးများ လက်ရာ အပြင်မှာ စားရရင်ကောင်းမည်ဟုလည်း တွေးမိ၏။

    တစ်ချက်တွေ့လိုက်တာလေး လဲ အမှားပြင်ပေးပါရစေ။ (ဒါလေးဘဲ သိလို့) 😉
    {{ ဪ..ပဲနီလေးဆိုတာ….ရန်ကုန် ပဲကတီပါလို ့ခေါ်တဲ့ ပဲကိုပြောတာပါ။ဒေသအခေါ်အဝေါ်တွေ နဲနဲတော့ ကွဲတယ်။ }}
    တကယ်က အမှန်ဆို လက်တွေ့မှာ ပေါ့လေ …… 😛
    ပဲနီလေး နဲ့ ပဲကတီ္ထပါ လုံးဝ မတူပါ။
    ပဲနီလေး က အနီရောင် အသေး လေး။ http://en.wikipedia.org/wiki/Lentil
    ပဲကတီ္ထပါ က ခရမ်းရင့်လို့ ခေါ်မလား ပိုပြီး ကြီးတယ်။ ခါးသက်သက် အရသာရှိတယ်။ http://en.wikipedia.org/wiki/Lablab

    မဟုတ်လဲ မှားကြောင်း အချက်အလက်လေး နဲ့ ဝင်ပြီး ပြောကြပါဦး။ 😛

    • Ma Ma

      November 18, 2013 at 6:58 pm

      ပဲပြုတ်ဆိုရင် စတော်ပဲကို ပြုတ်ထားသလို ပဲကတ္တီပါဆိုတာ ပဲနီပြားကို ပြုတ်ထားတာကို ခေါ်တာပါ။
      ပဲနီလေးကိုတော့ သေသေချာချာမသိဘူး။

  • lele kyi

    November 18, 2013 at 5:54 pm

    ဟုတ်တယ် အရီး ရဲ့ ကျမတို့ ဒေသ က အဲ့ဒီ ပဲကတီပါ ကို ဘဲ ပဲနီလေးလို့ ခေါ်ကြတာ။အမှန်ဆို နီလည်းမနီဘဲနဲ့။ နှိုင်းစရာ အခြားပဲအနီရောင်မရှိတော့လို့ထင်တယ်။ ရန်ကုန်ရောက် မှ ပဲနီလေး ပဲဝါလေး တွေကိုမြင်ဘူးတာ။ ရန်ကုန်ရောက် မှ ပဲ အခေါ်အဝေါ်ပြောင်းပြီးလိုက်ခေါ်လိုက်တာ။ ရန်ကုန်အခေါ်အဝေါ်က သဘာဝကျ ပြီးမှန်ပါတယ်။ အရင်တုန်းကလည်း ပဲဝါလေး ကို ပဲတီစိမ်း အခွံချွတ်ထားတဲ့ဟာထင်နေတာ။ချက်စားကြည့်မှ မတူမှန်းသိတယ်။ 🙂

  • alinsett

    November 18, 2013 at 5:56 pm

    ရှလွတ်
    ရှလွတ်

    အမေ့လက်ရာအတိုင်းပါပဲလားးး

    :kwi:

    • lele kyi

      November 18, 2013 at 7:21 pm

      အလက်ဆင်း စားပြီးရင် ထမင်းဖိုးကောင်တာ က ကေဇီ့ ဆီ သွားရှင်းပါ။ အမေ့ လက်ရာအတိုင်းပဲဆိုပြီးတော့ အလကားစားမယ်မကြံနဲ့။ 🙂

  • lele kyi

    November 18, 2013 at 5:59 pm

    ဟီးးးပြီးတော့ ရှိသေးတယ်။ပဲတီစိမ်းကို ကျမတို့ ခေါ်တာက “ပဲနောက်” တော်တော်မျက်နှာပြောင်တဲ့ပဲ ဒါမ မဟုတ် မျက်စိနောက်စရာကောင်းလောက်အောင်လိမ့်နေလို့ထင်တယ်။ တချို့အခေါ်အဝေါ်တွေ ရန်ကုန်သူားတွေအတွက် ရီစရာကြီးနေမှာ။

  • Atom

    November 18, 2013 at 6:19 pm

    ဟင်းတွေက အစုံပါပဲလားးးး

    • lele kyi

      November 18, 2013 at 7:18 pm

      ဟင့်အင်း အဲ့ဒါ မစုံဘူး။ အမှန်က အရွက်ကြော်ရယ်။အသုပ်တွေရယ်ကော ချက်ချင်တာ။ စာရိုက်နှေးလို့။ ပက်ကျိ မမ လေ။ဟိ 🙂

