သိန်းတစ်ရာတန် လမ်းခင်းမယ်ဆိုပါစို့…

အထက်အဆင့်ဆင့်က ခင်းမယ့်သူဆီက တိုက်ရိုက် ဖြတ်ချတာ က အနည်းဆုံး 27% နဲ့ အထက်မှာ ရှိပါတယ်…ဒီတော့ 73% ကျန်ပါတယ်…

နောက်…ငွေထုတ်ပေးမယ့်သူက 5% အနည်းဆုံး လက်မှတ်ထိုးပေးခ ထပ်ဖြတ်ပါတယ်…68% ကျန်ပါတယ်…

      လမ်းမှာအသုံးပြုမယ့် ပစ္စည်းသွင်းတဲ့သူက ငွေကြေးကြံ့ကြာစောင့်ဆိုင်းရမှုအတွက် မူရင်းအမြတ်ယူပြီးသား ရောင်းဈေးထက် 5% ပိုတင်ပြီး သွင်းပါတယ်…63% ကျန်ပါတယ်…

လုပ်တဲ့ခေါင်းဆောင်အဖွဲ့ဟာ 20% သူ့အတွက်အနည်းဆုံး ကျန်အောင်လုပ်ပါတယ်…43% ပဲ ကျန်ပါတော့တယ်…

အောက်က တကယ်လက်တွေက လုပ်ကြတဲ့ အဖွဲ့ဟာ စားဝတ်နေရေးအတွက် 10% ကျန်အောင်လုပ်ပါတယ်…33% ပဲ ကျန်ပါတော့တယ်…

သိန်းတစ်ရာတန်လမ်းဟာ တကယ်လက်တွေ့ သိန်း 30 လောက်ပဲ လမ်းပေါ်အမှန်တကယ်ရောက်ပါတယ်…

ဒါ့ကြောင့် ဆယ်နှစ်ခံရမယ့် လမ်းဟာ 3 နှစ်တောင် မခံတော့ပါဘူး…သိန်းတစ်ရာ ကုန်ပြီး ဆယ်နှစ်ခံရမယ့် လမ်းဟာ ထပ်ထပ်ပြင်ရတာနဲ့ ဆယ်နှစ်အတွင်း သိန်းသုံးရာကျော်ကုန်ပြီး လုပ်အားတွေ    အထပ်ထပ်          ဆုံးရှုံးပါတယ်…

     ဥပမာ ပြောပြတာပါ…ဒီလိုတွေ မြန်မာပြည် နေရာတိုင်းမှာ ဖြစ်နေတာပါ…အဆောက်အဦးတွေ.. .ရေကာတာတွေ…စိုက်ပျိုးရေးမှာကော…မွေးမြူရေးမှာကော…သယံဇာတ ရှာဖွေရေးမှာကော…

     နောက်ဆုံး တကယ်ဆုံးရှုံးရတာ ပြည်သူတွေပါ…လမ်းဘေးရပ်ရင် ရပ်နားခွန်…ဆိုင်ကယ်အပ်ရင် ဆိုင်ကယ်ခွန်…အသားဝယ်စားရင် လေလံကြေးကြောင့် နှစ်ဆဈေးကြီး ၀ယ်စားရတဲ့    အသားခွန်…၀င်ငွေခွန်…အမြတ်ခွန်…ကုန်သွယ်လုပ်ငန်းခွန်…မြေခွန်…ရေခွန်…မီးခွန်…ဖုန်းခွန်… မရေမတွက်နိုင်တဲ့ အခွန်ပေါင်း မြောက်များစွာ ပြည်သူတိုင်း ထမ်းဆောင်ရပါတယ်…ထမ်းဆောင်ရတဲ့ အခွန်ငွေတွေကို လုပ်ချင်ရာ လုပ်…အိပ်ထဲ ထည့်ချင်သလို ထည့်ပြီးမှ ပြည်သူအတွက် လုပ်ပေးရမယ့် ကိစ္စသေးသေးလေးတွေကိုကျမှ မကိုက်ဘူးတို့…ရှုံးတယ်တို့...အရှုံးခံ ဆောင်ရွက်ပေးနေတာပါတို့…ပြောရဲတဲ့ ရွှေပါးစပ် တော့

…….ကပ်ထားပေးရမယ်…ချီးသုတ်ထားတဲ့ ဖိနပ် နဲ့…..HaHaHa72(slipper)

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...