ကြိတ်​ကြိတ်​….. ကြိတ်​ကြိတ်​နဲ့
တိုးတိုးတိုက်​တိုက်​သာ သွားလာ​နေကြ……
ဘယ်​ဆီကိုသွား​နေမှန်းလည်​မသိ
ဘယ်​​နေရာ​ရောက်​ပြီဆိုတာလည်းမကြည့်
ရှေ့ကိုသာ တိုးလို့သွာ​နေကြ
သိုးခြံထဲက ထုတ်​လိုက်​တဲ့သိုး​တွေလိုပ
တစ်​​ကောင်​နဲ့တစ်​​ကောင်​တိုး​ဝှေ့ပြီး
ရှေ့​ရောက်​ဖို့သာအားသန်​ပြီးတိုး​ဝှေ့​နေကြသလိုမျိုးနဲ့
ဖုန်​တစ်​​ထောင်း​ထောင်း ​ချွေတစ်​လုံးလုံးနဲ့ တိုးလို့သာ သွား​နေကြ​တော့တယ်​……
ဦးတည်​ချက်​ဆိုတာကမရှိ
ဘာကိုလိုချင်​တယ်​ဆိုတာ​တောင်
ကိုယ်​ကိုကိုယ်​ပြန်​မ​မေးမိ
ရှေ့ကို​ရောက်​ဖို့ဆိုတဲ့အသိနဲ့
ကြိတ်​ကြိတ်​….ကြတ်​ကြိတ်​ နဲ့
တိုးတိုး…တိုက်​တိုက်​သာ
သွားလာ​နေကြ………။

နေ​ဝန်းနီ( 17-11-2013 )

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010