မခေါ်မုန့်လုံး တန်ဆောင်မုန်း

1 မိုးဗြဲဒယ်ထဲမှာ
1 မိုးဗြဲဒယ်ထဲမှာ

 

ဒီနေ့ တန်ဆောင်မုန်းလပြည့် နေ့ ညနေခင်းလေးမှာ

ကျနော်အိမ်နားလေးမှာ မုန်ု့လုံးရေပေါ် စတုဒီသာ လုပ်ပါတယ်.

တစ်ဦးတည်းက လှူဒါန်းတာပါ။

မြန်မာ့ရိုးရာ ပျော်စရာ ချစ်ခင်စရာ မြင်ကွင်းလေးမို့ တင်ပေးလိုက်ပါတယ်

2မီးထိုးပါအုံးအေ့
2မီးထိုးပါအုံးအေ့

 

3 မြန်မြန်လုံးပါ
3 မြန်မြန်လုံးပါ

884IMG_1222 [800x600]

 

 

5 အလှူ့ရှင်အလှူ့အမ
5 အလှူ့ရှင်အလှူ့အမ

 

 

6 ကောင်းကောင်းကိုင်ညီမလေး
6 ကောင်းကောင်းကိုင်ညီမလေး

 

7 ရပြီဗျို့
7 ရပြီဗျို့

 

 

8 စား အုံး မှာ
8 စား အုံး မှာ

 

9 စည်စည်ကားကား
9 စည်စည်ကားကား

 

10 လာကြနော်

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

17-11-2013

 

24 comments

  • Ko chogyi

    November 18, 2013 at 7:49 am

    သာဓု……….သာဓု……………သာဓု

  • ရှားရှား ပါးပါး ကော်မင်းပေးတဲ့ ကိုချို ကိုကျေးဇူးတင်တယ်
    ကြေး အိုး ကို သတိရ တယ်ဗျာ

  • ရွှေတိုက်စိုး

    November 18, 2013 at 9:18 am

    အော်လေးပေါက် လုပ်လို. ကျွန်တော် မန်းလေးကိ ုသတိရလိုက်တာ..
    မုန်.လုံးမစားရတာ နှစ်အတော်ကြာပါပေါ့လား..
    လွမ်းလိုက်တာဗျာ…
    အဲဒီအချိန်ဆို မန်းလေးမြို.ထဲ ဆိုင်ကယ်နဲ.ပတ်ပြီး မုန်.လုံးလိုက်စား.. မုန်.လုံးစားရင် လုံးတဲ့ အချောအလှလေးတွေ ငမ်း……..ဟေဟေဟေဟေ့..

    သတိရတယ်… မုန်.လုံးရယ်………….

  • KZ

    November 18, 2013 at 9:38 am

    အနော့ကို လွမ်းစေညွှန်းရောသလားးးး
    ဪ မုန့်လုံးးးးး မုန့်လုံးးးးး
    စက္ကူကပ်နေတာ ကြာပါပြီကောလေ။

    မနေ့က မယ်ဇလီဖူးသုပ် တို့ ကထိန်တို့ စတုဒီသာတို့ ဓာတ်ပုံတင်တဲ့သူအားလုံး မနာလိုဘူးဗျာ။

    🙁

  • မနေ့ညက မြို့ပါတ်တော့လဲ လမ်းမှာ မုန့်လုံးစတုဒီသာ ကျွေးတယ်မောင်
    မင်းတို့အိမ်နား ဆို နှစ်အိမ်တောင်မှဘဲ

  • ဦးကြောင်ကြီး

    November 18, 2013 at 10:14 am

    မုန့်လုံးရေပေါ်
    ခုံ့တုံးငွေဖော်
    အုံ့ပုန်းဆွေမျှော်
    ချုံ့နှုန်းစေကျော်..