  • Ma Ma

    November 18, 2013 at 6:50 pm

    ဒီဆိုင်နဲ့ ဒီစားဖိုမှုး သဘောကောင်းတယ်။
    ဘောနပ်ပါပေးလို့ နေ့တိုင်းလာစားရမယ်။ 🙂

  • lele kyi

    November 18, 2013 at 7:14 pm

    ကျေးဇူးမမ။ အထင်များကြီးသွားမလားလို့ ယူကျု့ကခပ်တည်တည်ကူးလာတာ။ ဂဇက် ကငါးအခွင့်အရေးလှုပ်ရှားသူတွေကိုလည်းကြောက်ရသေး။ အဲ့ဒါကြောင့်ဘောနပ်လေးနဲ့ဖြေလိုက်ရတာ။ ဟိ။

  • surmi

    November 18, 2013 at 7:32 pm

    ပဲနီ​လေး၏ အမည်​မှန်​မှာ.. ပဲရာဇာဖြစ်​ပါတယ်​ခင်​ဗျ ..။
    ပဲရာဇာဆိုတာ ​ဒေသအ​ခေါ်မဟုတ်​.၊ အ​ရောင်​းအဝယ်​​လောကရဲ့ အသ်ိအမှတ်​ပြုအ​ခေါ်ပါ ။

    • lele kyi

      November 18, 2013 at 8:28 pm

      ကျေးကျေးပါ-ဦးဆာ။ ပဲရာဇာဆိုတာကိုကြားဖူးတယ်။ အဝါရောင်ပဲအကြီးစားတစ်မျိုးလို့ထင်နေခဲ့တာ။ထီးသုံးနန်းသုံးက အဝါရောင်များတယ်လေ။ ပြီးတော့ ဗုံလုံသီးကို ကျမတို့ခေါ်တာ ပဲလင်းမြွေသီးလို့။ လင်းမြွေလိုပဲ ရှည်ရှည်ဆိုတော့။ လင်းမြွေက အဆိပ်မရှိတဲ့မြွေ။ အိ်မ်ခေါင်မိုးပေါ်လျှောက်သွားပြီးကြွက်လိုက်ဖမ်းစားတာ။ အဲ့ဒီ ပဲလင်းမြွေကို ရန်ကုန် က ဗုံလုံသီးတဲ့။ ငယ်ငယ်က ဆြာသော်ကရဲ့ အရိုင်း ရုပ်ပြထဲမှာလည်းရေးထားတာ။ ဗုံလုံ တစ်လှည့် ငါးဖျံ တစ်လှည့် တဲ့။အသီးပုံကဝိုင်းဝိုင်းလေး။ ငါးဖျံကအပေါ်မှာ။အသီးလိမ့်သွားရင် ငါးဖျံကရေအောက်ရောက်သွားရော။နောက်ငါးဖျံကအပေါ်ခုန်တက် ရေအောက်ပြန်ရောက်တလှည့်စီပေါ့။စဉ်းစားရင်း တော်တော် ခေါင်းကိုက်ခဲ့ဖူးတယ်။ ဗုံလုံသီးဆိုတာကြီးကို။ 🙂

  • padonmar

    November 18, 2013 at 11:23 pm

    မြစ်ဝကျွန်းပေါ်သူချင်းမို့ ရင်ဘတ်ဂျက်ပင်ထိုးထားသလိုပဲ
    အခေါ်အဝေါ်လည်းတူတယ်၊အကြိုက်လည်းတူတယ်။

    • lele kyi

      November 19, 2013 at 5:07 am

      ဟေးးးအဖော်ရပြီကွ-အန်တီဒုံ နဲ့။ မြစ်ဝကျွန်းပေါ်ကမုန့်ဟင်းခါးချက်နည်းကလည်း ရန်ကုန်လိုဟုတ်ဘူး။ ငါးရယ် ဆန်လှော်မှုန့်နဲ့ပဲချက်တာ စားလို့ကောင်းမှကောင်း။ ငါးသလောက်နဲ့လည်းချက်တယ်။ ပုစွန်နဲ့ချက်တာလည်းရှားရှားပါးပါး စားဖူးတယ်။ ကြက်သွန်နီဆီချက်လေးဆမ်း ထမင်းနဲနဲထည့် စားတော်ပဲပြုတ်လေးဖြူး။ အကြော်နဲ့မစားချင်ရင် အဲ့လိုစားတာ။ ဟီးးစားချင်လာပြီ။

  • lele kyi

    November 19, 2013 at 5:09 am

    ပုစွန်နဲ့ဟုတ်ဘူး။ ပုစွန်ဥ နဲ့ချက်တဲ့ မုန့်ဟင်းခါး။ 🙂

    • Ma Ma

      November 19, 2013 at 7:02 pm

      (ပုစွန်နဲ့ဟုတ်ဘူး။ ပုစွန်ဥ နဲ့ချက်တဲ့ မုန့်ဟင်းခါး။)
      မြစ်ဝကျွန်းပေါ်သားချင်းသာ သိကြမယ်ထင်တယ်။ 🙂

      • ဦးကျောက်ခဲ

        November 20, 2013 at 7:56 am

        လွမ်းလိုက်တာ မစားရတာကြာပေါ့…
        ပုသိမ်ကို လွမ်းတယ်
        😥

        • အဘဖားသက်ပြင်း

          November 20, 2013 at 8:22 am

          ပျောက်စ်လှယီလားအူးကျောက်စ့်

  • KZ

    November 19, 2013 at 8:29 am

    ဒီ စားဖိုမှူး အားကိုးရချက်။
    ဧည့်ခံတာလည်း ရသကိုးးးး

    🙂

  • Crystalline

    November 19, 2013 at 11:20 am

    မလဲ့ကလည်းခေသူမဟုတ်ပါလား.. ဖဲလည်းနေ့တိုင်းလာရိုက်မယ်.. ထမင်းလည်းနေ့တိုင်းလာစားမယ်နော် :))

    • lele kyi

      November 19, 2013 at 8:56 pm

      ခွစ်.သူတို့က သူများကိုနာမည်ဖျက်နေတာ။ဖဲရိုက်တတ်ဘူး။အနားမှာထိုင်ပြီးပဲနှောက်ယှက်တတ်တာ။ ဖဲလိမ်ရိုက်တဲ့ ဆြာမ ကပြန်သွားပြီ။ ထမင်းလာစားလို့က ရပါတယ်ကွယ်။အခုလောလောဆယ် ထမင်းပဲချက်ပြီးတော့ သူများဟင်း ကောင်းတယ်ဆိုပြီး ညာစားနေတယ်။ အညာချက်တွေ။ ဟီးး။

  • Mr. MarGa

    November 19, 2013 at 4:36 pm

    ငါးမကြိုက်သူကို
    တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြသွားတာများ စားချင်စဖွယ်…
    ဒီ ထမင်းဆိုင်ကိုတော့
    အပတ်တိုင်း ချိုင့်ဆွဲ
    လတိုင်း အကြွေးပေးဖို့ စာရင်းထဲ ထည့်ရတော့မယ်
    (တွေ့ဆုံပွဲကျရင် စားဖိုမှုးများ လက်တွေ့ လက်စွမ်းပြကြပါရန်…. 😛 )

    • lele kyi

      November 19, 2013 at 9:05 pm

      သဂျားအတွက် ကင်းမြီးကောက်ကြာ်။ကင်းခြေများကင်။ ကင်းလိပ်ချောပြုတ်။ ကင်းကောင်(ဂေါ်ရီလာ) နားရွက် သုပ် အထူးစပါယ်။ငါးမကြိုက်ဘူးဆိုလို့။ 🙂

      • Mr. MarGa

        November 21, 2013 at 3:17 pm

        အထူူးစပါယ်ရှယ် သုံးပွဲ အော်ဒါကြိုမှာမယ်ဗျို့ :mrgreenn:

  • ရွှေမိုးတိမ်

    November 20, 2013 at 1:41 pm

    ဟင်းစပ်တွေဖတ်သွားမှတ်သွားတယ် ။ အရမ်းမိုက်တာပဲ ။ စားချင်စရာလေးတွေချည်းပဲ ။ တစ်ခါမှ မချက်ဖူးတဲ့အသစ်အဆန်းတွေလည်းပါတယ် ။ ငါးမြွေထိုးကင် အစပ်ကြော် တို့ ။ ငါးရံ့ အသားပြားလွှာကြော်တို့ … ငါးသလောက်ဥကတော့ မစားရတာ နှစ်ပေါင်း ချိီနေပါပြီ။
    ပိုသဘောကျတာက ငါးတွေ ပုစွန်တွေ ဘဲဥတွေနဲ့ချည်းဟင်းစပ်ပေးသွားတော့ ချွေမိုးတိမ်တို့အကြိုက်ပေါ့လို့။ 😀