  • TNA

    November 18, 2013 at 1:17 pm

    မန်းလေးကတော့ မြန်မာ့ရိုးရာအငွေ့အသက်ကလေးတွေကျန်နေသေးတာမို့ သဘောကျမိပါ တယ်လေး ပေါက်ရေ။ ရန်ကုန်ကတော့ အလှုတွေကိုသဘောကျပေမဲ့ အလှုဗန်းပြပြီး စည်းပျက်ကမ်းပျက်ဖြစ် နေတာတော့ စိတ်ကုန်စရာပါပဲလေးပေါက်ရယ်

  • kyeemite

    November 18, 2013 at 1:22 pm

    ရန်ကုန်မှာလည်း လပြည့်နေ့ညနေက နိဗ်ဗာန်ဈေးတွေ နေရာတိုင်းလိုပဲတွေ့ရတယ်..
    ဒီနှစ်ပိုများသလိုပဲ… မယ်ဇလီဖူးသုပ်တော့မစားလိုက်ရဘူး.
    …ပေးမဲ့လူမရှိလို့ 😀

  • Ma Ma

    November 19, 2013 at 5:03 pm

    ဗန်းထဲက လုံးပြီးသား မုန့်တွေ မရှိတော့တာကို ကြည့်ပြီးးးး
    ကိုပေါက်ကြီး ကင်မရာချောင်းနေတာနဲ့ မုန့်မီ လိုက်ပုံမပေါ်ဘူး။ 😀

    ဒါ့ထက် မုန့်လုံရေပေါ်စတုဒိသာကို ဘာလို့ မခေါ်မုန့်လုံး တန်ဆောင်မုန်းလို့ နာမည်ပေးတာလဲ မသိဘူး။

  • alinsett

    November 20, 2013 at 10:49 am

    ချစ်စရာကောင်းတဲ့
    မြန်မာ့ပုံရိပ်တွေ

  • လုံမလေးမွန်မွန်

    November 20, 2013 at 12:04 pm

    မ ခေါ် မုန့်လုံး..
    အဲ့လို ခွဲဖတ်ရမှာလားဟင်င်.. ကြားဖူးဘူး..ခုမှ ကြားဖူးတာ…

    ဒီနှစ်တန်ဆောင်မုန်း..ဘာမုန့်မှ မစားလိုက်ရဘူး…
    ပုံလေးတွေကို ကြည့်ပြီး ပျော်မိတယ်…

    • မည်သူမှ အထူးတလည်မဖိတ်ကြား
      လူတိုင်းဝင်ရောက်လွတ်လပ်စွာစားနို်င်သည် လို့ ဘာသာပြန်နိုင်ပါတယ် လုံမလေးရေ

      မခေါ် မုန့်လုံး

  • padonmar

    November 20, 2013 at 2:00 pm

    ​အောက်​ပြည်​​အောက်​ရွာမ​တော့ မု်​့လုံး​ရေ​ပေါ်ကို သင်္ကြန်​မှ​ကျွေးတတ်​ကြတာ။
    မန်​း​လေးလာချင်​​အောင်​လုပ်​​နြေပြီ၊

  • မဟာရာဇာ အံစာတုံး

    November 20, 2013 at 2:14 pm

    ရပြီဗျို့ …
    … ဆိုတဲ့ပုံကို တောက်ရမ်း ခိုက်တယ် …
    မုန့်လုံးလေးလည်း စားဂျင်မိဒယ် …

  • aye.kk

    November 20, 2013 at 2:28 pm

    မြင်ကွင်းလေးတွေ… တွေ ့မြင်ရတော့ ကြည်နှူးမိရပါတယ်။
    မခေါ်မုန် ့လုံး တန်ဆောင်မုန်း
    အားလုံးစုံလင်..ပျော်ရွှင်ရွှင်။

  • အရီးခင်

    November 22, 2013 at 5:04 pm

    ကပေါက်ကြီး
    အလှူ့အစ်မ က ငယ်တုန်းက အတော်ချောမှာထင်ရဲ့။
    အခုတောင် အတော်ချောနေဆဲ။
    စားနေကြတာ ပျော်စရာကြီး။
    အဖွားတို့ ဆီမတော့ ဒီလိုအချိန် မုန့်ဆီကျော်၊ မုန့်လက်ကောက် ကျွေးလေ့ရှိတာ။
    လွမ်းတယ်။

    မအေး ကို ကျွန်မလဲ အမြဲသတိရပါတယ်။ 😛

Leave a Reply