    • KZ

      November 21, 2013 at 12:30 pm

      အာ့ဆို သတ်သတ်လွတ် စပ်ပေးစာ လိုတော့ဘူးပေါ့။

      :kwi:

  • မဟာရာဇာ အံစာတုံး

    November 21, 2013 at 11:21 am

    ဒီဂျီးဒေါ်အိမ်ကိုဒေါ့ဖြင့်
    ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ
    လာစားဘာ့မယ်
    ကျန်ဒဲ့နေ့တွေ လာဘူးးး

  • ခင် ခ

    November 21, 2013 at 12:10 pm

    ဒါနဲ့ စကားမစပ်သိချင်လို့ မေးပါရစေ ဖဲဝိတ်ဇာ လေးလေးကြည် (Le Le Kyi) တစ်ယောက် ဟင်းစပ်ပေးလိုက်တာ ဖဲကြွေးရော တကယ်ကြေရဲ့လားလို့။ နောက်ထပ်ဟင်းစပ်ပေးဖို့ တစ်ဝက်ချန်ထားနေအုံးမယ်နော်။

    • KZ

      November 21, 2013 at 12:29 pm

      အဟမ်းးးးး
      အနော့ အကြောင်းတွေ လျှောက် မဖော်နဲ့လေ။

      😀

  • ကပ္ပိယ သာဒင်​

    November 21, 2013 at 2:33 pm

    မ​ရောက်​တာကြာလို့ထမင်​းဆိုင်​ဖြစ်​​နေတာမသိလိုက်​ဘူး
    ဟင်​း​တွေစုံလှပါလား

    • KZ

      November 21, 2013 at 2:36 pm

      တနင်္လာနေ့တိုင်း လာခဲ့။
      ဟိဟိ

      😀

  • ရဲစည်

    November 21, 2013 at 7:34 pm

    ကျော်ကတော့ ငါးခွေဇီမို့ ငါးဟင်းမြင်ရင် အမှီးထေါင်ပါဒယ် …… ။
    ဖတ်သွားပီး ဒီတပတ် ချက်စားဖို့ ကြံစည်နေပါတယ် … ရှဲရှဲ..ဘာ (ရှဲ…ရှဲ= ထိုင်ပေါက်တဲ့အသံ)
    :harr:
    ဆိုတော့ဂါ …. ကို်ယ်စားဖူးတာလေးလဲ ပြန်မျှချင်သေးရဲ့ …. နောက်များကြုံရင် ပြောပြပါမည် ….
    အသစ်အဆန်း အနေနဲ့ ဒီလိုရာသီ စလုံးမှာ လွယ်လွယ်နဲ့ လုပ်စားလို့ ရတဲ့ အရေသောက်တမျိုး ပြောပြချင်ပါတယ်။ …..
    နာမည်က မန်ကျည်းသီးဟင်းချိုလို့ အလွယ်ခေါ်ပါတယ် ….. ။
    တချို့ကတော့ အသည်းကွဲအလွမ်းဖြေဟင်းချိုလို့ ခေါ်ပါတယ်…..။
    ပါဝင်ရမည့်ပစ္စည်းများ
    – မန်ကျည်းသီးမှဲ့ ကွမ်းသီးလုံးခန့်
    – ကြက်သွန်နီ ၂ဥ
    – ငရုတ်သီးစိမ်း ရတောင့်ခန့်
    – ဆား
    – သကြား
    – ရေခဲရေ
    လုပ်နည်း ….
    ညနေမှာ စားမယ်ဆို ၂နာရီလောက် ကြိုတင်ပီး မန်ကျည်းသီးကို ရေခဲရေထဲ စိမ်ထားပါ။ နောက်ပြီး ကြက်သွန်ဥကို ပါးပါးလှီး၊ ငရုတ်သီးစိမ်းပါးပါးလှီး၊ ဆား၊ သကြားထည့် ပီးနောက် ရေခဲရေစိမ်ထားသော မန်ကျည်းမှည့်ခွက်ထဲထည့် ပြီးရင်တော့ သေချာ အဖုံးအုပ်ထားပါ …. ။စားခါနီးမှ အဖုံးဖွင့်စားပါ …. အတွေ့အကြုံမရှိသူများ ပထမဆုံး တဇွန်းကို သတိထားပါ …. ဟင်းချိုဆို မီးနဲ့ချက်ရ ပူမှ ဆိုတာ သိတဲ့လူတွေအဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းရည်တမျိုးပါ ….. မသောက်ဘူးရင် သောက်ကြည့်ပါ လွှတ် ဂွတ်ပါသည်…..။

    ကျေးဇူးတင်ပါဒယ် ….။

Leave a Reply